Kantharyar Centre
×

ပစၥည္းခိုးတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ အမ်ိဳးသမီးသံုးဦးကို အဝတ္အစားေတြခၽြတ္ကာ ကိုယ္လံုးတီး လမ္းေလွ်ာက္ခုိင္းတဲ့ ျဖစ္ရပ္တစ္ခုဟာ လူမႈကြန္ယက္မွာ နာမည္ေက်ာ္လာျပန္ပါတယ္။

မကၠဆီႏိုင္ငံအတြင္း အေနာက္ေျမာက္ပိုင္း ဟြာတာဘမ္ပိုၿမိဳ႕မွာ ဒီျဖစ္ရပ္ျဖစ္ပြားခဲ့တာလုိ႔ သိရပါတယ္။ သူခိုးေတြလို႔ စြပ္စြဲခံရတဲ့ အမ်ိဳးသမီးသံုးဦးဟာ ခႏၶာကိုယ္တစ္ခုလံုးမွာ ဘာအဝတ္အစားမွ မပါပဲ လူသြားလူလာမ်ားတဲ့ လမ္းမထက္ေပၚကို ကိုယ္လံုးတီးထြက္လာခဲ့ရတာျဖစ္ပါတယ္။ အဆိုပါအမ်ိဳးသမီးသံုးဦးေၾကာင့္ လမ္းမေပၚမွာ အခ်ိဳ႕ဆိုင္ကယ္သမားေတြရဲ႕ ေနာင္ေျပာင္ျခင္းအျပင္ ျပည့္တန္ဆာေတြလို ေစ်းစံုစမ္းျခင္းပါ ခံခဲ့ရတယ္လို႔ မ်က္ျမင္သက္ေသေတြက ေျပာပါတယ္။

မကၠဆီကုိျပည္တြင္း သတင္းဝက္ဘ္ဆိုက္ေတြရဲ႕ ေဖာ္ျပခ်က္အရ အဆိုပါျဖစ္ရပ္ကို အခုအခါ အာာဏာပိုင္ေတြက စံုစမ္းစစ္ေဆးေနၿပီျဖစ္တယ္လို႔ သိရပါတယ္။ အဲဒီၿမိဳ႕ရဲ႕ ၿမိဳ႕ေတာ္ဝန္ျဖစ္သူ ေဟလီ႐ိုဒို႐ိုကေတာ့ ဒီကိစၥအတြက္ သိထားတဲ့ သတင္းအခ်က္အလက္ရွိရင္ အာဏာပိုင္ေတြထံကို ေဝမွ်ဖို႔ ေတာင္းဆိုထားပါတယ္။ အဆိုပါအမ်ိဳးသမီးသံုးဦး ခံစားခဲ့ရမယ့္ အရွက္တရားနဲ႔ နာက်င္မႈကိုလည္း နားလည္သိရွိကိုယ္ခ်င္းစာေၾကာင္း ေျပာၾကားထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

ပစ္စည်းခိုးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသမီးသုံးဦးကို အဝတ်အစားတွေချွတ်ကာ ကိုယ်လုံးတီး လမ်းလျှောက်ခိုင်းတဲ့ ဖြစ်ရပ်တစ်ခုဟာ လူမှုကွန်ယက်မှာ နာမည်ကျော်လာပြန်ပါတယ်။

မက္ကဆီနိုင်ငံအတွင်း အနောက်မြောက်ပိုင်း ဟွာတာဘမ်ပိုမြို့မှာ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ သူခိုးတွေလို့ စွပ်စွဲခံရတဲ့ အမျိုးသမီးသုံးဦးဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဘာအဝတ်အစားမှ မပါပဲ လူသွားလူလာများတဲ့ လမ်းမထက်ပေါ်ကို ကိုယ်လုံးတီးထွက်လာခဲ့ရတာဖြစ်ပါတယ်။ အဆိုပါအမျိုးသမီးသုံးဦးကြောင့် လမ်းမပေါ်မှာ အချို့ဆိုင်ကယ်သမားတွေရဲ့ နောင်ပြောင်ခြင်းအပြင် ပြည့်တန်ဆာတွေလို ဈေးစုံစမ်းခြင်းပါ ခံခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

မက္ကဆီကိုပြည်တွင်း သတင်းဝက်ဘ်ဆိုက်တွေရဲ့ ဖော်ပြချက်အရ အဆိုပါဖြစ်ရပ်ကို အခုအခါ အာာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပြီဖြစ်တယ်လို့ သိရပါတယ်။ အဲဒီမြို့ရဲ့ မြို့တော်ဝန်ဖြစ်သူ ဟေလီရိုဒိုရိုကတော့ ဒီကိစ္စအတွက် သိထားတဲ့ သတင်းအချက်အလက်ရှိရင် အာဏာပိုင်တွေထံကို ဝေမျှဖို့ တောင်းဆိုထားပါတယ်။ အဆိုပါအမျိုးသမီးသုံးဦး ခံစားခဲ့ရမယ့် အရှက်တရားနဲ့ နာကျင်မှုကိုလည်း နားလည်သိရှိကိုယ်ချင်းစာကြောင်း ပြောကြားထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top