Property Expo
×

ခႏၶာကိုယ္အတြင္း လွည့္ပတ္စီးဆင္းေနတဲ့ ေသြးအတြင္းမွာ ေအာက္စီဂ်င္ပါဝင္မႈ ပိုမိုျမင့္တက္လာေစခ်င္ပါသလား။ ေသြးတြင္းမွာ ေအာက္စီဂ်င္ျပည့္ျပည့္ဝဝ ပါဝင္မွသာလွ်င္ သင့္ခႏၶာကိုယ္တြင္းက အသက္ရွင္ဖို႔ လုိအပ္တဲ့စနစ္ေတြ ေကာင္းမြန္
စြာ အလုပ္လုပ္ႏိုင္မွာ ျဖစ္ပါတယ္။ ခႏၶာကိုယ္ထဲမွာ ေအာက္စီဂ်င္ျပည့္ျပည့္ဝဝရရွိလာမယ္ဆိုရင္ သာမန္ထက္ စြမ္းအင္ျပည့္ဝသလိုခံစားရမွာျဖစ္ၿပီး ပိုၿပီးလည္း လန္းဆန္းဖ်တ္လတ္ေနမွာ ျဖစ္ပါတယ္။ ေနာက္ထပ္ အေရးႀကီးတဲ့ အခ်က္တစ္ခ်က္ရွိပါေသးတယ္။ သင္ပိုၿပီး က်န္းမာလာမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ခႏၶာကိုယ္ထဲမွာ ေအာက္စီဂ်င္ ပိုမိုရရွိေအာင္ ဘယ္လိုလုပ္ေဆာင္ႏိုင္ပါသလဲ။

သဘာဝအတိုင္းရရွိလာမယ့္ ျပင္ပက ေအာက္စီဂ်င္ကို သင့္ခႏၶာကိုယ္ရဲ႕ ေသြးေၾကာေတြ အတြင္းအျပည့္အဝ ေရာက္ရွိႏိုင္ဖို႔အတြက္ ေရမ်ားမ်ား ေသာက္သံုးေပးဖုိ႔ လိုအပ္သလို ပံုမွန္ကိုယ္လက္လႈပ္ရွားမႈေတြ ျပဳလုပ္ေပးဖို႔ လုိအပ္ပါတယ္။ ဒါ့အျပင္ ေသြးတြင္းေအာက္စီဂ်င္ ပါ၀င္မႈျမင့္မားလာေအာင္ သင့္ေတာ္တဲ့ အစားအစာမ်ားကို ေရြးခ်ယ္စားေသာက္ေပးတဲ့ နည္းလမ္းလည္းရွိပါေသးတယ္။ အကယ္၍ သင့္ရဲ႕ေသြးတြင္းမွာ ေအာက္စီဂ်င္ပါဝင္မႈ ျမင့္မားလာေစခ်င္တယ္ဆိုရင္ အယ္ကာလိုင္းအစားအစာ အုပ္စုေတြကို ေရြးခ်ယ္စားေသာက္ေပးရမွာ ျဖစ္ပါတယ္။

အဆိုပါ အယ္ကာလိုင္း အစားအစာေတြက သင့္ရဲ႕ေသြးတြင္းေအာက္စီဂ်င္ ပမာဏကို ျမင့္တက္ေစ႐ံုသာမကဘဲ အျခားေသာ က်န္းမာေရး အက်ဳိးေက်းဇူးမ်ားကိုပါ တစ္ဆက္တည္း ရရွိေစ မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ တူညီတဲ့အာဟာရဓာတ္ေတြ၊ က်န္းမာေရး အက်ဳိးေက်းဇူးေတြရရွိႏိုင္မယ့္ အယ္ကာလိုင္းအစားအစာအုပ္စုမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

အုပ္စု (၁)

