Property Expo
×

ႏိုင္ဂ်ီးရီးယားႏုိင္ငံအေရွ႕ပိုင္းရွိ ကေလးငယ္ ခုနစ္ေသာင္းခြဲနီးပါးသည္ အစားအစာျပတ္လပ္မႈေၾကာင္း လပိုင္းအတြင္း ေသဆုံးရႏိုင္ေၾကာင္း ကုလသမဂၢက ေျပာသည္။

ဘိုဂိုဟာရမ္စစ္ေသြးၾကြမ်ား၏ အမာခံနယ္ေျမျဖစ္ခဲ့ဖူးသည့္ ယင္းအေရွ႕ပိုင္းေဒသတြင္ လူသားခ်င္းစာနာေထာက္ထားေရး အကူအညီမ်ား ျပည္သူ ၁၄ သန္းေက်ာ္ထက္မနည္း လိုအပ္လ်က္ရွိေနေၾကာင္း ကုလသမဂၢ လူသားခ်င္း စာနာေထာက္ထားေရးဆိုင္ရာ ညွိႏႈိင္းေရးမွဴး ပီတာလန္ဘတ္က ေျပာသည္။

ထိုဒုကၡျပႆနာမ်ားကို ေျဖရွင္းရန္ ကုလသမဂၢတြင္လည္း လုံေလာက္သည့္ ရန္ပုံေငြ မရွိေၾကာင္း ၎က ေျပာသည္။

ႏိုင္ဂ်ီးရီးယားအေရွ႕ပိုင္းေဒသတြင္ ဘိုဂိုဟာရမ္စစ္ေသြးၾကြမ်ား သိမ္းပိုက္ထားခဲ့ရာမွ မၾကာေသးမီလမ်ားအတြင္း အစိုးရတပ္က တိုက္ထုတ္ခဲ့ျခင္းျဖစ္သည္။

“လတ္တေလာ ကၽြန္ေတာ္တို႔ အကဲျဖတ္ထားတာကေတာ့ ၂၀၁၇ ခုႏွစ္ မကုန္မီမွာ ျပည္သူ ၁၄ သန္းေက်ာ္အတြက္ လူသားခ်င္းစာနာေထာက္ထားေရး အကူအညီေတြ အေရးတႀကီး လိုအပ္လာမွာ ျဖစ္တယ္။ ”ဟု ပီတာလန္ဘတ္က ၿမိဳ႕ေတာ္အဘူဂ်ာတြင္ ႏုိဝင္ဘာ ၁၅ ရက္က ေျပာခဲ့သည္။

“ဒီအေရအတြက္မွာ ေလးသိန္းနီးပါးက ကေလးငယ္ေတြ အကူအညီလိုေနတာျဖစ္တယ္။ ဒီထဲကမွ ကေလးငယ္ ခုနစ္ေသာင္းခြဲနီးပါးဟာ ကၽြန္ေတာ္တို႔ လ်င္လ်င္ျမန္ျမန္ အေရးယူေဆာင္ရြက္ျခင္း မရွိရင္ လပိုင္းအတြင္းမွာ ေသဆုံးသြားရမယ့္ အႏၱရာယ္ ရွိေနတယ္။”ဟု ၎က ေျပာခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC Burmese

#Unicode Version
နိုင်ဂျီးရီးယားနိုင်ငံအရှေ့ပိုင်းရှိ ကလေးငယ် ခုနစ်သောင်းခွဲနီးပါးသည် အစားအစာပြတ်လပ်မှုကြောင်း လပိုင်းအတွင်း သေဆုံးရနိုင်ကြောင်း ကုလသမဂ္ဂက ပြောသည်။

ဘိုဂိုဟာရမ်စစ်သွေးကြွများ၏ အမာခံနယ်မြေဖြစ်ခဲ့ဖူးသည့် ယင်းအရှေ့ပိုင်းဒေသတွင် လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပြည်သူ ၁၄ သန်းကျော်ထက်မနည်း လိုအပ်လျက်ရှိနေကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ပီတာလန်ဘတ်က ပြောသည်။

ထိုဒုက္ခပြဿနာများကို ဖြေရှင်းရန် ကုလသမဂ္ဂတွင်လည်း လုံလောက်သည့် ရန်ပုံငွေ မရှိကြောင်း ၎င်းက ပြောသည်။

နိုင်ဂျီးရီးယားအရှေ့ပိုင်းဒေသတွင် ဘိုဂိုဟာရမ်စစ်သွေးကြွများ သိမ်းပိုက်ထားခဲ့ရာမှ မကြာသေးမီလများအတွင်း အစိုးရတပ်က တိုက်ထုတ်ခဲ့ခြင်းဖြစ်သည်။

“လတ်တလော ကျွန်တော်တို့ အကဲဖြတ်ထားတာကတော့ ၂၀၁၇ ခုနှစ် မကုန်မီမှာ ပြည်သူ ၁၄ သန်းကျော်အတွက် လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ အရေးတကြီး လိုအပ်လာမှာ ဖြစ်တယ်။ ”ဟု ပီတာလန်ဘတ်က မြို့တော်အဘူဂျာတွင် နိုဝင်ဘာ ၁၅ ရက်က ပြောခဲ့သည်။

“ဒီအရေအတွက်မှာ လေးသိန်းနီးပါးက ကလေးငယ်တွေ အကူအညီလိုနေတာဖြစ်တယ်။ ဒီထဲကမှ ကလေးငယ် ခုနစ်သောင်းခွဲနီးပါးဟာ ကျွန်တော်တို့ လျင်လျင်မြန်မြန် အရေးယူဆောင်ရွက်ခြင်း မရှိရင် လပိုင်းအတွင်းမှာ သေဆုံးသွားရမယ့် အန္တရာယ် ရှိနေတယ်။”ဟု ၎င်းက ပြောခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:BBC Burmese
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top