Property Expo
×

ဇီကာဗုိင္းရပ္စ္ ကာကြယ္ေဆးအသစ္ကုိ ၾကြက္မ်ားမွာစမ္းသပ္ခဲ့ရာ ဗုိင္းရပ္စ္မကူးစက္ေအာင္ တားဆီးႏုိင္ၿပီး ေဘးထြက္ဆုိးက်ဳိးလည္း မ႐ွိဘဲ ၁၀၀ ရာခုိင္ႏႈန္း ေအာင္ျမင္ခဲ့ေၾကာင္း အစီရင္ခံစာတစ္ခုက ေဖာ္ျပလုိက္ပါတယ္။

မ်ဳိးဗီဇအေျခခံ ဇီကာဗုိင္းရပ္စ္ ကာကြယ္ေဆးကုိ ဓာတ္ခြဲခန္းၾကြက္မ်ားျဖင့္ စမ္းသပ္ခဲ့ရာ ကုိယ္ခံအားစနစ္နဲ႕ ဦးေႏွာက္ကုိ ဇီကာသက္ေရာက္မႈမွ ေအာင္ျမင္စြာ ကာကြယ္ႏုိင္ခဲ့ေၾကာင္း သိရပါတယ္။ ယခုစမ္းသပ္မႈရလဒ္ဟာ ဇီကာဗုိင္းရပ္စ္ ကာကြယ္ေဆးထုတ္လုပ္ရန္ ႀကဳိးပမ္းေနမႈေတြအနက္ အလားအလာအ႐ွိဆုံးလုိ႕ ဆုိပါတယ္။

အေမရိကန္ႏုိင္ငံ ဖီလာဒဲလ္ဖီးယား႐ွိ Wistar Institute ဓာတ္ခြဲခန္းမွာ စမ္းသပ္မႈျပဳလုပ္ခဲ့တာျဖစ္ၿပီး အစမ္းသပ္ခံ ၾကြက္အားလုံးဟာ ဇီကာကူးစက္ခံရမႈ မ႐ွိခ့ဲေၾကာင္း သိရပါတယ္။ ဘရာဇီးႏုိင္ငံမွာ အဆုိးဆုံး ကူးစက္ပ်ံ႕ႏွံ႕ခဲ့တဲ့ ဇီကာဗုိင္းရပ္စ္ဟာ ယခုအခါမွာ အာ႐ွေဒသမွာ ပ်ံ႕ႏွံ႕လာမယ္လုိ႕ ကမာၻ႕က်န္းမာေရးအဖြဲ႕အစည္း (WHO) က ေျပာၾကားထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးအသစ်ကို ကြွက်များမှာစမ်းသပ်ခဲ့ရာ ဗိုင်းရပ်စ်မကူးစက်အောင် တားဆီးနိုင်ပြီး ဘေးထွက်ဆိုးကျိုးလည်း မရှိဘဲ ၁၀၀ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း အစီရင်ခံစာတစ်ခုက ဖော်ပြလိုက်ပါတယ်။

မျိုးဗီဇအခြေခံ ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဓာတ်ခွဲခန်းကြွက်များဖြင့် စမ်းသပ်ခဲ့ရာ ကိုယ်ခံအားစနစ်နဲ့ ဦးနှောက်ကို ဇီကာသက်ရောက်မှုမှ အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခုစမ်းသပ်မှုရလဒ်ဟာ ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးထုတ်လုပ်ရန် ကြိုးပမ်းနေမှုတွေအနက် အလားအလာအရှိဆုံးလို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားရှိ Wistar Institute ဓာတ်ခွဲခန်းမှာ စမ်းသပ်မှုပြုလုပ်ခဲ့တာဖြစ်ပြီး အစမ်းသပ်ခံ ကြွက်အားလုံးဟာ ဇီကာကူးစက်ခံရမှု မရှိခဲ့ကြောင်း သိရပါတယ်။ ဘရာဇီးနိုင်ငံမှာ အဆိုးဆုံး ကူးစက်ပျံ့နှံ့ခဲ့တဲ့ ဇီကာဗိုင်းရပ်စ်ဟာ ယခုအခါမှာ အာရှဒေသမှာ ပျံ့နှံ့လာမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ပြောကြားထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top