Kantharyar Centre
×

ဆယ္ေက်ာ္သက္ဆိုတာကေတာ့ သစ္ရြက္လႈပ္ရင္ေတာင္ ရင္ခုန္ခ်င္ၾကတဲ့အရြယ္ပါ။ အသက္ ၂၀ ေက်ာ္လာတဲ့အခါမွာေတာ့ ရွိသင့္တဲ့အေတြ႕အၾကံဳေတြရွိျပီး နားလည္သင့္သေလာက္ နားလည္ေနျပီလို႕လည္း ေျပာလို႕ရပါတယ္။ ဒါဆိုဘယ္အခ်က္ေတြမွာ ဘယ္လိုကြဲျပားကြာျခားသြားသလဲ...

၁။ Crush

ဆယ္ေက်ာ္သက္ - ႏႈတ္ခမ္းေမြး၊ မုတ္ဆိတ္ေမြးစစနဲ႕ ၾကည့္ေကာင္းတာမ်ိဳးေတြဆို Crush မိတယ္။ အသက္ ၂၀ေက်ာ္အရြယ္ - ကိုယ့္ကိုဂရုတစိုက္နဲ႕ အခ်ိန္မွန္ဖုန္းေခၚ Message ပို႕ျပီး နားလည္မႈရွိေပးမယ့္သူမ်ိဳးကိုပဲ Crush ခ်င္တယ္။

၂။ စိတ္လႈပ္ရွားမႈ

ဆယ္ေက်ာ္သက္ - ေကာင္ေခ်ာေလးေတြနဲ႕စကားေျပာရေတာ့မယ္ဆိုရင္ သူငယ္ခ်င္းေတြကိုအတင္းဆြဲေခၚျပီး ျဖစ္ႏိုင္ရင္ ကိုယ့္ကိုသူဂရုစိုက္မိသြားမွာေတာင္ ရွက္ေနေၾကာက္ေနေသးတယ္။

အသက္ ၂၀ေက်ာ္အရြယ္ - လိုအပ္တဲ့အခ်က္ေတြ၊ ေျပာစရာရွိ၊ ေမးစရာရွိတာေတြ ေမးျမန္းေျပာဆိုရဲလာတယ္။ သိပ္စိတ္မလႈပ္ရွားေတာ့ဘူး။

၃။ ခ်ိန္းေတြ႕တာ

ဆယ္ေက်ာ္သက္ - သူေျပာသမွ်ပဲနားေထာင္ေနတာမ်ားတယ္။ အသက္ ၂၀ေက်ာ္အရြယ္ - ဘား၊ ပါတီတစ္ခုခုကိုအရင္ဖိတ္ရင္ဖိတ္ မဖိတ္ရင္ အတူသြားဖို႕ ညွိႏႈိင္းတယ္။

၄။ အၾကင္နာေပးတာ

ဆယ္ေက်ာ္သက္ - အရမ္းရွက္တယ္။ ေတာ္ရံုဘယ္သူမွအျမင္မခံႏိုင္ဘူး။ အသက္ ၂၀ေက်ာ္အရြယ္ - အေျခအေနနဲ႕အခ်ိန္အခါသင့္ရင္ အလြယ္တကူ အၾကင္နာေပးဖို႕ ၀န္မေလးေတာ့ဘူး။

၅။ Message ပို႕တာ၊ Chat တာ

ဆယ္ေက်ာ္သက္ - ခ်စ္ဖို႕ေကာင္းမယ့္ emoji ေလးေတြ၊ စကားအတုိေလးေတြ ညွပ္ပို႕တယ္။

အသက္ ၂၀ေက်ာ္အရြယ္ - ျဖစ္ႏိုင္ရင္တိုတုိနဲ႕လိုရင္းပဲပို႕ေတာ့တယ္။ ဖြဲ႕ႏြဲ႕စရာေတြကို လူခ်င္းေတြ႕မွ ေျပာမယ္ဆိုတဲ့သေဘာ။

၆။ ရည္းစားေဟာင္းနဲ႕ေတြ႕တဲ့အခါ

ဆယ္ေက်ာ္သက္ - ျဖစ္ႏုိင္ရင္ ထြက္ေျပးဖို႕ၾကိဳးစားမယ္။ လံုး၀မ်က္ႏွာခ်င္းမဆိုင္ခ်င္ဘူး။ အလြဲလြဲအေခ်ာ္ေခ်ာ္ေတြလည္း လုပ္မိတယ္။

အသက္ ၂၀ေက်ာ္အရြယ္ - ေအးေအးေဆးေဆးပဲ။ တုန္လႈပ္ရင္ေတာင္ သူမသိေစရဘူး။ ျပံဳးျပႏႈတ္ဆက္တာေတာင္ လုပ္ခ်င္လုပ္လိုက္ဦးမယ္။

၇။ ခ်စ္သူနဲ႕လမ္းခြဲျပီးခါစ


ဆယ္ေက်ာ္သက္ - သူငယ္ခ်င္းေတြအားလံုးက အားေပးရ၊ ႏွစ္သိမ့္ရနဲ႕ စိတ္ကိုမနည္းေျဖေဖ်ာက္ႏုိင္ဖုိ႕ ၾကိဳးစားရတယ္။

