Kantharyar Centre
×

ရင္သားနာက်င္ျခင္းနဲ႔ ပတ္သက္လို႔    cyclical breast pain (ရာသီႏွင့္ဆိုင္ေသာ ရင္သားနာက်င္ျခင္း) နဲ႔ non-cyclical breast pain (ရာသီႏွင့္မဆိုင္ေသာ ရင္သားနာက်င္ျခင္း) ဆိုၿပီး  ႏွစ္မ်ဳိးရွိပါတယ္။  

 Cyclical  breast pain (ရာသီႏွင့္ဆိုင္ေသာ ရင္သားနာက်င္ျခင္း)

        Cyclical  breast pain  ဆိုတာ ရာသီလာခ်ိန္မစမီမွာ  ေဟာ္မုန္းေျပာင္းလဲမႈေတြေၾကာင့္ျဖစ္လာတဲ့  ရင္သားနာက်င္ျခင္း ျဖစ္ပါတယ္။ အမ်ားအားျဖင့္ ရင္သားႏွစ္ဖက္လံုး နာက်င္တာျဖစ္ၿပီး အသက္ငယ္တဲ့ အမ်ိဳးသမီးေလးေတြမွာ အျဖစ္မ်ားပါတယ္။ ရင္သားကတင္းၿပီး  နာက်င္တာ၊ ဆူးစူးေနသလို တဆစ္ဆစ္ခံစားရတာေတြ ျဖစ္ႏိုင္ပါတယ္။  ရင္သားမွနာက်င္မႈအရွိန္ေၾကာင့္ ခ်ဳိင္း၊ လက္ေမာင္းတစ္ေလွ်ာက္ နာက်င္ကိုက္ခဲသလိုခံစားရတတ္ပါတယ္။ လစဥ္လတိုင္း ရာသီလာခ်ိန္အနီးအနား၀န္းက်င္ ရင္သားနာက်င္ျခင္းျဖစ္ေပၚတတ္ၿပီး နာက်င္မႈျပင္းအားက အၿမဲတေစေတာ့မတူညီႏိုင္ပါဘူး။ ရာသီလာၿပီးသြားရင္ သူ႔အလိုလို သက္သာသြားေလ့ရွိပါတယ္။ 

         ရင္သားနာက်င္ျခင္းဆိုတာ ရင္သားႀကီးတာနဲ႔လဲမဆိုင္သလို အျခားေသာရင္သားနဲ႔ဆိုင္ တဲ့ ေရာဂါေတြျဖစ္ေစျခင္းရဲ႕ ေရွ႕ေျပးလကၡဏာလည္း  မဟုတ္ပါဘူး။  ေသြးဆံုးခ်ိန္မွာ ရင္သားနာက်င္ျခင္းဟာ အလိုအေလ်ာက္မခံစားရေတာ့တာ မ်ားပါတယ္။

        ပံုမွန္ဆိုရင္ေတာ့ နာက်င္တာဟာ ေဆးေသာက္စရာမလိုတဲ့ အေနအထားမ်ဳိးေလာက္သာ ျဖစ္ပါတယ္။ ဒါေပမယ့္ တခ်ိဳ႕အမ်ိဳးသမီးေတြမွာ ျပင္းျပင္းထန္ထန္နာတာမ်ိဳးလဲ ႀကံဳရႏိုင္ပါတယ္။ ဒီလို ရင္သားနာက်င္ခ်ိန္မွာ နာက်င္မႈဒဏ္ သက္သာေလ်ာ့ပါးေအာင္   ဆရာ၀န္နဲ႔တိုင္ပင္ၿပီး အကိုက္အခဲေပ်ာက္ေဆးေတြ ေသာက္ေပးလို႔ ရပါတယ္။   အဓိက ကေတာ့   ကုိယ္နဲ႕မေတာ္တဲ့  ဘရာကို မ၀တ္မိဖို႔ပါ။  အိပ္ရာ၀င္ခ်ိန္မွာ၀တ္တဲ့ဘရာကုိ တင္းတင္းက်ပ္က်ပ္၀တ္တာမ်ိဳးကို ေရွာင္က်ဥ္မယ္၊  ေလ့က်င့္ခန္းလုပ္ခ်ိန္မွာ ရင္သားအားေကာင္းစြာေထာက္ပံ့ မႈေပးမယ့္  sports  bra  မ်ဳိးကို ၀တ္ဆင္မယ္ဆိုပါက ရင္သားနာက်င္မႈကို ေလွ်ာ့ခ်ႏိုင္မွာျဖစ္ပါတယ္။  မဂၢနီဆီယမ္ျဖည့္စြက္အားေဆးကို ေနာက္တစ္ေခါက္ရာသီမလာခင္ ႏွစ္ပတ္ေလာက္ႀကိဳေသာက္ထားပါက ရင္သားနာက်င္ျခင္းကို သက္သာေစႏိုင္ပါတယ္။   ျပည့္၀ဆီပါတဲ့  အစားအစာေတြေလွ်ာ့စားမယ္၊   ကဖင္းဓာတ္ပါ၀င္တဲ့  အခ်ဳိရည္၊ လက္ဖက္ရည္၊ ေကာ္ဖီေလွ်ာ့ေသာက္မယ္  ရင္သားအလြန္အမင္းနာက်င္ျခင္းမ်ိဳး မရွိေစႏိုင္ပါဘူး။    



