Property Expo
×

အီရန္ႏုိင္ငံရဲ႕ ဒုတိယအႀကီးဆံုးၿမိဳ႕ျဖစ္တဲ့ မက္ရွ္ဟက္ဒ္မွာ အသက္ ၂၈ ႏွစ္အရြယ္ အီရန္အမ်ဳိးသမီးတစ္ဦးဟာ ပါတီကို တက္ေရာက္ခဲ့တဲ့အတြက္ တရား႐ံုးက ႀကိမ္ဒဏ္အခ်က္ ၈၀ ျပစ္ဒဏ္ခ်မွတ္ခဲ့တာပါ။

ဂ်ာနယ္လစ္ေဟာင္းတစ္ဦးျဖစ္ၿပီး My Stealthy Freedom ဆုိတဲ့ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာကို ဖြင့္ထားတဲ့ မက္ရွီအလင္ဂ်က္က ထိပ္လန္႔ဖြယ္ ဒဏ္ရာေတြ ရရွိခဲ့တဲ့ ယင္းအမ်ဳိးသမီးကို အင္တာဗ်ဴးခဲ့တာ ျဖစ္ပါတယ္။

အမည္မေဖာ္ျပလုိတဲ့ ယင္းအမ်ဳိးသမီးမွာ အမ်ဳိးသားရဲေတြ ဖမ္းဆီးခံရခ်ိန္မွာ အေတာ္ေလးဆုိးရြားခဲ့ၿပီးတဲ့ေနာက္ အဲဒီထက္ဆုိးရြားတဲ့ ျပစ္ဒဏ္ကို ထပ္မံခံစားရပါတယ္။

သူမ အရက္ေသာက္ထားျခင္း ရွိမရွိကို စစ္ေဆးဖို႔အတြက္ ေဆးခန္းက ဝန္ထမ္းအမ်ဳိးသမီးကို ရဲေတြေရွ႕မွာ အဝတ္္အစားခၽြတ္ခုိင္းခဲ့တယ္လုိ႔ ဆုိပါတယ္။

ဒါေပမဲ့ ေနာက္ႏွစ္ႏွစ္အၾကာ ေစာင့္ဆုိင္းခဲ့ရၿပီးေနာက္ ဒီထက္ဆုိးရြားတဲ့ ျပစ္ဒဏ္နဲ႔ ရင္ဆုိင္ခဲ့ရပါတယ္။

"ႀကိမ္ဒဏ္ခံဖို႔အတြက္ ေထာင္ကိုသြားခဲ့ရတဲ့ေန႔က ကၽြန္ဘဝမွာ အဆိုးရြားဆံုးေန႔ပါပဲ။ ေထာင္ေရာက္ေတာ့ သူတုိ႔က ကၽြန္မေျခေထာက္ေတြကို သံေျခက်င္းခတ္ထားၿပီး လက္ေတြကိုလည္း လက္ထိပ္ခတ္ထားတယ္" လို႔ သူမက ဆုိပါတယ္။

အီရန္မွာ အမ်ဳိးသမီးေတြဟာ ကခုန္ခြင့္နဲ႔ အရက္ေသာက္ခြင့္မရွိပါဘူး။

ေတရန္ၿမိဳ႕ရဲ႕ ညဘက္ေတြမွာ ပါတီေတြ တိတ္တဆိတ္က်င့္ပလ်က္ရွိၿပီး ဖမ္းမိရင္ေတာ့ အမ်ဳိးသားေရာ အမ်ဳိးသမီးပါ ျပင္းထန္စြာ အျပစ္ေပးခံရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

အီရန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မက်ရှ်ဟက်ဒ်မှာ အသက် ၂၈ နှစ်အရွယ် အီရန်အမျိုးသမီးတစ်ဦးဟာ ပါတီကို တက်ရောက်ခဲ့တဲ့အတွက် တရားရုံးက ကြိမ်ဒဏ်အချက် ၈၀ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

ဂျာနယ်လစ်ဟောင်းတစ်ဦးဖြစ်ပြီး My Stealthy Freedom ဆိုတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကို ဖွင့်ထားတဲ့ မက်ရှီအလင်ဂျက်က ထိပ်လန့်ဖွယ် ဒဏ်ရာတွေ ရရှိခဲ့တဲ့ ယင်းအမျိုးသမီးကို အင်တာဗျူးခဲ့တာ ဖြစ်ပါတယ်။

အမည်မဖော်ပြလိုတဲ့ ယင်းအမျိုးသမီးမှာ အမျိုးသားရဲတွေ ဖမ်းဆီးခံရချိန်မှာ အတော်လေးဆိုးရွားခဲ့ပြီးတဲ့နောက် အဲဒီထက်ဆိုးရွားတဲ့ ပြစ်ဒဏ်ကို ထပ်မံခံစားရပါတယ်။

သူမ အရက်သောက်ထားခြင်း ရှိမရှိကို စစ်ဆေးဖို့အတွက် ဆေးခန်းက ဝန်ထမ်းအမျိုးသမီးကို ရဲတွေရှေ့မှာ အဝတ်အစားချွတ်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ နောက်နှစ်နှစ်အကြာ စောင့်ဆိုင်းခဲ့ရပြီးနောက် ဒီထက်ဆိုးရွားတဲ့ ပြစ်ဒဏ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

"ကြိမ်ဒဏ်ခံဖို့အတွက် ထောင်ကိုသွားခဲ့ရတဲ့နေ့က ကျွန်ဘဝမှာ အဆိုးရွားဆုံးနေ့ပါပဲ။ ထောင်ရောက်တော့ သူတို့က ကျွန်မခြေထောက်တွေကို သံခြေကျင်းခတ်ထားပြီး လက်တွေကိုလည်း လက်ထိပ်ခတ်ထားတယ်" လို့ သူမက ဆိုပါတယ်။

အီရန်မှာ အမျိုးသမီးတွေဟာ ကခုန်ခွင့်နဲ့ အရက်သောက်ခွင့်မရှိပါဘူး။

တေရန်မြို့ရဲ့ ညဘက်တွေမှာ ပါတီတွေ တိတ်တဆိတ်ကျင့်ပလျက်ရှိပြီး ဖမ်းမိရင်တော့ အမျိုးသားရော အမျိုးသမီးပါ ပြင်းထန်စွာ အပြစ်ပေးခံရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top