Kantharyar Centre
×

ပဲစာဥေတြဟာ တစ္မူထူးတဲ့ အရသာရွိသလို တျခားပဲေတြလိုပဲ အာဟာရဓာတ္ေတြႂကြယ္ဝတာေၾကာင့္ အသားမစားသူေတြ အတြက္ဆိုရင္ အေဖာ္မြန္ေကာင္းလည္းျဖစ္ပါတယ္။ ပဲစာဥကို ေန႔စဥ္အစားအစာထဲမွာ ပံုမွန္စားေပးရင္ ဘယ္လိုအက်ဳိးထူးမယ္ဆိုတာ ေလ့လာၾကည့္ရေအာင္ပါ။

ကိုယ္အေလးခ်ိန္ထိန္းေပးျခင္း - အမွ်င္ဓာတ္ႂကြယ္ဝတာေၾကာင့္ အခ်ိန္ၾကာ အဆာခံႏိုင္သလို ကယ္လိုရီပမာဏနဲ႔ အဆီလည္း နည္း၊ ကိုလက္စထေရာမပါတဲ့အတြက္ အမ်ားႀကီးစားလည္း ဝိတ္တက္မွာမပူရပါဘူး။

ဝမ္းမခ်ဳပ္ေစျခင္း - အမွ်င္ဓာတ္ေၾကာင့္ အူမကင္ဆာမျဖစ္ေအာင္ ကာကြယ္ေပးႏုိင္သလို ဝမ္းပံုမွန္သြားေစတဲ့အတြက္ ဝမ္းခ်ဳပ္တဲ့ ျပႆနာ ကင္းေဝးေစပါတယ္။

ေသြးအားနည္းေရာဂါကာကြယ္ျခင္း - သံဓာတ္နဲ႔ေၾကးနီဓာတ္ ႂကြယ္ဝတဲ့အတြက္ ေသြးအားနည္းေရာဂါမျဖစ္ေအာင္ ကာကြယ္ေပးတယ္လို႔ ဆိုပါတယ္။

ကိုယ္ဝန္ေဆာင္မ်ားအတြက္ အက်ဳိးမ်ားျခင္း - ကိုယ္ဝန္ေဆာင္ ကာလေတြမွာ ဝမ္းခ်ဳပ္တာေတြ မျဖစ္ရေလေအာင္ ကာကြယ္ေပးႏိုင္သလို  ေဖာလစ္အက္စစ္ေၾကာင့္ ရင္ေသြးငယ္ေတြ အာ႐ံုေၾကာဆိုင္ရာ ေရာဂါေတြမျဖစ္ဖို႔နဲ႔ ေပါင္မျပည့္ဘဲ ေမြးဖြားတာ ေတြ မရွိေအာင္ ကူညီေပးႏုိင္ပါတယ္။

ဂလူးကို႔စ္ပမာဏကို ပံုမွန္ျဖစ္ေစျခင္း - ေသြးတြင္းသၾကားဓာတ္ နဲ႔ ဂလူးကို႔စ္ပမာဏကို ထိန္းညႇိေပးတာေၾကာင့္ ဆီးခ်ဳိသမား ေတြ စားေပးရင္လည္း အက်ဳိးမ်ားပါတယ္။

ေသြးေပါင္ခ်ိန္ပံုမွန္ျဖစ္ေစျခင္း - ေသြးေပါင္ခ်ိန္ ပံုမွန္အေနအ ထား ရွိေနေအာင္ ေထာက္ကူေပးႏိုင္တဲ့အတြက္ ေသြးတုိးသမားေတြ ပံုမွန္စားေပးႏိုင္ပါတယ္။

အ႐ိုးပြေရာဂါကာကြယ္ေပးျခင္း - ထံုးဓာတ္ႂကြယ္ဝတဲ့အတြက္အ႐ိုးေတြကို သန္မာေစတာေၾကာင့္ အ႐ိုးပြေရာဂါအတြက္လည္း ကာကြယ္ၿပီးသားျဖစ္ေစပါတယ္။  

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ပဲစာဥတွေဟာ တစ်မူထူးတဲ့ အရသာရှိသလို တခြားပဲတွေလိုပဲ အာဟာရဓာတ်တွေကြွယ်ဝတာကြောင့် အသားမစားသူတွေ အတွက်ဆိုရင် အဖော်မွန်ကောင်းလည်းဖြစ်ပါတယ်။ ပဲစာဥကို နေ့စဉ်အစားအစာထဲမှာ ပုံမှန်စားပေးရင် ဘယ်လိုအကျိုးထူးမယ်ဆိုတာ လေ့လာကြည့်ရအောင်ပါ။

ကိုယ်အလေးချိန်ထိန်းပေးခြင်း - အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အချိန်ကြာ အဆာခံနိုင်သလို ကယ်လိုရီပမာဏနဲ့ အဆီလည်း နည်း၊ ကိုလက်စထရောမပါတဲ့အတွက် အများကြီးစားလည်း ဝိတ်တက်မှာမပူရပါဘူး။

ဝမ်းမချုပ်စေခြင်း - အမျှင်ဓာတ်ကြောင့် အူမကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်သလို ဝမ်းပုံမှန်သွားစေတဲ့အတွက် ဝမ်းချုပ်တဲ့ ပြဿနာ ကင်းဝေးစေပါတယ်။

သွေးအားနည်းရောဂါကာကွယ်ခြင်း - သံဓာတ်နဲ့ကြေးနီဓာတ် ကြွယ်ဝတဲ့အတွက် သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။

ကိုယ်ဝန်ဆောင်များအတွက် အကျိုးများခြင်း - ကိုယ်ဝန်ဆောင် ကာလတွေမှာ ဝမ်းချုပ်တာတွေ မဖြစ်ရလေအောင် ကာကွယ်ပေးနိုင်သလို  ဖောလစ်အက်စစ်ကြောင့် ရင်သွေးငယ်တွေ အာရုံကြောဆိုင်ရာ ရောဂါတွေမဖြစ်ဖို့နဲ့ ပေါင်မပြည့်ဘဲ မွေးဖွားတာ တွေ မရှိအောင် ကူညီပေးနိုင်ပါတယ်။

ဂလူးကို့စ်ပမာဏကို ပုံမှန်ဖြစ်စေခြင်း - သွေးတွင်းသကြားဓာတ် နဲ့ ဂလူးကို့စ်ပမာဏကို ထိန်းညှိပေးတာကြောင့် ဆီးချိုသမား တွေ စားပေးရင်လည်း အကျိုးများပါတယ်။

သွေးပေါင်ချိန်ပုံမှန်ဖြစ်စေခြင်း - သွေးပေါင်ချိန် ပုံမှန်အနေအ ထား ရှိနေအောင် ထောက်ကူပေးနိုင်တဲ့အတွက် သွေးတိုးသမားတွေ ပုံမှန်စားပေးနိုင်ပါတယ်။

အရိုးပွရောဂါကာကွယ်ပေးခြင်း - ထုံးဓာတ်ကြွယ်ဝတဲ့အတွက်အရိုးတွေကို သန်မာစေတာကြောင့် အရိုးပွရောဂါအတွက်လည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။  

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top