Property Expo
×

သင့္ဆီမွာ အစ္မတစ္ေယာက္ ရွိတယ္ဆုိရင္ သူ႕ဆီက ရႏိုင္တဲ့ အႀကံဥာဏ္ေတြ၊ ဂရုစိုက္မႈေတြအျပင္ သူစိမ္းေတြရဲ႕ ရန္က မသိမသာ ကာကြယ္ေပးမႈေတြကိုလည္း သင္ခံစားရရွိႏိုင္ပါတယ္။ သူ႔ရဲ႕ ဦးေဆာင္မႈေနာက္ကေန ေအးေအးေဆးေဆး လုိက္သြားႏိုင္သလို ဘ၀ကိုလည္း သက္ေတာင့္သက္သာ ျဖတ္သန္းႏိုင္တယ္လုိ႔ ဆိုထားပါတယ္။ ဘယ္လိုအခ်က္ေတြက အစ္မတစ္ေယာက္ရွိျခင္းရဲ႕ အက်ိဳးေက်းဇူးေတြ ျဖစ္လိမ့္မလဲ။

၁။သူက အရင္ မိဘေတြ ခ်မွတ္ထားတဲ့ တစ္ခ်ိဳ႕စည္းမ်ဥ္းေတြကို ေဖာက္ဖ်က္ေပးတယ္။
တစ္ခါတစ္ေလ အႀကီးက မိဘေတြ ခ်မွတ္ထားတ့ဲ စည္းမ်ဥ္းစည္းကမ္းတစ္ခ်ိဳ႕ကို ေဖာက္ဖ်က္သြားတယ္ဆုိရင္ အငယ္ေတြအတြက္က ပိုအေနေခ်ာင္တတ္ပါတယ္။ ကုိယ့္အတြက္ မဟုတ္ပဲ သူ႕အတြက္သူ ဒီလိုလုပ္သြားတယ္ဆုိရင္ေတာင္ ဒါ ကိုယ့္အတြက္ အဆင္ေျပေစတာပဲေလ။

၂။တစ္ေနရာရာသြားဖုိ႔ သူကပဲ လုိက္ပို႔ေပးတတ္တယ္။
မိဘေတြ လိုက္ပို႔ေပးတာထက္စာရင္ ကိုယ့္အစ္မက ကိုယ္နဲ႔အတူ ကိုယ္သြားခ်င္တဲ့ေနရာေတြကို လုိက္ပို႔ေပးတယ္ဆိုတာ ဒါဟာ ေပ်ာ္စရာတစ္ခုပါပဲ။ အေဖာ္လည္း ရပါတယ္။

 ၃။အမိုက္စား ျမဴးဇစ္အေၾကာင္းေတြ ကုိယ့္ကို ေျပာျပေပးလိမ့္မယ္။
ကိုယ့္သူငယ္ခ်င္းေတြေတာင္ လံုး၀နားမေထာင္ဖူးတဲ့ သီခ်င္းအမ်ိဳးအစားေတြကို ကိုယ့္ကို ေျပာျပေပးပါလိမ့္မယ္။ မိတ္ဆက္ေပးလိမ့္မယ္။

၄။အေမက မလိမ္းခိုင္းတဲ့ မိတ္ကပ္အမ်ိဳးအစားေတြအေၾကာင္း သူကရွင္းျပေပးလိမ့္မယ္။
အေမက ကိုယ့္ကို ဟိုဟာ မလိမ္းနဲ႔၊ ဒါမလိမ္းနဲ႔ဆုိၿပီး တားျမစ္ထားတဲ့ မိတ္ကပ္အမ်ိဳးအစားေတြအေၾကာင္း သိခ်င္တယ္ဆုိရင္ အစ္မကို နည္းနည္းေမးလိုက္ရံုပါပဲ။ သူကရွင္းျပေပးမွာ ေသခ်ာပါတယ္။

