Property Expo
×

ေသြးတုိးေရာဂါသည္ ပူလြန္းေသာရာသီႏွင့္လည္း မသင့္၊ ေအးလြန္းေသာရာသီႏွင့္လည္း မသင့္ေသာ ေရာဂါမ်ဳိးျဖစ္သည္။ ပူလြန္းလွ်င္ အပူဒဏ္ေၾကာင့္ ေသြးေၾကာမ်ားက်ယ္ျပန္႔ကာ ေသြးလွ်ံပြလာၿပီး ဦး ေႏွာက္သုိ႔ေသြးေဆာင့္၍တုိးကာ မူးလဲတတ္သည္။ ေအးလြန္းလွ်င္လည္း ေသြးေၾကာမ်ားက်ဳံ႕ၿပီးမာ က်စ္ကာ ေသြးဖိအားတက္လာသည္။ ေသြးမေရာက္ေသာ အစြန္အဖ်ားေနရာမ်ားသုိ႔ ေသြးေရာက္ေစ ရန္ႏွလုံးမွပုိ၍ညႇစ္ရာမွ ေသြးဖိအားတက္လာျခင္း ျဖစ္သည္။ ထုိ႔ေၾကာင့္ လူႀကီးမ်ားေဆာင္းရာသီတြင္ ေသြးေပါင္ခ်ိန္ အနည္းငယ္ပုိတက္ေလ့ရွိသည္မွာ ေရာဂါမဟုတ္ေပ။

ေဆာင္းတြင္း နံနက္ေစာေစာ က်ဳံးနံေဘးတြင္ လမ္းေလွ်ာက္ေနက် လူႀကီးတစ္ဦးသည္ ေခါင္းမူးလာ သျဖင့္ အိမ္ျပန္လာၿပီးေနာက္ သမီးျဖစ္သူဆရာဝန္မက ေသြးေပါင္ခ်ိန္ၾကည့္ေသာအခါ ေသြးေပါင္ခ်ိန္ တက္ေနေၾကာင္းေတြ႕ရသည္။ အေအးပတ္ၿပီး ေသြးတိုးလာျခင္းျဖစ္သည္။ ထုိသူသည္ အက်ႌလက္ ရွည္ဝတ္ထားၿပီး အေပၚမွကုတ္အက်ႌထပ္ဝတ္ထားေသးသည္။ သူ၏အဓိကခ်ဳိ႕ယြင္းခ်က္မွာ အက်ႌ လည္ပင္း ၾကယ္သီးဖြင့္ထားျခင္းေၾကာင့္ျဖစ္သည္။ သတိမမူဂူမျမင္ဆုိေသာ စကားအတုိင္း အေႏြး ထည္ဝတ္ထားသျဖင့္ လုံၿခံဳၿပီဟုထင္ၾကေသာ္လည္း လည္ပင္းဖြင့္ထားေသာအခါ လည္ပင္းေဘးႏွစ္ ဖက္ရွိ ဦးေႏွာက္အထိ ေသြးပုိ႔ေသာေသြးေၾကာႀကီးႏွစ္ေခ်ာင္းမွာ အေအးပတ္ၿပီး က်ဳံ႕လာသည္။ ထုိအ ခါဦးေႏွာက္သုိ႔ ေသြးအေရာက္နည္းသြားသည္။ ႏွလုံးကေသြးပုိေရာက္ေစရန္ ပို၍ညႇစ္ေပးသည္။ ထုိ႔ ေၾကာင့္ေသြးေပါင္ေခၚ ေသြးဖိအားတက္လာရျခင္းျဖစ္သည္။ ေရွးေခတ္ကလူႀကီးမ်ား လမ္းေလွ်ာက္ ထြက္ၾကေသာအခါ အေပၚကကုတ္အက်ႌႏွင့္ ေအာက္ပုိင္းက ပုဆုိးႏွင့္၊ ႐ွဴးဖိနပ္ႏွင့္၊ လက္တြင္ တုတ္ ေကာက္ကုိင္ထားကာ၊ ထူးျခားခ်က္မွာ လည္ပင္းတြင္ မာဖလာပတ္ထားၾကသည္။ ဦးေခါင္းတြင္ ႏွင္းမ က်ေစရန္ ဦးထုပ္တစ္လုံးကုိ ေဆာင္းထားသည္။ ဤသည္ကုိ ေရွးက ‘ဗုိလ္ေအာင္ဒင္စတုိင္လ္’ ဟု ေခၚ ၾကသည္။ ဤဝတ္စားဆင္ယင္မႈမွာ က်န္းမာေရး႐ႈေထာင့္မွၾကည့္လွ်င္ အမွန္ကန္ဆုံးျဖစ္သည္။ တုတ္ ေကာက္ပါသျဖင့္ ႐ုတ္တရက္လဲက်မွာလည္း မပူရ။ လည္ပင္းတြင္ မာဖလာပတ္ထားသျဖင့္ လည္ပင္း ေသြးေၾကာမ်ား အေအးပတ္ၿပီး ေသြးတုိးမွာလည္း မပူရေသာစတုိင္လ္ ျဖစ္ေပသည္။