ေထာပတ္သီး၊ ငွက္ေပ်ာသီးမွည့္၊ ဥနီ၊ တ႐ုတ္နံနံ၊ ၾကက္သြန္ျဖဴ ၊ စြံပလြံသီးနဲ႔ ဘယ္ရီသီးေတြက သဘာဝအတိုင္း Antioxidants ဂုဏ္သတၱိႂကြယ္ဝတဲ့ အသီးအႏွံေတြျဖစ္ၿပီး pH အဆင့္ ၈ ရွိတဲ့ အသီးအႏံွမ်ား ျဖစ္ပါတယ္။ ဒါေၾကာင့္ သူတို႔ကို အယ္ကာလိုင္း အစားအစာအုပ္စုထဲကိုထည့္သြင္းႏိုင္ၿပီး သူတို႔မွာပါဝင္ဖြဲ႕စည္းထားတဲ့ အျခားအဟာရတန္ဖိုးမ်ားေၾကာင့္ က်န္းမာေရးအတြက္ အလြန္သင့္ေတာ္တဲ့ အစားအစာနဲ႔ သီးႏွံ မ်ားအျဖစ္ သတ္မွတ္ထားပါတယ္။ အထူးသျဖင့္ စြံပလြံသီး၊ ဘယ္ရီသီးအမ်ဳိးမ်ဳိးနဲ႔ ၾကက္သြန္ျဖဴေတြက ေသြးဖိအားကို ပံုမွန္အေနအထားအတိုင္းရွိေနေအာင္ ထိန္းသိမ္းထားႏိုင္တဲ့ အာနိသင္ရွိတာေၾကာင့္ ေသြးဖိအား ပံုမမွန္မႈနဲ႔ဆက္စပ္ၿပီး ျဖစ္ေပၚလာႏိုင္မယ့္ ေသြးတိုးနဲ႔ ေလျဖတ္ျခင္းကဲ့သို႔ေသာ ေရာဂါမ်ားကိုပါ ကာကြယ္ၿပီးသား ျဖစ္ေစပါတယ္။

အုပ္စု(၂)

ပဲပင္ေပါက္၊ ပန္းသီး၊ Apricots စတဲ့ သီးႏွံေတြကေတာ့ အမွ်င္ဓာတ္ ႂကြယ္ဝစြာပါ၀င္တဲ့ အယ္ကာလိုုင္း အစားအစာအုပ္စုျဖစ္ပါတယ္။ ခႏၶာကိုယ္တြင္းက ေဟာ္မုန္းပမာဏကို ထိန္းညိႇေပးႏိုင္စြမ္းရွိတဲ့ သဘာဝ အင္ဇိုင္းေတြလည္း ႂကြယ္ႂကြယ္ဝဝကိုပါၿပီး စားသံုုးၿပီးေနာက္ အစာေခ်ဖ်က္ ဖို႔လြယ္ကူတဲ့ အစားအစာအမ်ဳိးအစားလည္း ျဖစ္ပါတယ္။ သင့္ရဲ႕ ေသြးတြင္းေအာက္ဆီဂ်င္ ပမာဏကို ျမင့္တင္ခ်င္တယ္ဆိုရင္ေတာ့ pH တန္ဖိုုး ၈ ရွိတဲ့ ပဲပင္ေပါက္၊ ပန္းသီး နဲ႔ တ႐ုတ္ဆီးသီးလို႔ ေခၚေလ့ရွိတဲ့ Apricots စတဲ့ သီးႏွံေတြကို မၾကာမၾကာဆိုသလို စားသံုးေပးဖို႔လိုအပ္မွာ ျဖစ္ပါတယ္။

အုပ္စု (၃)

စပ်စ္သီး၊ သစ္ေတာ္သီး၊ နာနတ္သီးနဲ႔ ပင္မွည့္သီးေတြက ဗီတာမင္ A ၊ B ၊ C  နဲ႔ Antioxidants ႂကြယ္ဝစြာ ပါဝင္ၿပီး pH အဆင့္ ၈.၅ အထိရွိတဲ့ အယ္ကာလိုင္း အသီးအုပ္စု ျဖစ္ပါတယ္။ ဒီအုပ္စုမွာပါဝင္တဲ့ အစားအစာမ်ားဟာ ေသြးလွည့္ပတ္မႈကို ေကာင္းမြန္ေစၿပီး ေသြးဖိအားကို ေလ်ာ့က်ေစႏိုင္တဲ့ အာနိသင္ရွိပါတယ္။ ေသြးအတြင္းက အဆိပ္အေတာက္ေတြကိုလည္း ဖယ္ရွားေပးႏိုင္တာေၾကာင့္ ႏွလံုးနဲ႔ ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါမ်ား ျဖစ္ႏိုင္ေခ်ကိုလည္း နည္းပါးေစႏိုင္တယ္လို႔ သိရပါတယ္။

အုပ္စု (၄)

