Kantharyar Centre
×

ကိုယ္၀န္ေဆာင္ခ်ိန္ႏွင့္ ကိုယ္၀န္ေဆာင္ၿပီးေနာက္ စိတ္ဓာတ္ က်ျခင္းလကၡဏာမ်ား ေတြ႕ႀကံဳခံစားရမႈႏွင့္ မူႀကိဳအရြယ္ကေလးမ်ားတြင္စဥ္းစားေတြးေတာမႈႏွင့္အျပဳအမူႏွင့္ဆုိင္ေသာဦးေႏွာက္အျပင္ဘက္အလႊာ
ထူထဲျခင္း ေလ်ာ့က်မႈႏွင့္ ဆက္စပ္ေၾကာင္း ေလ့လာမႈအသစ္တစ္ခုက ေဖာ္ျပသည္။

မိမိတို႔ ေလ့လာေတြ႕ရွိခ်က္က မိခင္မ်ားကို မီးဖြားၿပီးေနာက္ ပိုင္းတြင္သာမဟုတ္ဘဲ ကုိယ္၀န္ေဆာင္ေနခ်ိန္၌ပါစိတ္က်န္းမာေရးကို ေစာင့္ၾကည့္ကူညီေပးေရးအေရးႀကီးေၾကာင္း ေဖာ္ျပေနသည္
ဟု ကေနဒါႏုိင္ငံ အယ္လ္ဘာတာၿမိဳ႕ရွိ ကာဂါရီတကၠသိုလ္မွ သုေတသီမ်ားက ေျပာၾကားသည္။

မိခင္တစ္ေယာက္၏ စိတ္အေျခအေနက ၎၏ကေလး ဦးေႏွာက္ဖံြ႕ၿဖိဳးတုိးတက္မႈကို ဘ၀၏ အေရးႀကီးေသာအဆင့္၌ ထိခုိက္ေစႏိုင္ေၾကာင္း ယင္းေလ့လာမႈကေဖာ္ျပသည္။

အမ်ိဳးသမီးမ်ား၏ ၁၈ ရာခုိင္ႏႈန္းသည္ ကိုယ္၀န္ေဆာင္ခ်ိန္အ တြင္း တစ္ခ်ိန္ခ်ိန္တြင္ စိတ္ဓာတ္က်ျခင္းႏွင့္ ႀကံဳေတြ႕ရေလ့ရွိၿပီး မီးမဖြားမီႏွင့္ မီးဖြားၿပီးေနာက္ပိုင္း စိတ္ဓာတ္က်ျခင္းမ်ားသည္ ကေလးငယ္အေပၚ အႏုတ္သေဘာထိခုိက္ေစႏုိင္ေၾကာင္း သုေတ သီမ်ားကေျပာသည္။

စိတ္ဓာတ္က်မႈကို ျပင္းထန္စြာ ခံစားခဲ့ရေသာ အမ်ိဳးသမီးမ်ားမွ ေမြးဖြားလာသည့္ ကေလးမ်ားတြင္ ဦးေႏွာက္အျပင္လႊာ ပါးလႊာေနေလ့ရွိၿပီး အျခားေသာ ဦးေႏွာက္အစိတ္အပိုင္းမ်ားလည္း ထိခုိက္မႈရွိေၾကာင္း သုေတသီမ်ား ေလ့လာေတြ႕ရွိခဲ့သည္။

မိခင္စိတ္ဓာတ္က်ျခင္းႏွင့္ ကေလးမ်ား၏ ဦးေႏွာက္ေရွ႕ပိုင္း တြင္ ပံုမွန္မဟုတ္ေသာ အျဖဴေရာင္ေနရာမ်ား ျဖစ္ေပၚျခင္းအၾကား ဆက္စပ္မႈရွိၿပီး ယင္းေနရာႏွင့္ ဦးေႏွာက္၏ အျခားေသာ အစိတ္အ ပိုင္းသို႔ ဆက္သြယ္ေပးေသာ အမွ်င္မ်ား၌ ထိခိုက္မႈျဖစ္ေပၚႏုိင္ ေၾကာင္း သုေတသီမ်ားကေျပာသည္။

