Property Expo
×

တစ္ပတ္အတြင္း ႏိုင္ငံ ျခားေငြလဲလွယ္ႏႈန္းစံခ်ိန္တင္ျမင့္ တက္လာေသာ္လည္း ျပည္တြင္း စက္သံုးဆီေစ်းႏႈန္း တည္ၿငိမ္ေနေၾကာင္း သတင္းရရွိသည္။

ႏိုင္ငံျခားေငြလဲလွယ္ႏႈန္းသည္ ႏို၀င္ဘာ ၁၁ ရက္က တစ္ေဒၚလာလွ်င္ ၁,၂၉၅ က်ပ္ခန္႔ရွိခဲ့ရာမွ ႏို၀င္ဘာ ၁၇ ရက္ မြန္းလြဲပိုင္းတြင္ ၁,၃၁၅ က်ပ္ခန္႔သို႔ ေရာက္ရွိလာ ခဲ့သည္။

အေမရိကန္ တစ္ေဒၚလာ လွ်င္ ယခုႏွစ္ဇန္န၀ါရီ ၁ ရက္က ၁,၃၀၀ က်ပ္ခန္႔ျဖင့္ အျမင့္ဆံုးႏႈန္းသို႔ ေရာက္ရွိခဲ့ၿပီး ယခုအခါ ၁,၃၁၅ က်ပ္ခန္႔သို႔ ေရာက္ရွိလာ၍ ၁၁ လတာအတြင္း ေစ်းႏႈန္းစံခ်ိန္တင္တိုးျမင့္လာခဲ့ျခင္း ျဖစ္သည္။

အေမရိကန္ ေဒၚလာ လဲလွယ္ႏႈန္းျမင့္တက္လာေသာ္လည္း ျပည္တြင္း စက္သံုးဆီ ေစ်းႏႈန္းသည္ တစ္ပတ္အတြင္း သိသာစြာေျပာင္းလဲျခင္း မရွိခဲ့ေပ။

ႏို၀င္ဘာ ၁၁ ရက္မွ ႏို၀င္ဘာ၁၇ ရက္အထိ တစ္ပတ္အတြင္း ဒီဇယ္ တစ္ဂါလန္လွ်င္ ၂,၈၃၅ က်ပ္ (တစ္လီတာလွ်င္ ၆၃၀ က်ပ္ခန္႔)၊ အဆင့္ျမင့္ဒီဇယ္တစ္ဂါလန္လွ်င္ က်ပ္ ၂,၉၂၅ ခန္႔ (တစ္လီတာလွ်င္ ၆၅၀ က်ပ္ခန္႔)၊ ေအာက္တိန္း- 92 တစ္ဂါလန္လွ်င္ ၂,၈၃၅ က်ပ္ခန္႔ (တစ္လီတာလွ်င္ ၆၃၀ က်ပ္ခန္႔)၊ ေအာက္တိန္း- 95 တစ္ဂါလန္လွ်င္ ၃,၀၆၀ က်ပ္ခန္႔ (တစ္လီတာလွ်င္ ၆၈၀ က်ပ္ခန္႔) ေစ်းႏႈန္းတြင္ တည္ၿငိမ္ေနသည္။

ျပည္တြင္း စက္သံုးဆီေစ်း ႏႈန္းတည္ၿငိမ္ေနသကဲ့သို႔ ကမၻာ့ ေရနံစိမ္းႏွင့္ စက္သံုးဆီေစ်းႏႈန္း မ်ားမွာလည္း တစ္စည္လွ်င္ ၄၆ ေဒၚလာခန္႔ျဖင့္ တစ္ပတ္အတြင္း သိသာစြာေျပာင္းလဲမႈရွိမေနေသး ေၾကာင္း ေစ်းကြက္သတင္းမ်ား အရသိရသည္။

‘‘ကမၻာ့ေစ်းကြက္မွာလည္း စက္သံုးဆီေစ်းက ၿငိမ္ေနတယ္။ အေမရိကန္ေရြးေကာက္ပြဲၿပီးတဲ့ ေနာက္မွာ ကမၻာ့ေစ်းကထပ္က် ဖို႔ သံုးသပ္ခ်က္ေတြလည္းရွိေန တယ္။ ႏိုင္ငံျခားေငြလဲႏႈန္းက်လာ ခဲ့မယ္ဆိုရင္ ျပည္တြင္းစက္သံုးဆီ ေစ်းႏႈန္းက ေရွ႕ဆက္ဆက္က်ဖို႔ မ်ားတယ္။ ေဒၚလာေစ်း ဆက္ တက္ေနရင္ေတာ့ မေျပာႏိုင္ဘူး’’ ဟု စက္သံုးဆီေစ်းကြက္ ကြၽမ္း က်င္သူတစ္ဦးက ေျပာသည္။

ျပည္တြင္းစက္သံုးဆီေစ်း ႏႈန္းမ်ားသည္ ႏို၀င္ဘာလဆန္း ပိုင္းက ဒီဇယ္တစ္ဂါလန္လွ်င္ ၂,၉၂၀ က်ပ္ခန္႔ (တစ္လီတာလွ်င္ ၆၅၀ က်ပ္ခန္႔)၊ အဆင့္ျမင့္ဒီဇယ္တစ္ဂါလန္လွ်င္ ၃,၀၀၀ က်ပ္ခန္႔ (တစ္ လီတာလွ်င္ က်ပ္ ၆၇၀ ခန္႔)၊ ေအာက္တိန္း- 92 တစ္ဂါလန္လွ်င္ ၂,၉၂၀ က်ပ္ခန္႔ (တစ္လီတာ လွ်င္ ၆၅၀ က်ပ္ခန္႔)ႏွင့္ ေအာက္ တိန္း - 95 တစ္ဂါလန္လွ်င္ ၃,၁၅၀ က်ပ္ခန္႔ (တစ္လီတာလွ်င္ ၇၁၀ က်ပ္ခန္႔)ရွိၿပီး ယခုႏွစ္ ၁၁ လတာအတြင္း အျမင့္ဆံုးေစ်းႏႈန္းအျဖစ္ ေရာက္ရွိခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