Non-cyclical  breast pain (ရာသီႏွင့္မဆိုင္ေသာ ရင္သားနာက်င္ျခင္း)

        Non-cyclical  breast pain ဟာ   ျဖစ္ရင္း  အေၾကာင္းမသိရေသာ   ရင္သားနာက်င္မႈမ်ဳိးျဖစ္ပါတယ္။ ကင္ဆာမဟုတ္တဲ့  ရင္သားအဖုအက်ိတ္ေတြ၊  ျပည္တည္နာနဲ႔ ရင္သားအတြင္း အရည္အိတ္တည္ျခင္းတို႔ေၾကာင့္လည္း ရင္သားနာက်င္မႈကိုျဖစ္ေစႏိုင္သလို  ႏို႔တိုက္ျခင္းေၾကာင့္ လည္း ႏို႔အံုေရာင္ရမ္းနာျဖစ္ေစႏိုင္ပါတယ္။ ယခင္က ရင္သားခြဲစိတ္ခံရဖူးသူေတြမွာလည္း ရင္သားနာက်င္ျခင္းကို ခံစားရတတ္ပါတယ္။ ေဆးလိပ္ေသာက္ျခင္း၊ ကဖင္းဓာတ္၊ စိတ္က်န္းမာေရးအတြက္ေသာက္တဲ့ ေဆး၀ါးတခ်ဳိ႕၊  မႈိေရာဂါအတြက္သံုးတဲ့ ေဆး၀ါးတခ်ဳိ႕ကလည္း  ရင္သားနာက်င္ေစတဲ့   အေၾကာင္းမ်ားထဲမွာ ပါ၀င္ပါတယ္။

        အသက္  30-50 ၾကား  အမ်ဳိးသမီးေတြမွာ non-cyclical  breast pain  အျဖစ္မ်ားၿပီး ရင္သားတစ္ဖက္တည္းမွာသာ နာက်င္ကိုက္ခဲတာမ်ဳိးျဖစ္တတ္ပါတယ္။   ရင္သားနာက်င္မႈေ၀ဒနာ သက္သာေအာင္  cyclical  breast pain  မွာ  ကုသနည္းတိုင္း ကုသလို႔ရပါတယ္။ ရင္သားနာက်င္မႈဟာ  အခ်ိန္တိုအတြင္း  ေပ်ာက္ကင္းသြားမႈမရွိဘူး၊  နာက်င္မႈလည္းျပင္းထန္မယ္ဆိုရင္ေတာ့  ဆရာ၀န္နဲ႔ ဂရုတစိုက္ျပၿပီး ျဖစ္ေစတဲ့ အေၾကာင္းအရင္းကို အဓိကထား ကုသေပးဖို႔ လိုအပ္ပါတယ္။



♦ ရင္သားႏွင့္ပတ္သက္ၿပီး  သတိထားသင့္သည့္အခ်က္မ်ား

    ရင္သားႏွစ္ဖက္လံုးမွာ  အဖု ဒါမွမဟုတ္ အသားစိုင္လို မာခဲခဲျဖစ္ေနလွ်င္
    ႏို႔သီးေခါင္းထိပ္မွ   ျပည္ဆန္ဆန္အရည္မ်ဳိးထြက္လွ်င္
    ခ်ဳိင္းႏွစ္ဖက္တြင္   အဖု (သို႔ ) ေရာင္ရမ္းျခင္းျဖစ္ေနလွ်င္
    ရင္သားအရြယ္အစား  (သို႔) ပံုသ႑ာန္ေျပာင္းေနလွ်င္
    ႏို႔သီးေခါင္းခ်ဳိင့္၀င္ေနလွ်င္
    ရာသီစက္၀န္းအခ်ိန္အပုိင္းအျခား၌မဟုတ္ဘဲ ရင္သားႏွစ္ဖက္  (သို႔) ခ်ဳိင္းတြင္နာက်င္ေနလွ်င္ ဆရာ၀န္္ျပဖို႔လိုအပ္ပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: drmyanmar

