Property Expo
×

ေသြးကင္ဆာကို သတိထား မိတာက ဒုတိယ ကမၻာစစ္ အၿပီးမွာပါ။ ဒုတိယ ကမၻာစစ္မွာ အေမရိကန္ ပုလဲဆိပ္ကမ္း ကို ဗံုးသြားႀကဲေတာ့ အေမရိကန္က ဂ်ပန္ေတြကို ျပန္တိုက္ရင္းနဲ႔ ဟီ႐ိုရွီးမားနဲ႔ နာဂါစကီကို ၁၉၄၅ ခုႏွစ္ ဩဂုတ္ ၆ ရက္နဲ႔ ၈ ရက္ေန႔မွာ ႏ်ဴကလီးယား ဗံုးႀကဲ တယ္။ အဲဒီလိုႀကဲတဲ့ အခ်ိန္မွာ ႏ်ဴကလီး ယားအရွိန္နဲ႔ ေသသြား တာေတြလည္း အမ်ားႀကီးပဲ။ သိန္းခ်ီၿပီး ေသတယ္။ အဲဒီ မ်ိဳးဆက္ေတြက ေနာက္ ၁၀ ႏွစ္၊ ၁၅ ႏွစ္ၾကာတဲ့ အခ်ိန္မွာ ေသြးကင္ဆာျဖစ္ လာတယ္။ အဲဒါနဲ႔ ပတ္သက္တဲ့ ဝတၳဳေလး တစ္ပုဒ္၊ တကယ့္ျဖစ္ရပ္ ပါပဲ။ နာမည္ ေတာ့ ဆရာမမွတ္မိဘူး။ အဲဒီတုန္းက ဆရာတို႔ဆီက ေက်ာင္းသားေလး ႏွစ္ ေယာက္ကို ပညာေတာ္သင္ဖို႔ ဂ်ပန္ႏိုင္ငံ ၿမိဳ႕ေတာ္ တိုက်ိဳမွာ လႊတ္ထားတယ္။ ဟီ႐ိုရွီးမားမွာ ဗံုးႀကဲတယ္ ဆိုေတာ့ ျမန္မာ လူမ်ိဳးပီပီ အဲဒီမွာ ျမန္မာ ေက်ာင္းသား ေတြလည္း လႊတ္ထားတယ္ ဆိုေတာ့ လူေတြက ဒုကၡေရာက္ေနေတာ့ သူတို႔ က ဟီ႐ိုရွီးမားမွာ သြားၿပီး ကူညီၾကတယ္။ အဲဒီအခ်ိန္မွာ သူတို႔ ဖ်ားတာေတာ့ နည္း နည္း ရွိတယ္။ ျပန္ေကာင္း သြားေတာ့ သိပ္မသိသာဘူး။ ျမန္မာႏိုင္ငံ ျပန္လာၿပီး တခ်ိဳ႕ဆို တာဝန္အႀကီးႀကီးယူရတယ္။ စစ္တပ္မွာ စစ္သံမွဴးတို႔ ဘာတို႔ ျဖစ္ လိုက္ၾကေသးတယ္။ ဒါေပမဲ့ အၿငိမ္းစား ယူခါနီးမွာ သူတို႔မွာ ေသြးကင္ဆာ စျဖစ္ ေနၿပီ။ ႏ်ဴကလီးယား ထိေတြ႕ၿပီး ခ်က္ခ်င္း ေရာဂါမျဖစ္ေပမယ့္ ၁၅-၂၀ ႏွစ္ေလာက္ ၾကာမွ ေသြးကင္ဆာျဖစ္လာ ပါတယ္။
ေသြးကင္ဆာဆိုတာ
ေသြးကင္ဆာဆိုတဲ့ အသံုးအႏႈန္းက အားလံုးနဲ႔ေတာ့ ရင္းႏွီးမွာပါ။ ဥပမာ-ကို ရီးယား ဇာတ္လမ္းတြဲေတြ ထဲမွာဆိုရင္ ဇာတ္ေကာင္က လူကီးမီးယားလို႔ေခၚတဲ့ ေသြးကင္ဆာျဖစ္တယ္ ဆိုတာမ်ိဳးေတြ ေတြ႕ျမင္ေနရပါတယ္။ ကင္ဆာဆိုတာ ခႏၶာကိုယ္မွာရွိတဲ့ ဆဲလ္ေတြ ထိန္းမရ ေအာင္ ပြားလာတာပါ။ ထိန္းခ်ဳပ္လို႔ လည္း မရဘူး။ ကင္ဆာျဖစ္ပြားလာရတဲ့ အေၾကာင္းရင္းကို ဖယ္တာေတာင္မွထပ္ ျဖစ္ႏိုင္ပါတယ္။ ေသြးကင္ဆာက မ်ိဳး႐ိုး ဗီဇနဲ႔ အဓိကဆိုင္ပါတယ္။ မ်ိဳးဗီဇေျပာင္း လဲသြားတာမ်ိဳးနဲ႔ ဆိုင္ပါတယ္။