အဝတ္ၿပီးလွ်င္ အစားဘက္သုိ႔သတိျပဳရမည္။ ေဆာင္းရာသီမွာ ကုိယ္တြင္းအပူငုပ္ေသာရာသီ၊ ေခၽြးမ ထြက္ေသာရာသီျဖစ္သျဖင့္ ဝမ္းတြင္းပူၿပီး ဆာေလာင္တတ္သည္။ အစားမ်ားလွ်င္ အစာမေၾကျဖစ္ တတ္သည္။ အစာကုိနည္းနည္းႏွင့္ အႀကိမ္မ်ားမ်ားစားရမည္။ ႏွစ္နာရီ၊ သုံးနာရီ တစ္ႀကိမ္ခန္႔ အစာ စားေပးလွ်င္သင့္သည္။ ေကာက္ညႇင္းေပါင္း၊ ေကာက္ညႇင္းထုပ္၊ ဆန္ေစး၊ ရွမ္းဆန္မ်ားကုိ သင့္႐ုံသာ စားသင့္သည္။ အစားမ်ားသြားသည္ဟုထင္လွ်င္ စားၿပီးလွ်င္ ေရေႏြးၾကမ္းတြင္ ဆားေလွာ္အနည္းငယ္ မွ်ထည့္၍ေသာက္လွ်င္ အစာေၾကၿပီး ေလ⁠လည္းေၾကေစႏုိင္သည္။ ေန႔လယ္စာစားၿပီးလွ်င္ ထန္းလ်က္ ခဲစားျခင္းျဖင့္လည္း အစာေၾကေစႏုိင္ပါသည္။

ဝမ္းတစ္လုံးေကာင္းလွ်င္ ေခါင္းတစ္လုံးမခဲဟူေသာ စကားသည္႐ုိးေနၿပီဟု ထင္ရေသာ္လည္း အလြန္ မွန္ကန္ေသာစကားျဖစ္သည္။ ေဆာင္းဥတုတြင္ ဝမ္းခ်ဳပ္လွ်င္အပူအထက္ျပန္ၿပီး ႏႈတ္ခမ္းကဲြ၊ အာေခါင္ ေျခာက္ၿပီး သြားနာ၊ သြားဖုံးနာ၊ အာသီးေရာင္နာေရာဂါမ်ား ျဖစ္တတ္သည္။ ဝမ္းမခ်ဳပ္ေစရန္ သုံးရက္ လွ်င္တစ္ႀကိမ္ခန္႔ မန္က်ည္းမွည့္ႏွင့္ ဆားခါးကုိေတေဆးျပဳလုပ္၍စားျခင္း၊ သုိ႔မဟုတ္ မန္က်ည္းမွည့္ အႏွစ္ကုိ ထန္းလ်က္ႏွင့္ဆားအနည္းငယ္ထည့္စိမ္ၿပီး ညအိပ္ရာဝင္ခါနီးအခ်ိန္တြင္ ေသာက္ေပးျခင္း ျဖင့္ ဝမ္းမွန္ကာက်န္းမာေစႏုိင္သည္။

ဝမ္းခ်ဳပ္ျခင္းသည္ ေသြးတုိးတက္ေစျခင္း၏ အေၾကာင္းရင္းခံျဖစ္သည္ကုိ ေဆးပညာရွင္မ်ားစြာက သတိျပဳမိလာၾကသျဖင့္ မိမိ၏လူနာမ်ားကုိ ဝမ္းမွန္ေစသည့္ေဆးကုိပါ တဲြဖက္၍ေပးေလ့ရွိသည္။ မာ ေသာအစာ၊ ေကာက္ညႇင္းကဲ့သုိ႔ အစာေၾကခဲေသာ အစာမ်ားေၾကာင့္ အူမႀကီး၏အဆုံးတြင္ ပိတ္မိကာ စမ်င္းခံၿပီး မအီမလည္ျဖစ္သလုိခံစားေနရသူမ်ားကုိ ေသြးေပါင္ခ်ိန္ၾကည့္ေသာအခါ ေသြးတုိးေနသည္ ကုိေတြ႕ရသည္။ ထုိေသြးတိုးသည္ ေရာဂါႀကီးရွိ၍မဟုတ္။ လတ္တေလာဝမ္းခ်ဳပ္ျခင္းေၾကာင့္ျဖစ္ရ ေသာ ယာယီေသြးတိုးမွ်သာ ျဖစ္သည္။ ဝမ္းသြားေအာင္ ဝမ္းႏုတ္ေပးျခင္း၊ လုိအပ္လွ်င္ ဝမ္းခ်ဴေပးျခင္း ျဖင့္ ေသြးတုိးက်သြားေအာင္ ေဆာင္ရြက္ေပးႏုိင္ေပသည္။

