Property Expo
×

တကယ္လို႕မ်ား ကြ်န္မဟာ ေယာက်ာ္းတစ္ေယာက္အတြက္နဲ႕
လိမ္းထားတဲ့ မိတ္ကပ္ေတြ ၊ႏႈတ္ခမ္းနီးေတြဖ်တ္ ၊ ေဒါက္ဖိနပ္ေတြ ခြ်တ္ျပီး ဖိုသီဖတ္သီနဲ႕ ဖိနပ္ပါးတစ္ရန္စီးျပီး ေနာက္ေဖးေခ်ာင္မွာ အိမ္ေဖၚတစ္ေယာက္လုိ အိမ္အလုပ္ေတြခ်ည္း ဖိလုပ္ေနမိတယ္ဆိုရင္..

တကယ္လုိ႕မ်ား ေပၚသမွ် အ၀တ္စား ဒီဇိုင္းအသစ္ေတြ မ၀တ္ႏိုင္ေတာ့ပဲ ျဖစ္သလို အိမ္ေနရင္းအ၀တ္ေလးေတြ ၀တ္ျပီး ကေလးေတြအတြက္ ေက်ာင္းပို႕ေက်ာင္းၾကိဳလုပ္ေနမိတယ္ ဆိုရင္ ...
တကယ္လုိ႕မ်ား ရီေမာစရာ ၾကံဳလာရတဲ့အခါ လွလွပပ မရီမိေတာ့ပဲ စိတ္လြတ္ကိုယ္လြတ္ ရီေမာလုိက္မိတာမ်ိဳးရွိသလို ေဒါသထြက္လာတဲ့ အခါမွာလည္း ကိုယ့္ရုပ္ကိုဂရုမစိုက္မိေတာ့ပဲ သရဲမလိုရုပ္ျဖစ္တဲ့အထိ ေဒါသေတြထြက္ေနခဲ့မယ္ဆုိရင္....

တကယ္လို႕မ်ား စူထြက္လာတဲ့ ဗိုက္အတြက္ ေလ့က်င့္ခန္းလုပ္ဖုိ႕ အခ်ိန္မရပဲ ဒီဗိုက္ပူပူနဲ႕ပဲ ထမင္းဟင္းခ်က္ျပီး ေယာက်ာ္းျပန္လာတာကို ထမင္း၀ိုင္းအဆင္သင့္ျပင္ျပီး ေစာင့္ေနခဲ့မယ္ဆုိရင္...
ဒီလိုလုပ္ေနတာအားလံုးဟာ

ကြ်န္မမွာ ဒီထက္သာတဲ့ေယာက်ာ္းတစ္ေယာက္ ရႏိုင္တဲ့အရည္ခ်င္းမရွိလို႕ ၊ ဒါမွမဟုတ္ ဆြဲေဆာင္မႈမရွိေတာ့လုိ႕ထက္ ကိုယ့္အတြက္တန္ဖိုးရွိျပီး ကိုယ့္ကိုတန္ဖိုးထားတဲ့ ေယာက်ာ္းတစ္ေယာက္အတြက္ ကိုယ္က်ိဳးမၾကည့္ႏုိင္ေတာ့ပဲ လုပ္ေပးေနမိတာပါ။

တကယ္လုိ႕မ်ား တစ္ေန႕က်ရင္ ေတြ႕စတုန္းကလို ပ်ိဳျမစ္မႈေတြ၊ လွပမႈေတြ၊ ဆြဲေဆာင္မႈေတြ၊ ခႏၶာကိုယ္အခ်ိဳးအစား ေျပျပစ္မႈေတြ မရွိေတာ့လို႕ ကြ်န္မကို တန္ဖိုးမထားေတာ့ဘူးဆိုရင္ ကြ်န္မအတြက္လည္း ထိုေယာက်ာ္းက တန္ဖိုးမရွိေတာ့တဲ့အတြက္ အရင္ေတြ႕စလိုပဲ အပူအပင္မရွိ လွလွပပျပန္ေနထိုင္ဖုိ႕ ကြ်န္မရဲ႕လမ္းေၾကာင္းေတြ အကုန္ေနာက္ျပန္လွည့္လုိ႕ ရပါတယ္။
ခြ်တ္ခ်ခဲ့တဲ့ ေဒါက္ဖိနပ္ေတြ ၊ မလိမ္းျဖစ္ေတာ့တဲ့ မိတ္ကပ္ေတြကို အခ်ိန္မေရြးျပန္လည္ ျခယ္သရင္း မိသားစုအတြက္တကုတ္ကုတ္ အလုပ္ရႈပ္စရာမလုိေတာ့တဲ့ ကြ်န္မဟာ ကိုယ့္တိုးတက္ရာတိုးတက္ေၾကာင္း အလုပ္ေတြလုပ္ရင္း အေတာက္ပဆံုး ျပန္ေနထုိင္ႏုိင္ပါတယ္။

