Kantharyar Centre
×



Credit:Duwun

#Unicode Version
အနေအထိုင်ကျစ်လျစ်တဲ့ အော်စကာမင်းသမီးကြီး ကတ်သရင်းဇီတာဂျုန်းစ် ဟာ ပါပါရာဇီတွေရဲ့ လက်ချက်ကြောင့် အွန်လိုင်းမှာ ပုံတွေပျံ့လာတဲ့အပေါ် မပျော်မရွှင်ဖြစ်နေရပါတယ်။ ပါပါရာဇီတွေဟာ သူမထံက ခွင့်ပြုချက်မတောင်းဘဲ ဘီကီနီနဲ့ပုံကိုချောင်းရိုက်ကာ အင်တာနက်ပေါ် တင်လိုက်ကြလို့ ဖြစ်ပါတယ်။


ကတ်သရင်းဟာ သူမရဲ့ခင်ပွန်းနဲ့အတူ မက္ကဆီကိုကို အလည်အပတ်သွားနေတာဖြစ်ပြီး အနက်ရောင်ဘီကီနီလေး ဝတ်ထားစဉ် ချောင်းရိုက်ခံလိုက်ရတာပါ။ မိုက်ကယ်ဒေါက်ဂလတ်စ်နဲ့ မင်္ဂလာသက်တမ်း ၁၆ နှစ်ပြည့်ကိုတောင်မှ ကြီးကြီးကျယ်ကျယ်မနွှဲခဲ့တဲ့ ကတ်သရင်းဟာ အပန်းဖြေခရီးထွက်တော့မှပဲ ဘီကီနီပုံတွေ လူမိသွားပါတော့တယ်။ မိုက်ကယ်ကလည်း သူမရဲ့ပုံတွေကို ရိုက်ပေးခဲ့တာမဟုတ်ပါဘူး။ သူ့ဘာသာ ကမ်းခြေမှာဆယ်ဖီဆွဲတဲ့ပုံကိုပဲ လူမှုကွန်ရက်ပေါ် တင်ခဲ့တာပါ။ ပါပါရာဇီတွေက မိုက်ကယ်ရဲ့ပုံကို ခြေရာခံပြီး ကတ်သရင်းနောက်ကိုလိုက်ခဲ့ကြပုံပါပဲ။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top