ေဆာင္းဥတုတြင္ ဝမ္းတြင္း၌ အပူငုပ္ၿပီး အျပင္သုိ႔ကန္ထြက္စရာ ေခၽြးထြက္ျခင္းမရွိသျဖင့္ ဆီးသြားျခင္း ျဖင့္အပူကုိထုတ္ရသည္။ ေဆာင္းတြင္း ဆီးမၾကာခဏသြားရျခင္းသည္ မျပစ္မရွိေပ။ ေရာဂါလည္း မဟုတ္ေပ။ သဘာဝက ဤသို႔သြားေအာင္ျပဳျခင္းျဖစ္သည္။ ဝမ္းတြင္းအပူမ်ားသျဖင့္ ေရမ်ားမ်ား ေသာက္သင့္သည္။ အထူးသျဖင့္ နံနက္အိပ္ရာထခ်ိန္ႏွင့္ ညအိပ္ရာဝင္ခ်ိန္မ်ားတြင္ ေရမ်ားမ်ား ေသာက္သင့္သည္။ ေရေသာက္နည္းလွ်င္ ဆီးသြားနည္းမည္။ ဆီးသြားနည္းလွ်င္ ေက်ာက္ကပ္တြင္ အပူေအာင္းၿပီး ေသြးတုိးတက္လာေလ့ရွိသည္။ အခ်ဳိ႕ေသြးတုိးတ⁠တ္ေသာ သက္ႀကီးရြယ္အုိမ်ားကုိ ဆရာဝန္မ်ားက ေသြးတုိးက်ေဆးအျပင္ ဆီးေဆးကုိပါ ထည့္ေပးေလ့ရွိသည္ကုိ ေတြ႕ရသည္။

ေလခ်ဳပ္ျခင္းေၾကာင့္လည္း ေသြးတုိးတတ္သည္။ အေနာက္တုိင္းေဆးပညာႏွင့္ ဆရာဝန္မ်ားသည္ ေလလည္သည္မလည္သည္ကုိ ေမးေလ့မရွိေသာ္လည္း ေရွးျမန္မာသမားေတာ္ႀကီးမ်ားသည္ ေလ လည္မလည္ကုိ လူနာကုိစ⁠စ္ေမးေလ့ရွိသည္။ ေလခ်ဳပ္ျခင္းေၾကာင့္ ေနထုိင္မေကာင္းျဖစ္ႏုိင္သည္ဟု အာယုေဗဒေဆးက်မ္းမ်ားတြင္လည္း ေတြ႕ရသည္။ အာယုေဗဒေဆးပညာတြင္ ေလးငါးမ်ဳိးရွိရာ ‘အပါန ေလ’ သည္အစာေဟာင္းအိမ္၌တည္ရွိၿပီး ခါး၊ ေပါင္မွ ေအာက္ပုိင္းသုိ႔ ေသြးစီးဆင္းမႈကုိ တြန္းအားေပး တ⁠တ္ေသာေလ ျဖစ္သည္။ ဝမ္းခ်ဳပ္၍ ထုိေလပ်က္ေသာအခါ ေအာက္ပုိင္းသုိ႔ ေသြးအသြားအလာမ ေကာင္းေတာ့သျဖင့္ ေသြးသည္ အထက္သုိ႔ဆန္တက္ကာ ေသြးတုိးေရာဂါကုိ ျဖစ္ေစႏုိင္ေပသည္။ ေသြးတုိးေရာဂါကုိ ကာကြယ္ရန္အတြက္ ေလခ်ဳပ္မည့္အစားအစာမ်ားကုိ အထူးသတိျပဳ ေရွာင္ၾကဥ္ သင့္သည္။ တညင္းသီး၊ ဖန္ခါးသီး၊ မာလကာသီး၊ သဖန္းသီး၊ သစ္ဆိမ့္သီး၊ အာလူး၊ လက္ဖက္၊ ေကာက္ညႇင္းဆန္၊ ဘဲသား၊ ပုစြန္၊ ကဏန္း စသည္တုိ႔သည္ ေလခ်ဳပ္စာမ်ားျဖစ္သည္။

