Kantharyar Centre
×

စင္ကာပူႏုိင္ငံမွ အမ်ဳိးသမီးတစ္ဦးကုိ သူမရဲ႕ အိမ္ေမြးေၾကာင္ ၃၉ ေကာင္အား ျပဳစုေစာင့္ေ႐ွာက္ရန္ ပ်က္ကြက္မႈျဖင့္ ႏုိဝင္ဘာ ၇ ရက္မွာ ေထာင္ဒဏ္ႏွစ္ပတ္ ခ်မွတ္လိုက္ေၾကာင္း သိရပါတယ္။ ဒါ့အျပင္ ေရာ့စ္လီနာ ေရာ့စ္လင္းအမည္႐ွိ အသက္ ၃၄ ႏွစ္အ႐ြယ္ အဆုိပါ အမ်ဳိးသမီးဟာ အျခား မူးယစ္ေဆးမႈမ်ားနဲ႕လည္း ရင္ဆုိင္ခဲ့ရၿပီး စုစုေပါင္း ေထာင္ဒဏ္ ၅ ႏွစ္ခြဲေက်ာ္ က်ခံရမွာ ျဖစ္ပါတယ္။

သူမရဲ႕ေနအိမ္ကုိ စင္ကာပူ Agri-Food & Veterinary Authority (AVA) က ယခုႏွစ္ ေဖေဖၚဝါရီ ၂၅ ရက္မွာ ဝင္ေရာက္စစ္ေဆးခဲ့တာ ျဖစ္ပါတယ္။ ပတ္ဝန္းက်င္မွာ ေနထုိင္သူေတြက အဆုိပါ အမ်ဳိးသမီးေနအိမ္မွ ေၾကာင္ေခ်းနံ႔မ်ား ထြက္ေနေၾကာင္း ေျပာၾကားမႈေတြ ႐ွိခဲ့ရာမွ သက္ဆုိင္ရာက ဝင္ေရာက္စစ္ေဆးခဲ့ပါတယ္။

ဝင္ေရာက္စစ္ေဆးမႈအရ ေရာ့စ္လင္းရဲ႕ ေနအိမ္အတြင္း ညစ္ပတ္ေနတဲ့ ေၾကာင္ေတြကုိ ေလွာင္အိမ္မ်ားထဲမွာ ေတြ႕ခဲ့ရၿပီး ေၾကာင္အားလုံးဟာ က်န္းမာေရးမေကာင္းတဲ့ လကၡဏာျဖစ္ေနပါတယ္။

ဝင္ေရာက္စစ္ေဆးၿပီး မၾကာမီမွာပင္ ေၾကာင္ေလးေကာင္ ေသဆုံးသြားခဲ့ၿပီး က်န္႐ွိတဲ့ ေၾကာင္ေတြကုိ Cat Welfare Society (CWS) သုိ႕ လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရပါတယ္။ ေရာ့စ္လင္းကုိ ျပစ္ဒဏ္ခ်မွတ္မႈဟာ အိမ္ေမြးတိရစာၦန္ေတြကုိ လစ္လ်ဴ႐ႈထားပါက ျပစ္မႈေျမာက္ေၾကာင္း အမ်ားျပည္သူကုိ သိေစခဲ့တယ္လို႕ AVA က ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

စင်ကာပူနိုင်ငံမှ အမျိုးသမီးတစ်ဦးကို သူမရဲ့ အိမ်မွေးကြောင် ၃၉ ကောင်အား ပြုစုစောင့်ရှောက်ရန် ပျက်ကွက်မှုဖြင့် နိုဝင်ဘာ ၇ ရက်မှာ ထောင်ဒဏ်နှစ်ပတ် ချမှတ်လိုက်ကြောင်း သိရပါတယ်။ ဒါ့အပြင် ရော့စ်လီနာ ရော့စ်လင်းအမည်ရှိ အသက် ၃၄ နှစ်အရွယ် အဆိုပါ အမျိုးသမီးဟာ အခြား မူးယစ်ဆေးမှုများနဲ့လည်း ရင်ဆိုင်ခဲ့ရပြီး စုစုပေါင်း ထောင်ဒဏ် ၅ နှစ်ခွဲကျော် ကျခံရမှာ ဖြစ်ပါတယ်။

သူမရဲ့နေအိမ်ကို စင်ကာပူ Agri-Food & Veterinary Authority (AVA) က ယခုနှစ် ဖေဖေါ်ဝါရီ ၂၅ ရက်မှာ ဝင်ရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ နေထိုင်သူတွေက အဆိုပါ အမျိုးသမီးနေအိမ်မှ ကြောင်ချေးနံ့များ ထွက်နေကြောင်း ပြောကြားမှုတွေ ရှိခဲ့ရာမှ သက်ဆိုင်ရာက ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

ဝင်ရောက်စစ်ဆေးမှုအရ ရော့စ်လင်းရဲ့ နေအိမ်အတွင်း ညစ်ပတ်နေတဲ့ ကြောင်တွေကို လှောင်အိမ်များထဲမှာ တွေ့ခဲ့ရပြီး ကြောင်အားလုံးဟာ ကျန်းမာရေးမကောင်းတဲ့ လက္ခဏာဖြစ်နေပါတယ်။

ဝင်ရောက်စစ်ဆေးပြီး မကြာမီမှာပင် ကြောင်လေးကောင် သေဆုံးသွားခဲ့ပြီး ကျန်ရှိတဲ့ ကြောင်တွေကို Cat Welfare Society (CWS) သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။ ရော့စ်လင်းကို ပြစ်ဒဏ်ချမှတ်မှုဟာ အိမ်မွေးတိရစ္ဆာန်တွေကို လစ်လျူရှုထားပါက ပြစ်မှုမြောက်ကြောင်း အများပြည်သူကို သိစေခဲ့တယ်လို့ AVA က ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top