အိမ္အျပင္ထြက္ရင္ တန္ဖိုးရွိတဲ့ ေယာက်ာ္းေတြအမ်ားၾကီးေရြးခ်ယ္စရာ ရွိေနေပမဲ့ ကိုယ့္အတြက္အဖိုးတန္လုိ႕ ယူဆထားလုိ႕ အိမ္တြင္းေအာင္းျပီး အလုပ္ေတြလုပ္ေနတဲ့ မိန္းမဟာ ေယာက်ာ္းတစ္ေယာက္ကို ေတာ္ရံုခ်စ္လုိ႕ဒါမ်ိဳးလုပ္ေပးတယ္လုိ႕ မေအာက္ေမ့လုိက္ပါနဲ႕။
မိန္းမတစ္ေယာက္ဟာ သူတန္ဖိုးထားခ်စ္ခင္တဲ့ အဖိုးတန္ေယာက်ာ္းတစ္ေယာက္ကို အိမ္ဦးခန္းမွာ ကိုးကြယ္ထားႏုိင္သလို တန္ဖိုးမရွိဘူးလုိ႕ ယူဆလုိက္တဲ့အခါမွာလည္း အခ်ိန္မေရြးစြန္႕ပစ္လုိ႕ရပါတယ္။
အရင္ေလာက္မလွေတာ့လုိ႕ အရင္လုိတန္ဖုိးမရွိဘူးလုိ႕ ထင္တဲ့အခါ တန္ဖိုးမရွိျဖစ္သြားမွာက ရွင္တုိ႕ေယာက်ာ္းေတြ.................

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မနု ႆ    ရ့ဲစာမ်က္နွာေလးမ်ား

#Unicode Version
တကယ်လို့များ ကျွန်မဟာ ယောကျာ်းတစ်ယောက်အတွက်နဲ့
လိမ်းထားတဲ့ မိတ်ကပ်တွေ ၊နှုတ်ခမ်းနီးတွေဖျတ် ၊ ဒေါက်ဖိနပ်တွေ ချွတ်ပြီး ဖိုသီဖတ်သီနဲ့ ဖိနပ်ပါးတစ်ရန်စီးပြီး နောက်ဖေးချောင်မှာ အိမ်ဖေါ်တစ်ယောက်လို အိမ်အလုပ်တွေချည်း ဖိလုပ်နေမိတယ်ဆိုရင်..

တကယ်လို့များ ပေါ်သမျှ အဝတ်စား ဒီဇိုင်းအသစ်တွေ မဝတ်နိုင်တော့ပဲ ဖြစ်သလို အိမ်နေရင်းအဝတ်လေးတွေ ဝတ်ပြီး ကလေးတွေအတွက် ကျောင်းပို့ကျောင်းကြိုလုပ်နေမိတယ် ဆိုရင် ...
တကယ်လို့များ ရီမောစရာ ကြုံလာရတဲ့အခါ လှလှပပ မရီမိတော့ပဲ စိတ်လွတ်ကိုယ်လွတ် ရီမောလိုက်မိတာမျိုးရှိသလို ဒေါသထွက်လာတဲ့ အခါမှာလည်း ကိုယ့်ရုပ်ကိုဂရုမစိုက်မိတော့ပဲ သရဲမလိုရုပ်ဖြစ်တဲ့အထိ ဒေါသတွေထွက်နေခဲ့မယ်ဆိုရင်....

