Property Expo
×

ေနေလာင္ကြက္ေတြေၾကာင့္ ဘာမွစိတ္ညစ္မေနပါနဲ႔။ ေဟာဒီမွာညတြင္းခ်င္း သက္သာေပ်ာက္ကင္း ေစတဲ့ နည္းလမ္းေကာင္းေလးရွိပါတယ္။ သန္႔ရွင္းလတ္ဆတ္တဲ့ ခ်ည္သားအဝတ္စ၊ ပန္းသီးရွာလကာ ရည္ (ေခၚ) Apple Cider Veniga (City Mart တြင္ရွိ)၊ အေမႊးရနံ႔မပါေသာ သဘာဝအုန္းဆီစစ္စစ္တုိ႔ လုိအပ္ပါတယ္။

ေရွးဦးစြာ အဝတ္စေျခာက္ေျခာက္ကုိ စုိစြတ္သြားေအာင္ ေရဇလုံတစ္ခုထဲမွာႏွစ္စိမ္ၿပီး ထုိေရမ်ားကုန္ စင္ေအာင္ညႇစ္ပါ။ ၿပီးရင္အဝတ္စကုိ ပန္းသီးရွာလကာရည္ ပက္ဖ်န္းၿပီးထုိအဝတ္စျဖင့္ ေနေလာင္ ကြက္ေပၚ အသာအယာဖိ၍ ၾကပ္ထုပ္ထုိးေပးပါ။ ခ်က္ခ်င္းဆုိသလုိ နာက်င္မႈေဝဒနာမ်ား သက္သာ ေပ်ာက္ကင္းသြားပါလိမ့္မယ္။ ၾကပ္ထုပ္ထုိးၿပီးေနာက္ အေရျပားေျခာက္ေသြ႕ေအာင္ ၁၀ မိနစ္ေလာက္ ေစာင့္ၿပီး အုန္းဆီျဖင့္ ေနေလာင္ကြက္ေပၚ ခပ္သာသာဖိ၍ အသားထဲစိမ့္ဝင္သြားေအာင္ လိမ္းေပးပါ။ နံနက္အိပ္ရာထတဲ့အခါ ေနေလာင္ကြက္မ်ား သိသိသာသာ ေလ်ာ့ပါးသြားတာကုိ ဒိ႒ျမင္ေတြ႕ရပါလိမ့္ မယ္။ ေနာက္ေန႔ေတြမွာလည္း အုန္းဆီဆက္လက္ လူးေပးျခင္းျဖင့္ ေနေလာင္အေရျပားမ်ား အလႊာ လုိက္ ကြာက်သြားေစပါတယ္။

ေနေလာင္ကြက္မ်ားကုိ သတ္သာေစတဲ့ အျခားအိမ္တြင္းကုထုံးေလးမ်ားကေတာ့

(၁)     ေကြကာအုတ္အေျခာက္ကုိ ခ်ည္သား အဝတ္အိတ္သန္႔သန္႔ထဲထည့္၍ ေရဇလုံတစ္ခုထဲႏွစ္စိမ္ ပါ။ ေကြကာအုတ္အရည္ရေစဖုိ႔ အဝတ္အိတ္ကုိ အဲဒီဇလုံထဲမွာပင္ ညႇစ္ယူပါ။ ရလာေသာေကြကာ အုတ္အရည္ျဖင့္ ေနေလာင္ကြက္မ်ားေပၚ ၂ နာရီျခားတစ္ခါ လိမ္းေပးပါ။

(၂)     အဆီထုတ္ထားေသာ ႏြားႏုိ႔တစ္ခြက္ကုိ၊ ေရေလးခြက္ေရာ၍ ေရခဲတုံးအနည္းငယ္ထည့္ပါ။ ထုိႏုိ႔ရည္ေအးေအးျဖင့္ ေနေလာင္ကြက္မ်ားေပၚ ၁၅ မိနစ္လွ်င္ တစ္ႀကိမ္စီလိမ္းေပးပါ။