Unicode Version

ရင်သားနာကျင်ခြင်းနဲ့ ပတ်သက်လို့    cyclical breast pain (ရာသီနှင့်ဆိုင်သော ရင်သားနာကျင်ခြင်း) နဲ့ non-cyclical breast pain (ရာသီနှင့်မဆိုင်သော ရင်သားနာကျင်ခြင်း) ဆိုပြီး  နှစ်မျိုးရှိပါတယ်။ 

 Cyclical  breast pain (ရာသီနှင့်ဆိုင်သော ရင်သားနာကျင်ခြင်း)

        Cyclical  breast pain  ဆိုတာ ရာသီလာချိန်မစမီမှာ  ဟော်မုန်းပြောင်းလဲမှုတွေကြောင့်ဖြစ်လာတဲ့  ရင်သားနာကျင်ခြင်း ဖြစ်ပါတယ်။ အများအားဖြင့် ရင်သားနှစ်ဖက်လုံး နာကျင်တာဖြစ်ပြီး အသက်ငယ်တဲ့ အမျိုးသမီးလေးတွေမှာ အဖြစ်များပါတယ်။ ရင်သားကတင်းပြီး  နာကျင်တာ၊ ဆူးစူးနေသလို တဆစ်ဆစ်ခံစားရတာတွေ ဖြစ်နိုင်ပါတယ်။  ရင်သားမှနာကျင်မှုအရှိန်ကြောင့် ချိုင်း၊ လက်မောင်းတစ်လျှောက် နာကျင်ကိုက်ခဲသလိုခံစားရတတ်ပါတယ်။ လစဉ်လတိုင်း ရာသီလာချိန်အနီးအနားဝန်းကျင် ရင်သားနာကျင်ခြင်းဖြစ်ပေါ်တတ်ပြီး နာကျင်မှုပြင်းအားက အမြဲတစေတော့မတူညီနိုင်ပါဘူး။ ရာသီလာပြီးသွားရင် သူ့အလိုလို သက်သာသွားလေ့ရှိပါတယ်။

         ရင်သားနာကျင်ခြင်းဆိုတာ ရင်သားကြီးတာနဲ့လဲမဆိုင်သလို အခြားသောရင်သားနဲ့ဆိုင် တဲ့ ရောဂါတွေဖြစ်စေခြင်းရဲ့ ရှေ့ပြေးလက္ခဏာလည်း  မဟုတ်ပါဘူး။  သွေးဆုံးချိန်မှာ ရင်သားနာကျင်ခြင်းဟာ အလိုအလျောက်မခံစားရတော့တာ များပါတယ်။

        ပုံမှန်ဆိုရင်တော့ နာကျင်တာဟာ ဆေးသောက်စရာမလိုတဲ့ အနေအထားမျိုးလောက်သာ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့အမျိုးသမီးတွေမှာ ပြင်းပြင်းထန်ထန်နာတာမျိုးလဲ ကြုံရနိုင်ပါတယ်။ ဒီလို ရင်သားနာကျင်ချိန်မှာ နာကျင်မှုဒဏ် သက်သာလျော့ပါးအောင်   ဆရာဝန်နဲ့တိုင်ပင်ပြီး အကိုက်အခဲပျောက်ဆေးတွေ သောက်ပေးလို့ ရပါတယ်။   အဓိက ကတော့   ကိုယ်နဲ့မတော်တဲ့  ဘရာကို မဝတ်မိဖို့ပါ။  အိပ်ရာဝင်ချိန်မှာဝတ်တဲ့ဘရာကို တင်းတင်းကျပ်ကျပ်ဝတ်တာမျိုးကို ရှောင်ကျဉ်မယ်၊  လေ့ကျင့်ခန်းလုပ်ချိန်မှာ ရင်သားအားကောင်းစွာထောက်ပံ့ မှုပေးမယ့်  sports  bra  မျိုးကို ဝတ်ဆင်မယ်ဆိုပါက ရင်သားနာကျင်မှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။  မဂ္ဂနီဆီယမ်ဖြည့်စွက်အားဆေးကို နောက်တစ်ခေါက်ရာသီမလာခင် နှစ်ပတ်လောက်ကြိုသောက်ထားပါက ရင်သားနာကျင်ခြင်းကို သက်သာစေနိုင်ပါတယ်။   ပြည့်ဝဆီပါတဲ့  အစားအစာတွေလျှော့စားမယ်၊   ကဖင်းဓာတ်ပါဝင်တဲ့  အချိုရည်၊ လက်ဖက်ရည်၊ ကော်ဖီလျှော့သောက်မယ်  ရင်သားအလွန်အမင်းနာကျင်ခြင်းမျိုး မရှိစေနိုင်ပါဘူး။   



