Kantharyar Centre
×

က်ြန္မတို႕ မိန္းမသားေတြဟာ ခႏၶာကိုယ္အခ်ိဳးအစား ေျပာင္းလဲသြားျပီ၊ အေလးခ်ိန္ပိုလာသလို ဗိုက္ေခါက္ထြက္တာမ်ိဳးေတြဘာေတြရွိလာျပီဆုိတာနဲ႕ အ၀တ္အစားပိုင္းကစလို႕ ကိုယ့္ကိုကုိယ္ယံုၾကည္မႈတည္ေဆာက္တဲ့အပိုင္းေတြမွာပါ အဆင္မေျပေတာ့ပါဘူး။ ဒီေတာ့ ခႏၶာကိုယ္အေလးခ်ိန္ေလ်ွာ့ဖုိ႕ နည္းမ်ိဳးစံုနဲ႕ ၾကိဳးစားေလ့ရွိၾကပါတယ္။ တစ္ခ်ိဳ႕ကလည္း အစားနဲ႕ေလ်ွာ့တယ္။ တစ္ခ်ိဳ႕က်ေတာ့လည္း အားကစားလုပ္ျပီးခ်တယ္။ သင္ဟာ ခုနေျပာသလို တစ္နည္းနည္းနဲ႕ ၀ိတ္ခ်ဖုိ႕ ၾကိဳးစားေနသူဆုိရင္ ခုေျပာျပမယ့္အခ်က္ကေလးေတြကုိပါ ျဖည့္စြက္လုပ္ေဆာင္ၾကည့္လိုက္ပါ။ အက်ိဳးထူးတာ ေတြ႕ရပါလိမ့္မယ္။

၁။မွန္ကန္တဲ့ စားေသာက္နည္းေတြကို လိုက္နာပါ။

ေလ့က်င့္ခန္းေတြ ဘယ္ေလာက္လုပ္လုပ္ ၀ိတ္မက်လုိ႔ စိတ္ညစ္ေနရၿပီလား။ တစ္ေန႔တစ္ေန႔ သင္ဘာေတြ စားေသာက္ေနသလဲဆုိတဲ့ အေျဖကို ရွာလိုက္ပါ။ ေလ့က်င့္ခန္းေတာ့ လုပ္ပါရဲ႕။ ဒါေပမယ့္ ကယ္လိုရီမ်ားတဲ့ အစားအစာေတြ စားၿမဲစားေနတယ္ဆုိရင္ေတာ့ ၀ိတ္က်မွာ မဟုတ္ပါဘူး။

၂။လႈပ္ရွားမႈ မ်ားမ်ားလုပ္ပါ။

ကိုယ္လက္ေလ့က်င့္ခန္းလုပ္ဖုိ႔ အခ်ိန္ မရွိဘူးလား။ ဒါဆုိရင္လည္း တတ္ႏိုင္သမွ် လႈပ္လႈပ္ရွားရွားေနပါ။ လမ္းေလွ်ာက္တာမ်ိဳး၊ ရံုးမွာ တစ္ခ်ိန္လံုး ထုိင္မေနပဲ လႈပ္လႈပ္ရွားရွားေနတာမ်ိဳးေပါ့။

၃။မနက္စာပံုမွန္စားပါ။

မနက္စာမ်ားမ်ားစာတာ ကိစၥမရွိပါဘူး။ စားကိုစားေပးရမွာပါ။ မနက္စာမစားပဲ ေန႔လည္စာ၊ ညစာေတြ အလြန္အကၽြံစားတာမ်ိဳးကမွ ၀ိတ္တက္ေစတာပါ။

၄။အဆာေျပ စားတဲ့အစားအစာေတြကိုလည္း ထည့္စဥ္းစားပါ။

ထမင္းစားၿပီးေနာက္ပိုင္း အဆာေျပစားတဲ့ မုန္႔ေတြ၊ snack ေတြဟာ သင့္ခႏၶာကိုယ္ အေလးခ်ိန္တိုးေစတာမ်ိဳး ရွိပါတယ္။ စားေနတဲ့ အဆာေျပအစားအစာအတြက္ ငါဘယ္ေလာက္ေတာ့ စားလိုက္ၿပီ ဆိုတာမ်ိဳး ထည့္တြက္စဥ္းစားပါ။

