Property Expo
×

ျပည္သူမ်ားလတ္ တေလာႀကံဳေတြ႕ေနရသည့္ ကုန္ ေစ်းႏႈန္းျမင့္တက္ေနမႈအား ထိန္းခ်ဳပ္ေပးရန္ အစုိးရက ေဆာင္ရြက္ေပးမည့္အစီအစဥ္ကို လႊတ္ေတာ္တြင္ေမးျမန္းရာ အစုိးရကုိယ္စားလာေရာက္ေျဖၾကားသူစီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးေဒါက္တာသန္းျမင့္သည္ တိက်စြာျပန္လည္ေျဖၾကားေပးႏုိင္ျခင္းမရွိေၾကာင္း လႊတ္ေတာ္ကုိယ္စားလွယ္အခ်ဳိ႕က ေထာက္ျပၾကသည္။

ႏုိ၀င္ဘာ ၁၆ရက္က က်င္းပ ေသာ ျပည္သူ႔လႊတ္ေတာ္အစည္း အေ၀းတြင္ အရပ္ရပ္ကုန္ေစ်းႏႈန္း ျမင့္တက္ေနမႈအား ထိန္းခ်ဳပ္မည့္အစီအစဥ္ကို ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ေဒၚခင္ႏွင္းသစ္က ေမးခြန္းေမးျမန္းခဲ့ရာ စီးပြားေရး ႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာသန္းျမင့္က လာေရာက္ ေျဖၾကားခဲ့သည္။

ကုန္ေစ်းႏႈန္းႀကီးျမင့္ေနမႈအ ေပၚ ေဆာင္ရြက္ေပးမည့္အစီအ စဥ္ကို ေမးျမန္းရာ ၀န္ႀကီးက ျပန္လည္ေျဖၾကားရာတြင္ ကုန္ ေစ်းႏႈန္းထိန္းခ်ဳပ္ေပးမည့္ အစီ အစဥ္ တိက်စြာမပါ၀င္သျဖင့္ လႊတ္ေတာ္ကုိယ္စားလွယ္အခ်ဳိ႕ က ယင္းသို႔ေထာက္ျပလုိက္ျခင္း ျဖစ္သည္။‘‘ဘာလုိအပ္ခ်က္ ရွိလဲဆုိ ေတာ့ ကၽြန္မေမးတာက ထိန္းခ်ဳပ္ ေပးဖို႔ အစီအစဥ္ရွိ၊မရွိေမးၿပီး ေတာ့ ထိန္းခ်ဳပ္တဲ့အစီအစဥ္ရွိရင္ လည္း ျပည္သူေတြအတြက္ ဘယ္ ေလာက္အက်ဳိးသက္ေရာက္မႈရွိ သလဲဆုိတဲ့ေမးခြန္းကုိေမးခဲ့တာ ေလ။ ေျဖတဲ့အထဲမွာ ကုန္ေစ်း ႏႈန္း တက္ေနတဲ့အေၾကာင္းေတြပဲ အေသးစိတ္ရွင္းျပသြားတယ္’’ဟု ေမးခြန္းရွင္ အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ေဒၚခင္ႏွင္းသစ္ကဆုိသည္။

၀န္ႀကီးက ျပန္လည္ေျဖ ၾကားရာတြင္ ေငြေၾကးေဖာင္္းပြမႈ ႏႈန္းထားမ်ား၊ ကုန္ေစ်းႏႈန္းတက္ လာရသည့္အေၾကာင္းရင္း မ်ားႏွင့္ ေငြေၾကးေဖာင္းပြလာရသည့္ အေျခခံအခ်က္မ်ားႏွင့္ ကုန္ေစ်းႏႈန္းတက္လာသည့္ႏႈန္းထားမ်ားကိုအေသးစိတ္ရွင္းလင္းတင္ျပခဲ့ေသာ္လည္း ကုန္ေစ်းႏႈန္းကို ထိန္းခ်ဳပ္မည့္အစီအစဥ္တိက်စြာပါ၀င္လာမႈမရွိေၾကာင္း လႊတ္ေတာ္ကုိယ္စားလွယ္အခ်ဳိ႕က ေျပာသည္။

ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ဦး ၀င္းျမင့္ကလည္း ၀န္ႀကီး၏ ေျဖ ၾကားေပးမႈသည္ လႊတ္ေတာ္ ကုိယ္စားလွယ္မ်ားအတြက္ ဗဟု သုတျဖစ္ေစေသာ္လည္းအေျဖကို ထိထိေရာက္ေရာက္ေျဖၾကားေပး ေစလုိေၾကာင္းေျပာၾကားခဲ့သည္။

လႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚခင္ႏွင္းသစ္က ပထမအႀကိမ္ ေမးခြန္းေမးၿပီးေနာက္ ၀န္ႀကီး၏ ေျဖၾကားမႈတြင္ ကုန္ေစ်းႏႈန္းထိန္း ခ်ဳပ္ေပးမည့္အစီအစဥ္မပါ၀င္သ ျဖင့္ ထပ္ဆင့္ေမးခြန္းေမးျမန္းရာ ၌ လႊတ္ေတာ္ဥကၠ႒က ေမးခြန္းႏွင့္ ပတ္သက္၍ ၀န္ႀကီးဌာနအေန ျဖင့္ အဆင္သင့္မျဖစ္ေသးပါက ေနာက္ေျဖဆိုႏုိင္သည့္အခါ သက္ဆုိင္ရာကုိယ္စားလွယ္ထံအေျဖလႊာေပးပုိ႔၍ရေၾကာင္းေျပာခဲ့ရသည္။

လႊတ္ေတာ္ဥကၠ႒က ယင္း သို႔ေျပာၾကားၿပီးေနာက္တြင္ ျပည္ ေထာင္စု၀န္ႀကီးက ‘‘ဟုတ္ပါ တယ္ခင္ဗ်ာ။ ဒီဟာကေတာ့ က်ယ္ျပန္႔တဲ့အတြက္ေၾကာင့္ ေနာက္ခံအေၾကာင္းေတြရွိပါ တယ္။ က်ယ္က်ယ္ျပန္႔ျပန္႔ေျဖ ရွင္းဖုိ႔အတြက္ ေနာက္တစ္ႀကိမ္ဆက္ရွင္မွာခြင့္ျပဳေပးရန္ ေမတၱာရပ္ခံအပ္ပါတယ္’’ဟု လႊတ္ေတာ္သို႔ တင္ျပခဲ့သည္။

ရခုိင္အမ်ဳိးသားပါတီျပည္ သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ဦး ဦးလွေစာက လႊတ္ေတာ္ကုိယ္စား လွယ္၏ ေမးခြန္းအေပၚ ၀န္ႀကီး၏ ေျဖၾကားမႈကို ၾကည့္ျခင္းအားျဖင့္ ကုန္ေစ်းႏႈန္းျပႆနာအေပၚ ေျဖ ရွင္းေပးႏုိင္မည့္ မူ၀ါဒလုပ္ငန္းစဥ္ မရွိေၾကာင္းမွတ္ခ်က္ျပဳသည္။

‘‘ပြင့္ပြင့္လင္းလင္းေျပာရရင္ ဒီ၀န္ႀကီးဌာနအေနနဲ႔ ကုန္ေစ်းႏႈန္း ျပႆနာေတြကို တိက်တဲ့မူ၀ါဒ လုပ္ငန္းအစီအစဥ္ေတြမရွိဘူးဗ်’’ ဟု လႊတ္ေတာ္အစည္းအေ၀းအ ၿပီးတြင္ ဦးဦးလွေစာက 7Day Dailyသတင္းစာအား ေျပာသည္။

ျပည္ေထာင္စုႀကံ႕ခုိင္ေရး ႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ျပည္သူ႔လႊတ္ ေတာ္ကုိယ္စားလွယ္ေဒါက္တာ ေမာင္သင္းကလည္း ၀န္ႀကီးဌာန ၏ေျဖဆုိမႈသည္ အၾကမ္းဖ်င္းသာ ျဖစ္ေနေၾကာင္းဆုိသည္။

ေစ်းကြက္စီးပြားေရးအရ ကုန္ေစ်းႏႈန္းအား အစုိးရက တုိက္ ႐ုိက္ထိန္းခ်ဳပ္ရန္မသင့္ဘဲ ထိန္း ညိႇျခင္းကို ေဆာင္ရြက္ေပးလ်က္ ရွိေၾကာင္း ၀န္ႀကီး၏ေျပာဆုိမႈအ ေပၚကိုလည္း အစုိးရတစ္ရပ္အ ေနျဖင့္ကုန္ေစ်းႏႈန္းကို မူ၀ါဒခ် မွတ္ၿပီး ထိန္းခ်ဳပ္ေပးရန္တာ၀န္ ရွိေနေၾကာင္း ၎ကေျပာသည္။