၅။သူငယ္ခ်င္းေတြနဲ႔ ပါတီ၊ ကလပ္စတဲ့ေနရာေတြမွာ မူးေနတဲ့ ကိုယ့္ကို သူက လာေခၚေပးလိမ့္မယ္။
ကိုယ့္သူငယ္ခ်င္းေတြကိုလည္း သူသိတယ္၊ ကိုယ္ဘယ္ေနရာမွာရွိတတ္တယ္၊ ဘယ္သူေတြနဲ႔ကဲေနတယ္ဆုိတာ သူသိတာမို႔ တစ္ခုခုဆို ဖုန္းဆက္လိုက္ရံုပါပဲ။ ေရာက္လာေပးမွာပါ။

၆။အ၀တ္အစားဆုိရင္လည္း သူ႕ဆီက ဟာေတြကို စိတ္ႀကိဳက္ယူ၀တ္လို႔ရပါေသးတယ္။
ကိုယ္ႀကိဳက္တဲ့ အ၀တ္အစားမ်ိဳး သူ႕ဆီမွာရွိရင္ ငွား၀တ္တာမ်ိဳး လုပ္နိုင္သလို သူက ကိုယ့္အႀကိဳက္ သိေနတာမို႔ ၀ယ္ေပးတာမ်ိဳးေတြလည္း ရွိမွာ ေသခ်ာပဲေလ။

၇။မိဘေတြနဲ႔ ကြိဳင္တတ္တဲ့အခါ သူက ကိုယ့္ကို ကာကြယ္ေပးလိမ့္မယ္။
ျပသနာ တစ္ခုခုျဖစ္ၿပီဆို သူက ကိုယ့္ဘက္က ကာကြယ္ၿပီး မိဘေတြကို ေျပာဆိုေပးပါလိမ့္မယ္။ သူ ၾကည့္ဆံုးမေပးမယ္လုိ႔လည္း တာ၀န္ယူလိုက္ပါလိမ့္မယ္။

 ၈။တစ္ေယာက္နဲ႔ ဒိတ္လုပ္ေတာ့မယ္ဆုိ ဘာေတြသိထားရမယ္၊ ေရွာင္ၾကဥ္ရမယ္ဆိုတာကိုလည္း သူက ေျပာျပေပးဦးမွာပါ။
ကိုယ္စိတ္၀င္စားတဲ့ ေကာင္ေလးနဲ႔ ခ်ိန္းေတြ႕ခါနီး နည္းနည္းေတာ့ စိုးရိမ္စိတ္ေတြ ရွိေနမွာေပါ့။ အဲ့ဒီလိုအခ်ိန္ အစ္မကို နည္းနည္းေမးျမန္းလိုက္ပါ။ သူသိထားသေလာက္ သင့္ကို ေျပာျပေပးပါလိမ့္မယ္။ ဘာေတြမလုပ္နဲ႔၊ မေျပာမိေစနဲ႔၊ ဘယ္လိုေန စတာေတြကို သင့္ကိုေပးသိပါလိမ့္မယ္။

၉။ကိုယ္က ကိုယ့္အစ္မကို ေက်ာ္ၿပီး အိမ္ေထာင္က်၊ ကေလးရသြားရင္လည္း သူက ကုိယ့္ကေလးေတြကို ဆက္ဂရုစိုက္ေပးဦးမွာပါ။
သူက အရင္အိမ္ေထာင္ျပဴ၊ ကေလးေမြးသြားရင္ပဲျဖစ္ျဖစ္၊ အဲ့ဒီလို မဟုတ္ပဲ ကိုယ္ကအရင္အိမ္ေထာင္က်၊ ကေလးရသြားရင္ေတာင္ သူက ကိုယ့္ကေလးေတြကို ဂရုစိုက္ေပးေနဦးမွာပါ။

၁၀။သူဟာ ကိုယ့္အတြက္ မိဘေတြၿပီးရင္ ကိုယ့္အေပၚ တာ၀န္ယူမႈအရွိဆံုးသူ ျဖစ္လာပါလိမ့္မယ္။
ငယ္ငယ္ကတည္းက ကိုယ့္ကို ကာကြယ္ေပးတာမ်ိဳး၊ တစ္ခုခုဆုိ ၀င္ေျပာဆိုေပးတာမ်ိဳး၊ သူငယ္ခ်င္း အႏုိင္မက်င့္ေအာင္ သူက ၀င္ကာေပးတာမ်ိဳး စသျဖင့္ ကုိယ့္ဘ၀တစ္ေလွ်ာက္လံုးအတြက္ မိဘေတြၿပီးရင္ သူဟာ ကိုယ့္ကို တာ၀န္အယူႏုိင္ဆံုးသူပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lotaya

