Property Expo
×

ကိုယ့္ကိုကုိယ္အပန္းေျပေစဖုိ႔အတြက္ သင့္အေနနဲ႔ ကမ္းေျခသြားဖို႔ ၊ Beauty Salon ကို သြားၿပီး အႏွိပ္ခံဖုိ႔ေတြ မလုိအပ္ေတာ့ပါဘူး။ ေနတတ္ရင္ ေက်နပ္စရာဆိုတဲ့ စကားအတိုင္းပဲ ပိုက္ဆံသိပ္မကုန္ဘဲ အိမ္တြင္းမွာ အပန္းေျပေအာင္ ျပဳလုပ္ႏုိင္မယ့္ နည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။


၁.ႏိွပ္တဲ့စက္ေလးတစ္ခု ဝယ္ထားပါ

ႏွိပ္နယ္ခံတာဟာ သင့္အတြက္ အပန္းေျပေစပါတယ္။ မာဆတ္သြားရင္ေတာ့ ေငြကုန္ေၾကးက်မ်ားႏုိင္တာေၾကာင့္ အိမ္တြင္းမွာပဲ အႏွိပ္ခံလို႔ရေအာင္ ႏွိပ္တဲ့ ပစၥည္းတစ္ခုခုေတာ့ ဝယ္ယူထားသင့္ပါတယ္။ အႏွိပ္ထုိင္ခံု ၊ အႏွိပ္ေခါင္းအံုးစတဲ့ ပစၥည္းေတြကို အိမ္တြင္းမွာ ဝယ္ယူထားၿပီး ပင္ပန္းေညာင္းညာေနတဲ့ ေက်ာကုန္း ၊ လက္ေမာင္းနဲ႔ ေျခေထာက္ေတြကို သက္သာေစမွာပါ။ အႏိွိပ္ခံပစၥည္းေတြဟာ အိမ္မွာ ေရရွည္အသံုးျပဳႏုိင္ၿပီး ေဈးလည္းအရမ္းမေျမာက္ပါဘူး။


၂.ေရခ်ိဳးပါ

ေရခ်ိဳးတာက ေတာ္ေတာ္မ်ားမ်ားေဖာ္ျပၾကတဲ့ အပန္းေျဖနည္းပါပဲ။ သင့္အေနနဲ႔ ေရေႏြးကန္အတြင္းမွာ ဝင္စိမ္ေနၿပီး သီခ်င္းခံစားတာျဖစ္ျဖစ္ျပဳလုပ္ေပးသင့္ပါတယ္။ ေရခ်ိဳးကန္အတြင္းကို ေရခ်ိဳးဆားအနည္းငယ္ထည့္ၿပီး စိမ္ေနတာက သင့္အတြက္ ပိုေကာင္းေစပါတယ္။ အဲ့ဒီအခ်ိန္မွာ ဘီယာေလးတစ္ခြက္ျဖစ္ျဖစ္ ဝုိင္ေလးတစ္ခြက္ျဖစ္ျဖစ္ေသာက္လိုက္တာကလည္း ပိုၿပီးအပန္းေျပေစမွာပါ။


၃. ဆံပင္နဲ႔ အသားအေရကို ဂရုစိုက္ပါ

ဆံပင္နဲ႔ အသားအေရကုိ ဂရုစိုက္ရတယ္ဆိုတာဟာ မိန္းကေလးေတြမွ မဟုတ္ပါဘူး။ ေယာက်္ားေလးေတြလည္း လုပ္သင့္ပါတယ္။ ကိုယ့္ကုိကိုယ္ဂရုစိုက္တာကုိ ပဲမ်ားတယ္လို႔ ေျပာတဲ့သူေတြအတြက္ လွည့္ၾကည့္မေနပါနဲ႔။ Salon သြားမွ မ်က္ႏွာကို ဂရုစိုက္ျဖစ္တာမဟုတ္ပါဘူး။

ပိုက္ဆံသိပ္မသံုးပဲ အိမ္မွာလည္း လုပ္ၾကည့္လုိ႔ရပါတယ္။ Face masks ကပ္တာျဖစ္ျဖစ္ ၊ အသားအေရလွဖို႔ ခရင္မ္လိမ္းတာမ်ိဳးနဲ႔ အုန္းဆီကို အသံုးျပဳၿပီးေတာ့လည္း အသားအေရကို ေကာင္းေအာင္ ျပဳလုပ္ႏုိင္ပါတယ္။ ဆံပင္အတြက္လည္း အိမ္မွာအဆင္သင့္ျပဳလုပ္ႏုိင္တဲ့ အရာေတြရွိေနပါေသးတယ္။ အခုလို ကုိယ့္ကုိကိုယ္ဂရုစုိက္တာဟာ ကုိယ့္ကုိကုိယ္ အပန္းေျပေအာင္ ျပဳလုပ္ျခင္းပဲျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thithtoolwin