ကၫြတ္၊ ေရညႇိနဲ႔ ကန္စြန္းရြက္ေတြကေတာ့ pH တန္ဖိုး ၈.၅ ရွိၿပီး ခႏၶာကိုယ္တြင္းက အက္ဆစ္ဓာတ္ကုိ ေလွ်ာ့ခ်ေပးႏိုင္မယ့္ အာနိသင္ရွိတဲ့ အယ္ကာလိုင္း အစားအစာ အုပ္စုျဖစ္တယ္လို႔ သိရပါတယ္။ ေနာက္ထပ္ရရွိႏိုင္မယ့္ အာဟာရ
တန္ဖိုးမ်ားကေတာ့ ကန္စြန္းရြက္မွာ ကယ္လ္ဆီယမ္ နဲ႔ သံဓာတ္ႂကြယ္ဝစြာ ပါ၀င္ၿပီး ကၫြတ္မွာဆိုရင္ Asparagines လို႔ေခၚတဲ့ အမိုင္ႏိုအက္ဆစ္တစ္မ်ဳိးပါရွိၿပီး အာ႐ံုေၾကာစနစ္ကို မ်ားစြာအေထာက္အကူျပဳႏိုင္တဲ့ အာဟာရဓာတ္တစ္မ်ဳိး ျဖစ္ပါတယ္။

အုပ္စု(၅)
သရက္သီး၊ သံပုရာသီး၊ နံနံပင္၊ သေဘာၤသီး စတဲ့ အသီးအႏွံေတြက pH အဆင့္ ၈.၅ အထိရွိတဲ့ အယ္ကာလိုင္းအုပ္စုထဲမွာပါၿပီး ေက်ာက္ကပ္ကို သန္႔ရွင္းဖိုု႔ အေကာင္းဆံုး အစားအစာမ်ားလည္း ျဖစ္ပါတယ္။  သေဘာၤသီး က ေက်ာက္ကပ္တင္သာမက အူလမ္းေၾကာင္းတစ္ေလွ်ာက္ကိုပါ သန္႔စင္ေပးႏိုင္ၿပီး ဝမ္းတြင္းလႈပ္ရွားမႈေတြကို ပံုမွန္ျဖစ္ေစဖို႔ ကူညီေပးႏိုင္တယ္လို႔ သိရပါတယ္။ နံနံပင္ကို အစိမ္းစားတဲ့အခါမွာ အူအတြင္းက ခႏၶာကိုယ္အတြက္ ေဘးျဖစ္ေစမယ့္ အဆိပ္အေတာက္မ်ားကို ဖယ္ရွားေပးႏိုင္သလို ဆီးမ်ားမ်ားသြားေစႏိုင္တဲ့ အာနိသင္ရွိတာေၾကာင့္ ေက်ာက္ကပ္ကို လည္း သန္႔စင္ေပးႏိုင္ပါတယ္။ သရက္သီး၊ သံပုုရာ သီးေတြ ကေတာ့ ဗီတာမင္ႂကြယ္ဝတဲ့ အသီးမ်ားျဖစ္ၿပီး အစာေခ်ဖ်က္တဲ့အခါမွာ အယ္ကာလိုင္းဓာတ္ကို ျဖစ္ေပၚေစပါတယ္။

အုပ္စု (၆)
င႐ုတ္နီသီး၊ သခြားေမႊးသီး စတာေတြကလည္း pH တန္ဖိုး ၈.၅ ရွိၿပီး ခႏၶာကိုယ္က ေဟာ္မုန္းထုတ္လုပ္တဲ့ စနစ္အတြက္ မရွိမျဖစ္ လိုအပ္တဲ့ အင္ဇိုင္းေတြ မ်ားမ်ားစားစားကိုပါရွိတဲ့ အယ္ကာလိုင္း အစားအစာ အုပ္စုျဖစ္ပါတယ္။ င႐ုတ္
နီသီးဟာ ဗီတာမင္ A ႂကြယ္ဝစြာပါရွိတဲ့ အသီးတစ္မ်ဳိးျဖစ္ၿပီး ဖ်ားနာျခင္းနဲ႔ စိတ္ဖိစီးမႈကို အဓိက ျဖစ္ေပၚေစတဲ့ Free Radical ေတြကို တိုက္ထုတ္ရာမွာ အေရးပါတဲ့ ဗီတာမင္တစ္မ်ဳိးလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ အဆိုပါ အစားအစာေတြမွာ Antibacterial လိုု႔ေခၚတဲ့ ဘက္တီးရီးယားေတြကို ခုခံႏိုင္တဲ့အာနိသင္လည္း ရွိေနပါေသးတယ္။ သခြားေမႊးသီးကေတာ့ အမွ်င္ဓာတ္ ႂကြယ္ဝစြာပါဝင္ၿပီး သၾကားဓာတ္နည္းပါးတဲ့ အသီးတစ္မ်ဳိး ျဖစ္တာေၾကာင့္ က်န္းမာေရးအတြက္ အလြန္သင့္ေတာ္တဲ့ အသီးတစ္မ်ဳိးျဖစ္တယ္လို႔ ပညာရွင္ေတြ ေထာက္ခံခ်က္ေပးထားပါတယ္။