၅။သင့္ရဲ႕ပန္းတုိင္ကဘာလဲဆုိတာေတြးပါ။

တစ္ေန႔တစ္ေန႔ ငါ ၀ိတ္မက်ေသးဘူး၊ ဒီေလာက္ပဲ က်ေသးတယ္ဆုိတာကို ေတြးမယ့္အစား ရွိေနတဲ့ ခႏၶာကိုယ္အေနအထားအေလးခ်ိန္ကို သေဘာေပါက္ၿပီး တစ္ျဖည္းျဖည္း ထိန္းသိမ္းသြားတာမ်ိဳးပဲ ျဖစ္သင့္ပါတယ္။ ဒါဟာ ေရရွည္အတြက္ တကယ့္ကို သင့္ေတာ္တဲ့နည္းပါပဲ။

၆။စားေသာက္ဆုိင္မွာခ်ည္း ထြက္စားတာမ်ိဳးေရွာင္ပါ။

ျဖစ္ႏိုင္ရင္ အိမ္မွာ ကိုယ့္စိတ္ႀကိဳက္ ခ်က္စားတာမ်ိဳး ျပဳလုုပ္ပါ။ အသီးအရြက္သုပ္၊ ခ်ဥ္ရည္ဟင္း၊ ဒါမွမဟုတ္လည္း အရြက္ေၾကာ္ စတာေလးေတြ ကိုယ့္စိတ္ႀကိဳက္ ခ်က္ျပဳတ္စားေသာက္ရင္း ၀င္ေငြကိုလည္း ၿခိဳးၿခံလိုက္ပါ။

၇။အိပ္ခ်ိန္ျပည့္ျပည့္၀၀ရွိပါေစ။

တစ္ေန႔ကို ၇နာရီေတာင္ျပည့္ေအာင္ မအိပ္ရတဲ့သူေတြဟာ အစားအေသာက္ေတြကို ပိုစားျဖစ္ေလ့ရွိပါတယ္။ အိပ္ခ်ိန္ျပည့္၀ေအာင္ အခ်ိန္ေပးအိပ္စက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar
Unicode Version

ကျွန်မတို့ မိန်းမသားတွေဟာ ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲသွားပြီ၊ အလေးချိန်ပိုလာသလို ဗိုက်ခေါက်ထွက်တာမျိုးတွေဘာတွေရှိလာပြီဆိုတာနဲ့ အဝတ်အစားပိုင်းကစလို့ ကိုယ့်ကိုကိုယ်ယုံကြည်မှုတည်ဆောက်တဲ့အပိုင်းတွေမှာပါ အဆင်မပြေတော့ပါဘူး။ ဒီတော့ ခန္ဓာကိုယ်အလေးချိန်လျှော့ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားလေ့ရှိကြပါတယ်။ တစ်ချို့ကလည်း အစားနဲ့လျှော့တယ်။ တစ်ချို့ကျတော့လည်း အားကစားလုပ်ပြီးချတယ်။ သင်ဟာ ခုနပြောသလို တစ်နည်းနည်းနဲ့ ဝိတ်ချဖို့ ကြိုးစားနေသူဆိုရင် ခုပြောပြမယ့်အချက်ကလေးတွေကိုပါ ဖြည့်စွက်လုပ်ဆောင်ကြည့်လိုက်ပါ။ အကျိုးထူးတာ တွေ့ရပါလိမ့်မယ်။

