မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား ဝဘ်ဆိုက်
×

အသက် (၆၀)အရွယ် ခရီးသည်ကို ထိုးကြိတ်ခဲ့တဲ့ ဘီအမ်ခရီးသည်တင် ယာဉ်နောက်လိုက်ကို ရဲအက်ဥပဒေနဲ့ ထောင်ဒဏ်ရှစ်ရက်ချမှတ်ခဲ့ပြီး ပုဒ်မသုံးခုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

အဆိုပါယာဉ်ဟာ မြောက်ဒဂုံနဲ့ ဆူးလေကို ပြေးဆွဲတာဖြစ်ပြီး ယာဉ်စီးခပိုမိုတောင်းခံတာကြောင့် မကျေနပ်ကြောင်း ပြောကြားရာက အသက် ၆၀ အရွယ်ခရီးသည်ကို ယာဉ်ပေါ်က ကန်ချကာ လက်သီးနဲ့ ထိုးခဲ့တာ ဖြစ်ပါတယ်။

ထိုးကြိတ်ခဲ့တဲ့ ယာဉ်နောက်လိုက်ဟာ အသက် ၁၉ နှစ်အရွယ်ဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက် မနက်က ရန်ကင်းရဲစခန်းကို လာရောက်အဖမ်းခံခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါဖြစ်ရပ်ဟာ အွန်လိုင်းပေါ်မှာ ပြန့်နှံ့ခဲ့ပြီး ခရီးသည်တင်ယာဉ်နောက်လိုက်အချို့ရဲ့ အပြုအမူနဲ့ပက်သတ်ပြီး  လူအများဝေဖန်ပြောကြားခဲ့ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top