Non-cyclical  breast pain (ရာသီနှင့်မဆိုင်သော ရင်သားနာကျင်ခြင်း)

        Non-cyclical  breast pain ဟာ   ဖြစ်ရင်း  အကြောင်းမသိရသော   ရင်သားနာကျင်မှုမျိုးဖြစ်ပါတယ်။ ကင်ဆာမဟုတ်တဲ့  ရင်သားအဖုအကျိတ်တွေ၊  ပြည်တည်နာနဲ့ ရင်သားအတွင်း အရည်အိတ်တည်ခြင်းတို့ကြောင့်လည်း ရင်သားနာကျင်မှုကိုဖြစ်စေနိုင်သလို  နို့တိုက်ခြင်းကြောင့် လည်း နို့အုံရောင်ရမ်းနာဖြစ်စေနိုင်ပါတယ်။ ယခင်က ရင်သားခွဲစိတ်ခံရဖူးသူတွေမှာလည်း ရင်သားနာကျင်ခြင်းကို ခံစားရတတ်ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ ကဖင်းဓာတ်၊ စိတ်ကျန်းမာရေးအတွက်သောက်တဲ့ ဆေးဝါးတချို့၊  မှိုရောဂါအတွက်သုံးတဲ့ ဆေးဝါးတချို့ကလည်း  ရင်သားနာကျင်စေတဲ့   အကြောင်းများထဲမှာ ပါဝင်ပါတယ်။

        အသက်  30-50 ကြား  အမျိုးသမီးတွေမှာ non-cyclical  breast pain  အဖြစ်များပြီး ရင်သားတစ်ဖက်တည်းမှာသာ နာကျင်ကိုက်ခဲတာမျိုးဖြစ်တတ်ပါတယ်။   ရင်သားနာကျင်မှုဝေဒနာ သက်သာအောင်  cyclical  breast pain  မှာ  ကုသနည်းတိုင်း ကုသလို့ရပါတယ်။ ရင်သားနာကျင်မှုဟာ  အချိန်တိုအတွင်း  ပျောက်ကင်းသွားမှုမရှိဘူး၊  နာကျင်မှုလည်းပြင်းထန်မယ်ဆိုရင်တော့  ဆရာဝန်နဲ့ ဂရုတစိုက်ပြပြီး ဖြစ်စေတဲ့ အကြောင်းအရင်းကို အဓိကထား ကုသပေးဖို့ လိုအပ်ပါတယ်။



♦ ရင်သားနှင့်ပတ်သက်ပြီး  သတိထားသင့်သည့်အချက်များ

    ရင်သားနှစ်ဖက်လုံးမှာ  အဖု ဒါမှမဟုတ် အသားစိုင်လို မာခဲခဲဖြစ်နေလျှင်
    နို့သီးခေါင်းထိပ်မှ   ပြည်ဆန်ဆန်အရည်မျိုးထွက်လျှင်
    ချိုင်းနှစ်ဖက်တွင်   အဖု (သို့ ) ရောင်ရမ်းခြင်းဖြစ်နေလျှင်
    ရင်သားအရွယ်အစား  (သို့) ပုံသဏ္ဍာန်ပြောင်းနေလျှင်
    နို့သီးခေါင်းချိုင့်ဝင်နေလျှင်
    ရာသီစက်ဝန်းအချိန်အပိုင်းအခြား၌မဟုတ်ဘဲ ရင်သားနှစ်ဖက်  (သို့) ချိုင်းတွင်နာကျင်နေလျှင် ဆရာဝန်ပြဖို့လိုအပ်ပါပြီ။


ဖိုးသူတော် (www.phothutaw.com)
Credit: drmyanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top