Kantharyar Centre
×

  ေတာင္ကိုရီးယားႏိုင္ငံ၏ ၿမိဳ႕ေတာ္ဆိုးလ္တြင္ ေသာင္းႏွင့္ ခ်ီေသာဆႏၵျပသူမ်ားသည္ သမၼတ ပတ္ဂြန္ေဟးကို ရာထူးမွ ႏုတ္ ထြက္ရန္ ေတာင္းဆိုဆႏၵျပခဲ့ၾက သည္။

ဆုိးလ္ၿမိဳ႕တြင္ ယခုကဲ့သို႔ ဆႏၵျပမႈသည္ ႏွစ္ေပါင္းမ်ားစြာအ တြင္း အႀကီးမားဆံုး ဆႏၵျပမႈျဖစ္ သည္။


စေနညေနတြင္ ဆႏၵျပသူ ၄၃,၀၀၀ ခန္႔သည္ ဖေယာင္းတုိင္ မီးမ်ားထြန္းကာ စုေ၀းဆႏၵျပခဲ့ၾက သည္ဟု ရဲဌာနကေျပာသည္။

ဆႏၵျပရန္ စီစဥ္သူမ်ား၏ ေျပာၾကားခ်က္အရ ဆႏၵျပသူအ ေရအတြက္ ၁၀,၀၀၀ အထိ တိုး လာခဲ့သည္။

ယခုဆႏၵျပမႈသည္ ၂၀၀၈ တြင္ အေမရိကန္မွ အမဲသားတင္ သြင္းမႈကို ဆႏၵျပမႈမ်ားၿပီးေနာက္ အႀကီးမားဆံုး ဆႏၵျပမႈျဖစ္သည္။

ေတာင္ကိုရီးယားႏိုင္ငံသား မ်ားသည္ ႏိုင္ငံေရးအ႐ႈပ္ေတာ္ပံု တြင္ ပတ္ဂြန္ေဟးမိသားစု (သို႔မ ဟုတ္) မိတ္ေဆြေဟာင္းမ်ား ပါ ၀င္ေနသည္ဟု သတင္းထြက္ေပၚ လာၿပီးေနာက္ သမၼတအေပၚ လြန္စြာ အမ်က္ေဒါသထြက္ခဲ့ၾက သည္။

အဆိုပါျပႆနာ ေပၚေပါက္ လာၿပီးေနာက္ ပတ္ဂြန္ေဟးကို ေထာက္ခံမႈသည္ ၅ ရာခိုင္ႏႈန္းသို႔ က်ဆင္းသြားခဲ့သည္ဟု Gallup စစ္တမ္းအရ သိရသည္။

စေနေန႔ ဆႏၵျပမႈတြင္ ရဲအ ရာရွိ ၁၇,၆၀၀ ဦး ဘတ္စ္ကားႏွင့္ ေရြ႕လ်ားႏိုင္ေသာ ဘေလာက္တံုး ၂၂၀ ကို ျဖန္႔ၾကက္ေနရာခ် ထားသည္ဟု ေတာင္ကိုရီးယား ရဲဌာနကေျပာသည္။

 ဆႏၵျပအဓိကအဖဲြ႕သည္ ဆိုးလ္ၿမိဳ႕ဗဟိုကိုျဖတ္ၿပီး သမၼတ အိမ္ေတာ္ ဘလူးေဟာက္စ္သ႔ို ခ်ီတက္လာၾကေသာေၾကာင့္ အ ၾကမ္းဖက္ႏွိမ္နင္းေရးရဲတပ္ဖဲြ႕၀င္ မ်ားသည္ ဘလူးေဟာက္စ္သို႔လာ ရာ လမ္းမ၊ လမ္းသြယ္အားလံုး တြင္ ေနရာယူထားလ်က္ရွိသည္။

ပတ္ဂြန္ေဟးသည္ ႏိုင္ငံေရး အ႐ႈပ္ဇာတ္လမ္းအတြက္ ၎၏ အစိုးရအႀကံေပးမ်ားကို ရာထူးမွ ထုတ္ပယ္ခဲ့ၿပီး အႀကံေပး အရာ ရွိေဟာင္းတစ္ဦးကို သတင္းအ ခ်က္အလက္မ်ား ေပါက္ၾကားေစ သည္ဟူေသာ သံသယျဖင့္ ၾကာ သပေတးေန႔က ဖမ္းဆီးခဲ့သည္ ဟု အစိုးရေရွ႕ေနတစ္ဦးက ႐ိုက္ တာသတင္းဌာနအားေျပာသည္။