(၃)     ေျပာင္းဖူးေကာ္မႈန္႔ (ေခၚ) Cornstarch ကိုေရနည္းနည္းျဖင့္ ပ်စ္ေအာင္လုပ္ၿပီး၊ ေနေလာင္ ကြက္ေပၚ လိမ္းေပးႏုိင္ပါတယ္။ (ေျပာင္းဖူးေကာ္မႈန္႔ကုိ City Mart တြင္ ရရွိႏုိင္၏။)

(၄)     ဆလတ္ရြက္ကုိျပဳတ္၍ ရလာေသာအရည္ျဖင့္ ေနေလာင္ကြက္မ်ားေပၚ လိမ္းေပးပါ။ (ပုိလွ်ံ ေသာ ဆလတ္ရြက္ျပဳတ္ရည္မ်ားကုိ ေရခဲေသတၱာထဲ သိမ္းထားၿပီး ေနာက္ေန႔ဆက္သုံးႏိုင္ပါတယ္။)

(၅)     ေနေလာင္ကြက္မ်ားေပၚ ဒိန္ခ်ဥ္ လိမ္းေပးၿပီးေနာက္ ေရေအးျဖင့္ ေရခ်ဳိးပါ။

(၆)     တစ္ခါေသာက္ လက္ဖက္ေျခာက္ထုပ္ေတြကုိ ေရေႏြးစိမ္ေသာက္ၿပီးေနာက္ စြန္႔မပစ္ပါနဲ႔။ လက္ဖက္ေျခာက္ထဲတြင္ ပါရွိေသာ tannic အက္ဆစ္ဓာတ္မ်ားက မ်က္ခြံမုိ႔ေရာင္ကုိင္းျခင္းနဲ႔ ေန ေလာင္ကြက္မ်ားကုိ ေပ်ာက္ကင္းေစႏုိင္လုိ႔ပါပဲ။ ထုိလက္ဖက္ေျခာက္ အစုိထုပ္ကေလးမ်ားကုိ အေအး ခံၿပီး သုံးေပးႏုိင္ပါတယ္။
အလွအပျမတ္ႏုိးသူတိုင္း လွသထက္ပုိ၍လွႏုိင္ၾကပါေစရွင္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေၾကးမုံသတင္းစာ

Unicode Version

နေလောင်ကွက်တွေကြောင့် ဘာမှစိတ်ညစ်မနေပါနဲ့။ ဟောဒီမှာညတွင်းချင်း သက်သာပျောက်ကင်း စေတဲ့ နည်းလမ်းကောင်းလေးရှိပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ ချည်သားအဝတ်စ၊ ပန်းသီးရှာလကာ ရည် (ခေါ်) Apple Cider Veniga (City Mart တွင်ရှိ)၊ အမွှေးရနံ့မပါသော သဘာဝအုန်းဆီစစ်စစ်တို့ လိုအပ်ပါတယ်။


ရှေးဦးစွာ အဝတ်စခြောက်ခြောက်ကို စိုစွတ်သွားအောင် ရေဇလုံတစ်ခုထဲမှာနှစ်စိမ်ပြီး ထိုရေများကုန် စင်အောင်ညှစ်ပါ။ ပြီးရင်အဝတ်စကို ပန်းသီးရှာလကာရည် ပက်ဖျန်းပြီးထိုအဝတ်စဖြင့် နေလောင် ကွက်ပေါ် အသာအယာဖိ၍ ကြပ်ထုပ်ထိုးပေးပါ။ ချက်ချင်းဆိုသလို နာကျင်မှုဝေဒနာများ သက်သာ ပျောက်ကင်းသွားပါလိမ့်မယ်။ ကြပ်ထုပ်ထိုးပြီးနောက် အရေပြားခြောက်သွေ့အောင် ၁၀ မိနစ်လောက် စောင့်ပြီး အုန်းဆီဖြင့် နေလောင်ကွက်ပေါ် ခပ်သာသာဖိ၍ အသားထဲစိမ့်ဝင်သွားအောင် လိမ်းပေးပါ။ နံနက်အိပ်ရာထတဲ့အခါ နေလောင်ကွက်များ သိသိသာသာ လျော့ပါးသွားတာကို ဒိဋ္ဌမြင်တွေ့ရပါလိမ့် မယ်။ နောက်နေ့တွေမှာလည်း အုန်းဆီဆက်လက် လူးပေးခြင်းဖြင့် နေလောင်အရေပြားများ အလွှာ လိုက် ကွာကျသွားစေပါတယ်။