      ‘‘ထိန္းခ်ဳပ္တဲ့ေနရာမွာလည္းမူ၀ါဒနဲ႔ စိစစ္ေပးလုိ႔ရတယ္။ေနာက္တစ္ခါမွာလည္း ျဖစ္ပ်က္ေနတဲ့အေပၚ မူတည္ၿပီး ၾကားထဲက ၀င္ ညိႇေပးလုိ႔ရတယ္။ အဲဒီလုိနည္း ေတြနဲ႔ ထိန္းခ်ဳပ္လုိ႔ရမယ္လုိ႔ျမင္ ပါတယ္’’ဟု ေဒါက္တာေမာင္ သင္းကဆုိသည္။

ျပည္ေထာင္စု၀န္ႀကီး၏ အ ေျဖသည္ ေမးခြန္းႏွင့္ကြဲျပားမႈရွိ ေနေၾကာင္းကို ေမးခြန္းရွင္အပါအ ၀င္လႊတ္ေတာ္ကုိယ္စားလွယ္အ  ခ်ဳိ႕၏ ေ၀ဖန္မႈကို ႀကဳံေတြ႕ခဲ့ရ ျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ပည်သူများလတ် တလောကြုံတွေ့နေရသည့် ကုန် ဈေးနှုန်းမြင့်တက်နေမှုအား ထိန်းချုပ်ပေးရန် အစိုးရက ဆောင်ရွက်ပေးမည့်အစီအစဉ်ကို လွှတ်တော်တွင်မေးမြန်းရာ အစိုးရကိုယ်စားလာရောက်ဖြေကြားသူစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်သည် တိကျစွာပြန်လည်ဖြေကြားပေးနိုင်ခြင်းမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ထောက်ပြကြသည်။

နိုဝင်ဘာ ၁၆ရက်က ကျင်းပ သော ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် အရပ်ရပ်ကုန်ဈေးနှုန်း မြင့်တက်နေမှုအား ထိန်းချုပ်မည့်အစီအစဉ်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်နှင်းသစ်က မေးခွန်းမေးမြန်းခဲ့ရာ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က လာရောက် ဖြေကြားခဲ့သည်။

ကုန်ဈေးနှုန်းကြီးမြင့်နေမှုအ ပေါ် ဆောင်ရွက်ပေးမည့်အစီအ စဉ်ကို မေးမြန်းရာ ဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် ကုန် ဈေးနှုန်းထိန်းချုပ်ပေးမည့် အစီ အစဉ် တိကျစွာမပါဝင်သဖြင့် လွှတ်တော်ကိုယ်စားလှယ်အချို့ က ယင်းသို့ထောက်ပြလိုက်ခြင်း ဖြစ်သည်။‘‘ဘာလိုအပ်ချက် ရှိလဲဆို တော့ ကျွန်မမေးတာက ထိန်းချုပ် ပေးဖို့ အစီအစဉ်ရှိ၊မရှိမေးပြီး တော့ ထိန်းချုပ်တဲ့အစီအစဉ်ရှိရင် လည်း ပြည်သူတွေအတွက် ဘယ် လောက်အကျိုးသက်ရောက်မှုရှိ သလဲဆိုတဲ့မေးခွန်းကိုမေးခဲ့တာ လေ။ ဖြေတဲ့အထဲမှာ ကုန်ဈေး နှုန်း တက်နေတဲ့အကြောင်းတွေပဲ အသေးစိတ်ရှင်းပြသွားတယ်’’ဟု မေးခွန်းရှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်နှင်းသစ်ကဆိုသည်။

ဝန်ကြီးက ပြန်လည်ဖြေ ကြားရာတွင် ငွေကြေးဖောင်းပွမှု နှုန်းထားများ၊ ကုန်ဈေးနှုန်းတက် လာရသည့်အကြောင်းရင်း များနှင့် ငွေကြေးဖောင်းပွလာရသည့် အခြေခံအချက်များနှင့် ကုန်ဈေးနှုန်းတက်လာသည့်နှုန်းထားများကိုအသေးစိတ်ရှင်းလင်းတင်ပြခဲ့သော်လည်း ကုန်ဈေးနှုန်းကို ထိန်းချုပ်မည့်အစီအစဉ်တိကျစွာပါဝင်လာမှုမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦး ဝင်းမြင့်ကလည်း ဝန်ကြီး၏ ဖြေ ကြားပေးမှုသည် လွှတ်တော် ကိုယ်စားလှယ်များအတွက် ဗဟု သုတဖြစ်စေသော်လည်းအဖြေကို ထိထိရောက်ရောက်ဖြေကြားပေး စေလိုကြောင်းပြောကြားခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က ပထမအကြိမ် မေးခွန်းမေးပြီးနောက် ဝန်ကြီး၏ ဖြေကြားမှုတွင် ကုန်ဈေးနှုန်းထိန်း ချုပ်ပေးမည့်အစီအစဉ်မပါဝင်သ ဖြင့် ထပ်ဆင့်မေးခွန်းမေးမြန်းရာ ၌ လွှတ်တော်ဥက္ကဋ္ဌက မေးခွန်းနှင့် ပတ်သက်၍ ဝန်ကြီးဌာနအနေ ဖြင့် အဆင်သင့်မဖြစ်သေးပါက နောက်ဖြေဆိုနိုင်သည့်အခါ သက်ဆိုင်ရာကိုယ်စားလှယ်ထံအဖြေလွှာပေးပို့၍ရကြောင်းပြောခဲ့ရသည်။