ေသြးကင္ဆာ အမ်ိဳးအစား
ေသြးကင္ဆာထဲမွာ ႐ုတ္တရက္အ ျပင္းအထန္ျဖစ္တဲ့ Acute ဆိုတာ ရွိ တယ္။ Chronic ဆိုတဲ့ နာတာရွည္ေသြး ကင္ဆာရွိတယ္။ အဲဒီမွာမွ နားလည္ ေအာင္ ေျပာရရင္ Lymphoid Cells ေတြမွာ အဓိကျဖစ္တဲ့ ေသြးကင္ဆာတစ္ မ်ိဳးကေတာ့ Lyphoblastic Leukemia ေတြမွာျဖစ္တဲ့ ေသြးကင္ဆာက Myeloid Cells ဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္။ ေသြးကင္ဆာက အမ်ားအားျဖင့္ ေယဘုယ်အေနနဲ႔ေျပာရ ရင္ ႐ုတ္တရက္နဲ႔ နာတာရွည္ရွိတဲ့အထဲ မွာ ႐ုတ္တရက္က ကေလးေတြမွာ စျဖစ္ တာ မ်ားၿပီး နာတာရွည္ကေတာ့ အမ်ား အားျဖင့္ အသက္ႀကီး တဲ့သူေတြမွာ ျဖစ္ပါ တယ္။
ေသြးကင္ဆာ ျဖစ္ပြားမႈနွုန္း
ျမန္မာနိုင္ငံမွာ ေသြးကင္တာ ျဖစ္ပြားမႈႏႈန္းက အသင့္အတင့္ရိွပါတယ္။ အတိအက်ေျပာလို႔ မရတာက ကင္ဆာလူနာ ေတြကို ေကာက္ယူထားတဲ့ စာရင္းက ရန္ ကုန္ၿမိဳ႕၊ မႏၱေလးၿမိဳ႕နဲ႔ ေနျပည္ေတာ္က လြဲလို႔ က်န္တဲ့ေနရာေတြမွာက စုစည္းဖို႔ ခက္လို႔ပါ။ ဒါေပမဲ့ ျဖစ္ႏႈန္းကေတာ့ မနည္းလွပါဘူး။ ေသြးကင္ဆာ ျဖစ္ပြားေစတဲ့အေၾကာင္း===== မ်ိဳး႐ိုးဗီဇအေျပာင္းအလဲက အမ်ား ႀကီး ပါပါတယ္။ အဲဒီမ်ိဳး႐ိုးဗီဇကို ေျပာင္း ေစတဲ့အေၾကာင္းရင္းေတြကဓာတုပစၥည္း ေတြ၊ ဓာတ္ေရာင္ျခည္ပစၥည္းေတြနဲ႔ ႏ်ဴက လီးယားပစၥည္းေတြနဲ႔ ထိေတြ႕မႈေတြ ေၾကာင့္ ျဖစ္ႏိုင္ေျခမ်ားပါတယ္။
ျဖစ္ပြားနိုင္ေျခမ်ားသူမ်ား
တကယ္ေတာ့ ဂ်ပန္တို႔၊ ကိုရီးယား တို႔မွာ ႏ်ဴကလီးယား ဓာတ္ေပါင္းဖိုေတြ ရွိတဲ့အတြက္ အျဖစ္မ်ားတာ ေတြ႕ရပါ တယ္။႐ုရွားမွာဆိုရင္လည္း ႏ်ဴကလီးယား ဓာတ္ေပါင္းဖိုေတြ ရွိတယ္။ အဲဒါေတြရဲ႕ အက်ိဳးဆက္ေလးေတြ စေတြ႕ေနရပါၿပီ။ ဒါက ထင္သာျမင္သာရွိတဲ့ ဥပမာပါပဲ။ ဓာတုေဗဒ ေဆးဝါးေတြေၾကာင့္လည္း ေသြးကင္ဆာ ျဖစ္တတ္ပါတယ္။ က ေလးဘဝမွာ ဓာတ္ေရာင္ျခည္ကုသမႈ ခံယူခဲ့တာတို႔ တျခားကင္ဆာေဆးဝါး ေတြနဲ႔ ကုသမႈခံယူတာတို႔ ဆိုရင္လည္း ျဖစ္ပါတယ္။ အဓိက အေၾကာင္းရင္းက ခ႐ိုမိုဆုမ္းနဲ႔ မ်ိဳး႐ိုးဗီဇေၾကာင့္ ျဖစ္တာပါ။ အျဖစ္မ်ားတဲ့သူေတြကေတာ့ ဓာတု ပစၥည္းနဲ႔ ထိေတြ႕တဲ့သူေတြ၊ ႏ်ဴကလီး ယားဓာတ္ေပါင္းဖိုမွာ အလုပ္လုပ္တဲ့သူ ေတြ၊ အဏုျမဴဗံုးေတြႀကဲခံရတဲ့ ေနရာမွာ ရွိတဲ့သူေတြ၊ ႏ်ဴကလီးယားဓာတ္ေပါင္းဖို စိမ့္ထြက္တဲ့တစ္ဝိုက္မွာ ႀကံဳခဲ့တဲ့သူေတြ၊ မ်ိဳး႐ိုးဗီဇရွိခဲ့တဲ့သူေတြပါပဲ။
မ်ိဳးရိုးဗီဇ
တစ္ခါတေလက်ရင္ အေဖကေန သား သမီးကို တိုက္႐ိုက္မ်ိဳး႐ိုးလိုက္တာ မဟုတ္ ဘဲနဲ႔ အဘိုးအဘြားကေန မ်ိဳး႐ိုးလိုက္တာ ရွိတယ္။ ပန္းပြင့္ေလးေတြလိုပဲ။ တစ္ခါ တေလက်ရင္ ငုပ္ဗီဇဆိုတာမ်ိဳး ေတြ႕ရပါ တယ္။ ငုပ္ဗီဇဆိုတာ သားသမီးမွာ မေပၚဘူး၊ ေျမးမွာ မေပၚဘူး၊ ျမစ္က်မွ သြားေပၚတာမ်ိဳးေတြေပါ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ပါေမာကၡေဒါက္တာစိန္လင္း (ခြဲစိတ္ႏွင့္ကင္ဆာပါရဂူ)

#Unicode Version
သွေးကင်ဆာကို သတိထား မိတာက ဒုတိယ ကမ္ဘာစစ် အပြီးမှာပါ။ ဒုတိယ ကမ္ဘာစစ်မှာ အမေရိကန် ပုလဲဆိပ်ကမ်း ကို ဗုံးသွားကြဲတော့ အမေရိကန်က ဂျပန်တွေကို ပြန်တိုက်ရင်းနဲ့ ဟီရိုရှီးမားနဲ့ နာဂါစကီကို ၁၉၄၅ ခုနှစ် ဩဂုတ် ၆ ရက်နဲ့ ၈ ရက်နေ့မှာ နျူကလီးယား ဗုံးကြဲ တယ်။ အဲဒီလိုကြဲတဲ့ အချိန်မှာ နျူကလီး ယားအရှိန်နဲ့ သေသွား တာတွေလည်း အများကြီးပဲ။ သိန်းချီပြီး သေတယ်။ အဲဒီ မျိုးဆက်တွေက နောက် ၁၀ နှစ်၊ ၁၅ နှစ်ကြာတဲ့ အချိန်မှာ သွေးကင်ဆာဖြစ် လာတယ်။ အဲဒါနဲ့ ပတ်သက်တဲ့ ဝတ္ထုလေး တစ်ပုဒ်၊ တကယ့်ဖြစ်ရပ် ပါပဲ။ နာမည် တော့ ဆရာမမှတ်မိဘူး။ အဲဒီတုန်းက ဆရာတို့ဆီက ကျောင်းသားလေး နှစ် ယောက်ကို ပညာတော်သင်ဖို့ ဂျပန်နိုင်ငံ မြို့တော် တိုကျိုမှာ လွှတ်ထားတယ်။ ဟီရိုရှီးမားမှာ ဗုံးကြဲတယ် ဆိုတော့ မြန်မာ လူမျိုးပီပီ အဲဒီမှာ မြန်မာ ကျောင်းသား တွေလည်း လွှတ်ထားတယ် ဆိုတော့ လူတွေက ဒုက္ခရောက်နေတော့ သူတို့ က ဟီရိုရှီးမားမှာ သွားပြီး ကူညီကြတယ်။ အဲဒီအချိန်မှာ သူတို့ ဖျားတာတော့ နည်း နည်း ရှိတယ်။ ပြန်ကောင်း သွားတော့ သိပ်မသိသာဘူး။ မြန်မာနိုင်ငံ ပြန်လာပြီး တချို့ဆို တာဝန်အကြီးကြီးယူရတယ်။ စစ်တပ်မှာ စစ်သံမှူးတို့ ဘာတို့ ဖြစ် လိုက်ကြသေးတယ်။ ဒါပေမဲ့ အငြိမ်းစား ယူခါနီးမှာ သူတို့မှာ သွေးကင်ဆာ စဖြစ် နေပြီ။ နျူကလီးယား ထိတွေ့ပြီး ချက်ချင်း ရောဂါမဖြစ်ပေမယ့် ၁၅-၂၀ နှစ်လောက် ကြာမှ သွေးကင်ဆာဖြစ်လာ ပါတယ်။
သွေးကင်ဆာဆိုတာ
သွေးကင်ဆာဆိုတဲ့ အသုံးအနှုန်းက အားလုံးနဲ့တော့ ရင်းနှီးမှာပါ။ ဥပမာ-ကို ရီးယား ဇာတ်လမ်းတွဲတွေ ထဲမှာဆိုရင် ဇာတ်ကောင်က လူကီးမီးယားလို့ခေါ်တဲ့ သွေးကင်ဆာဖြစ်တယ် ဆိုတာမျိုးတွေ တွေ့မြင်နေရပါတယ်။ ကင်ဆာဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေ ထိန်းမရ အောင် ပွားလာတာပါ။ ထိန်းချုပ်လို့ လည်း မရဘူး။ ကင်ဆာဖြစ်ပွားလာရတဲ့ အကြောင်းရင်းကို ဖယ်တာတောင်မှထပ် ဖြစ်နိုင်ပါတယ်။ သွေးကင်ဆာက မျိုးရိုး ဗီဇနဲ့ အဓိကဆိုင်ပါတယ်။ မျိုးဗီဇပြောင်း လဲသွားတာမျိုးနဲ့ ဆိုင်ပါတယ်။
သွေးကင်ဆာ အမျိုးအစား
သွေးကင်ဆာထဲမှာ ရုတ်တရက်အ ပြင်းအထန်ဖြစ်တဲ့ Acute ဆိုတာ ရှိ တယ်။ Chronic ဆိုတဲ့ နာတာရှည်သွေး ကင်ဆာရှိတယ်။ အဲဒီမှာမှ နားလည် အောင် ပြောရရင် Lymphoid Cells တွေမှာ အဓိကဖြစ်တဲ့ သွေးကင်ဆာတစ် မျိုးကတော့ Lyphoblastic Leukemia တွေမှာဖြစ်တဲ့ သွေးကင်ဆာက Myeloid Cells ဆိုပြီး နှစ်မျိုးရှိပါတယ်။ သွေးကင်ဆာက အများအားဖြင့် ယေဘုယျအနေနဲ့ပြောရ ရင် ရုတ်တရက်နဲ့ နာတာရှည်ရှိတဲ့အထဲ မှာ ရုတ်တရက်က ကလေးတွေမှာ စဖြစ် တာ များပြီး နာတာရှည်ကတော့ အများ အားဖြင့် အသက်ကြီး တဲ့သူတွေမှာ ဖြစ်ပါ တယ်။
သွေးကင်ဆာ ဖြစ်ပွားမှုနှုန်း
