Kantharyar Centre
×

သဃၤန္းကြၽန္းၿမိဳ႕နယ္တြင္ ဆုိင္အလုပ္သမအား ဆုိင္ရွင္အမ်ိဳးသားက သားမယားျပဳက်င့္ခဲ့သည္ဆုိမႈကုိ သက္ဆုိင္ရာကေအာက္တုိဘာလ ၃၀ ရက္ေန႔တြင္ အမႈဖြင့္စစ္ေဆးလ်က္ရွိသည္။

အဆုိပါေန႔ မြန္းလြဲ ၃ နာရီ ၅၀မိနစ္ အခ်ိန္ခန္႔တြင္ မေကြးတုိင္းေဒသႀကီးေန အသက္ ၁၆ ႏွစ္အေက်ာ္ အရြယ္ အမ်ိဳးသမီးငယ္က သက္ဆုိင္ရာသုိ႔တုိင္ၾကားရာ၌
ေအာက္တုိဘာလ ၂၅ ရက္ေန႔၊ ညေန ၄ နာရီခြဲအခ်ိန္တြင္ မိဘမ်ားႏွင့္စိတ္ဆုိးၿပီး ေနအိမ္မွ ထြက္လာခဲ့ေၾကာင္း၊ ခရီးသည္တင္ယာဥ္ေပၚတြင္ ေတြ႔ရွိသည့္ လင္မယားႏွစ္ဦးႏွင့္ခင္မင္ရင္းႏွီးခဲ့ၿပီး ၎တုိ႔မွာ ရန္ကုန္မွျဖစ္ၿပီး ထမင္းေၾကာ္ဆုိင္ဖြင့္လွစ္သူမ်ားျဖစ္ေၾကာင္း၊ ဆုိင္တြင္အလုပ္လုပ္ကုိင္ပါက တစ္လလ်င္က်ပ္ ၇၀၀၀၀ ေပးမည္ျဖစ္ေၾကာင္း ေျပာဆုိသျဖင့္ သေဘာတူခဲ့သည္ဟုဆုိသည္။

ေအာက္တုိဘာလ ၂၆ ရက္ေန႔တြင္ ရန္ကုန္ သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ ၎င္းတုိ႔ေနအိမ္သုိ႔ေရာက္ရွိခဲ့ၿပီး ထမင္းေၾကာ္ဆုိင္တြင္အလုပ္လုပ္ခဲ့သည္။ ေနာက္တစ္ေန႔ မြန္းလြဲ ၂ နာရီအခ်ိန္တြင္ ထမင္းေၾကာ္ဆုိင္အတြင္း အ၀တ္အစားမ်ား ေရစုိသျဖင့္ အိမ္ရွင္အမ်ိဳးသမီးက ၎အ၀တ္အစားမ်ားသြားလဲရန္ ခင္ပြန္းျဖစ္သူ ၀င္းႏုိင္(၂၈ ႏွစ္)ကုိ လုိက္သြားရန္ အေဖာ္အျဖစ္ ေနအိမ္သုိ႔ ေစလြတ္ခဲ့သည္။

အ၀တ္အစားမ်ားလဲေနစဥ္ဆုိင္ပုိင္ရွင္ခင္ပြန္းျဖစ္သူက ေနအိမ္တံခါး
မ်ားပိတ္ကာအနီးသုိ႔ေရာက္လာၿပီးနင့္ကုိသားမယားအျဖစ္ေပါင္းသင္း
မည္ျဖစ္ေၾကာင္းေျပာဆုိသျဖင့္ သေဘာမတူေၾကာင္း ျပန္လည္ေျပာဆုိစဥ္ ၀င္းႏုိင္က အလုိမတူဘဲ သားမယားအျဖစ္ျပဳက်င့္ခဲ့ေၾကာင္း ရဲထံတုိင္တန္းခ်က္တြင္ ပါရွိသည္။

