Kantharyar Centre
×

ဘရားဇီးႏုိင္ငံ၊ဟန္းနီးမြန္း ခရီးအျဖစ္ အဂၤလန္ကို သြားေရာက္ခဲ့တဲ့ ကမာၻ႔အရပ္ပုဆုံး မဂၤလာစုံတြဲက Sao Paulo ၿမိဳ႕ Itapeva မွာ ေနထုိင္ၾကတဲ့ Paulo အရပ္(34.8 လက္မ) Katyucia (35.2 လက္မ)တုိ႔ဟာ ၎တုိ႔ ပထမဆုံး ပ်ားရည္စမ္းခရီးစဥ္အျဖစ္ အဂၤလန္ႏုိင္ငံကုိ လာေရာက္ လည္ပတ္ခဲ့ၾကပါတယ္။ သူတုိ႔ႏွစ္ေယာက္ေပါင္းရဲ႕ အရပ္ဟာ 5’10” ျဖစ္လုိ႔ ပ်မ္းမွ် အမ်ိဳးသားတစ္ေယာက္ရဲ႕ အရပ္နဲ႔ တူညီေနပါတယ္။

့ Paulo & Katyuciaဒါ့အျပင္ Paulo နဲ႔ Katyucia တုိ႔ဟာ လန္ဒန္မွာ ခ်ီးျမႇင့္မဲ့ ကမာၻ႕အရပ္ပုဆုံးစုံတြဲ အသိအမွတ္ျပဴ လက္မွတ္ကိုလည္း လက္ခံရယူသြားမွာ ျဖစ္တယ္လုိ႔ သိရပါတယ္။ ေလာေလာဆယ္ The Sun သတင္းစာက Paulo နဲ႔ Katyucia တုိ႔ကို ရာသက္ပန္ ဟန္နီးမြန္းခရီးစဥ္အတြက္ အကုန္အက်ခံသြားမယ့္အေၾကာင္းလည္း သိရပါတယ္။

၎တုိ႔ကို The Sun သတင္းစာက အဂၤလန္ႏုိင္ငံရဲ႕ အထင္ကရေနရာေတြကုိ လိုက္လံပုိ႔ေဆာင္ေပးခဲ့ပါတယ္။ ၎စုံတြဲဟာ Big Ban (Great Bell) ေနရာကို သေဘာအက်ဆုံး ျဖစ္တယ္လုိ႔လည္း ဖြင့္ဟခဲ့ပါတယ္။ ဒါ့အျပင္ ၎စုံတြဲဟာ အဂၤလန္အေစာင့္စစ္သားေတြနဲ႔လည္း အမွတ္တရဓာတ္ပုံေတြ ႐ုိက္ခဲ့ေသးၿပီး ေဒါင္းနင္းလမ္း၊ Piccadilly Circus တုိ႔ကုိ သြားေရာက္ခဲ့ၾကပါတယ္။

အရပ္ပုဆံုးဇနီေမာင္ႏွံေျပာျပခဲ့ပါေသးတယ္။ ” သူ႕ကို အြန္လုိင္းေပၚမွာ ျမင္ျမင္ခ်င္း သေဘာက်ခဲ့တာပါ … က်ေနာ္ စကားေျပာဖုိ႔ ႀကိဳးစားခဲ့ပါတယ္ … မိတ္ဆက္စကား လွမ္းပို႔ေတာ့ သူ ကၽြန္ေတာ့္ကို Block သြားတယ္ “လုိ႔ ေျပာခဲ့ပါတယ္။

၎က ဆက္လက္ၿပီး ” ေနာက္ သူက ကၽြန္ေတာ့္ကို ဖုန္းနဲ႔ဆက္သြယ္လာတယ္ … ကၽြန္ေတာ္ ဒီအခ်ိ္န္ လေပၚကို ေရာက္ေနတဲ့ အတုိင္းပါဘဲ “လုိ႔ ေျပာခဲ့ပါတယ္။ ၎တုိ႔ရဲ႕ ခ်စ္သက္တမ္း 8 ႏွစ္ျပည့္ေျမာက္တဲ့အခါမွာ ယခုႏွစ္ စက္တင္ဘာ 17 ရက္ေန႔မွာ သူငယ္ခ်င္း 130 ဖိတ္ၾကားၿပီး တရား၀င္လက္ထပ္ခဲ့ၾကတာ ျဖစ္ပါတယ္။

Katyucia က ” လူတုိင္း စိတ္ရင္း ေကာင္းတယ္လုိ႔ မဆုိလုိပါဘူး … ကၽြန္မတုိ႔ စုံတြဲကိုပဲ ၾကည့္ပါ … အလြန္႐ုိင္းစုိင္းဖယ္ၾကဥ္တဲ့ အသုိင္းအ၀ုိင္းမွာ ေနထိုင္ခဲ့ၾကရပါတယ္ … ကၽြန္မနဲ႔သူ Mall တစ္ခုကို သြားေတာ့ အမ်ိဳးသမီးတစ္ေယာက္က အထူးတဆန္းဆုိၿပီး ဒူူးတစ္ဖက္ေထာက္ကာ ဓာတ္ပုံကုန္းၿပီး ႐ုိက္ပါတယ္ … အဲဒီအခါမွာ Paulo က သူ႕ကို လက္ညိႇဳးေငါက္ေငါက္ထုိးၿပီး … ခင္ဗ်ား သာမန္လူတစ္ေယာက္ဆုိရင္ အခုလုိအေျခအေနမွာ ခြင့္ျပဳခ်က္ ေတာင္းမွာ မလားတဲ့ … တကယ္ေတာ့ လူေတြက ႏွိမ္ခ်င္ၾကပါတယ္” လုိ႔ ဖြင့္ဟခဲ့ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Lwin Pyin

