အဲ့ဒါတွေကတော့
တစ်ခါတစ်လေ
ချိုလွန်းတဲ့
ရှောင်ကြည်သင့်ပါတယ်။
၃။ပရိုတင်း
ခန္ဓာကိုယ်အတွက်
အက်ဆစ်ဓာတ်ပါတဲ့
၅။အရက်
ဒီအချက်ကတော့
Credit:Trend Myanmar
Unicode Version
လူတိုင်းသိထားပြီးသား
ပါးစပ်အနံ့ဆိုးထွက်စေတတ်တဲ့ အစားအသောက်မျိုးတွေ ရှိနေပါတယ်။ ဥပမာ
ဒညင်းသီးလိုဟာမျိုးပေါ့။ ဒါပေမယ့် သင်လုံးဝမသိသေးတဲ့၊ ထင်မှတ်မထားတဲ့
ပါးစပ်အနံ့ဆိုးဖြစ်စေတဲ့ အစားအသောက်တွေ ရှိနေပါ တယ်။ အဲ့ဒီအရာတွေကို
ပါးစပ်အနံ့ပျောက်အောင်ဆိုပြီးတော့တောင် စားတတ်ကြပါသေးတယ်။ အဲ့ဒါတွေကတော့
၁။Methol ပါတဲ့ ဝါးရတဲ့ အရာများ
တစ်ခါတစ်လေ
ပါးစပ်နံမှာစိုးလို့၊ ခံတွင်းသန့်သွားအောင်ဆိုပြီး ဝါးလို့ရမယ့် methol ပါ
သကြားလုံးတွေဘာတွေ ကောက်စားလိုက်လို့ကတော့ သင့်ပါးစပ်မှာရှိပြီးသား
အနံ့ထက်တောင် ပိုဆိုးတဲ့ အနံ့မျိုးထွက်လာစေမှာပါ။ ဒါတွေ ဝါးနေရာက
ရပ်လည်းရပ်လိုက်ရော အနံ့ဆိုးထွက်လာရော ဆိုတာမျိုးပေါ့။
၂။အရမ်းချိုလွန်းတဲ့ အစားအစာများ
ချိုလွန်းတဲ့
အစားအစာတွေဟာ သင့်ပါးစပ်ထဲမှာ အနံ့ဆိုးတွေ ဖြစ်ပေါ်စေနိုင်တဲ့
ဘက်တီးရားတွေကို ဖြစ်ပွားစေပါတယ်။ ချောကလက်တွေ၊ cup cake တွေ ၊ကွတ်ကီးနဲ့
အခြားချိုလွန်းတဲ့အစားအစာတွေကို ပါးစပ်အနံ့ဆိုး မထွက်စေဖို့
ရှောင်ကြည်သင့်ပါတယ်။
၃။ပရိုတင်း
ခန္ဓာကိုယ်အတွက်
ပရိုတင်းဓာတ်ကြွယ်ဝစေဖို့ အရေးကြီးတာမှန်ပါတယ်။ ဒါပေမယ့်
အဲ့ဒီပရိုတင်းဓာတ်များတဲ့ အစားအသောက်တွေဟာ သင့်ပါးစပ်အတွက်တော့
အနံ့ဆိုးထွက်စေတဲ့ အရာတွေပါပဲ။
၄။အက်ဆစ်ဓာတ်ပါတဲ့ အစားအစာများ
အက်ဆစ်ဓာတ်ပါတဲ့
အစားအစာတွေလို့ ဆိုလိုက်ရင် ကော်ဖီ၊ ခရမ်းချဉ်သီးဖျော်ရည်၊ ထောပတ်၊
ကြက်ဥစတာတွေပါပဲ။ ဒီအရာတွေကလည်း သင့်ပါးစပ်ထဲမှာ ဘက်တီးရီးယားပိုးတွေ
ဖြစ်ပေါ်စေတဲ့အတွက် အနံ့ဆိုး ထွက်စေတာပါပဲ။
၅။အရက်
ဒီအချက်ကတော့
အထူးရှင်းပြနေစရာကို မလိုပါဘူး။ စကားပြောလိုက်တိုင်း အရက်နံ့တထောင်းထောင်း
ဖြစ်နေတာကိုက အရက်ဟာ သင့်ပါးစပ်ထဲမှာ ဘက်တီးရီးယားဘယ်လောက်တောင်
ဖြစ်ပေါ်စေခဲ့ပြီးသလဲဆိုတာ သိသာစေတာပါပဲ။
ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
Home
»
ကျန်းမာရေး
»
ဗဟုသုတ
»
အထွေထွေ
» လူတော်တော်များများ ထင်မထားတဲ့ ပါးစပ်အနံ့ဆိုးထွက်စေတဲ့ အရာများ
လူတော်တော်များများ ထင်မထားတဲ့ ပါးစပ်အနံ့ဆိုးထွက်စေတဲ့ အရာများ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။