iGREEN Promotion Singapore
×

တစ္ေန႔မွာ အဘိုးအို တစ္ေယာက္ဟာ ေရနစ္ေနေသာ ကင္းျမီးေကာက္ တစ္ေကာင္ကို ေတြ႕ခဲ့တယ္။ ထိုအခါ သူဟာ ကယ္ဖို႔ ဆံုး့ျဖတ္ လိုက္ပါတယ္။ အဘိုးအိုဟာ ကင္းျမီးေကာက္၏ လက္ကို ကိုင္လိုက္တဲ့ အခါ ကင္းျမီးေကာက္က အဘိုးအိုအား ကိုက္လိုက္ပါတယ္။

ထိုအခါ အဘိုးအိုဟာ လက္ကို ခါရမ္းလိုက္တယ္။ ကင္းျမီးေကာက္ကို မကယ္နိုင္တဲ့ အျပင္ လက္လည္း အရမ္းနာက်င္ သြားတယ္။ အဘိုးအို ကယ္ျမီးေကာက္ကို ကယ္တင္ေနတာကို ေဘးနားကေန ေကာင္ေလး တစ္ေယာက္က ရပ္ၾကည့္ ေနပါတယ္။ ထိုအခါ ေကာင္ေလးက အဘိုးအိုကို အခုလိုေျပာတယ္...

" အဘိုး ကင္းျမီးေကာက္က အဆိပ္ရိွတယ္ ဘာေၾကာင့္ ကယ္ရတာလည္း "

" ကင္းျမီးေကာက္ဆိုတာ ကေတာ့ ကိုက္တတ္တဲ့ သတၱဝါမို႔လို႔ ကိုက္မွာပဲ "

ေကာင္ေလး နားမလည္ ျဖစ္သြားတယ္။

ထိုအခ်ိန္မွာပဲ အဘိုးအိုဟာ ေဘးနားမွာ ရိွတဲ့ သစ္ရြက္ တစ္ရြက္ကို အသံုးျပဳျပီး ကင္းျမီးေကာက္ကို ကယ္လိုက္တယ္ ဆိုပါေတာ့။

ထိုအခါ ကင္ျမီးေကာက္လည္း ေျမေပၚသို႔ေရာက္ရိွ သြားျပီး အသက္ေဘးမွ လြတ္ေျမာက္ သြားပါတယ္။ အဘိုးအိုက ေကာင္းေလးကို ေနာက္ထပ္ စကားတစ္ခြန္း ထပ္ျပီးေျပာ လိုက္ပါတယ္..

ေလာကမွာ သဘာဝတရားဆိုတာ ေျပာင္းလဲလို႔ မရတဲ့ အရာပဲ။ ေျပာင္းလဲရမွာက လူေတြရဲ႕စိတ္။ ကင္းျမီးေကာက္ကေတာ့ ကိုက္တတ္တဲ့ သတၱဝါ မိုလို႔ ကိုက္မွာပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yoyarlay

#Unicode Version
တစ်နေ့မှာ အဘိုးအို တစ်ယောက်ဟာ ရေနစ်နေသော ကင်းမြီးကောက် တစ်ကောင်ကို တွေ့ခဲ့တယ်။ ထိုအခါ သူဟာ ကယ်ဖို့ ဆုံး့ဖြတ် လိုက်ပါတယ်။ အဘိုးအိုဟာ ကင်းမြီးကောက်၏ လက်ကို ကိုင်လိုက်တဲ့ အခါ ကင်းမြီးကောက်က အဘိုးအိုအား ကိုက်လိုက်ပါတယ်။

ထိုအခါ အဘိုးအိုဟာ လက်ကို ခါရမ်းလိုက်တယ်။ ကင်းမြီးကောက်ကို မကယ်နိုင်တဲ့ အပြင် လက်လည်း အရမ်းနာကျင် သွားတယ်။ အဘိုးအို ကယ်မြီးကောက်ကို ကယ်တင်နေတာကို ဘေးနားကနေ ကောင်လေး တစ်ယောက်က ရပ်ကြည့် နေပါတယ်။ ထိုအခါ ကောင်လေးက အဘိုးအိုကို အခုလိုပြောတယ်...

" အဘိုး ကင်းမြီးကောက်က အဆိပ်ရှိတယ် ဘာကြောင့် ကယ်ရတာလည်း "

" ကင်းမြီးကောက်ဆိုတာ ကတော့ ကိုက်တတ်တဲ့ သတ္တဝါမို့လို့ ကိုက်မှာပဲ "

ကောင်လေး နားမလည် ဖြစ်သွားတယ်။

ထိုအချိန်မှာပဲ အဘိုးအိုဟာ ဘေးနားမှာ ရှိတဲ့ သစ်ရွက် တစ်ရွက်ကို အသုံးပြုပြီး ကင်းမြီးကောက်ကို ကယ်လိုက်တယ် ဆိုပါတော့။

ထိုအခါ ကင်မြီးကောက်လည်း မြေပေါ်သို့ရောက်ရှိ သွားပြီး အသက်ဘေးမှ လွတ်မြောက် သွားပါတယ်။ အဘိုးအိုက ကောင်းလေးကို နောက်ထပ် စကားတစ်ခွန်း ထပ်ပြီးပြော လိုက်ပါတယ်..

လောကမှာ သဘာဝတရားဆိုတာ ပြောင်းလဲလို့ မရတဲ့ အရာပဲ။ ပြောင်းလဲရမှာက လူတွေရဲ့စိတ်။ ကင်းမြီးကောက်ကတော့ ကိုက်တတ်တဲ့ သတ္တဝါ မိုလို့ ကိုက်မှာပဲ။


ဖိုးသူတော် (www.phothutaw.com)
Credit:Yoyarlay

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top