ဖရဲသီး
ဖရဲသီးကေတာ့ အယ္ကာလိုင္းဓာတ္ ျမင့္မားတဲ့ အသီးတစ္မ်ဳိးလို႔ဆိုႏိုင္ၿပီး pH တန္ဖိုး ၉ ထိ ရွိပါတယ္။ ေရဓာတ္ပါဝင္မႈျမင့္မားၿပီး အမွ်င္ဓာတ္လည္း ႂကြယ္ဝတဲ့ အသီးတစ္မ်ဳိးျဖစ္ပါတယ္။ အနီေရာင္ Carotenoid အမ်ဳိးအစားျဖစ္တဲ့ Lycopene၊ Beta-carotene နဲ႔ ဗီတာမင္ C ေတြ ပါဝင္တဲ့ ဖရဲသီးဟာ စြမ္းအင္နဲ႔ ေရဓာတ္ျဖည့္တင္းေပးႏိုင္တဲ့ က်န္းမာေရးအတြက္အေကာင္းဆံုး သီးႏွံေတြထဲက တစ္ခုျဖစ္တယ္လို႔ ပညာရွင္ေတြ တင္စားေခၚေ၀ၚေလ့ရွိပါတယ္။

သံပုရာသီး
သံပုရာမ်ဳိးႏြယ္ဝင္ အသီးေတြ။ သူတို႔ကေတာ့ ေအာက္စီဂ်င္ အႂကြယ္ဝဆံုး အသီးေတြပါပဲ။ အက္ဆစ္ဓာတ္ပါဝင္တဲ့ အသီးေတြျဖစ္ေပမယ့္ သံပုရာမ်ဳိးႏြယ္ဝင္ အသီးေတြဟာ စားသံုးၿပီးေနာက္မွာေတာ့ ခႏၶာကိုယ္အတြင္းမွာ အယ္ကာလိုင္း အသြင္ေျပာင္းလဲသြားမွာျဖစ္ပါတယ္။ သံပုရာသီးနဲ႔ မ်ဳိးႏြယ္၀င္အသီးေတြဟာ Electrolytic ဂုဏ္ သတၱိရွိတာေၾကာင့္ အဆိုပါ ဂုဏ္သတၱိေၾကာင့္ပဲ သူတို႔ဟာ အေကာင္းဆံုး အယ္ကာလိုင္း အစားအစာမ်ား စာရင္းထဲကို ထိပ္ဆံုးက ၀င္ေရာက္လာၾကတာျဖစ္ပါတယ္။ ဒ့ါအျပင္ သာမန္ အပရိကဖ်ားနာမႈမ်ား၊ ဗိုင္းရပ္စ္နဲ႔ ဘက္တီးရီးယား ကူးစက္မႈမ်ားကို ခႏၶာကိုယ္က အျမန္တိုက္ထုတ္ႏိုင္ေအာင္လည္း ကူညီေပးႏိုင္ပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: people magazin

#Unicode Version

ခန္ဓာကိုယ်အတွင်း လှည့်ပတ်စီးဆင်းနေတဲ့ သွေးအတွင်းမှာ အောက်စီဂျင်ပါဝင်မှု ပိုမိုမြင့်တက်လာစေချင်ပါသလား။ သွေးတွင်းမှာ အောက်စီဂျင်ပြည့်ပြည့်ဝဝ ပါဝင်မှသာလျှင် သင့်ခန္ဓာကိုယ်တွင်းက အသက်ရှင်ဖို့ လိုအပ်တဲ့စနစ်တွေ ကောင်းမွန်
စွာ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ အောက်စီဂျင်ပြည့်ပြည့်ဝဝရရှိလာမယ်ဆိုရင် သာမန်ထက် စွမ်းအင်ပြည့်ဝသလိုခံစားရမှာဖြစ်ပြီး ပိုပြီးလည်း လန်းဆန်းဖျတ်လတ်နေမှာ ဖြစ်ပါတယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ချက်ရှိပါသေးတယ်။ သင်ပိုပြီး ကျန်းမာလာမှာဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲမှာ အောက်စီဂျင် ပိုမိုရရှိအောင် ဘယ်လိုလုပ်ဆောင်နိုင်ပါသလဲ။