ဆီး၊ ဝမ္း၊ ေသွး၊ ေလ ဓာတ္ေလးပါးညီညွတ္ေနလျှင္ လူတုိင္းကျန္းမာေနမည်သာ ျဖစ်သည္။ ထုိဓာတ္ ေလးပါးကုိလည္း အရမ္းမဲ့ညှိ၍မရ။ ရုိးရာေဆးပညာက ဓာတ္ေလးပါးမသိ ဥတုနွင့္ညှိဟုဆုိသျဖင့္ ေဆာင္းတွင္းေဆာင္းဥတုနွင့္ ညှိၿပီးေလမချုပ္၊ ေသွးမချုပ္၊ ဆီးမချုပ္၊ ဝမ္းမချုပ္ေသာ ဓာတ်စာ၊ ေဆး ဝါးကုိေပးမှသာ ကျန္းမာေရးနှင့္ညီညွတ်မည္ျဖစ်သည္။

ေသြးတုိးေရာဂါသည္ ျမန္မာေဆးပညာအလုိအရ ေလထုိးေရာဂါပင္ျဖစ္သည္။ ထုိေလသည္ အပူငုပ္ ေသာ ေဆာင္းရာသီတြင္ ကုိယ္တြင္း၌လွည့္လည္ေနရာမွ ေအာက္သုိ႔မစုန္မသက္ဘဲ အထက္သုိ႔ဆန္ တက္လွ်င္ ေသြးတက္လာသည္ကုိ သတိျပဳဆင္ျခင္ႏုိင္စရာ ေရးသားတင္ျပရျခင္း ျဖစ္သည္။ အေအး ပတ္ျခင္းေၾကာင့္လည္း ေလသည္ကုိယ္တြင္းမွ အျပင္သုိ႔မထြက္ႏုိင္ဘဲ အတြင္းမွာလွည့္ေမႊကာ ဒုကၡ ေပးတတ္သည္။ ေလေအးမွ ေလပူျဖစ္ကာ အထက္သုိ႔ကန္တက္တတ္သျဖင့္ ေသြးတုိးေရာဂါရွိသူမ်ား ဦးေႏွာက္ေသြးေၾကာျပတ္ကာ လဲက်တတ္သည္ကုိ ေတြ႕ရသည္။ သက္ႀကီးရြယ္အုိမ်ားတြင္ ေသြး ေၾကာပုိက္လုိင္းမ်ား ေဆြးျမည့္ၿပီျဖစ္သျဖင့္ လူငယ္မ်ားႏွင့္မတူ အေအးမပတ္ေအာင္ ပုိၿပီးသတိရွိဖုိ႔လုိ သည္။

အချုပ်အားျဖင့္ ေသွးတုိးေရာဂါရှိသူများသည္ ေဆာင္းရာသီတွင္ ဆင္ျခင်စရာများမှာ-

၁။ အျပင်ထွက်လျှင္ အဝတ်ထူထူဝတ်ဆင်ပါ။ အင်္ကျီလည်ပင္းကုိ ဖွင့္မထားပါနွင့္။ ျဖစ္နိုင်လျှင္ မာဖ လာပတ်ထားပါ။

၂။ ဝမ္းမချုပ်ပါေစနွင့္။ ေန႔စဉ်ဝမ္းမှန္ေအာင္ အသီးအနွံစားပါ။ ေရများများေသာက်ပါ။ လမ္းလျှောက္ ေပးပါ။

၃။ မာေၾကာေသာအစာ၊ အစာေၾကခဲေသာအစာမ်ားကုိ မစားပါႏွင့္။ အစာကုိနည္းနည္းႏွင့္ အႀကိမ္ မ်ားမ်ားစားသင့္ပါသည္။

၄။ ေလခ်ဳပ္ေစေသာအစာ၊ ဆားအငန္မ်ားေသာအစာ၊ အပုပ္ခံထားေသာအစာ၊ အခ်ဥ္ေဖာက္ထား ေသာအစာမ်ားကုိ ေရွာင္ၾကဥ္ပါ။

၅။ နံနက္ေစာေစာေရခ်ဳိးျခင္း၊ ညေနႏွင့္ညပုိင္းတြင္ ေရခ်ဳိးျခင္းကုိ လုံးဝေရွာင္ၾကဥ္ပါ။ ေန႔လယ္ေနအ လင္းေရာင္ရွိေသာ အခ်ိန္တြင္သာေရခ်ဳိးပါ။

