Property Expo
×




Credit: duwun


#Unicode Version

လူမှုကွန်ရက်မှာ ရော်နယ်ဒိုတင်လိုက်တဲ့ နောက်ဆုံးဓာတ်ပုံတစ်ပုံဟာ ပရိသတ်တွေအကြား ရေပန်းစားလာပြန်ပါတယ်။

ဗြိတိန်မီဒီယာအချို့ကတော့ ဒီဓာတ်ပုံထဲမှာ ရော်နယ်ဒိုရဲ့ ထူးခြားတဲ့ဟန်ပန်ကြောင့် သရော်ရေးသားထားကြပါတယ်။ ဓာတ်ပုံထဲမှာ ရော်နယ်ဒိုက မြက်ခင်းပေါ်မှာ လှဲလျောင်းနေခဲ့ပြီး ခေါင်းက အလှပန်းပင်တွေရှိရာ ခြုံအနီးမှာ ရောက်နေတာ ဖြစ်ပါတယ်။ အချိန်တိုအတွင်းမှာ အင်စတာဂရမ်ပေါ်က ဒီဓာတ်ပုံကို နှစ်သက်တဲ့အရေအတွက် နှစ်သိန်းကျော်သွားခဲ့ပါတယ်။

ဒါပေမဲ့ သောင်းချီပြီးလက်ခံရရှိခဲ့တဲ့ မှတ်ချက်တွေက ပိုပြီး စိတ်ဝင်စားစရာ ကောင်းခဲ့တာပါ။ အချို့ပရိသတ်တွေက ချီးကျူးပြောထားကြပေမဲ့  အချို့ကတော့ ရော်နယ်ဒိုရဲ့ ပုံစံအပေး အံ့သြတကြီးဖြစ်သွားသလို မှတ်ချက်တွေ ပေးခဲ့ပါတယ်။ ဒီဓာတ်ပုံထဲမှာ ရော်နယ်ဒိုက သူ့ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ် CR7 အတွင်းခံကို ဝတ်ဆင်ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top