Property Expo
×

 အသစ္သစ္ေသာ သုေတသနျပဳလုပ္ခ်က္မ်ားအရ စိတ္ဖိစီးမႈဟာ ႏွလံုးေရာဂါရွိတဲ့အမ်ိဳးသမီးငယ္ေလးမ်ားအေပၚတြင္ အက်ိဳးသက္ေရာက္မႈရွိေၾကာင္း ေလ့လာေတြ႕ရွိရပါတယ္။

သုေတသနပညာရွင္ေတြဟာ ႏွလံုးေရာဂါအခံရွိတဲ့ အမ်ိဳးသားနဲ႔အမ်ိဳးသမီး 700 တို႔ကို စိတ္ဖိစီးမႈျဖစ္ေစႏုိင္တဲ့ လူထုေဟာေျပာပြဲတြင္ပါဝင္ေစၿပီးေနာက္ ႏွလံုးသို႔ေသြးစီးဆင္းမႈကို တုိင္းတာခဲ့ၾကတာျဖစ္ပါတယ္။ အသက္ 50 ႏွင့္ေအာက္ အမ်ိဳးသမီးေတြဟာ သက္တူရြယ္တူအမ်ိဳးသားေတြနဲ႔ အမ်ိဳးသမီးႀကီးေတြထက္ ႏွလံုးသို႔ေသြးစီးဆင္မႈႏႈန္း ေလးဆခန္႔ေလ်ာ့က်ခဲ့ေၾကာင္း သုေတသနလုပ္ငန္းေခါင္းေဆာင္ Dr.Viola Vaccarino ကေျပာၾကားခဲ့ပါတယ္။ သူမဟာ Attanta မွာရွိတဲ့ လူထုအက်ိဳးျပဳက်န္းမာေရးပညာတကၠသိုလ္ရဲ႕ ေရာဂါျဖစ္စဥ္ကို ရွာေဖြေရးဌာနရဲ႕ ဥကၠ႒လည္းျဖစ္ပါတယ္။

ႏွလံုးသို႔ေသြးမေရာက္ျခင္းေၾကာင့္ ႏွလံုးတုိက္ခိုက္မႈခံရႏုိင္ေၾကာင္း၊ ငယ္ရြယ္တဲ့အမ်ိဳးသမီးေတြဟာ စိတ္ဖိစီးမႈဒဏ္ေၾကာင့္ အမ်ိဳသားမ်ားႏွင့္အမ်ိဳးသမီးႀကီးထက္စာရင္ ႏွလံုးတိုက္ခိုက္ခံရမႈပိုမိုျဖစ္ႏုိင္ေၾကာင္း သိရပါတယ္။ ကၽြမ္းက်င္ပညာရွင္ေတြဟာ အဲဒီအေၾကာင္းကိုယခင္ကတည္းက သိခဲ့ၾကေသာ္လည္း ဘာေၾကာင့္လဲဆုိတာ မေဖာ္ထုတ္ႏုိင္ခဲ့ၾကေပ။ ယခုစမ္းသပ္ခ်က္ဟာ ထုိကဲ့သို႔ဒြိဟျဖစ္ေနမႈကို အဆံုးသတ္ႏုိင္လိမ့္မယ္ဟု ေမွ်ာ္လင့္ေၾကာင္းလည္း သူမကဆုိပါတယ္။

နယူးေယာက္ခ္ၿမိဳ႕ Lenox ေဆး႐ံုရဲ႕ အမ်ိဳးသမီးႏွလံုးက်န္းမာေရးဌာနမွ ဒါ႐ိုက္တာျဖစ္သူ Dr Suzanne Steinbawn ကလည္း သုေတသနျပဳလုပ္ခ်က္ဟာ ေပ်ာက္ဆံုးေနတဲ့သတင္းအခ်က္အလက္အခ်ိဳ႕အတြက္ မ်ားစြာအေထာက္အကူျပဳႏုိင္လိမ့္မည္ဟု ေထာက္ခံေျပာၾကားခဲ့ပါတယ္။

၎သုေတသနစမ္းသပ္ခ်က္တြင္ အသက္ 34 ႏွစ္မွ 79 ႏွစ္အတြင္းရွိ ႏွလံုးေရာဂါသည္ 686 ဦးကို စင္ေပၚတြင္ မိန္႔ခြန္းတက္ေရာက္ေျပာၾကားခိုင္ခဲ့ပါသည္။ နားေထာင္သူေတြကိုလည္း ၿငိမ္သက္စြာနားမေထာင္ေစဘဲ စကားေျပာသူေတြကို စိတ္ဖိစီးမႈမ်ားေအာင္ ျပဳလုပ္ခဲ့ပါတယ္။ မိန္႔ခြန္းမေျပာမီနဲ႔ ေျပာၿပီးစမ္းသပ္ခ်က္ေတြအရ ငယ္ရြယ္တဲ့အမ်ိဳးသမီးေတြမွာ သက္တူရြယ္တူအမ်ိဳးသားေတြထက္ ႏွလံုးသို႔ေသြးစီးဆင္းႏႈန္းက်ဆင္းခဲ့ေသာ္လည္း အသက္ႀကီးတဲ့အမ်ိဳးသားႏွင့္အမ်ိဳးသမီးမ်ားတြင္ေတာ့ မည္သည့္ျခားနားမႈမွ် မေတြ႕ရွိခဲ့ရေပ။