#Unicode Version
ဘရားဇီးနိုင်ငံ၊ဟန်းနီးမွန်း ခရီးအဖြစ် အင်္ဂလန်ကို သွားရောက်ခဲ့တဲ့ ကမ္ဘာ့အရပ်ပုဆုံး မင်္ဂလာစုံတွဲက Sao Paulo မြို့ Itapeva မှာ နေထိုင်ကြတဲ့ Paulo အရပ်(34.8 လက်မ) Katyucia (35.2 လက်မ)တို့ဟာ ၎င်းတို့ ပထမဆုံး ပျားရည်စမ်းခရီးစဉ်အဖြစ် အင်္ဂလန်နိုင်ငံကို လာရောက် လည်ပတ်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ပေါင်းရဲ့ အရပ်ဟာ 5’10” ဖြစ်လို့ ပျမ်းမျှ အမျိုးသားတစ်ယောက်ရဲ့ အရပ်နဲ့ တူညီနေပါတယ်။

့ Paulo & Katyuciaဒါ့အပြင် Paulo နဲ့ Katyucia တို့ဟာ လန်ဒန်မှာ ချီးမြှင့်မဲ့ ကမ္ဘာ့အရပ်ပုဆုံးစုံတွဲ အသိအမှတ်ပြူ လက်မှတ်ကိုလည်း လက်ခံရယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လောလောဆယ် The Sun သတင်းစာက Paulo နဲ့ Katyucia တို့ကို ရာသက်ပန် ဟန်နီးမွန်းခရီးစဉ်အတွက် အကုန်အကျခံသွားမယ့်အကြောင်းလည်း သိရပါတယ်။

၎င်းတို့ကို The Sun သတင်းစာက အင်္ဂလန်နိုင်ငံရဲ့ အထင်ကရနေရာတွေကို လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ ၎င်းစုံတွဲဟာ Big Ban (Great Bell) နေရာကို သဘောအကျဆုံး ဖြစ်တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။ ဒါ့အပြင် ၎င်းစုံတွဲဟာ အင်္ဂလန်အစောင့်စစ်သားတွေနဲ့လည်း အမှတ်တရဓာတ်ပုံတွေ ရိုက်ခဲ့သေးပြီး ဒေါင်းနင်းလမ်း၊ Piccadilly Circus တို့ကို သွားရောက်ခဲ့ကြပါတယ်။

အရပ်ပုဆုံးဇနီမောင်နှံပြောပြခဲ့ပါသေးတယ်။ ” သူ့ကို အွန်လိုင်းပေါ်မှာ မြင်မြင်ချင်း သဘောကျခဲ့တာပါ … ကျနော် စကားပြောဖို့ ကြိုးစားခဲ့ပါတယ် … မိတ်ဆက်စကား လှမ်းပို့တော့ သူ ကျွန်တော့်ကို Block သွားတယ် “လို့ ပြောခဲ့ပါတယ်။

၎င်းက ဆက်လက်ပြီး ” နောက် သူက ကျွန်တော့်ကို ဖုန်းနဲ့ဆက်သွယ်လာတယ် … ကျွန်တော် ဒီအချိန် လပေါ်ကို ရောက်နေတဲ့ အတိုင်းပါဘဲ “လို့ ပြောခဲ့ပါတယ်။ ၎င်းတို့ရဲ့ ချစ်သက်တမ်း 8 နှစ်ပြည့်မြောက်တဲ့အခါမှာ ယခုနှစ် စက်တင်ဘာ 17 ရက်နေ့မှာ သူငယ်ချင်း 130 ဖိတ်ကြားပြီး တရားဝင်လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Katyucia က ” လူတိုင်း စိတ်ရင်း ကောင်းတယ်လို့ မဆိုလိုပါဘူး … ကျွန်မတို့ စုံတွဲကိုပဲ ကြည့်ပါ … အလွန်ရိုင်းစိုင်းဖယ်ကြဉ်တဲ့ အသိုင်းအဝိုင်းမှာ နေထိုင်ခဲ့ကြရပါတယ် … ကျွန်မနဲ့သူ Mall တစ်ခုကို သွားတော့ အမျိုးသမီးတစ်ယောက်က အထူးတဆန်းဆိုပြီး ဒူူးတစ်ဖက်ထောက်ကာ ဓာတ်ပုံကုန်းပြီး ရိုက်ပါတယ် … အဲဒီအခါမှာ Paulo က သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး … ခင်ဗျား သာမန်လူတစ်ယောက်ဆိုရင် အခုလိုအခြေအနေမှာ ခွင့်ပြုချက် တောင်းမှာ မလားတဲ့ … တကယ်တော့ လူတွေက နှိမ်ချင်ကြပါတယ်” လို့ ဖွင့်ဟခဲ့ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Lwin Pyin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top