တကယ်လို့များ စူထွက်လာတဲ့ ဗိုက်အတွက် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရပဲ ဒီဗိုက်ပူပူနဲ့ပဲ ထမင်းဟင်းချက်ပြီး ယောကျာ်းပြန်လာတာကို ထမင်းဝိုင်းအဆင်သင့်ပြင်ပြီး စောင့်နေခဲ့မယ်ဆိုရင်...
ဒီလိုလုပ်နေတာအားလုံးဟာ

ကျွန်မမှာ ဒီထက်သာတဲ့ယောကျာ်းတစ်ယောက် ရနိုင်တဲ့အရည်ချင်းမရှိလို့ ၊ ဒါမှမဟုတ် ဆွဲဆောင်မှုမရှိတော့လို့ထက် ကိုယ့်အတွက်တန်ဖိုးရှိပြီး ကိုယ့်ကိုတန်ဖိုးထားတဲ့ ယောကျာ်းတစ်ယောက်အတွက် ကိုယ်ကျိုးမကြည့်နိုင်တော့ပဲ လုပ်ပေးနေမိတာပါ။

တကယ်လို့များ တစ်နေ့ကျရင် တွေ့စတုန်းကလို ပျိုမြစ်မှုတွေ၊ လှပမှုတွေ၊ ဆွဲဆောင်မှုတွေ၊ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်မှုတွေ မရှိတော့လို့ ကျွန်မကို တန်ဖိုးမထားတော့ဘူးဆိုရင် ကျွန်မအတွက်လည်း ထိုယောကျာ်းက တန်ဖိုးမရှိတော့တဲ့အတွက် အရင်တွေ့စလိုပဲ အပူအပင်မရှိ လှလှပပပြန်နေထိုင်ဖို့ ကျွန်မရဲ့လမ်းကြောင်းတွေ အကုန်နောက်ပြန်လှည့်လို့ ရပါတယ်။
ချွတ်ချခဲ့တဲ့ ဒေါက်ဖိနပ်တွေ ၊ မလိမ်းဖြစ်တော့တဲ့ မိတ်ကပ်တွေကို အချိန်မရွေးပြန်လည် ခြယ်သရင်း မိသားစုအတွက်တကုတ်ကုတ် အလုပ်ရှုပ်စရာမလိုတော့တဲ့ ကျွန်မဟာ ကိုယ့်တိုးတက်ရာတိုးတက်ကြောင်း အလုပ်တွေလုပ်ရင်း အတောက်ပဆုံး ပြန်နေထိုင်နိုင်ပါတယ်။

အိမ်အပြင်ထွက်ရင် တန်ဖိုးရှိတဲ့ ယောကျာ်းတွေအများကြီးရွေးချယ်စရာ ရှိနေပေမဲ့ ကိုယ့်အတွက်အဖိုးတန်လို့ ယူဆထားလို့ အိမ်တွင်းအောင်းပြီး အလုပ်တွေလုပ်နေတဲ့ မိန်းမဟာ ယောကျာ်းတစ်ယောက်ကို တော်ရုံချစ်လို့ဒါမျိုးလုပ်ပေးတယ်လို့ မအောက်မေ့လိုက်ပါနဲ့။
မိန်းမတစ်ယောက်ဟာ သူတန်ဖိုးထားချစ်ခင်တဲ့ အဖိုးတန်ယောကျာ်းတစ်ယောက်ကို အိမ်ဦးခန်းမှာ ကိုးကွယ်ထားနိုင်သလို တန်ဖိုးမရှိဘူးလို့ ယူဆလိုက်တဲ့အခါမှာလည်း အချိန်မရွေးစွန့်ပစ်လို့ရပါတယ်။
အရင်လောက်မလှတော့လို့ အရင်လိုတန်ဖိုးမရှိဘူးလို့ ထင်တဲ့အခါ တန်ဖိုးမရှိဖြစ်သွားမှာက ရှင်တို့ယောကျာ်းတွေ.................


ဖိုးသူတော် (www.phothutaw.com)
Credit: မနု ဿ    ရဲ့စာမျက်နှာလေးများ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top