Kantharyar Centre
×

အျပင္ထြက္ၿပီး လူေတြအမ်ားႀကီးနဲ႔ ေတြ႕ရတာ ေပ်ာ္စရာေကာင္းပါတယ္။ လူမႈဆက္ဆံေရး က်ယ္ျပန္႔လာသလို ကိုယ့္ရဲ႕ဝတ္စံုေကာင္းေတြကိုလည္း ထုတ္ဝတ္လို႔ရတယ္။ ဒါေပမဲ့ အိမ္မွာပဲ ကိုယ္အခင္ဆံုးသူေတြနဲ႔ ပါတီေပးရတာလည္း တစ္မ်ဳိးေကာင္းတယ္ဆုိတာ ဒီအခ်က္ေတြက သက္ေသျပေနပါတယ္။

၁။ လူအုပ္ႀကီးထဲ မတုိးရေတာ့ဘူး

ဆုိင္မွာလို ေနရာေကာင္းမရမွာ ပူမေနရသလို ကိုယ္လိုခ်င္တဲ့ေနရာေရာက္ဖို႔ မ်ားျပားလွတဲ့ လူေတြၾကားထဲ တုိးေဝွ႕သြားလာေနစရာလည္း မလုိေတာ့ပါဘူး။

၂။ ကိုယ္ႀကိဳက္တဲ့သီခ်င္း နားေထာင္ႏုိင္တယ္

သင့္ရဲ႕ဧည့္ခန္းမွာ သင္ဟာ ဒီေဂ်ပါပဲ။ ကိုယ့္အႀကိဳက္ေရြးခ်ယ္ႏုိင္ပါတယ္။

၃။ တစ္ခြက္ေသာက္ရဖို႔ ေမ့ေလာက္ေအာင္ ေစာင့္ေနစရာမလိုဘူး

ေရခဲေသတၱာကို ဖြင့္ၿပီး ကိုယ္လိုခ်င္တာ ယူလုိက္႐ံုပါပဲ။


၄။ ေစ်းသက္သာတယ္

ဆုိင္မွာ ႏွစ္ခြက္ေလာက္ေသာက္႐ံုနဲ႔ ကုန္က်မယ့္ ေငြပမာဏက အိမ္မွာ တစ္ပုလင္း ေသာက္ႏုိင္ပါတယ္။

၅။ ႀကိဳက္သေလာက္စား

ကိုယ္ႀကိဳက္တာေတြ အကုန္္ဝယ္လာၿပီး ထုိင္စားေနလို႔လည္း ရတာပါပဲ။

၆။ စိတ္အိုက္တဲ့ အဝတ္အစားေတြ ဝတ္စရာမလိုဘူး

ဘယ္လိုအဝတ္မ်ဳိးနဲ႔မွ သင့္ေတာ္မယ္လို႔ သင္ေရြးခ်ယ္စရာမလုိေတာ့ဘူး။ ေပါ့ေပါ့ပါးပါး အိမ္ေနရင္းဝတ္စံုနဲ႔လည္း ျဖစ္ေနတာပဲေလ။

၇။ စကားေကာင္းေကာင္း ေျပာလို႔ရတယ္

ဆုိင္ေတြမွာ သီခ်င္းေတြ အက်ယ္ႀကီးဖြင့္ထားတဲ့အတြက္ တစ္မိနစ္ေလာက္ စကားေျပာ႐ံုနဲ႔ အသံဝင္သြားတာမ်ဳိး မျဖစ္ေတာ့ဘူး။ ေအးေအးေဆးေဆး ကိုယ္ႀကိဳက္တဲ့အေၾကာင္းအရာကို တုိင္ပင္ေဆြးေႏြးႏုိင္ပါတယ္။

၈။ အခင္ဆံုးသူေတြနဲ႔ အခ်ိန္ကုန္ဆံုးခြင့္ရတယ္

အိမ္ထဲမွာပဲ ပါတီေပးမွာ ျဖစ္တဲ့အတြက္ ကိုယ္အခင္ဆံုးသူေတြကိုသာ ေရြးခ်ယ္ၿပီး သင္ဖိတ္မွာပါ။

၉။ မထင္မွတ္ဘဲ ေရာက္လာတဲ့ အသိေတြနဲ႔ စကားေျပာေနစရာမလိုဘူး

ကိုယ္အိမ္ထဲမွာပဲ ျဖစ္တဲ့အတြက္ အျပင္ဆုိင္ေတြမွာလို လာႏႈတ္ဆက္တဲ့သူေတြကို ရယ္ျပျပံဳးျပ ႏႈတ္ဆက္ရတာမ်ဳိးေတြ၊ စကားခဏေလာက္ေျပာေနရတာမ်ဳိးေတြ မရွိဘူး။