သဘာဝအတိုင်းရရှိလာမယ့် ပြင်ပက အောက်စီဂျင်ကို သင့်ခန္ဓာကိုယ်ရဲ့ သွေးကြောတွေ အတွင်းအပြည့်အဝ ရောက်ရှိနိုင်ဖို့အတွက် ရေများများ သောက်သုံးပေးဖို့ လိုအပ်သလို ပုံမှန်ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် သွေးတွင်းအောက်စီဂျင် ပါဝင်မှုမြင့်မားလာအောင် သင့်တော်တဲ့ အစားအစာများကို ရွေးချယ်စားသောက်ပေးတဲ့ နည်းလမ်းလည်းရှိပါသေးတယ်။ အကယ်၍ သင့်ရဲ့သွေးတွင်းမှာ အောက်စီဂျင်ပါဝင်မှု မြင့်မားလာစေချင်တယ်ဆိုရင် အယ်ကာလိုင်းအစားအစာ အုပ်စုတွေကို ရွေးချယ်စားသောက်ပေးရမှာ ဖြစ်ပါတယ်။

အဆိုပါ အယ်ကာလိုင်း အစားအစာတွေက သင့်ရဲ့သွေးတွင်းအောက်စီဂျင် ပမာဏကို မြင့်တက်စေရုံသာမကဘဲ အခြားသော ကျန်းမာရေး အကျိုးကျေးဇူးများကိုပါ တစ်ဆက်တည်း ရရှိစေ မှာ ဖြစ်ပါတယ်။ ဒါကြောင့် တူညီတဲ့အာဟာရဓာတ်တွေ၊ ကျန်းမာရေး အကျိုးကျေးဇူးတွေရရှိနိုင်မယ့် အယ်ကာလိုင်းအစားအစာအုပ်စုများကို ဖော်ပြပေးလိုက်ပါတယ်။

အုပ်စု (၁)

ထောပတ်သီး၊ ငှက်ပျောသီးမှည့်၊ ဥနီ၊ တရုတ်နံနံ၊ ကြက်သွန်ဖြူ ၊ စွံပလွံသီးနဲ့ ဘယ်ရီသီးတွေက သဘာဝအတိုင်း Antioxidants ဂုဏ်သတ္တိကြွယ်ဝတဲ့ အသီးအနှံတွေဖြစ်ပြီး pH အဆင့် ၈ ရှိတဲ့ အသီးအနံှများ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို အယ်ကာလိုင်း အစားအစာအုပ်စုထဲကိုထည့်သွင်းနိုင်ပြီး သူတို့မှာပါဝင်ဖွဲ့စည်းထားတဲ့ အခြားအဟာရတန်ဖိုးများကြောင့် ကျန်းမာရေးအတွက် အလွန်သင့်တော်တဲ့ အစားအစာနဲ့ သီးနှံ များအဖြစ် သတ်မှတ်ထားပါတယ်။ အထူးသဖြင့် စွံပလွံသီး၊ ဘယ်ရီသီးအမျိုးမျိုးနဲ့ ကြက်သွန်ဖြူတွေက သွေးဖိအားကို ပုံမှန်အနေအထားအတိုင်းရှိနေအောင် ထိန်းသိမ်းထားနိုင်တဲ့ အာနိသင်ရှိတာကြောင့် သွေးဖိအား ပုံမမှန်မှုနဲ့ဆက်စပ်ပြီး ဖြစ်ပေါ်လာနိုင်မယ့် သွေးတိုးနဲ့ လေဖြတ်ခြင်းကဲ့သို့သော ရောဂါများကိုပါ ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

အုပ်စု(၂)