နေလောင်ကွက်များကို သတ်သာစေတဲ့ အခြားအိမ်တွင်းကုထုံးလေးများကတော့


(၁)     ကွေကာအုတ်အခြောက်ကို ချည်သား အဝတ်အိတ်သန့်သန့်ထဲထည့်၍ ရေဇလုံတစ်ခုထဲနှစ်စိမ် ပါ။ ကွေကာအုတ်အရည်ရစေဖို့ အဝတ်အိတ်ကို အဲဒီဇလုံထဲမှာပင် ညှစ်ယူပါ။ ရလာသောကွေကာ အုတ်အရည်ဖြင့် နေလောင်ကွက်များပေါ် ၂ နာရီခြားတစ်ခါ လိမ်းပေးပါ။


(၂)     အဆီထုတ်ထားသော နွားနို့တစ်ခွက်ကို၊ ရေလေးခွက်ရော၍ ရေခဲတုံးအနည်းငယ်ထည့်ပါ။ ထိုနို့ရည်အေးအေးဖြင့် နေလောင်ကွက်များပေါ် ၁၅ မိနစ်လျှင် တစ်ကြိမ်စီလိမ်းပေးပါ။


(၃)     ပြောင်းဖူးကော်မှုန့် (ခေါ်) Cornstarch ကိုရေနည်းနည်းဖြင့် ပျစ်အောင်လုပ်ပြီး၊ နေလောင် ကွက်ပေါ် လိမ်းပေးနိုင်ပါတယ်။ (ပြောင်းဖူးကော်မှုန့်ကို City Mart တွင် ရရှိနိုင်၏။)


(၄)     ဆလတ်ရွက်ကိုပြုတ်၍ ရလာသောအရည်ဖြင့် နေလောင်ကွက်များပေါ် လိမ်းပေးပါ။ (ပိုလျှံ သော ဆလတ်ရွက်ပြုတ်ရည်များကို ရေခဲသေတ္တာထဲ သိမ်းထားပြီး နောက်နေ့ဆက်သုံးနိုင်ပါတယ်။)


(၅)     နေလောင်ကွက်များပေါ် ဒိန်ချဉ် လိမ်းပေးပြီးနောက် ရေအေးဖြင့် ရေချိုးပါ။


(၆)     တစ်ခါသောက် လက်ဖက်ခြောက်ထုပ်တွေကို ရေနွေးစိမ်သောက်ပြီးနောက် စွန့်မပစ်ပါနဲ့။ လက်ဖက်ခြောက်ထဲတွင် ပါရှိသော tannic အက်ဆစ်ဓာတ်များက မျက်ခွံမို့ရောင်ကိုင်းခြင်းနဲ့ နေ လောင်ကွက်များကို ပျောက်ကင်းစေနိုင်လို့ပါပဲ။ ထိုလက်ဖက်ခြောက် အစိုထုပ်ကလေးများကို အအေး ခံပြီး သုံးပေးနိုင်ပါတယ်။
အလှအပမြတ်နိုးသူတိုင်း လှသထက်ပို၍လှနိုင်ကြပါစေရှင်။


ဖိုးသူတော် (www.phothutaw.com)
Credit:ကြေးမုံသတင်းစာ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top