လွှတ်တော်ဥက္ကဋ္ဌက ယင်း သို့ပြောကြားပြီးနောက်တွင် ပြည် ထောင်စုဝန်ကြီးက ‘‘ဟုတ်ပါ တယ်ခင်ဗျာ။ ဒီဟာကတော့ ကျယ်ပြန့်တဲ့အတွက်ကြောင့် နောက်ခံအကြောင်းတွေရှိပါ တယ်။ ကျယ်ကျယ်ပြန့်ပြန့်ဖြေ ရှင်းဖို့အတွက် နောက်တစ်ကြိမ်ဆက်ရှင်မှာခွင့်ပြုပေးရန် မေတ္တာရပ်ခံအပ်ပါတယ်’’ဟု လွှတ်တော်သို့ တင်ပြခဲ့သည်။

ရခိုင်အမျိုးသားပါတီပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦး ဦးလှစောက လွှတ်တော်ကိုယ်စား လှယ်၏ မေးခွန်းအပေါ် ဝန်ကြီး၏ ဖြေကြားမှုကို ကြည့်ခြင်းအားဖြင့် ကုန်ဈေးနှုန်းပြဿနာအပေါ် ဖြေ ရှင်းပေးနိုင်မည့် မူဝါဒလုပ်ငန်းစဉ် မရှိကြောင်းမှတ်ချက်ပြုသည်။

‘‘ပွင့်ပွင့်လင်းလင်းပြောရရင် ဒီဝန်ကြီးဌာနအနေနဲ့ ကုန်ဈေးနှုန်း ပြဿနာတွေကို တိကျတဲ့မူဝါဒ လုပ်ငန်းအစီအစဉ်တွေမရှိဘူးဗျ’’ ဟု လွှတ်တော်အစည်းအဝေးအ ပြီးတွင် ဦးဦးလှစောက 7Day Dailyသတင်းစာအား ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဒေါက်တာ မောင်သင်းကလည်း ဝန်ကြီးဌာန ၏ဖြေဆိုမှုသည် အကြမ်းဖျင်းသာ ဖြစ်နေကြောင်းဆိုသည်။

ဈေးကွက်စီးပွားရေးအရ ကုန်ဈေးနှုန်းအား အစိုးရက တိုက် ရိုက်ထိန်းချုပ်ရန်မသင့်ဘဲ ထိန်း ညှိခြင်းကို ဆောင်ရွက်ပေးလျက် ရှိကြောင်း ဝန်ကြီး၏ပြောဆိုမှုအ ပေါ်ကိုလည်း အစိုးရတစ်ရပ်အ နေဖြင့်ကုန်ဈေးနှုန်းကို မူဝါဒချ မှတ်ပြီး ထိန်းချုပ်ပေးရန်တာဝန် ရှိနေကြောင်း ၎င်းကပြောသည်။

      ‘‘ထိန်းချုပ်တဲ့နေရာမှာလည်းမူဝါဒနဲ့ စိစစ်ပေးလို့ရတယ်။နောက်တစ်ခါမှာလည်း ဖြစ်ပျက်နေတဲ့အပေါ် မူတည်ပြီး ကြားထဲက ဝင် ညှိပေးလို့ရတယ်။ အဲဒီလိုနည်း တွေနဲ့ ထိန်းချုပ်လို့ရမယ်လို့မြင် ပါတယ်’’ဟု ဒေါက်တာမောင် သင်းကဆိုသည်။

ပြည်ထောင်စုဝန်ကြီး၏ အ ဖြေသည် မေးခွန်းနှင့်ကွဲပြားမှုရှိ နေကြောင်းကို မေးခွန်းရှင်အပါအ ဝင်လွှတ်တော်ကိုယ်စားလှယ်အ  ချို့၏ ဝေဖန်မှုကို ကြုံတွေ့ခဲ့ရ ခြင်းဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top