သုေတသနပညာရွင္ေတြ၏အဆိုအရ အမ်ိဳးသမီးအမ်ားစုသည္ အသက္ 30၊ 40 ႏွင့္ 50 အရြယ္အေစာပိုင္းတို႔တြင္ အလုပ္၊ မိသားစုႏွင့္ ေငြေရးေၾကးေရးျပႆနာေတြေၾကာင့္ စိတ္ဖိစီးမႈေတြ ခံစားရတာျဖစ္တယ္လုိ႔သိရပါတယ္။ ထုိ႔ျပင္ ႏွလံုးေရာဂါရွိေသာ အမ်ိဳးသမီးငယ္မ်ားတြင္ လူေနမႈဘ၀၏ စိတ္ဖိစီးမႈျဖစ္ေစႏိုင္ေသာအရာမ်ားကို ပိုမိုေလ့လာဆန္းစစ္ရန္လိုအပ္ၿပီး ၎တို႔ကိုရင္ဆုိင္ႏုိင္ရန္ အေထာက္အပံ့လည္းပိုမိုေပးသင့္ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။ အမ်ိဳးသမီးမ်ားသည္ အကူအညီလိုသည္ကို မိမိဘာသာသိရွိရန္မွာ အလြန္အေရးႀကီးၿပီး နည္းစနစ္က်စြာေျဖရွင္းတတ္ရန္ လိုအပ္ေၾကာင္းလည္း Dr.Suzanne က အၾကံေပးထားပါတယ္။

အမ်ိဳးသမီးမ်ားသည္ ႏွလံုးေရာဂါမျဖစ္ပြားေအာင္ စိတ္ဖိစီးမႈကို တတ္ႏုိင္သမွ်နည္းေအာင္ေနထုိင္၍ ေလ့က်င့္ခန္းလည္းမွန္မွန္ျပဳလုပ္သင့္ေၾကာင္း Dr.Viola က လမ္းၫႊန္ေပးထားပါတယ္။ ေလ့က်င့္ခန္းျပဳလုပ္ျခင္းသည္ စိတ္က်ေဝဒနာႏွင့္ စိတ္ပိုင္းဆုိင္ရာဖိစီးမႈေတြသာမက ႏွလံုးေရာဂါျဖစ္ႏိုင္ေခ်ကိုပါ ေလ်ာ့နည္းေစႏုိင္ပါတယ္။ ထုိ႔ေၾကာင့္ ေလ့က်င့္ခန္းလုပ္ျခင္းျဖင့္ အမ်ိဳးသမီးမ်ားသည္ သူတို႔၏ ႏွလံုးကိုသာမက စိတ္ဓာတ္ကိုပါ ဂ႐ုစိုက္ျခင္းပင္ျဖစ္ပါတယ္ဟု သူမက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:drmyanmar.com

Unicode Version

 အသစ်သစ်သော သုတေသနပြုလုပ်ချက်များအရ စိတ်ဖိစီးမှုဟာ နှလုံးရောဂါရှိတဲ့အမျိုးသမီးငယ်လေးများအပေါ်တွင် အကျိုးသက်ရောက်မှုရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။

သုတေသနပညာရှင်တွေဟာ နှလုံးရောဂါအခံရှိတဲ့ အမျိုးသားနဲ့အမျိုးသမီး 700 တို့ကို စိတ်ဖိစီးမှုဖြစ်စေနိုင်တဲ့ လူထုဟောပြောပွဲတွင်ပါဝင်စေပြီးနောက် နှလုံးသို့သွေးစီးဆင်းမှုကို တိုင်းတာခဲ့ကြတာဖြစ်ပါတယ်။ အသက် 50 နှင့်အောက် အမျိုးသမီးတွေဟာ သက်တူရွယ်တူအမျိုးသားတွေနဲ့ အမျိုးသမီးကြီးတွေထက် နှလုံးသို့သွေးစီးဆင်မှုနှုန်း လေးဆခန့်လျော့ကျခဲ့ကြောင်း သုတေသနလုပ်ငန်းခေါင်းဆောင် Dr.Viola Vaccarino ကပြောကြားခဲ့ပါတယ်။ သူမဟာ Attanta မှာရှိတဲ့ လူထုအကျိုးပြုကျန်းမာရေးပညာတက္ကသိုလ်ရဲ့ ရောဂါဖြစ်စဉ်ကို ရှာဖွေရေးဌာနရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။