၆။ ေနေရာင္ျခည္ရေအာင္ ေန႔စဥ္ေနထုိင္ပါ။ ေနေရာင္ျခည္မဝင္ေသာ အခန္းတြင္အိပ္စက္ျခင္းကုိ ေရွာင္ၾကဥ္ပါ။ အိပ္ယာ၊ ေစာင္မ်ားကုိ တစ္ပတ္လွ်င္ တစ္ႀကိမ္ခန္႔ေနလွန္းေပးပါ။

ေသြးတုိးေရာဂါသည္ သတိျပဳေနထုိင္လွ်င္ သက္တမ္းေစ့ေနႏုိင္ပါသည္။ သတိမျပဳဘဲ အေနအထုိင္ အစားအေသာက္မ်ားလွ်င္ ေလျဖတ္ျခင္း၊ ဦးေႏွာက္ေသြးေၾကာေပါက္ျခင္းတုိ႔ေၾကာင့္ မသန္မစြမ္းဘဝ ေရာက္ျခင္း၊ အသက္ဆုံး႐ႈံးျခင္းတို႔ျဖစ္ႏုိင္သျဖင့္ အထူးသတိျပဳေစလုိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေၾကးမုံသတင္းစာ

#Unicode Version
သွေးတိုးရောဂါသည် ပူလွန်းသောရာသီနှင့်လည်း မသင့်၊ အေးလွန်းသောရာသီနှင့်လည်း မသင့်သော ရောဂါမျိုးဖြစ်သည်။ ပူလွန်းလျှင် အပူဒဏ်ကြောင့် သွေးကြောများကျယ်ပြန့်ကာ သွေးလျှံပွလာပြီး ဦး နှောက်သို့သွေးဆောင့်၍တိုးကာ မူးလဲတတ်သည်။ အေးလွန်းလျှင်လည်း သွေးကြောများကျုံ့ပြီးမာ ကျစ်ကာ သွေးဖိအားတက်လာသည်။ သွေးမရောက်သော အစွန်အဖျားနေရာများသို့ သွေးရောက်စေ ရန်နှလုံးမှပို၍ညှစ်ရာမှ သွေးဖိအားတက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် လူကြီးများဆောင်းရာသီတွင် သွေးပေါင်ချိန် အနည်းငယ်ပိုတက်လေ့ရှိသည်မှာ ရောဂါမဟုတ်ပေ။

ဆောင်းတွင်း နံနက်စောစော ကျုံးနံဘေးတွင် လမ်းလျှောက်နေကျ လူကြီးတစ်ဦးသည် ခေါင်းမူးလာ သဖြင့် အိမ်ပြန်လာပြီးနောက် သမီးဖြစ်သူဆရာဝန်မက သွေးပေါင်ချိန်ကြည့်သောအခါ သွေးပေါင်ချိန် တက်နေကြောင်းတွေ့ရသည်။ အအေးပတ်ပြီး သွေးတိုးလာခြင်းဖြစ်သည်။ ထိုသူသည် အကျႌလက် ရှည်ဝတ်ထားပြီး အပေါ်မှကုတ်အကျႌထပ်ဝတ်ထားသေးသည်။ သူ၏အဓိကချို့ယွင်းချက်မှာ အကျႌ လည်ပင်း ကြယ်သီးဖွင့်ထားခြင်းကြောင့်ဖြစ်သည်။ သတိမမူဂူမမြင်ဆိုသော စကားအတိုင်း အနွေး ထည်ဝတ်ထားသဖြင့် လုံခြုံပြီဟုထင်ကြသော်လည်း လည်ပင်းဖွင့်ထားသောအခါ လည်ပင်းဘေးနှစ် ဖက်ရှိ ဦးနှောက်အထိ သွေးပို့သောသွေးကြောကြီးနှစ်ချောင်းမှာ အအေးပတ်ပြီး ကျုံ့လာသည်။ ထိုအ ခါဦးနှောက်သို့ သွေးအရောက်နည်းသွားသည်။ နှလုံးကသွေးပိုရောက်စေရန် ပို၍ညှစ်ပေးသည်။ ထို့ ကြောင့်သွေးပေါင်ခေါ် သွေးဖိအားတက်လာရခြင်းဖြစ်သည်။ ရှေးခေတ်ကလူကြီးများ လမ်းလျှောက် ထွက်ကြသောအခါ အပေါ်ကကုတ်အကျႌနှင့် အောက်ပိုင်းက ပုဆိုးနှင့်၊ ရှူးဖိနပ်နှင့်၊ လက်တွင် တုတ် ကောက်ကိုင်ထားကာ၊ ထူးခြားချက်မှာ လည်ပင်းတွင် မာဖလာပတ်ထားကြသည်။ ဦးခေါင်းတွင် နှင်းမ ကျစေရန် ဦးထုပ်တစ်လုံးကို ဆောင်းထားသည်။ ဤသည်ကို ရှေးက ‘ဗိုလ်အောင်ဒင်စတိုင်လ်’ ဟု ခေါ် ကြသည်။ ဤဝတ်စားဆင်ယင်မှုမှာ ကျန်းမာရေးရှုထောင့်မှကြည့်လျှင် အမှန်ကန်ဆုံးဖြစ်သည်။ တုတ် ကောက်ပါသဖြင့် ရုတ်တရက်လဲကျမှာလည်း မပူရ။ လည်ပင်းတွင် မာဖလာပတ်ထားသဖြင့် လည်ပင်း သွေးကြောများ အအေးပတ်ပြီး သွေးတိုးမှာလည်း မပူရသောစတိုင်လ် ဖြစ်ပေသည်။