တစ်ပတ်အတွင်း နိုင်ငံ ခြားငွေလဲလှယ်နှုန်းစံချိန်တင်မြင့် တက်လာသော်လည်း ပြည်တွင်း စက်သုံးဆီဈေးနှုန်း တည်ငြိမ်နေကြောင်း သတင်းရရှိသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်းသည် နိုဝင်ဘာ ၁၁ ရက်က တစ်ဒေါ်လာလျှင် ၁,၂၉၅ ကျပ်ခန့်ရှိခဲ့ရာမှ နိုဝင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းတွင် ၁,၃၁၅ ကျပ်ခန့်သို့ ရောက်ရှိလာ ခဲ့သည်။

အမေရိကန် တစ်ဒေါ်လာ လျှင် ယခုနှစ်ဇန်နဝါရီ ၁ ရက်က ၁,၃၀၀ ကျပ်ခန့်ဖြင့် အမြင့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့ပြီး ယခုအခါ ၁,၃၁၅ ကျပ်ခန့်သို့ ရောက်ရှိလာ၍ ၁၁ လတာအတွင်း ဈေးနှုန်းစံချိန်တင်တိုးမြင့်လာခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ဒေါ်လာ လဲလှယ်နှုန်းမြင့်တက်လာသော်လည်း ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းသည် တစ်ပတ်အတွင်း သိသာစွာပြောင်းလဲခြင်း မရှိခဲ့ပေ။

နိုဝင်ဘာ ၁၁ ရက်မှ နိုဝင်ဘာ၁၇ ရက်အထိ တစ်ပတ်အတွင်း ဒီဇယ် တစ်ဂါလန်လျှင် ၂,၈၃၅ ကျပ် (တစ်လီတာလျှင် ၆၃၀ ကျပ်ခန့်)၊ အဆင့်မြင့်ဒီဇယ်တစ်ဂါလန်လျှင် ကျပ် ၂,၉၂၅ ခန့် (တစ်လီတာလျှင် ၆၅၀ ကျပ်ခန့်)၊ အောက်တိန်း- 92 တစ်ဂါလန်လျှင် ၂,၈၃၅ ကျပ်ခန့် (တစ်လီတာလျှင် ၆၃၀ ကျပ်ခန့်)၊ အောက်တိန်း- 95 တစ်ဂါလန်လျှင် ၃,၀၆၀ ကျပ်ခန့် (တစ်လီတာလျှင် ၆၈၀ ကျပ်ခန့်) ဈေးနှုန်းတွင် တည်ငြိမ်နေသည်။

ပြည်တွင်း စက်သုံးဆီဈေး နှုန်းတည်ငြိမ်နေသကဲ့သို့ ကမ္ဘာ့ ရေနံစိမ်းနှင့် စက်သုံးဆီဈေးနှုန်း များမှာလည်း တစ်စည်လျှင် ၄၆ ဒေါ်လာခန့်ဖြင့် တစ်ပတ်အတွင်း သိသာစွာပြောင်းလဲမှုရှိမနေသေး ကြောင်း ဈေးကွက်သတင်းများ အရသိရသည်။

‘‘ကမ္ဘာ့ဈေးကွက်မှာလည်း စက်သုံးဆီဈေးက ငြိမ်နေတယ်။ အမေရိကန်ရွေးကောက်ပွဲပြီးတဲ့ နောက်မှာ ကမ္ဘာ့ဈေးကထပ်ကျ ဖို့ သုံးသပ်ချက်တွေလည်းရှိနေ တယ်။ နိုင်ငံခြားငွေလဲနှုန်းကျလာ ခဲ့မယ်ဆိုရင် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းက ရှေ့ဆက်ဆက်ကျဖို့ များတယ်။ ဒေါ်လာဈေး ဆက် တက်နေရင်တော့ မပြောနိုင်ဘူး’’ ဟု စက်သုံးဆီဈေးကွက် ကျွမ်း ကျင်သူတစ်ဦးက ပြောသည်။

ပြည်တွင်းစက်သုံးဆီဈေး နှုန်းများသည် နိုဝင်ဘာလဆန်း ပိုင်းက ဒီဇယ်တစ်ဂါလန်လျှင် ၂,၉၂၀ ကျပ်ခန့် (တစ်လီတာလျှင် ၆၅၀ ကျပ်ခန့်)၊ အဆင့်မြင့်ဒီဇယ်တစ်ဂါလန်လျှင် ၃,၀၀၀ ကျပ်ခန့် (တစ် လီတာလျှင် ကျပ် ၆၇၀ ခန့်)၊ အောက်တိန်း- 92 တစ်ဂါလန်လျှင် ၂,၉၂၀ ကျပ်ခန့် (တစ်လီတာ လျှင် ၆၅၀ ကျပ်ခန့်)နှင့် အောက် တိန်း - 95 တစ်ဂါလန်လျှင် ၃,၁၅၀ ကျပ်ခန့် (တစ်လီတာလျှင် ၇၁၀ ကျပ်ခန့်)ရှိပြီး ယခုနှစ် ၁၁ လတာအတွင်း အမြင့်ဆုံးဈေးနှုန်းအဖြစ် ရောက်ရှိခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top