ပဲပင်ပေါက်၊ ပန်းသီး၊ Apricots စတဲ့ သီးနှံတွေကတော့ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အယ်ကာလိုုင်း အစားအစာအုပ်စုဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်းက ဟော်မုန်းပမာဏကို ထိန်းညှိပေးနိုင်စွမ်းရှိတဲ့ သဘာဝ အင်ဇိုင်းတွေလည်း ကြွယ်ကြွယ်ဝဝကိုပါပြီး စားသုံုးပြီးနောက် အစာချေဖျက် ဖို့လွယ်ကူတဲ့ အစားအစာအမျိုးအစားလည်း ဖြစ်ပါတယ်။ သင့်ရဲ့ သွေးတွင်းအောက်ဆီဂျင် ပမာဏကို မြင့်တင်ချင်တယ်ဆိုရင်တော့ pH တန်ဖိုုး ၈ ရှိတဲ့ ပဲပင်ပေါက်၊ ပန်းသီး နဲ့ တရုတ်ဆီးသီးလို့ ခေါ်လေ့ရှိတဲ့ Apricots စတဲ့ သီးနှံတွေကို မကြာမကြာဆိုသလို စားသုံးပေးဖို့လိုအပ်မှာ ဖြစ်ပါတယ်။

အုပ်စု (၃)

စပျစ်သီး၊ သစ်တော်သီး၊ နာနတ်သီးနဲ့ ပင်မှည့်သီးတွေက ဗီတာမင် A ၊ B ၊ C  နဲ့ Antioxidants ကြွယ်ဝစွာ ပါဝင်ပြီး pH အဆင့် ၈.၅ အထိရှိတဲ့ အယ်ကာလိုင်း အသီးအုပ်စု ဖြစ်ပါတယ်။ ဒီအုပ်စုမှာပါဝင်တဲ့ အစားအစာများဟာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး သွေးဖိအားကို လျော့ကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ သွေးအတွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်တာကြောင့် နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်နိုင်ချေကိုလည်း နည်းပါးစေနိုင်တယ်လို့ သိရပါတယ်။

အုပ်စု (၄)

ကညွတ်၊ ရေညှိနဲ့ ကန်စွန်းရွက်တွေကတော့ pH တန်ဖိုး ၈.၅ ရှိပြီး ခန္ဓာကိုယ်တွင်းက အက်ဆစ်ဓာတ်ကို လျှော့ချပေးနိုင်မယ့် အာနိသင်ရှိတဲ့ အယ်ကာလိုင်း အစားအစာ အုပ်စုဖြစ်တယ်လို့ သိရပါတယ်။ နောက်ထပ်ရရှိနိုင်မယ့် အာဟာရ
တန်ဖိုးများကတော့ ကန်စွန်းရွက်မှာ ကယ်လ်ဆီယမ် နဲ့ သံဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး ကညွတ်မှာဆိုရင် Asparagines လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်တစ်မျိုးပါရှိပြီး အာရုံကြောစနစ်ကို များစွာအထောက်အကူပြုနိုင်တဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။

အုပ်စု(၅)
သရက်သီး၊ သံပုရာသီး၊ နံနံပင်၊ သဘောၤသီး စတဲ့ အသီးအနှံတွေက pH အဆင့် ၈.၅ အထိရှိတဲ့ အယ်ကာလိုင်းအုပ်စုထဲမှာပါပြီး ကျောက်ကပ်ကို သန့်ရှင်းဖိုု့ အကောင်းဆုံး အစားအစာများလည်း ဖြစ်ပါတယ်။  သဘောၤသီး က ကျောက်ကပ်တင်သာမက အူလမ်းကြောင်းတစ်လျှောက်ကိုပါ သန့်စင်ပေးနိုင်ပြီး ဝမ်းတွင်းလှုပ်ရှားမှုတွေကို ပုံမှန်ဖြစ်စေဖို့ ကူညီပေးနိုင်တယ်လို့ သိရပါတယ်။ နံနံပင်ကို အစိမ်းစားတဲ့အခါမှာ အူအတွင်းက ခန္ဓာကိုယ်အတွက် ဘေးဖြစ်စေမယ့် အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သလို ဆီးများများသွားစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ကျောက်ကပ်ကို လည်း သန့်စင်ပေးနိုင်ပါတယ်။ သရက်သီး၊ သံပုုရာ သီးတွေ ကတော့ ဗီတာမင်ကြွယ်ဝတဲ့ အသီးများဖြစ်ပြီး အစာချေဖျက်တဲ့အခါမှာ အယ်ကာလိုင်းဓာတ်ကို ဖြစ်ပေါ်စေပါတယ်။