၁။မှန်ကန်တဲ့ စားသောက်နည်းတွေကို လိုက်နာပါ။

လေ့ကျင့်ခန်းတွေ ဘယ်လောက်လုပ်လုပ် ဝိတ်မကျလို့ စိတ်ညစ်နေရပြီလား။ တစ်နေ့တစ်နေ့ သင်ဘာတွေ စားသောက်နေသလဲဆိုတဲ့ အဖြေကို ရှာလိုက်ပါ။ လေ့ကျင့်ခန်းတော့ လုပ်ပါရဲ့။ ဒါပေမယ့် ကယ်လိုရီများတဲ့ အစားအစာတွေ စားမြဲစားနေတယ်ဆိုရင်တော့ ဝိတ်ကျမှာ မဟုတ်ပါဘူး။

၂။လှုပ်ရှားမှု များများလုပ်ပါ။

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ အချိန် မရှိဘူးလား။ ဒါဆိုရင်လည်း တတ်နိုင်သမျှ လှုပ်လှုပ်ရှားရှားနေပါ။ လမ်းလျှောက်တာမျိုး၊ ရုံးမှာ တစ်ချိန်လုံး ထိုင်မနေပဲ လှုပ်လှုပ်ရှားရှားနေတာမျိုးပေါ့။

၃။မနက်စာပုံမှန်စားပါ။

မနက်စာများများစာတာ ကိစ္စမရှိပါဘူး။ စားကိုစားပေးရမှာပါ။ မနက်စာမစားပဲ နေ့လည်စာ၊ ညစာတွေ အလွန်အကျွံစားတာမျိုးကမှ ဝိတ်တက်စေတာပါ။

၄။အဆာပြေ စားတဲ့အစားအစာတွေကိုလည်း ထည့်စဉ်းစားပါ။

ထမင်းစားပြီးနောက်ပိုင်း အဆာပြေစားတဲ့ မုန့်တွေ၊ snack တွေဟာ သင့်ခန္ဓာကိုယ် အလေးချိန်တိုးစေတာမျိုး ရှိပါတယ်။ စားနေတဲ့ အဆာပြေအစားအစာအတွက် ငါဘယ်လောက်တော့ စားလိုက်ပြီ ဆိုတာမျိုး ထည့်တွက်စဉ်းစားပါ။

၅။သင့်ရဲ့ပန်းတိုင်ကဘာလဲဆိုတာတွေးပါ။

တစ်နေ့တစ်နေ့ ငါ ဝိတ်မကျသေးဘူး၊ ဒီလောက်ပဲ ကျသေးတယ်ဆိုတာကို တွေးမယ့်အစား ရှိနေတဲ့ ခန္ဓာကိုယ်အနေအထားအလေးချိန်ကို သဘောပေါက်ပြီး တစ်ဖြည်းဖြည်း ထိန်းသိမ်းသွားတာမျိုးပဲ ဖြစ်သင့်ပါတယ်။ ဒါဟာ ရေရှည်အတွက် တကယ့်ကို သင့်တော်တဲ့နည်းပါပဲ။

၆။စားသောက်ဆိုင်မှာချည်း ထွက်စားတာမျိုးရှောင်ပါ။

ဖြစ်နိုင်ရင် အိမ်မှာ ကိုယ့်စိတ်ကြိုက် ချက်စားတာမျိုး ပြုလုုပ်ပါ။ အသီးအရွက်သုပ်၊ ချဉ်ရည်ဟင်း၊ ဒါမှမဟုတ်လည်း အရွက်ကြော် စတာလေးတွေ ကိုယ့်စိတ်ကြိုက် ချက်ပြုတ်စားသောက်ရင်း ဝင်ငွေကိုလည်း ခြိုးခြံလိုက်ပါ။

၇။အိပ်ချိန်ပြည့်ပြည့်၀၀ရှိပါစေ။

တစ်နေ့ကို ၇နာရီတောင်ပြည့်အောင် မအိပ်ရတဲ့သူတွေဟာ အစားအသောက်တွေကို ပိုစားဖြစ်လေ့ရှိပါတယ်။ အိပ်ချိန်ပြည့်ဝအောင် အချိန်ပေးအိပ်စက်ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top