အဝတ်ပြီးလျှင် အစားဘက်သို့သတိပြုရမည်။ ဆောင်းရာသီမှာ ကိုယ်တွင်းအပူငုပ်သောရာသီ၊ ချွေးမ ထွက်သောရာသီဖြစ်သဖြင့် ဝမ်းတွင်းပူပြီး ဆာလောင်တတ်သည်။ အစားများလျှင် အစာမကြေဖြစ် တတ်သည်။ အစာကိုနည်းနည်းနှင့် အကြိမ်များများစားရမည်။ နှစ်နာရီ၊ သုံးနာရီ တစ်ကြိမ်ခန့် အစာ စားပေးလျှင်သင့်သည်။ ကောက်ညှင်းပေါင်း၊ ကောက်ညှင်းထုပ်၊ ဆန်စေး၊ ရှမ်းဆန်များကို သင့်ရုံသာ စားသင့်သည်။ အစားများသွားသည်ဟုထင်လျှင် စားပြီးလျှင် ရေနွေးကြမ်းတွင် ဆားလှော်အနည်းငယ် မျှထည့်၍သောက်လျှင် အစာကြေပြီး လေ⁠လည်းကြေစေနိုင်သည်။ နေ့လယ်စာစားပြီးလျှင် ထန်းလျက် ခဲစားခြင်းဖြင့်လည်း အစာကြေစေနိုင်ပါသည်။

ဝမ်းတစ်လုံးကောင်းလျှင် ခေါင်းတစ်လုံးမခဲဟူသော စကားသည်ရိုးနေပြီဟု ထင်ရသော်လည်း အလွန် မှန်ကန်သောစကားဖြစ်သည်။ ဆောင်းဥတုတွင် ဝမ်းချုပ်လျှင်အပူအထက်ပြန်ပြီး နှုတ်ခမ်းကွဲ၊ အာခေါင် ခြောက်ပြီး သွားနာ၊ သွားဖုံးနာ၊ အာသီးရောင်နာရောဂါများ ဖြစ်တတ်သည်။ ဝမ်းမချုပ်စေရန် သုံးရက် လျှင်တစ်ကြိမ်ခန့် မန်ကျည်းမှည့်နှင့် ဆားခါးကိုတေဆေးပြုလုပ်၍စားခြင်း၊ သို့မဟုတ် မန်ကျည်းမှည့် အနှစ်ကို ထန်းလျက်နှင့်ဆားအနည်းငယ်ထည့်စိမ်ပြီး ညအိပ်ရာဝင်ခါနီးအချိန်တွင် သောက်ပေးခြင်း ဖြင့် ဝမ်းမှန်ကာကျန်းမာစေနိုင်သည်။

