Royal Maung Bamar Residence
×

ရန္ကုန္တိုင္းေဒသႀကီး သန္လ်င္ၿမိဳ႕နယ္မွာ အသက္(၂)ႏွစ္အရြယ္ မိန္းကေလးကို အိမ္ရွင္ျဖစ္သူ အမ်ိဳးသမီးက သံပိုက္လံုးန႔ဲ ေခါင္းကို ႐ိုက္ခဲ့တဲ့အတြက္ ေသဆံုးမႈျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။
ႏို၀င္ဘာလ (၉)ရက္ မနက္ (၁၀)နာရီ အခ်ိန္က ျဖစ္ပြားခဲ့တာျဖစ္ၿပီး အိမ္ရွင္ျဖစ္သူက မိန္းကေလးငယ္ကို ထိုင္ထ အခါ(၂၀)လုပ္ခိုင္းရာ မရတဲ့အတြက္ ႐ိုက္ခဲ့တာျဖစ္တယ္လို႔ ရဲမွတ္တမ္းအရသိရပါတယ္။
ျဖစ္စဥ္ကေတာ့ ေက်ာက္တန္းၿမိဳ႕နယ္ ပါဒေက်းရြာေန ကိုခ်စ္မင္းဦး၊ မ၀င္း၀င္းေအးနဲ႔ အသက္(၂)ႏွစ္အရြယ္ မစႏၵာဦးတို႔မိသားစုဟာ သန္လ်င္ၿမိဳ႕နယ္ ေညာင္သံုးပင္ေက်းရြာက ေဒၚထက္ထက္ခ်ိဳရဲ႕ ေနအိမ္မွာ အလုပ္လုပ္ကိုင္ခဲ့ပါတယ္။
ႏို၀င္ဘာလ (၁)ရက္ေန႔မွာေတာ့ မ၀င္း၀င္းေအးက ေနရပ္ျဖစ္တဲ့ ပါဒေက်းရြာကို တစ္ဦးတည္းအလည္ျပန္လာခဲ့ပါတယ္။
(၉)ရက္ေန႔မနက္ပိုင္းမွာ ခင္ပြန္းျဖစ္သူ ကိုခ်စ္မင္းဦး ဆိတ္ေက်ာင္းသြားစဥ္ အခုလို ျဖစ္စဥ္ျဖစ္ပြားခဲ့တာပါ။
ေသဆံုးသြားတဲ့ အသက္(၂)ႏွစ္အရြယ္ မစႏၵာဦးကို အိမ္ရွင္ျဖစ္သူ ေဒၚထက္ထက္ခ်ိဳ၊ ခင္ပြန္းျဖစ္သူ ဦးၿဖိဳးေ၀လင္းနဲ႔ ဖခင္ျဖစ္သူ ကိုခ်စ္မင္းဦးတို႔က မိခင္ျဖစ္သူကို အေၾကာင္းမၾကားခဲ့ဘဲ အမိုးနီသုသာန္မွာ မီးသၿဂိၤဳလ္ခဲ့ပါတယ္။
မိန္းကေလးငယ္ရဲ႕ မိခင္ျဖစ္သူက ညေနပိုင္းမွသာ သမီးျဖစ္သူေသဆံုးတာကို သိၿပီး သန္လ်င္ၿမိဳ႕ကိုျပန္လာခဲ့တာပါ။
ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး မိခင္ျဖစ္သူ မ၀င္း၀င္းေအးက သန္လ်င္ၿမိဳ႕မရဲစခန္းကို တိုင္ၾကားခဲ့ရာ ဦးၿဖိဳးေ၀လင္းနဲ႔ ကိုခ်စ္မင္းဦးတို႔ကို ဖမ္းဆီးထားၿပီး (ပ) (၂၁၅၁/၂၀၁၆)၊ ရာဇသတ္ႀကီးဥပေဒအရအမႈဖြင့္အေရးယူထားပါတယ္။
ထြက္ေျပးတိမ္းေရွာင္ေနတဲ့ ေဒၚထက္ထက္ခ်ိဳကိုေတာ့ ဖမ္းဆီးစစ္ေဆးႏိုင္ေရး ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:5 Plus News

#Unicode Version
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်မှာ အသက်(၂)နှစ်အရွယ် မိန်းကလေးကို အိမ်ရှင်ဖြစ်သူ အမျိုးသမီးက သံပိုက်လုံးနဲ့ ခေါင်းကို ရိုက်ခဲ့တဲ့အတွက် သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ (၉)ရက် မနက် (၁၀)နာရီ အချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အိမ်ရှင်ဖြစ်သူက မိန်းကလေးငယ်ကို ထိုင်ထ အခါ(၂၀)လုပ်ခိုင်းရာ မရတဲ့အတွက် ရိုက်ခဲ့တာဖြစ်တယ်လို့ ရဲမှတ်တမ်းအရသိရပါတယ်။

ဖြစ်စဉ်ကတော့ ကျောက်တန်းမြို့နယ် ပါဒကျေးရွာနေ ကိုချစ်မင်းဦး၊ မဝင်းဝင်းအေးနဲ့ အသက်(၂)နှစ်အရွယ် မစန္ဒာဦးတို့မိသားစုဟာ သန်လျင်မြို့နယ် ညောင်သုံးပင်ကျေးရွာက ဒေါ်ထက်ထက်ချိုရဲ့ နေအိမ်မှာ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။

နိုဝင်ဘာလ (၁)ရက်နေ့မှာတော့ မဝင်းဝင်းအေးက နေရပ်ဖြစ်တဲ့ ပါဒကျေးရွာကို တစ်ဦးတည်းအလည်ပြန်လာခဲ့ပါတယ်။

(၉)ရက်နေ့မနက်ပိုင်းမှာ ခင်ပွန်းဖြစ်သူ ကိုချစ်မင်းဦး ဆိတ်ကျောင်းသွားစဉ် အခုလို ဖြစ်စဉ်ဖြစ်ပွားခဲ့တာပါ။


သေဆုံးသွားတဲ့ အသက်(၂)နှစ်အရွယ် မစန္ဒာဦးကို အိမ်ရှင်ဖြစ်သူ ဒေါ်ထက်ထက်ချို၊ ခင်ပွန်းဖြစ်သူ ဦးဖြိုးဝေလင်းနဲ့ ဖခင်ဖြစ်သူ ကိုချစ်မင်းဦးတို့က မိခင်ဖြစ်သူကို အကြောင်းမကြားခဲ့ဘဲ အမိုးနီသုသာန်မှာ မီးသဂြိၤုလ်ခဲ့ပါတယ်။

မိန်းကလေးငယ်ရဲ့ မိခင်ဖြစ်သူက ညနေပိုင်းမှသာ သမီးဖြစ်သူသေဆုံးတာကို သိပြီး သန်လျင်မြို့ကိုပြန်လာခဲ့တာပါ။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မိခင်ဖြစ်သူ မဝင်းဝင်းအေးက သန်လျင်မြို့မရဲစခန်းကို တိုင်ကြားခဲ့ရာ ဦးဖြိုးဝေလင်းနဲ့ ကိုချစ်မင်းဦးတို့ကို ဖမ်းဆီးထားပြီး (ပ) (၂၁၅၁/၂၀၁၆)၊ ရာဇသတ်ကြီးဥပဒေအရအမှုဖွင့်အရေးယူထားပါတယ်။

ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေါ်ထက်ထက်ချိုကိုတော့ ဖမ်းဆီးစစ်ဆေးနိုင်ရေး ကြိုးပမ်းနေတယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:5 Plus News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top