Property Expo
×

အမ်ိဳးသား ဘက္က သေႏၶတားနည္းေတြကို ေဆးပညာရွင္ေတြက တီထြင္စမ္းသပ္လ်က္ ရွိေနၿပီး အဲဒီထဲက နည္းလမ္းတစ္ခု ျဖစ္တဲ့ သေႏၶတားထိုးေဆး စမ္းသပ္မႈကေတာ့ ေဘးထြက္ဆိုးက်ိဳးေတြ ရွိလာလို႔ ရပ္တန႔္ထားရတယ္လို႔ သိရပါတယ္။
ဒီ စမ္းသပ္မႈကို အသက္ ၁၈ က ၄၅ အတြင္း ရွိၾကၿပီး အတူေနသူ အမ်ိဳးသမီးေတြ ရွိေနတဲ့ အမ်ိဳးသား ၃၂၀ ဦးနဲ႕ စမ္းသပ္ခဲ့တာ ျဖစ္ပါတယ္။ ဒီ အမ်ိဳးသားေတြဟာ ထိုးေဆးကို ၈ ပတ္တစ္ခါ ထိုးရတာ ျဖစ္ၿပီး ဒီေဆးရဲ႕ အက်ိဳးဆက္ကေတာ့ တက္စတိုစတီ႐ုန္း ( testosterone) လို႔ ေခၚတဲ့ အမ်ိဳးသား ေဟာ္မုန္း ပမာဏကို သိသိသာသာ ေလ်ာ့က်သြားေစတာပါ။

ဒီသေႏၶတားထိုးေဆးဟာ သေႏၶတားရာမွာ သိသိသာသာ ေအာင္ျမင္ခဲ့ေပမယ့္ ဦးေႏွာက္ကိုထိခိုက္ေစတဲ့ ေဘးထြက္ဆိုးက်ိဳးေတြလည္း ရွိေနခဲ့ပါတယ္။စမ္းသပ္မႈမွာ ပါဝင္ခဲ့တဲ့ အမ်ိဳးသားေတြဟာ စိတ္က်ေရာဂါကို အဓိက ခံစားလာရၿပီး အျခား စိတ္အေျပာင္းအလဲ (Mood Swing ) ျဖစ္တဲ့ အေျခအေနအခ်ိဳ႕ကိုလည္း ေတြ႕ႀကဳံခဲ့ရပါတယ္။ ဒီလို ျဖစ္တာနဲ႕ ပတ္သက္ၿပီး “အမ်ိဳးသားေတြဟာ အမ်ိဳးသမီးေတြေလာက္ေတာင္ စိတ္ေျပာင္းလဲမႈ၊ စိတ္ရႈပ္ေထြးမႈဒဏ္ကို ခံနိုင္စြမ္း မရွိၾကဘူးလား “လို႔လည္း တခ်ိဳ႕သတင္းဌာနက ေမးခြန္းထုတ္တဲ့ ပုံစံ ေရးသားထားၾကပါတယ္။ အဲဒီလို စိတ္ေျပာင္းလဲတာအျပင္ ႂကြက္သားနာက်င္မႈေတြ ၊ ဝက္ၿခံျဖစ္ပြားမႈေတြလည္း မ်ားျပားလာခဲ့ၿပီး ဆိုးဆိုး႐ြား႐ြားထိခိုက္တဲ့ အေျခအေန စုစုေပါင္း ၁,၄၉၁ ခု ျဖစ္ပြားခဲ့တာေၾကာင့္ ဒီ ထိုးေဆး အစီအစဥ္ကို ရပ္တန႔္ခဲ့ ရတာပဲ ျဖစ္ပါတယ္။


Ref: CNN : ” Male birth control shot found effective, but side effects cut study short ”

PEOPLE : ” Men Back Out of Male Birth Control Study Because They Couldn’t Handle the ‘Changes in Mood ”


ဖိုးသူေတာ္ (www.phothutaw.com)
Credit:(ရိုးရာေလး)

#Unicode Version
အမျိုးသား ဘက်က သန္ဓေတားနည်းတွေကို ဆေးပညာရှင်တွေက တီထွင်စမ်းသပ်လျက် ရှိနေပြီး အဲဒီထဲက နည်းလမ်းတစ်ခု ဖြစ်တဲ့ သန္ဓေတားထိုးဆေး စမ်းသပ်မှုကတော့ ဘေးထွက်ဆိုးကျိုးတွေ ရှိလာလို့ ရပ်တန့်ထားရတယ်လို့ သိရပါတယ်။
ဒီ စမ်းသပ်မှုကို အသက် ၁၈ က ၄၅ အတွင်း ရှိကြပြီး အတူနေသူ အမျိုးသမီးတွေ ရှိနေတဲ့ အမျိုးသား ၃၂၀ ဦးနဲ့ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီ အမျိုးသားတွေဟာ ထိုးဆေးကို ၈ ပတ်တစ်ခါ ထိုးရတာ ဖြစ်ပြီး ဒီဆေးရဲ့ အကျိုးဆက်ကတော့ တက်စတိုစတီရုန်း ( testosterone) လို့ ခေါ်တဲ့ အမျိုးသား ဟော်မုန်း ပမာဏကို သိသိသာသာ လျော့ကျသွားစေတာပါ။

ဒီသန္ဓေတားထိုးဆေးဟာ သန္ဓေတားရာမှာ သိသိသာသာ အောင်မြင်ခဲ့ပေမယ့် ဦးနှောက်ကိုထိခိုက်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနေခဲ့ပါတယ်။စမ်းသပ်မှုမှာ ပါဝင်ခဲ့တဲ့ အမျိုးသားတွေဟာ စိတ်ကျရောဂါကို အဓိက ခံစားလာရပြီး အခြား စိတ်အပြောင်းအလဲ (Mood Swing ) ဖြစ်တဲ့ အခြေအနေအချို့ကိုလည်း တွေ့ကြုံခဲ့ရပါတယ်။ ဒီလို ဖြစ်တာနဲ့ ပတ်သက်ပြီး “အမျိုးသားတွေဟာ အမျိုးသမီးတွေလောက်တောင် စိတ်ပြောင်းလဲမှု၊ စိတ်ရှုပ်ထွေးမှုဒဏ်ကို ခံနိုင်စွမ်း မရှိကြဘူးလား “လို့လည်း တချို့သတင်းဌာနက မေးခွန်းထုတ်တဲ့ ပုံစံ ရေးသားထားကြပါတယ်။ အဲဒီလို စိတ်ပြောင်းလဲတာအပြင် ကြွက်သားနာကျင်မှုတွေ ၊ ဝက်ခြံဖြစ်ပွားမှုတွေလည်း များပြားလာခဲ့ပြီး ဆိုးဆိုးရွားရွားထိခိုက်တဲ့ အခြေအနေ စုစုပေါင်း ၁,၄၉၁ ခု ဖြစ်ပွားခဲ့တာကြောင့် ဒီ ထိုးဆေး အစီအစဉ်ကို ရပ်တန့်ခဲ့ ရတာပဲ ဖြစ်ပါတယ်။


Ref: CNN : ” Male birth control shot found effective, but side effects cut study short ”

PEOPLE : ” Men Back Out of Male Birth Control Study Because They Couldn’t Handle the ‘Changes in Mood ”


ဖိုးသူတော် (www.phothutaw.com)
Credit:(ရိုးရာလေး)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top