Kantharyar Centre
×

 စပိန္လာလီဂါ ထိပ္သီး ကလပ္အသင္း တစ္သင္းျဖစ္ သည့္ ရီးရဲလ္မက္ဒရစ္ေဖာင္ေဒး ရွင္းနည္းျပမ်ားက ျမန္မာကေလး သံုးရာခန္႔ကို ႏွစ္ရက္ၾကာ ေဘာ လံုးပညာမ်ား သင္ၾကားေပးမည္ ျဖစ္ေၾကာင္း သတင္းရရွိသည္။

အဆုိပါသင္တန္းကို ႏိုဝင္ ဘာ ၅ ရက္မွ ၆ ရက္အထိ စတား စီးတီးကစားကြင္း၌ ဖြင့္လွစ္သင္ ၾကားမည္ျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ ေဖာင္ေဒးရွင္းမွ နည္းျပမ်ားျဖစ္ သည့္ ပါဘလိုဂိုမက္ဇ္၊ ဂ်ာဗီးယား ဂါဒါေတာရက္စ္၊ တိုကယ္ကန္ႏိုတုိ႔က ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ ခ်ဳပ္မွ နည္းျပ ၃၀ ဦးႏွင့္အတူ လူမႈဝန္ထမ္းကယ္ဆယ္ေရးသင္တန္း ေက်ာင္းမ်ားမွ ကေလးငယ္သံုးရာ ခန္႔အား ေဘာလံုးပညာမ်ား သင္ ၾကားမည္ျဖစ္သည္။

ျမန္မာကေလးငယ္မ်ားအား သင္ၾကားမည့္ ရီးရဲလ္မက္ဒရစ္ ေဖာင္ေဒးရွင္းမွ နည္းျပမ်ားတြင္ ဥေရာပေဘာလံုးအဖြဲ႕ခ်ဳပ္ အသိ အမွတ္ျပဳနည္းျပလိုင္စင္ရရွိထား ၿပီး ရီးရဲလ္မက္ဒရစ္အကယ္ဒမီ ယူ-၈ ႏွင့္ ယူ-၁၂ ကစားသမား မ်ားကို ေလ့က်င့္သင္ၾကားေပးခဲ့ သည့္ နည္းျပတစ္ဦးလည္း ပါဝင္ သည္။

အာရွႏွင့္ အေရွ႕ေတာင္အာရွေဒသတြင္း ႏုိင္ငံမ်ား အားက စားႏွင့္ ကေလးမ်ား က်န္းမာေရး ဖြံ႕ၿဖိဳးမႈကို အေထာက္အကူျပဳေစရန္ ရည္ရြယ္ၿပီး ယင္းေဘာလံုးကစားနည္းသင္တန္းမ်ားကို YKK ကုမၸဏီႏွင့္ ရီးရဲလ္မက္ဒရစ္ ေဖာင္ေဒးရွင္းတို႔ ပူးေပါင္းစီစဥ္ ျခင္းျဖစ္ကာ ျမန္မာႏုိင္ငံတြင္ ပထမဆံုးအႀကိမ္အျဖစ္ သင္ၾကားျခင္းျဖစ္ေၾကာင္း သတင္းရ ရွိသည္။

 သင္တန္းအစီအစဥ္အျဖစ္ ပါဝင္ကူညီၾကမည့္ ျမန္မာႏုိင္ငံမွ နည္းျပ ၃၀ ဦးကို ရီးရဲလ္မက္ဒရစ္ ေဖာင္ေဒးရွင္းမွ နည္းျပမ်ားက ႏိုဝင္ဘာ ၄ ရက္တြင္ သင္တန္းပို႔ခ်ခဲ့သည္။ ႏိုဝင္ဘာ ၅ ရက္ႏွင့္ ၆ ရက္တြင္ သင္တန္းတစ္ခ်ိန္လွ်င္ ကေလးငယ္ ၇၅ ဦးျဖင့္ အသက္ (၁၀)ႏွစ္မွ (၁၄)ႏွစ္ၾကားရွိ က ေလးငယ္ သံုးရာခန္႔ကို ေလးခ်ိန္ခြဲကာ သင္ၾကားမည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 စပိန်လာလီဂါ ထိပ်သီး ကလပ်အသင်း တစ်သင်းဖြစ် သည့် ရီးရဲလ်မက်ဒရစ်ဖောင်ဒေး ရှင်းနည်းပြများက မြန်မာကလေး သုံးရာခန့်ကို နှစ်ရက်ကြာ ဘော လုံးပညာများ သင်ကြားပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါသင်တန်းကို နိုဝင် ဘာ ၅ ရက်မှ ၆ ရက်အထိ စတား စီးတီးကစားကွင်း၌ ဖွင့်လှစ်သင် ကြားမည်ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် ဖောင်ဒေးရှင်းမှ နည်းပြများဖြစ် သည့် ပါဘလိုဂိုမက်ဇ်၊ ဂျာဗီးယား ဂါဒါတောရက်စ်၊ တိုကယ်ကန်နိုတို့က မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်မှ နည်းပြ ၃၀ ဦးနှင့်အတူ လူမှုဝန်ထမ်းကယ်ဆယ်ရေးသင်တန်း ကျောင်းများမှ ကလေးငယ်သုံးရာ ခန့်အား ဘောလုံးပညာများ သင် ကြားမည်ဖြစ်သည်။

မြန်မာကလေးငယ်များအား သင်ကြားမည့် ရီးရဲလ်မက်ဒရစ် ဖောင်ဒေးရှင်းမှ နည်းပြများတွင် ဥရောပဘောလုံးအဖွဲ့ချုပ် အသိ အမှတ်ပြုနည်းပြလိုင်စင်ရရှိထား ပြီး ရီးရဲလ်မက်ဒရစ်အကယ်ဒမီ ယူ-၈ နှင့် ယူ-၁၂ ကစားသမား များကို လေ့ကျင့်သင်ကြားပေးခဲ့ သည့် နည်းပြတစ်ဦးလည်း ပါဝင် သည်။

အာရှနှင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများ အားက စားနှင့် ကလေးများ ကျန်းမာရေး ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေရန် ရည်ရွယ်ပြီး ယင်းဘောလုံးကစားနည်းသင်တန်းများကို YKK ကုမ္ပဏီနှင့် ရီးရဲလ်မက်ဒရစ် ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ် ခြင်းဖြစ်ကာ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် သင်ကြားခြင်းဖြစ်ကြောင်း သတင်းရ ရှိသည်။

 သင်တန်းအစီအစဉ်အဖြစ် ပါဝင်ကူညီကြမည့် မြန်မာနိုင်ငံမှ နည်းပြ ၃၀ ဦးကို ရီးရဲလ်မက်ဒရစ် ဖောင်ဒေးရှင်းမှ နည်းပြများက နိုဝင်ဘာ ၄ ရက်တွင် သင်တန်းပို့ချခဲ့သည်။ နိုဝင်ဘာ ၅ ရက်နှင့် ၆ ရက်တွင် သင်တန်းတစ်ချိန်လျှင် ကလေးငယ် ၇၅ ဦးဖြင့် အသက် (၁၀)နှစ်မှ (၁၄)နှစ်ကြားရှိ က လေးငယ် သုံးရာခန့်ကို လေးချိန်ခွဲကာ သင်ကြားမည်ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top