ဝမ်းချုပ်ခြင်းသည် သွေးတိုးတက်စေခြင်း၏ အကြောင်းရင်းခံဖြစ်သည်ကို ဆေးပညာရှင်များစွာက သတိပြုမိလာကြသဖြင့် မိမိ၏လူနာများကို ဝမ်းမှန်စေသည့်ဆေးကိုပါ တွဲဖက်၍ပေးလေ့ရှိသည်။ မာ သောအစာ၊ ကောက်ညှင်းကဲ့သို့ အစာကြေခဲသော အစာများကြောင့် အူမကြီး၏အဆုံးတွင် ပိတ်မိကာ စမျင်းခံပြီး မအီမလည်ဖြစ်သလိုခံစားနေရသူများကို သွေးပေါင်ချိန်ကြည့်သောအခါ သွေးတိုးနေသည် ကိုတွေ့ရသည်။ ထိုသွေးတိုးသည် ရောဂါကြီးရှိ၍မဟုတ်။ လတ်တလောဝမ်းချုပ်ခြင်းကြောင့်ဖြစ်ရ သော ယာယီသွေးတိုးမျှသာ ဖြစ်သည်။ ဝမ်းသွားအောင် ဝမ်းနုတ်ပေးခြင်း၊ လိုအပ်လျှင် ဝမ်းချူပေးခြင်း ဖြင့် သွေးတိုးကျသွားအောင် ဆောင်ရွက်ပေးနိုင်ပေသည်။

ဆောင်းဥတုတွင် ဝမ်းတွင်း၌ အပူငုပ်ပြီး အပြင်သို့ကန်ထွက်စရာ ချွေးထွက်ခြင်းမရှိသဖြင့် ဆီးသွားခြင်း ဖြင့်အပူကိုထုတ်ရသည်။ ဆောင်းတွင်း ဆီးမကြာခဏသွားရခြင်းသည် မပြစ်မရှိပေ။ ရောဂါလည်း မဟုတ်ပေ။ သဘာဝက ဤသို့သွားအောင်ပြုခြင်းဖြစ်သည်။ ဝမ်းတွင်းအပူများသဖြင့် ရေများများ သောက်သင့်သည်။ အထူးသဖြင့် နံနက်အိပ်ရာထချိန်နှင့် ညအိပ်ရာဝင်ချိန်များတွင် ရေများများ သောက်သင့်သည်။ ရေသောက်နည်းလျှင် ဆီးသွားနည်းမည်။ ဆီးသွားနည်းလျှင် ကျောက်ကပ်တွင် အပူအောင်းပြီး သွေးတိုးတက်လာလေ့ရှိသည်။ အချို့သွေးတိုးတ⁠တ်သော သက်ကြီးရွယ်အိုများကို ဆရာဝန်များက သွေးတိုးကျဆေးအပြင် ဆီးဆေးကိုပါ ထည့်ပေးလေ့ရှိသည်ကို တွေ့ရသည်။

လေချုပ်ခြင်းကြောင့်လည်း သွေးတိုးတတ်သည်။ အနောက်တိုင်းဆေးပညာနှင့် ဆရာဝန်များသည် လေလည်သည်မလည်သည်ကို မေးလေ့မရှိသော်လည်း ရှေးမြန်မာသမားတော်ကြီးများသည် လေ လည်မလည်ကို လူနာကိုစ⁠စ်မေးလေ့ရှိသည်။ လေချုပ်ခြင်းကြောင့် နေထိုင်မကောင်းဖြစ်နိုင်သည်ဟု အာယုဗေဒဆေးကျမ်းများတွင်လည်း တွေ့ရသည်။ အာယုဗေဒဆေးပညာတွင် လေးငါးမျိုးရှိရာ ‘အပါန လေ’ သည်အစာဟောင်းအိမ်၌တည်ရှိပြီး ခါး၊ ပေါင်မှ အောက်ပိုင်းသို့ သွေးစီးဆင်းမှုကို တွန်းအားပေး တ⁠တ်သောလေ ဖြစ်သည်။ ဝမ်းချုပ်၍ ထိုလေပျက်သောအခါ အောက်ပိုင်းသို့ သွေးအသွားအလာမ ကောင်းတော့သဖြင့် သွေးသည် အထက်သို့ဆန်တက်ကာ သွေးတိုးရောဂါကို ဖြစ်စေနိုင်ပေသည်။ သွေးတိုးရောဂါကို ကာကွယ်ရန်အတွက် လေချုပ်မည့်အစားအစာများကို အထူးသတိပြု ရှောင်ကြဉ် သင့်သည်။ တညင်းသီး၊ ဖန်ခါးသီး၊ မာလကာသီး၊ သဖန်းသီး၊ သစ်ဆိမ့်သီး၊ အာလူး၊ လက်ဖက်၊ ကောက်ညှင်းဆန်၊ ဘဲသား၊ ပုစွန်၊ ကဏန်း စသည်တို့သည် လေချုပ်စာများဖြစ်သည်။