နှလုံးသို့သွေးမရောက်ခြင်းကြောင့် နှလုံးတိုက်ခိုက်မှုခံရနိုင်ကြောင်း၊ ငယ်ရွယ်တဲ့အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုဒဏ်ကြောင့် အမျိုသားများနှင့်အမျိုးသမီးကြီးထက်စာရင် နှလုံးတိုက်ခိုက်ခံရမှုပိုမိုဖြစ်နိုင်ကြောင်း သိရပါတယ်။ ကျွမ်းကျင်ပညာရှင်တွေဟာ အဲဒီအကြောင်းကိုယခင်ကတည်းက သိခဲ့ကြသော်လည်း ဘာကြောင့်လဲဆိုတာ မဖော်ထုတ်နိုင်ခဲ့ကြပေ။ ယခုစမ်းသပ်ချက်ဟာ ထိုကဲ့သို့ဒွိဟဖြစ်နေမှုကို အဆုံးသတ်နိုင်လိမ့်မယ်ဟု မျှော်လင့်ကြောင်းလည်း သူမကဆိုပါတယ်။

နယူးယောက်ခ်မြို့ Lenox ဆေးရုံရဲ့ အမျိုးသမီးနှလုံးကျန်းမာရေးဌာနမှ ဒါရိုက်တာဖြစ်သူ Dr Suzanne Steinbawn ကလည်း သုတေသနပြုလုပ်ချက်ဟာ ပျောက်ဆုံးနေတဲ့သတင်းအချက်အလက်အချို့အတွက် များစွာအထောက်အကူပြုနိုင်လိမ့်မည်ဟု ထောက်ခံပြောကြားခဲ့ပါတယ်။

၎င်းသုတေသနစမ်းသပ်ချက်တွင် အသက် 34 နှစ်မှ 79 နှစ်အတွင်းရှိ နှလုံးရောဂါသည် 686 ဦးကို စင်ပေါ်တွင် မိန့်ခွန်းတက်ရောက်ပြောကြားခိုင်ခဲ့ပါသည်။ နားထောင်သူတွေကိုလည်း ငြိမ်သက်စွာနားမထောင်စေဘဲ စကားပြောသူတွေကို စိတ်ဖိစီးမှုများအောင် ပြုလုပ်ခဲ့ပါတယ်။ မိန့်ခွန်းမပြောမီနဲ့ ပြောပြီးစမ်းသပ်ချက်တွေအရ ငယ်ရွယ်တဲ့အမျိုးသမီးတွေမှာ သက်တူရွယ်တူအမျိုးသားတွေထက် နှလုံးသို့သွေးစီးဆင်းနှုန်းကျဆင်းခဲ့သော်လည်း အသက်ကြီးတဲ့အမျိုးသားနှင့်အမျိုးသမီးများတွင်တော့ မည်သည့်ခြားနားမှုမျှ မတွေ့ရှိခဲ့ရပေ။

သုတေသနပညာရှင်တွေ၏အဆိုအရ အမျိုးသမီးအများစုသည် အသက် 30၊ 40 နှင့် 50 အရွယ်အစောပိုင်းတို့တွင် အလုပ်၊ မိသားစုနှင့် ငွေရေးကြေးရေးပြဿနာတွေကြောင့် စိတ်ဖိစီးမှုတွေ ခံစားရတာဖြစ်တယ်လို့သိရပါတယ်။ ထို့ပြင် နှလုံးရောဂါရှိသော အမျိုးသမီးငယ်များတွင် လူနေမှုဘဝ၏ စိတ်ဖိစီးမှုဖြစ်စေနိုင်သောအရာများကို ပိုမိုလေ့လာဆန်းစစ်ရန်လိုအပ်ပြီး ၎င်းတို့ကိုရင်ဆိုင်နိုင်ရန် အထောက်အပံ့လည်းပိုမိုပေးသင့်ကြောင်းလည်း ဖော်ပြထားပါတယ်။ အမျိုးသမီးများသည် အကူအညီလိုသည်ကို မိမိဘာသာသိရှိရန်မှာ အလွန်အရေးကြီးပြီး နည်းစနစ်ကျစွာဖြေရှင်းတတ်ရန် လိုအပ်ကြောင်းလည်း Dr.Suzanne က အကြံပေးထားပါတယ်။

အမျိုးသမီးများသည် နှလုံးရောဂါမဖြစ်ပွားအောင် စိတ်ဖိစီးမှုကို တတ်နိုင်သမျှနည်းအောင်နေထိုင်၍ လေ့ကျင့်ခန်းလည်းမှန်မှန်ပြုလုပ်သင့်ကြောင်း Dr.Viola က လမ်းညွှန်ပေးထားပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် စိတ်ကျဝေဒနာနှင့် စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေသာမက နှလုံးရောဂါဖြစ်နိုင်ချေကိုပါ လျော့နည်းစေနိုင်ပါတယ်။ ထို့ကြောင့် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အမျိုးသမီးများသည် သူတို့၏ နှလုံးကိုသာမက စိတ်ဓာတ်ကိုပါ ဂရုစိုက်ခြင်းပင်ဖြစ်ပါတယ်ဟု သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:drmyanmar.com
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top