ကိုယ္၀န္သက္တမ္း ဒုတိယသံုးလပတ္ႏွင့္ မီးဖြားၿပီး စိတ္ဓာတ္ က်ျခင္းသည္ ကေလး၏ ဦးေႏွာက္ဖံြ႕ၿဖိဳးမႈ ထိခုိက္ျခင္းအၾကား ဆက္စပ္ၿပီး ယင္းအခ်ိန္အပိုင္းအျခားႏွစ္ခုမွာ ကေလးဦးေႏွာက္ဖံြ႕ၿဖိဳးေရးအတြက္ အေရးပါေသာ အခ်ိန္အပိုင္းအျခားျဖစ္သည့္ ဖံြ႕ၿဖိဳးမႈအတြက္ အေရးႀကီးေသာ အခ်ိန္မ်ား၌ ဦးေႏွာက္ဖြဲ႕စည္းပံုအတြင္း မူမမွန္ျဖစ္ျခင္းေၾကာင့္ ေလ့လာသင္ယူႏုိင္စြမ္းမရွိျခင္း၊ အျပဳအမူဆိုင္ရာျပႆနာမ်ားရွိျခင္း စေသာ အႏုတ္သေဘာရလဒ္မ်ား ျဖစ္ေပၚလာႏုိင္ေၾကာင္း သုေတသီမ်ားကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ကိုယ်ဝန်ဆောင်ချိန်နှင့် ကိုယ်ဝန်ဆောင်ပြီးနောက် စိတ်ဓာတ် ကျခြင်းလက္ခဏာများ တွေ့ကြုံခံစားရမှုနှင့် မူကြိုအရွယ်ကလေးများတွင်စဉ်းစားတွေးတောမှုနှင့်အပြုအမူနှင့်ဆိုင်သောဦးနှောက်အပြင်ဘက်အလွှာ

ထူထဲခြင်း လျော့ကျမှုနှင့် ဆက်စပ်ကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။

မိမိတို့ လေ့လာတွေ့ရှိချက်က မိခင်များကို မီးဖွားပြီးနောက် ပိုင်းတွင်သာမဟုတ်ဘဲ ကိုယ်ဝန်ဆောင်နေချိန်၌ပါစိတ်ကျန်းမာရေးကို စောင့်ကြည့်ကူညီပေးရေးအရေးကြီးကြောင်း ဖော်ပြနေသည်

ဟု ကနေဒါနိုင်ငံ အယ်လ်ဘာတာမြို့ရှိ ကာဂါရီတက္ကသိုလ်မှ သုတေသီများက ပြောကြားသည်။

မိခင်တစ်ယောက်၏ စိတ်အခြေအနေက ၎င်း၏ကလေး ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကို ဘဝ၏ အရေးကြီးသောအဆင့်၌ ထိခိုက်စေနိုင်ကြောင်း ယင်းလေ့လာမှုကဖော်ပြသည်။

အမျိုးသမီးများ၏ ၁၈ ရာခိုင်နှုန်းသည် ကိုယ်ဝန်ဆောင်ချိန်အ တွင်း တစ်ချိန်ချိန်တွင် စိတ်ဓာတ်ကျခြင်းနှင့် ကြုံတွေ့ရလေ့ရှိပြီး မီးမဖွားမီနှင့် မီးဖွားပြီးနောက်ပိုင်း စိတ်ဓာတ်ကျခြင်းများသည် ကလေးငယ်အပေါ် အနုတ်သဘောထိခိုက်စေနိုင်ကြောင်း သုတေ သီများကပြောသည်။

စိတ်ဓာတ်ကျမှုကို ပြင်းထန်စွာ ခံစားခဲ့ရသော အမျိုးသမီးများမှ မွေးဖွားလာသည့် ကလေးများတွင် ဦးနှောက်အပြင်လွှာ ပါးလွှာနေလေ့ရှိပြီး အခြားသော ဦးနှောက်အစိတ်အပိုင်းများလည်း ထိခိုက်မှုရှိကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။

မိခင်စိတ်ဓာတ်ကျခြင်းနှင့် ကလေးများ၏ ဦးနှောက်ရှေ့ပိုင်း တွင် ပုံမှန်မဟုတ်သော အဖြူရောင်နေရာများ ဖြစ်ပေါ်ခြင်းအကြား ဆက်စပ်မှုရှိပြီး ယင်းနေရာနှင့် ဦးနှောက်၏ အခြားသော အစိတ်အ ပိုင်းသို့ ဆက်သွယ်ပေးသော အမျှင်များ၌ ထိခိုက်မှုဖြစ်ပေါ်နိုင် ကြောင်း သုတေသီများကပြောသည်။

ကိုယ်ဝန်သက်တမ်း ဒုတိယသုံးလပတ်နှင့် မီးဖွားပြီး စိတ်ဓာတ် ကျခြင်းသည် ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်ခြင်းအကြား ဆက်စပ်ပြီး ယင်းအချိန်အပိုင်းအခြားနှစ်ခုမှာ ကလေးဦးနှောက်ဖွံ့ဖြိုးရေးအတွက် အရေးပါသော အချိန်အပိုင်းအခြားဖြစ်သည့် ဖွံ့ဖြိုးမှုအတွက် အရေးကြီးသော အချိန်များ၌ ဦးနှောက်ဖွဲ့စည်းပုံအတွင်း မူမမှန်ဖြစ်ခြင်းကြောင့် လေ့လာသင်ယူနိုင်စွမ်းမရှိခြင်း၊ အပြုအမူဆိုင်ရာပြဿနာများရှိခြင်း စသော အနုတ်သဘောရလဒ်များ ဖြစ်ပေါ်လာနိုင်ကြောင်း သုတေသီများကပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top