Property Expo
×









Unicode Version


ရှော့ပင်း ဈေးဝယ်ထွက်တဲ့ကိစ္စက အမျိုးသမီးတွေအတွက်ဆိုရင် တော့ စိတ်ဝင်စား ပျော်ရွှင်စရာကောင်းပေမယ့်လည်း အမျိုးသား တွေအဖို့တော့ ငြီးငွေ့ပြီးတော့ စိတ်ပျက်စရာကောင်းပါတယ်။ ဒါပေ မဲ့လည်း မဖြစ်မနေမို့လို့ ချစ်သူမိန်းကလေး၊ ဇနီးသည်တို့ရဲ့ ဆန္ဒကို လိုက်လျောပေးရင်း ဈေးဝယ်ထွက်တဲ့နေရာတွေကို အဖော်လိုက် ပေးရတာမျိုး လုပ်ပေးရတာဖြစ်ပါတယ်။
ဒီ့အတွက်ကြောင့် တရုတ်နိုင်ငံရဲ့ ရှော့ပင်းမောလ်တစ်ခုက အမျိုး သားတွေကို စိတ်ပျော်ရွှင်အောင်၊ သက်တောင့်သက်သာဖြစ်အောင် ဖန်တီးပြုလုပ်ပေးလိုက်ပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ မိန်းက လေးအတွက် အဖော်လိုက်လာပေးတဲ့ အမျိုးသားတွေကို အပျင်း ပြေဖို့နဲ့ ပြုစုပေးတဲ့အခန်းတွေနဲ့ ဝန်ဆောင်မှုတွေကို ဖွင့်လှစ်ပေး လိုက်တာဖြစ်ပါတယ်။


Husband Nursey လို့ခေါ်တဲ့ အခန်းတွေမှာ ခင်ပွန်းသည်အမျိုး သားတွေက ဇနီးသည်တို့ ဈေးဝယ်ခိုက်အချိန်တွေမှာ နားနေနိုင်ပြီး အပျင်းပြေဖို့နဲ့ စိတ်လက်အပန်းဖြေဖို့တွေအတွက် ဖွင့်လှစ်ပေးထား တာဖြစ်ပါတယ်။


ကွီဘာအိုမှာ ရှိတဲ့ ဗန်ကီးရှော့ပင်းမောလ်ရဲ့ သုံးလွှာအထပ်မှာဖွင့် လှစ်ထားတဲ့ ဒီနားနေခန်းမှာဆိုရင် မဂ္ဂဇင်း၊ သတင်းစာ၊ တီဗွီတွေနဲ့ နှိပ်နယ်ပေးတဲ့ ထိုင်ခုံတွေ၊ သက်တောင့်သက်သာဖြစ်တဲ့ နားနေ ဝန်ဆောင်မှုတွေ အစရှိသဖြင့်တို့ကို ထည့်သွင်းပြင်ဆင်ပေးထား တာဖြစ်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။





 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top