ဆီး၊ ဝမ်း၊ သှေး၊ လေ ဓာတ်လေးပါးညီညှတ်နေလြှင် လူတိုင်းကြန်းမာနေမညျသာ ဖြဈသည်။ ထိုဓာတ် လေးပါးကိုလည်း အရမ်းမဲ့ညှိ၍မရ။ ရိုးရာဆေးပညာက ဓာတ်လေးပါးမသိ ဥတုနှင့်ညှိဟုဆိုသဖြင့် ဆောင်းတှင်းဆောင်းဥတုနှင့် ညှိပြီးလေမခြုပ်၊ သှေးမခြုပ်၊ ဆီးမခြုပ်၊ ဝမ်းမခြုပ်သော ဓာတျစာ၊ ဆေး ဝါးကိုပေးမှသာ ကြန်းမာရေးနှင့်ညီညှတျမည်ဖြဈသည်။

သွေးတိုးရောဂါသည် မြန်မာဆေးပညာအလိုအရ လေထိုးရောဂါပင်ဖြစ်သည်။ ထိုလေသည် အပူငုပ် သော ဆောင်းရာသီတွင် ကိုယ်တွင်း၌လှည့်လည်နေရာမှ အောက်သို့မစုန်မသက်ဘဲ အထက်သို့ဆန် တက်လျှင် သွေးတက်လာသည်ကို သတိပြုဆင်ခြင်နိုင်စရာ ရေးသားတင်ပြရခြင်း ဖြစ်သည်။ အအေး ပတ်ခြင်းကြောင့်လည်း လေသည်ကိုယ်တွင်းမှ အပြင်သို့မထွက်နိုင်ဘဲ အတွင်းမှာလှည့်မွှေကာ ဒုက္ခ ပေးတတ်သည်။ လေအေးမှ လေပူဖြစ်ကာ အထက်သို့ကန်တက်တတ်သဖြင့် သွေးတိုးရောဂါရှိသူများ ဦးနှောက်သွေးကြောပြတ်ကာ လဲကျတတ်သည်ကို တွေ့ရသည်။ သက်ကြီးရွယ်အိုများတွင် သွေး ကြောပိုက်လိုင်းများ ဆွေးမြည့်ပြီဖြစ်သဖြင့် လူငယ်များနှင့်မတူ အအေးမပတ်အောင် ပိုပြီးသတိရှိဖို့လို သည်။

အခြုပျအားဖြင့် သှေးတိုးရောဂါရှိသူမြားသည် ဆောင်းရာသီတှင် ဆင်ခြငျစရာမြားမှာ-

၁။ အပြငျထှကျလြှင် အဝတျထူထူဝတျဆငျပါ။ အငျ်ကြီလညျပင်းကို ဖှင့်မထားပါနှင့်။ ဖြစ်နိုငျလြှင် မာဖ လာပတျထားပါ။

၂။ ဝမ်းမခြုပျပါစေနှင့်။ နေ့စဉျဝမ်းမှန်အောင် အသီးအနှံစားပါ။ ရေမြားမြားသောကျပါ။ လမ်းလြှောက် ပေးပါ။

၃။ မာကြောသောအစာ၊ အစာကြေခဲသောအစာများကို မစားပါနှင့်။ အစာကိုနည်းနည်းနှင့် အကြိမ် များများစားသင့်ပါသည်။

၄။ လေချုပ်စေသောအစာ၊ ဆားအငန်များသောအစာ၊ အပုပ်ခံထားသောအစာ၊ အချဉ်ဖောက်ထား သောအစာများကို ရှောင်ကြဉ်ပါ။

၅။ နံနက်စောစောရေချိုးခြင်း၊ ညနေနှင့်ညပိုင်းတွင် ရေချိုးခြင်းကို လုံးဝရှောင်ကြဉ်ပါ။ နေ့လယ်နေအ လင်းရောင်ရှိသော အချိန်တွင်သာရေချိုးပါ။

၆။ နေရောင်ခြည်ရအောင် နေ့စဉ်နေထိုင်ပါ။ နေရောင်ခြည်မဝင်သော အခန်းတွင်အိပ်စက်ခြင်းကို ရှောင်ကြဉ်ပါ။ အိပ်ယာ၊ စောင်များကို တစ်ပတ်လျှင် တစ်ကြိမ်ခန့်နေလှန်းပေးပါ။

သွေးတိုးရောဂါသည် သတိပြုနေထိုင်လျှင် သက်တမ်းစေ့နေနိုင်ပါသည်။ သတိမပြုဘဲ အနေအထိုင် အစားအသောက်များလျှင် လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းတို့ကြောင့် မသန်မစွမ်းဘဝ ရောက်ခြင်း၊ အသက်ဆုံးရှုံးခြင်းတို့ဖြစ်နိုင်သဖြင့် အထူးသတိပြုစေလိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:ကြေးမုံသတင်းစာ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top