အဆုိပါကိစၥကုိ မည္သူကုိမွ်မေျပာရန္ႏွင့္ေျပာလွ်င္ သတ္ပစ္မည္ဟုၿခိမ္းေျခာက္ခဲ့ေသာေၾကာင့္ ဟန္မပ်က္ေနထုိင္ခဲ့ၿပီး ၎င္းတုိ႔မရွိခိုက္ မိဘမ်ားထံဖုန္းျဖင့္ဆက္သြယ္ခဲ့ၿပီး၊ ေအာက္တုိဘာလ ၃၀ ရက္ေန႔ မိဘမ်ားေရာက္ရွိမွသာ သက္ဆုိင္ရာသုိ႔ တုိင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း ရဲစခန္းတုိင္ၾကားခ်က္တြင္ပါရွိသည္။ သဃၤန္းကြၽန္းၿမိဳ႕မရဲစခန္းက(ပ) ၁၁၀၇/၁၆ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၆ အရ အမႈဖြင့္ စစ္ေဆးလ်က္ရွိသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmar times

#Unicode Version
သင်္ဃန်းကျွန်းမြို့နယ်တွင် ဆိုင်အလုပ်သမအား ဆိုင်ရှင်အမျိုးသားက သားမယားပြုကျင့်ခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက
အောက်တိုဘာလ ၃၀ ရက်နေ့တွင် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

အဆိုပါနေ့ မွန်းလွဲ ၃ နာရီ ၅၀မိနစ် အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီးနေ အသက် ၁၆ နှစ်အကျော် အရွယ် အမျိုးသမီးငယ်က သက်ဆိုင်ရာသို့တိုင်ကြားရာ၌
အောက်တိုဘာလ ၂၅ ရက်နေ့၊ ညနေ ၄ နာရီခွဲအချိန်တွင် မိဘများနှင့်စိတ်ဆိုးပြီး နေအိမ်မှ ထွက်လာခဲ့ကြောင်း၊ ခရီးသည်တင်ယာဉ်ပေါ်တွင် တွေ့ရှိသည့် လင်မယားနှစ်ဦးနှင့်ခင်မင်ရင်းနှီးခဲ့ပြီး ၎င်းတို့မှာ ရန်ကုန်မှဖြစ်ပြီး ထမင်းကြော်ဆိုင်ဖွင့်လှစ်သူများဖြစ်ကြောင်း၊ ဆိုင်တွင်အလုပ်လုပ်ကိုင်ပါက တစ်လလျင်ကျပ် ၇၀၀၀၀ ပေးမည်ဖြစ်ကြောင်း ပြောဆိုသဖြင့် သဘောတူခဲ့သည်ဟုဆိုသည်။

အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်ရှိ ၎င်းင်းတို့နေအိမ်သို့ရောက်ရှိခဲ့ပြီး ထမင်းကြော်ဆိုင်တွင်အလုပ်လုပ်ခဲ့သည်။ နောက်တစ်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ထမင်းကြော်ဆိုင်အတွင်း အဝတ်အစားများ ရေစိုသဖြင့် အိမ်ရှင်အမျိုးသမီးက ၎င်းအဝတ်အစားများသွားလဲရန် ခင်ပွန်းဖြစ်သူ ဝင်းနိုင်(၂၈ နှစ်)ကို လိုက်သွားရန် အဖော်အဖြစ် နေအိမ်သို့ စေလွတ်ခဲ့သည်။

အဝတ်အစားများလဲနေစဉ်ဆိုင်ပိုင်ရှင်ခင်ပွန်းဖြစ်သူက နေအိမ်တံခါး
များပိတ်ကာအနီးသို့ရောက်လာပြီးနင့်ကိုသားမယားအဖြစ်ပေါင်းသင်း
မည်ဖြစ်ကြောင်းပြောဆိုသဖြင့် သဘောမတူကြောင်း ပြန်လည်ပြောဆိုစဉ် ဝင်းနိုင်က အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ရဲထံတိုင်တန်းချက်တွင် ပါရှိသည်။

အဆိုပါကိစ္စကို မည်သူကိုမျှမပြောရန်နှင့်ပြောလျှင် သတ်ပစ်မည်ဟုခြိမ်းခြောက်ခဲ့သောကြောင့် ဟန်မပျက်နေထိုင်ခဲ့ပြီး ၎င်းင်းတို့မရှိခိုက် မိဘများထံဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး၊ အောက်တိုဘာလ ၃၀ ရက်နေ့ မိဘများရောက်ရှိမှသာ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းတိုင်ကြားချက်တွင်ပါရှိသည်။ သင်္ဃန်းကျွန်းမြို့မရဲစခန်းက(ပ) ၁၁၀၇/၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: myanmar times

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top