အုပ်စု (၆)
ငရုတ်နီသီး၊ သခွားမွှေးသီး စတာတွေကလည်း pH တန်ဖိုး ၈.၅ ရှိပြီး ခန္ဓာကိုယ်က ဟော်မုန်းထုတ်လုပ်တဲ့ စနစ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အင်ဇိုင်းတွေ များများစားစားကိုပါရှိတဲ့ အယ်ကာလိုင်း အစားအစာ အုပ်စုဖြစ်ပါတယ်။ ငရုတ်
နီသီးဟာ ဗီတာမင် A ကြွယ်ဝစွာပါရှိတဲ့ အသီးတစ်မျိုးဖြစ်ပြီး ဖျားနာခြင်းနဲ့ စိတ်ဖိစီးမှုကို အဓိက ဖြစ်ပေါ်စေတဲ့ Free Radical တွေကို တိုက်ထုတ်ရာမှာ အရေးပါတဲ့ ဗီတာမင်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ အစားအစာတွေမှာ Antibacterial လိုု့ခေါ်တဲ့ ဘက်တီးရီးယားတွေကို ခုခံနိုင်တဲ့အာနိသင်လည်း ရှိနေပါသေးတယ်။ သခွားမွှေးသီးကတော့ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်ပြီး သကြားဓာတ်နည်းပါးတဲ့ အသီးတစ်မျိုး ဖြစ်တာကြောင့် ကျန်းမာရေးအတွက် အလွန်သင့်တော်တဲ့ အသီးတစ်မျိုးဖြစ်တယ်လို့ ပညာရှင်တွေ ထောက်ခံချက်ပေးထားပါတယ်။

ဖရဲသီး
ဖရဲသီးကတော့ အယ်ကာလိုင်းဓာတ် မြင့်မားတဲ့ အသီးတစ်မျိုးလို့ဆိုနိုင်ပြီး pH တန်ဖိုး ၉ ထိ ရှိပါတယ်။ ရေဓာတ်ပါဝင်မှုမြင့်မားပြီး အမျှင်ဓာတ်လည်း ကြွယ်ဝတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ အနီရောင် Carotenoid အမျိုးအစားဖြစ်တဲ့ Lycopene၊ Beta-carotene နဲ့ ဗီတာမင် C တွေ ပါဝင်တဲ့ ဖရဲသီးဟာ စွမ်းအင်နဲ့ ရေဓာတ်ဖြည့်တင်းပေးနိုင်တဲ့ ကျန်းမာရေးအတွက်အကောင်းဆုံး သီးနှံတွေထဲက တစ်ခုဖြစ်တယ်လို့ ပညာရှင်တွေ တင်စားခေါ်ဝေါ်လေ့ရှိပါတယ်။

သံပုရာသီး
သံပုရာမျိုးနွယ်ဝင် အသီးတွေ။ သူတို့ကတော့ အောက်စီဂျင် အကြွယ်ဝဆုံး အသီးတွေပါပဲ။ အက်ဆစ်ဓာတ်ပါဝင်တဲ့ အသီးတွေဖြစ်ပေမယ့် သံပုရာမျိုးနွယ်ဝင် အသီးတွေဟာ စားသုံးပြီးနောက်မှာတော့ ခန္ဓာကိုယ်အတွင်းမှာ အယ်ကာလိုင်း အသွင်ပြောင်းလဲသွားမှာဖြစ်ပါတယ်။ သံပုရာသီးနဲ့ မျိုးနွယ်ဝင်အသီးတွေဟာ Electrolytic ဂုဏ် သတ္တိရှိတာကြောင့် အဆိုပါ ဂုဏ်သတ္တိကြောင့်ပဲ သူတို့ဟာ အကောင်းဆုံး အယ်ကာလိုင်း အစားအစာများ စာရင်းထဲကို ထိပ်ဆုံးက ဝင်ရောက်လာကြတာဖြစ်ပါတယ်။ ဒ့ါအပြင် သာမန် အပရိကဖျားနာမှုများ၊ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယား ကူးစက်မှုများကို ခန္ဓာကိုယ်က အမြန်တိုက်ထုတ်နိုင်အောင်လည်း ကူညီပေးနိုင်ပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: people magazin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top