#Unicode Version

သင့်ဆီမှာ အစ်မတစ်ယောက် ရှိတယ်ဆိုရင် သူ့ဆီက ရနိုင်တဲ့ အကြံဉာဏ်တွေ၊ ဂရုစိုက်မှုတွေအပြင် သူစိမ်းတွေရဲ့ ရန်က မသိမသာ ကာကွယ်ပေးမှုတွေကိုလည်း သင်ခံစားရရှိနိုင်ပါတယ်။ သူ့ရဲ့ ဦးဆောင်မှုနောက်ကနေ အေးအေးဆေးဆေး လိုက်သွားနိုင်သလို ဘဝကိုလည်း သက်တောင့်သက်သာ ဖြတ်သန်းနိုင်တယ်လို့ ဆိုထားပါတယ်။ ဘယ်လိုအချက်တွေက အစ်မတစ်ယောက်ရှိခြင်းရဲ့ အကျိုးကျေးဇူးတွေ ဖြစ်လိမ့်မလဲ။

၁။သူက အရင် မိဘတွေ ချမှတ်ထားတဲ့ တစ်ချို့စည်းမျဉ်းတွေကို ဖောက်ဖျက်ပေးတယ်။
တစ်ခါတစ်လေ အကြီးက မိဘတွေ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတစ်ချို့ကို ဖောက်ဖျက်သွားတယ်ဆိုရင် အငယ်တွေအတွက်က ပိုအနေချောင်တတ်ပါတယ်။ ကိုယ့်အတွက် မဟုတ်ပဲ သူ့အတွက်သူ ဒီလိုလုပ်သွားတယ်ဆိုရင်တောင် ဒါ ကိုယ့်အတွက် အဆင်ပြေစေတာပဲလေ။

၂။တစ်နေရာရာသွားဖို့ သူကပဲ လိုက်ပို့ပေးတတ်တယ်။
မိဘတွေ လိုက်ပို့ပေးတာထက်စာရင် ကိုယ့်အစ်မက ကိုယ်နဲ့အတူ ကိုယ်သွားချင်တဲ့နေရာတွေကို လိုက်ပို့ပေးတယ်ဆိုတာ ဒါဟာ ပျော်စရာတစ်ခုပါပဲ။ အဖော်လည်း ရပါတယ်။

 ၃။အမိုက်စား မြူးဇစ်အကြောင်းတွေ ကိုယ့်ကို ပြောပြပေးလိမ့်မယ်။
ကိုယ့်သူငယ်ချင်းတွေတောင် လုံးဝနားမထောင်ဖူးတဲ့ သီချင်းအမျိုးအစားတွေကို ကိုယ့်ကို ပြောပြပေးပါလိမ့်မယ်။ မိတ်ဆက်ပေးလိမ့်မယ်။

၄။အမေက မလိမ်းခိုင်းတဲ့ မိတ်ကပ်အမျိုးအစားတွေအကြောင်း သူကရှင်းပြပေးလိမ့်မယ်။
အမေက ကိုယ့်ကို ဟိုဟာ မလိမ်းနဲ့၊ ဒါမလိမ်းနဲ့ဆိုပြီး တားမြစ်ထားတဲ့ မိတ်ကပ်အမျိုးအစားတွေအကြောင်း သိချင်တယ်ဆိုရင် အစ်မကို နည်းနည်းမေးလိုက်ရုံပါပဲ။ သူကရှင်းပြပေးမှာ သေချာပါတယ်။