၁၀။ အစီအစဥ္ေတြ အမ်ားႀကီး ဆြဲေနစရာမလိုဘူး

တကၠစီသမားနဲ႔ ေစ်းညႇိတာေတြ၊ လူအမ်ားစု သြားခ်င္တဲ့ေနရာတစ္ခု ေရြးခ်ယ္ရတာေတြစတဲ့ အစီအစဥ္ေတြ လုပ္ေနစရာမလိုပါဘူး။ စားခ်င္တာ၊ ေသာက္ခ်င္တာေတြ ဝယ္ၿပီး သြား႐ံုပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

အပြင်ထွက်ပြီး လူတွေအများကြီးနဲ့ တွေ့ရတာ ပျော်စရာကောင်းပါတယ်။ လူမှုဆက်ဆံရေး ကျယ်ပြန့်လာသလို ကိုယ့်ရဲ့ဝတ်စုံကောင်းတွေကိုလည်း ထုတ်ဝတ်လို့ရတယ်။ ဒါပေမဲ့ အိမ်မှာပဲ ကိုယ်အခင်ဆုံးသူတွေနဲ့ ပါတီပေးရတာလည်း တစ်မျိုးကောင်းတယ်ဆိုတာ ဒီအချက်တွေက သက်သေပြနေပါတယ်။

၁။ လူအုပ်ကြီးထဲ မတိုးရတော့ဘူး

ဆိုင်မှာလို နေရာကောင်းမရမှာ ပူမနေရသလို ကိုယ်လိုချင်တဲ့နေရာရောက်ဖို့ များပြားလှတဲ့ လူတွေကြားထဲ တိုးဝှေ့သွားလာနေစရာလည်း မလိုတော့ပါဘူး။

၂။ ကိုယ်ကြိုက်တဲ့သီချင်း နားထောင်နိုင်တယ်

သင့်ရဲ့ဧည့်ခန်းမှာ သင်ဟာ ဒီဂျေပါပဲ။ ကိုယ့်အကြိုက်ရွေးချယ်နိုင်ပါတယ်။

၃။ တစ်ခွက်သောက်ရဖို့ မေ့လောက်အောင် စောင့်နေစရာမလိုဘူး

ရေခဲသေတ္တာကို ဖွင့်ပြီး ကိုယ်လိုချင်တာ ယူလိုက်ရုံပါပဲ။


၄။ ဈေးသက်သာတယ်

ဆိုင်မှာ နှစ်ခွက်လောက်သောက်ရုံနဲ့ ကုန်ကျမယ့် ငွေပမာဏက အိမ်မှာ တစ်ပုလင်း သောက်နိုင်ပါတယ်။

၅။ ကြိုက်သလောက်စား

ကိုယ်ကြိုက်တာတွေ အကုန်ဝယ်လာပြီး ထိုင်စားနေလို့လည်း ရတာပါပဲ။

၆။ စိတ်အိုက်တဲ့ အဝတ်အစားတွေ ဝတ်စရာမလိုဘူး

ဘယ်လိုအဝတ်မျိုးနဲ့မှ သင့်တော်မယ်လို့ သင်ရွေးချယ်စရာမလိုတော့ဘူး။ ပေါ့ပေါ့ပါးပါး အိမ်နေရင်းဝတ်စုံနဲ့လည်း ဖြစ်နေတာပဲလေ။

၇။ စကားကောင်းကောင်း ပြောလို့ရတယ်

ဆိုင်တွေမှာ သီချင်းတွေ အကျယ်ကြီးဖွင့်ထားတဲ့အတွက် တစ်မိနစ်လောက် စကားပြောရုံနဲ့ အသံဝင်သွားတာမျိုး မဖြစ်တော့ဘူး။ အေးအေးဆေးဆေး ကိုယ်ကြိုက်တဲ့အကြောင်းအရာကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

၈။ အခင်ဆုံးသူတွေနဲ့ အချိန်ကုန်ဆုံးခွင့်ရတယ်

အိမ်ထဲမှာပဲ ပါတီပေးမှာ ဖြစ်တဲ့အတွက် ကိုယ်အခင်ဆုံးသူတွေကိုသာ ရွေးချယ်ပြီး သင်ဖိတ်မှာပါ။

၉။ မထင်မှတ်ဘဲ ရောက်လာတဲ့ အသိတွေနဲ့ စကားပြောနေစရာမလိုဘူး

ကိုယ်အိမ်ထဲမှာပဲ ဖြစ်တဲ့အတွက် အပြင်ဆိုင်တွေမှာလို လာနှုတ်ဆက်တဲ့သူတွေကို ရယ်ပြပြုံးပြ နှုတ်ဆက်ရတာမျိုးတွေ၊ စကားခဏလောက်ပြောနေရတာမျိုးတွေ မရှိဘူး။

၁၀။ အစီအစဉ်တွေ အများကြီး ဆွဲနေစရာမလိုဘူး

တက္ကစီသမားနဲ့ ဈေးညှိတာတွေ၊ လူအများစု သွားချင်တဲ့နေရာတစ်ခု ရွေးချယ်ရတာတွေစတဲ့ အစီအစဉ်တွေ လုပ်နေစရာမလိုပါဘူး။ စားချင်တာ၊ သောက်ချင်တာတွေ ဝယ်ပြီး သွားရုံပါပဲ။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top