အသက္ ၂၀ေက်ာ္အရြယ္ - ခံစားရတဲ့အခ်ိန္ ငိုပစ္လိုက္တယ္။ ျပီးရင္ အေကာင္းဆံုးအလွဆံုးျပင္ဆင္ခ်ယ္သျပီး သူငယ္ခ်င္းေတြနဲ႕ ပြဲလမ္းသဘင္ေတြ၊ Shopping နဲ႕ ပါတီေတြသြားဖို႕ ၾကိဳးစားတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

ဆယ်ကျော်သက်ဆိုတာကတော့ သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်ချင်ကြတဲ့အရွယ်ပါ။ အသက် ၂၀ ကျော်လာတဲ့အခါမှာတော့ ရှိသင့်တဲ့အတွေ့အကြုံတွေရှိပြီး နားလည်သင့်သလောက် နားလည်နေပြီလို့လည်း ပြောလို့ရပါတယ်။ ဒါဆိုဘယ်အချက်တွေမှာ ဘယ်လိုကွဲပြားကွာခြားသွားသလဲ...

၁။ Crush

ဆယ်ကျော်သက် - နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးစစနဲ့ ကြည့်ကောင်းတာမျိုးတွေဆို Crush မိတယ်။ အသက် ၂၀ကျော်အရွယ် - ကိုယ့်ကိုဂရုတစိုက်နဲ့ အချိန်မှန်ဖုန်းခေါ် Message ပို့ပြီး နားလည်မှုရှိပေးမယ့်သူမျိုးကိုပဲ Crush ချင်တယ်။

၂။ စိတ်လှုပ်ရှားမှု

ဆယ်ကျော်သက် - ကောင်ချောလေးတွေနဲ့စကားပြောရတော့မယ်ဆိုရင် သူငယ်ချင်းတွေကိုအတင်းဆွဲခေါ်ပြီး ဖြစ်နိုင်ရင် ကိုယ့်ကိုသူဂရုစိုက်မိသွားမှာတောင် ရှက်နေကြောက်နေသေးတယ်။

အသက် ၂၀ကျော်အရွယ် - လိုအပ်တဲ့အချက်တွေ၊ ပြောစရာရှိ၊ မေးစရာရှိတာတွေ မေးမြန်းပြောဆိုရဲလာတယ်။ သိပ်စိတ်မလှုပ်ရှားတော့ဘူး။

၃။ ချိန်းတွေ့တာ

ဆယ်ကျော်သက် - သူပြောသမျှပဲနားထောင်နေတာများတယ်။ အသက် ၂၀ကျော်အရွယ် - ဘား၊ ပါတီတစ်ခုခုကိုအရင်ဖိတ်ရင်ဖိတ် မဖိတ်ရင် အတူသွားဖို့ ညှိနှိုင်းတယ်။

၄။ အကြင်နာပေးတာ

ဆယ်ကျော်သက် - အရမ်းရှက်တယ်။ တော်ရုံဘယ်သူမှအမြင်မခံနိုင်ဘူး။ အသက် ၂၀ကျော်အရွယ် - အခြေအနေနဲ့အချိန်အခါသင့်ရင် အလွယ်တကူ အကြင်နာပေးဖို့ ဝန်မလေးတော့ဘူး။

၅။ Message ပို့တာ၊ Chat တာ

ဆယ်ကျော်သက် - ချစ်ဖို့ကောင်းမယ့် emoji လေးတွေ၊ စကားအတိုလေးတွေ ညှပ်ပို့တယ်။

အသက် ၂၀ကျော်အရွယ် - ဖြစ်နိုင်ရင်တိုတိုနဲ့လိုရင်းပဲပို့တော့တယ်။ ဖွဲ့နွဲ့စရာတွေကို လူချင်းတွေ့မှ ပြောမယ်ဆိုတဲ့သဘော။

၆။ ရည်းစားဟောင်းနဲ့တွေ့တဲ့အခါ

ဆယ်ကျော်သက် - ဖြစ်နိုင်ရင် ထွက်ပြေးဖို့ကြိုးစားမယ်။ လုံးဝမျက်နှာချင်းမဆိုင်ချင်ဘူး။ အလွဲလွဲအချော်ချော်တွေလည်း လုပ်မိတယ်။

အသက် ၂၀ကျော်အရွယ် - အေးအေးဆေးဆေးပဲ။ တုန်လှုပ်ရင်တောင် သူမသိစေရဘူး။ ပြုံးပြနှုတ်ဆက်တာတောင် လုပ်ချင်လုပ်လိုက်ဦးမယ်။

၇။ ချစ်သူနဲ့လမ်းခွဲပြီးခါစ


ဆယ်ကျော်သက် - သူငယ်ချင်းတွေအားလုံးက အားပေးရ၊ နှစ်သိမ့်ရနဲ့ စိတ်ကိုမနည်းဖြေဖျောက်နိုင်ဖို့ ကြိုးစားရတယ်။

အသက် ၂၀ကျော်အရွယ် - ခံစားရတဲ့အချိန် ငိုပစ်လိုက်တယ်။ ပြီးရင် အကောင်းဆုံးအလှဆုံးပြင်ဆင်ချယ်သပြီး သူငယ်ချင်းတွေနဲ့ ပွဲလမ်းသဘင်တွေ၊ Shopping နဲ့ ပါတီတွေသွားဖို့ ကြိုးစားတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top