Unicode Version

ကိုယ့်ကိုကိုယ်အပန်းပြေစေဖို့အတွက် သင့်အနေနဲ့ ကမ်းခြေသွားဖို့ ၊ Beauty Salon ကို သွားပြီး အနှိပ်ခံဖို့တွေ မလိုအပ်တော့ပါဘူး။ နေတတ်ရင် ကျေနပ်စရာဆိုတဲ့ စကားအတိုင်းပဲ ပိုက်ဆံသိပ်မကုန်ဘဲ အိမ်တွင်းမှာ အပန်းပြေအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁.နှိပ်တဲ့စက်လေးတစ်ခု ဝယ်ထားပါ

နှိပ်နယ်ခံတာဟာ သင့်အတွက် အပန်းပြေစေပါတယ်။ မာဆတ်သွားရင်တော့ ငွေကုန်ကြေးကျများနိုင်တာကြောင့် အိမ်တွင်းမှာပဲ အနှိပ်ခံလို့ရအောင် နှိပ်တဲ့ ပစ္စည်းတစ်ခုခုတော့ ဝယ်ယူထားသင့်ပါတယ်။ အနှိပ်ထိုင်ခုံ ၊ အနှိပ်ခေါင်းအုံးစတဲ့ ပစ္စည်းတွေကို အိမ်တွင်းမှာ ဝယ်ယူထားပြီး ပင်ပန်းညောင်းညာနေတဲ့ ကျောကုန်း ၊ လက်မောင်းနဲ့ ခြေထောက်တွေကို သက်သာစေမှာပါ။ အနှိပ်ခံပစ္စည်းတွေဟာ အိမ်မှာ ရေရှည်အသုံးပြုနိုင်ပြီး ဈေးလည်းအရမ်းမမြောက်ပါဘူး။


၂.ရေချိုးပါ

ရေချိုးတာက တော်တော်များများဖော်ပြကြတဲ့ အပန်းဖြေနည်းပါပဲ။ သင့်အနေနဲ့ ရေနွေးကန်အတွင်းမှာ ဝင်စိမ်နေပြီး သီချင်းခံစားတာဖြစ်ဖြစ်ပြုလုပ်ပေးသင့်ပါတယ်။ ရေချိုးကန်အတွင်းကို ရေချိုးဆားအနည်းငယ်ထည့်ပြီး စိမ်နေတာက သင့်အတွက် ပိုကောင်းစေပါတယ်။ အဲ့ဒီအချိန်မှာ ဘီယာလေးတစ်ခွက်ဖြစ်ဖြစ် ဝိုင်လေးတစ်ခွက်ဖြစ်ဖြစ်သောက်လိုက်တာကလည်း ပိုပြီးအပန်းပြေစေမှာပါ။


၃. ဆံပင်နဲ့ အသားအရေကို ဂရုစိုက်ပါ

ဆံပင်နဲ့ အသားအရေကို ဂရုစိုက်ရတယ်ဆိုတာဟာ မိန်းကလေးတွေမှ မဟုတ်ပါဘူး။ ယောကျ်ားလေးတွေလည်း လုပ်သင့်ပါတယ်။ ကိုယ့်ကိုကိုယ်ဂရုစိုက်တာကို ပဲများတယ်လို့ ပြောတဲ့သူတွေအတွက် လှည့်ကြည့်မနေပါနဲ့။ Salon သွားမှ မျက်နှာကို ဂရုစိုက်ဖြစ်တာမဟုတ်ပါဘူး။

ပိုက်ဆံသိပ်မသုံးပဲ အိမ်မှာလည်း လုပ်ကြည့်လို့ရပါတယ်။ Face masks ကပ်တာဖြစ်ဖြစ် ၊ အသားအရေလှဖို့ ခရင်မ်လိမ်းတာမျိုးနဲ့ အုန်းဆီကို အသုံးပြုပြီးတော့လည်း အသားအရေကို ကောင်းအောင် ပြုလုပ်နိုင်ပါတယ်။ ဆံပင်အတွက်လည်း အိမ်မှာအဆင်သင့်ပြုလုပ်နိုင်တဲ့ အရာတွေရှိနေပါသေးတယ်။ အခုလို ကိုယ့်ကိုကိုယ်ဂရုစိုက်တာဟာ ကိုယ့်ကိုကိုယ် အပန်းပြေအောင် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Thithtoolwin





 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top