ပထမသမၼတသက္တမ္း ငါး ႏွစ္ျပည့္သည္အထိ တာ၀န္ထမ္း ေဆာင္ႏိုင္ျခင္းမရွိခဲ့ေသာ ေတာင္ ကိုရီးယားသမၼတ မရွိခဲ့ေသာ္ လည္း ယခုအခါ ပတ္ဂြန္ေဟး သည္ ျပည္သူလူထုႏွင့္ ႏိုင္ငံေရး ၿပိဳင္ဘက္မ်ား၏ ရာထူးမွ ႏုတ္ ထြက္ရန္ ဖိအားေပးမႈမ်ား ရင္ ဆိုင္ေနရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

  တောင်ကိုရီးယားနိုင်ငံ၏ မြို့တော်ဆိုးလ်တွင် သောင်းနှင့် ချီသောဆန္ဒပြသူများသည် သမ္မတ ပတ်ဂွန်ဟေးကို ရာထူးမှ နုတ် ထွက်ရန် တောင်းဆိုဆန္ဒပြခဲ့ကြ သည်။

ဆိုးလ်မြို့တွင် ယခုကဲ့သို့ ဆန္ဒပြမှုသည် နှစ်ပေါင်းများစွာအ တွင်း အကြီးမားဆုံး ဆန္ဒပြမှုဖြစ် သည်။


စနေညနေတွင် ဆန္ဒပြသူ ၄၃,၀၀၀ ခန့်သည် ဖယောင်းတိုင် မီးများထွန်းကာ စုဝေးဆန္ဒပြခဲ့ကြ သည်ဟု ရဲဌာနကပြောသည်။

ဆန္ဒပြရန် စီစဉ်သူများ၏ ပြောကြားချက်အရ ဆန္ဒပြသူအ ရေအတွက် ၁၀,၀၀၀ အထိ တိုး လာခဲ့သည်။

ယခုဆန္ဒပြမှုသည် ၂၀၀၈ တွင် အမေရိကန်မှ အမဲသားတင် သွင်းမှုကို ဆန္ဒပြမှုများပြီးနောက် အကြီးမားဆုံး ဆန္ဒပြမှုဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံသား များသည် နိုင်ငံရေးအရှုပ်တော်ပုံ တွင် ပတ်ဂွန်ဟေးမိသားစု (သို့မ ဟုတ်) မိတ်ဆွေဟောင်းများ ပါ ဝင်နေသည်ဟု သတင်းထွက်ပေါ် လာပြီးနောက် သမ္မတအပေါ် လွန်စွာ အမျက်ဒေါသထွက်ခဲ့ကြ သည်။

အဆိုပါပြဿနာ ပေါ်ပေါက် လာပြီးနောက် ပတ်ဂွန်ဟေးကို ထောက်ခံမှုသည် ၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်ဟု Gallup စစ်တမ်းအရ သိရသည်။

စနေနေ့ ဆန္ဒပြမှုတွင် ရဲအ ရာရှိ ၁၇,၆၀၀ ဦး ဘတ်စ်ကားနှင့် ရွေ့လျားနိုင်သော ဘလောက်တုံး ၂၂၀ ကို ဖြန့်ကြက်နေရာချ ထားသည်ဟု တောင်ကိုရီးယား ရဲဌာနကပြောသည်။

 ဆန္ဒပြအဓိကအဖွဲ့သည် ဆိုးလ်မြို့ဗဟိုကိုဖြတ်ပြီး သမ္မတ အိမ်တော် ဘလူးဟောက်စ်သ့ို ချီတက်လာကြသောကြောင့် အ ကြမ်းဖက်နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင် များသည် ဘလူးဟောက်စ်သို့လာ ရာ လမ်းမ၊ လမ်းသွယ်အားလုံး တွင် နေရာယူထားလျက်ရှိသည်။

ပတ်ဂွန်ဟေးသည် နိုင်ငံရေး အရှုပ်ဇာတ်လမ်းအတွက် ၎င်း၏ အစိုးရအကြံပေးများကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး အကြံပေး အရာ ရှိဟောင်းတစ်ဦးကို သတင်းအ ချက်အလက်များ ပေါက်ကြားစေ သည်ဟူသော သံသယဖြင့် ကြာ သပတေးနေ့က ဖမ်းဆီးခဲ့သည် ဟု အစိုးရရှေ့နေတစ်ဦးက ရိုက် တာသတင်းဌာနအားပြောသည်။

ပထမသမ္မတသက်တမ်း ငါး နှစ်ပြည့်သည်အထိ တာဝန်ထမ်း ဆောင်နိုင်ခြင်းမရှိခဲ့သော တောင် ကိုရီးယားသမ္မတ မရှိခဲ့သော် လည်း ယခုအခါ ပတ်ဂွန်ဟေး သည် ပြည်သူလူထုနှင့် နိုင်ငံရေး ပြိုင်ဘက်များ၏ ရာထူးမှ နုတ် ထွက်ရန် ဖိအားပေးမှုများ ရင် ဆိုင်နေရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top