၅။သူငယ်ချင်းတွေနဲ့ ပါတီ၊ ကလပ်စတဲ့နေရာတွေမှာ မူးနေတဲ့ ကိုယ့်ကို သူက လာခေါ်ပေးလိမ့်မယ်။
ကိုယ့်သူငယ်ချင်းတွေကိုလည်း သူသိတယ်၊ ကိုယ်ဘယ်နေရာမှာရှိတတ်တယ်၊ ဘယ်သူတွေနဲ့ကဲနေတယ်ဆိုတာ သူသိတာမို့ တစ်ခုခုဆို ဖုန်းဆက်လိုက်ရုံပါပဲ။ ရောက်လာပေးမှာပါ။

၆။အဝတ်အစားဆိုရင်လည်း သူ့ဆီက ဟာတွေကို စိတ်ကြိုက်ယူဝတ်လို့ရပါသေးတယ်။
ကိုယ်ကြိုက်တဲ့ အဝတ်အစားမျိုး သူ့ဆီမှာရှိရင် ငှားဝတ်တာမျိုး လုပ်နိုင်သလို သူက ကိုယ့်အကြိုက် သိနေတာမို့ ဝယ်ပေးတာမျိုးတွေလည်း ရှိမှာ သေချာပဲလေ။

၇။မိဘတွေနဲ့ ကွိုင်တတ်တဲ့အခါ သူက ကိုယ့်ကို ကာကွယ်ပေးလိမ့်မယ်။
ပြသနာ တစ်ခုခုဖြစ်ပြီဆို သူက ကိုယ့်ဘက်က ကာကွယ်ပြီး မိဘတွေကို ပြောဆိုပေးပါလိမ့်မယ်။ သူ ကြည့်ဆုံးမပေးမယ်လို့လည်း တာဝန်ယူလိုက်ပါလိမ့်မယ်။

 ၈။တစ်ယောက်နဲ့ ဒိတ်လုပ်တော့မယ်ဆို ဘာတွေသိထားရမယ်၊ ရှောင်ကြဉ်ရမယ်ဆိုတာကိုလည်း သူက ပြောပြပေးဦးမှာပါ။
ကိုယ်စိတ်ဝင်စားတဲ့ ကောင်လေးနဲ့ ချိန်းတွေ့ခါနီး နည်းနည်းတော့ စိုးရိမ်စိတ်တွေ ရှိနေမှာပေါ့။ အဲ့ဒီလိုအချိန် အစ်မကို နည်းနည်းမေးမြန်းလိုက်ပါ။ သူသိထားသလောက် သင့်ကို ပြောပြပေးပါလိမ့်မယ်။ ဘာတွေမလုပ်နဲ့၊ မပြောမိစေနဲ့၊ ဘယ်လိုနေ စတာတွေကို သင့်ကိုပေးသိပါလိမ့်မယ်။

၉။ကိုယ်က ကိုယ့်အစ်မကို ကျော်ပြီး အိမ်ထောင်ကျ၊ ကလေးရသွားရင်လည်း သူက ကိုယ့်ကလေးတွေကို ဆက်ဂရုစိုက်ပေးဦးမှာပါ။
သူက အရင်အိမ်ထောင်ပြူ၊ ကလေးမွေးသွားရင်ပဲဖြစ်ဖြစ်၊ အဲ့ဒီလို မဟုတ်ပဲ ကိုယ်ကအရင်အိမ်ထောင်ကျ၊ ကလေးရသွားရင်တောင် သူက ကိုယ့်ကလေးတွေကို ဂရုစိုက်ပေးနေဦးမှာပါ။

၁၀။သူဟာ ကိုယ့်အတွက် မိဘတွေပြီးရင် ကိုယ့်အပေါ် တာဝန်ယူမှုအရှိဆုံးသူ ဖြစ်လာပါလိမ့်မယ်။
ငယ်ငယ်ကတည်းက ကိုယ့်ကို ကာကွယ်ပေးတာမျိုး၊ တစ်ခုခုဆို ဝင်ပြောဆိုပေးတာမျိုး၊ သူငယ်ချင်း အနိုင်မကျင့်အောင် သူက ဝင်ကာပေးတာမျိုး စသဖြင့် ကိုယ့်ဘဝတစ်လျှောက်လုံးအတွက် မိဘတွေပြီးရင် သူဟာ ကိုယ့်ကို တာဝန်အယူနိုင်ဆုံးသူပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: lotaya
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top