Property Expo
×

ရန္ကုန္ၿမိဳ႕ရွိ ေနရာေလး ေနရာတြင္ အခ်ိဳရည္ပုလင္းမ်ား ကို အသံုးျပဳ၍ အေသးစားေပါက္ ကြဲမႈမ်ား ျဖစ္ပြားခဲ့ေသာေၾကာင့္ ေရႊတိဂံုေစတီရင္ျပင္ေတာ္ေပၚသို႔ အရည္ပါေသာ ပုလင္း၊ ဘူးမ်ား ယူေဆာင္ရန္ ခြင့္မျပဳေၾကာင္း ေဂါပကအဖြဲ႕က သတင္းထုတ္ ျပန္လိုက္သည္။

အမ်ားျပည္သူ လံုၿခံဳေရးအ တြက္ ေသာက္ေရသန္႔အပါအဝင္ အခ်ိဳ႕ရည္ဘူးမ်ားႏွင့္ ပုလင္းမ်ား ကို သယ္ေဆာင္လာပါက ေရႊတိ ဂံုေစတီေတာ္အဝင္တြင္ စစ္ေဆး သိမ္းဆည္းလ်က္ရိွသည္။

လံုၿခံဳေရးအရ စိတ္ခ်ရသည့္ အေျခအေနရွိမွသာ ျပန္လည္ သယ္ေဆာင္ခြင့္ေပးမည္ျဖစ္ၿပီး လက္ရွိတြင္ အရည္ပါေသာ ပုလင္း၊ ဘူးမ်ားကို ယူေဆာင္ခြင့္ ပိတ္ထားမည္ျဖစ္ေၾကာင္း ေရႊတိ ဂံုေစတီ ေဂါပကအဖြဲ႕႐ံုးအဖြဲ႕မွဴး ဦးထြန္းေအာင္ေငြက ေျပာသည္။

‘‘ယူလာတဲ့ ပုလင္းအထဲက ဘာအရည္လဲဆုိတာ လိုက္မစစ္ ႏိုင္ဘူးေလ။ တစ္ဦးခ်င္းစီလိုက္ စစ္ဖို႔က်ေတာ့ ခဲယဥ္းတယ္။ လံုးဝစိတ္ခ်ရၿပီဆိုတဲ့အခ်ိန္အထိေတာ့ ကြၽန္ေတာ္တုိ႔ ေဆာင္ရြက္မွာေပါ့’’ ဟု ဦးထြန္းေအာင္ေငြက ေျပာ ၾကားသည္။

ဘုရားဖူးျပည္သူမ်ား ေဘး အႏၲရာယ္ကင္းရွင္းေစရန္ ေစတီ ေတာ္ပတ္ဝန္းက်င္ လံုၿခံဳေရးကို ပံုမွန္ထက္ပိုမိုတင္းက်ပ္ထားၿပီး စစ္ေဆးမႈမ်ားကို ယခင္ကထက္ တုိးျမႇင့္ေဆာင္ရြက္ေနေၾကာင္း ၎က ဆက္လက္ေျပာၾကား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ရန်ကုန်မြို့ရှိ နေရာလေး နေရာတွင် အချိုရည်ပုလင်းများ ကို အသုံးပြု၍ အသေးစားပေါက် ကွဲမှုများ ဖြစ်ပွားခဲ့သောကြောင့် ရွှေတိဂုံစေတီရင်ပြင်တော်ပေါ်သို့ အရည်ပါသော ပုလင်း၊ ဘူးများ ယူဆောင်ရန် ခွင့်မပြုကြောင်း ဂေါပကအဖွဲ့က သတင်းထုတ် ပြန်လိုက်သည်။

အများပြည်သူ လုံခြုံရေးအ တွက် သောက်ရေသန့်အပါအဝင် အချို့ရည်ဘူးများနှင့် ပုလင်းများ ကို သယ်ဆောင်လာပါက ရွှေတိ ဂုံစေတီတော်အဝင်တွင် စစ်ဆေး သိမ်းဆည်းလျက်ရှိသည်။

လုံခြုံရေးအရ စိတ်ချရသည့် အခြေအနေရှိမှသာ ပြန်လည် သယ်ဆောင်ခွင့်ပေးမည်ဖြစ်ပြီး လက်ရှိတွင် အရည်ပါသော ပုလင်း၊ ဘူးများကို ယူဆောင်ခွင့် ပိတ်ထားမည်ဖြစ်ကြောင်း ရွှေတိ ဂုံစေတီ ဂေါပကအဖွဲ့ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောသည်။

‘‘ယူလာတဲ့ ပုလင်းအထဲက ဘာအရည်လဲဆိုတာ လိုက်မစစ် နိုင်ဘူးလေ။ တစ်ဦးချင်းစီလိုက် စစ်ဖို့ကျတော့ ခဲယဉ်းတယ်။ လုံးဝစိတ်ချရပြီဆိုတဲ့အချိန်အထိတော့ ကျွန်တော်တို့ ဆောင်ရွက်မှာပေါ့’’ ဟု ဦးထွန်းအောင်ငွေက ပြော ကြားသည်။

ဘုရားဖူးပြည်သူများ ဘေး အန္တရာယ်ကင်းရှင်းစေရန် စေတီ တော်ပတ်ဝန်းကျင် လုံခြုံရေးကို ပုံမှန်ထက်ပိုမိုတင်းကျပ်ထားပြီး စစ်ဆေးမှုများကို ယခင်ကထက် တိုးမြှင့်ဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top