မြန်မာနိုင်ငံမှာ သွေးကင်တာ ဖြစ်ပွားမှုနှုန်းက အသင့်အတင့်ရှိပါတယ်။ အတိအကျပြောလို့ မရတာက ကင်ဆာလူနာ တွေကို ကောက်ယူထားတဲ့ စာရင်းက ရန် ကုန်မြို့၊ မန္တလေးမြို့နဲ့ နေပြည်တော်က လွဲလို့ ကျန်တဲ့နေရာတွေမှာက စုစည်းဖို့ ခက်လို့ပါ။ ဒါပေမဲ့ ဖြစ်နှုန်းကတော့ မနည်းလှပါဘူး။ သွေးကင်ဆာ ဖြစ်ပွားစေတဲ့အကြောင်း===== မျိုးရိုးဗီဇအပြောင်းအလဲက အများ ကြီး ပါပါတယ်။ အဲဒီမျိုးရိုးဗီဇကို ပြောင်း စေတဲ့အကြောင်းရင်းတွေကဓာတုပစ္စည်း တွေ၊ ဓာတ်ရောင်ခြည်ပစ္စည်းတွေနဲ့ နျူက လီးယားပစ္စည်းတွေနဲ့ ထိတွေ့မှုတွေ ကြောင့် ဖြစ်နိုင်ခြေများပါတယ်။
ဖြစ်ပွားနိုင်ခြေများသူများ
တကယ်တော့ ဂျပန်တို့၊ ကိုရီးယား တို့မှာ နျူကလီးယား ဓာတ်ပေါင်းဖိုတွေ ရှိတဲ့အတွက် အဖြစ်များတာ တွေ့ရပါ တယ်။ရုရှားမှာဆိုရင်လည်း နျူကလီးယား ဓာတ်ပေါင်းဖိုတွေ ရှိတယ်။ အဲဒါတွေရဲ့ အကျိုးဆက်လေးတွေ စတွေ့နေရပါပြီ။ ဒါက ထင်သာမြင်သာရှိတဲ့ ဥပမာပါပဲ။ ဓာတုဗေဒ ဆေးဝါးတွေကြောင့်လည်း သွေးကင်ဆာ ဖြစ်တတ်ပါတယ်။ က လေးဘဝမှာ ဓာတ်ရောင်ခြည်ကုသမှု ခံယူခဲ့တာတို့ တခြားကင်ဆာဆေးဝါး တွေနဲ့ ကုသမှုခံယူတာတို့ ဆိုရင်လည်း ဖြစ်ပါတယ်။ အဓိက အကြောင်းရင်းက ခရိုမိုဆုမ်းနဲ့ မျိုးရိုးဗီဇကြောင့် ဖြစ်တာပါ။ အဖြစ်များတဲ့သူတွေကတော့ ဓာတု ပစ္စည်းနဲ့ ထိတွေ့တဲ့သူတွေ၊ နျူကလီး ယားဓာတ်ပေါင်းဖိုမှာ အလုပ်လုပ်တဲ့သူ တွေ၊ အဏုမြူဗုံးတွေကြဲခံရတဲ့ နေရာမှာ ရှိတဲ့သူတွေ၊ နျူကလီးယားဓာတ်ပေါင်းဖို စိမ့်ထွက်တဲ့တစ်ဝိုက်မှာ ကြုံခဲ့တဲ့သူတွေ၊ မျိုးရိုးဗီဇရှိခဲ့တဲ့သူတွေပါပဲ။
မျိုးရိုးဗီဇ
တစ်ခါတလေကျရင် အဖေကနေ သား သမီးကို တိုက်ရိုက်မျိုးရိုးလိုက်တာ မဟုတ် ဘဲနဲ့ အဘိုးအဘွားကနေ မျိုးရိုးလိုက်တာ ရှိတယ်။ ပန်းပွင့်လေးတွေလိုပဲ။ တစ်ခါ တလေကျရင် ငုပ်ဗီဇဆိုတာမျိုး တွေ့ရပါ တယ်။ ငုပ်ဗီဇဆိုတာ သားသမီးမှာ မပေါ်ဘူး၊ မြေးမှာ မပေါ်ဘူး၊ မြစ်ကျမှ သွားပေါ်တာမျိုးတွေပေါ့။

ဖိုးသူတော် (www.phothutaw.com)
Credit:ပါမောက္ခဒေါက်တာစိန်လင်း (ခွဲစိတ်နှင့်ကင်ဆာပါရဂူ)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top