Kantharyar Centre
×

ကမာၻေျမကေနမစြန္႔ခြာၾကရင္ ေနာင္လာမယ့္ ႏွစ္ေပါင္း ၁,၀၀၀ အတြင္းမွာ လူသားမ်ိဳးႏြယ္ေတြေသဆံုးၾကလိမ့္မယ္ လို႔စတီဗင္ ေဟာ့ကင္းကေျပာ…ကမာၻ႕ေလထုျပင္ပတစ္ေနရာရာမွာ အေျခခ်စရာေနရာ သစ္တစ္ခုမရွာေဖြထားဘူးဆိုရင္ ေနာင္လာ မယ့္ႏွစ္ေပါင္း ၁,၀၀၀ေလာက္ ကာလအတြင္းမွာ လူသားမ်ိဳးႏြယ္ေတြ ရွင္သန္ရပ္တည္ႏိုင္မွာမဟုတ္ပါဘူးလို႔ ပါေမာကၡ စတီဗင္ေဟာ့ကင္းက ေျပာၾကားခဲ့ပါတယ္။

လူသိမ်ားေက်ာ္ၾကားတဲ့ ရူပေဗဒပညာရွင္ဟာ သည္အေၾကာင္းအရာကို တနလၤာေန႔ညေနပိုင္းက Oxfords Union ေဆြးေႏြးပြဲကို တက္ေရာက္လာတဲ့ လူထုေတြေရွ႕ေမွာက္မွာေျပာၾကားခဲ့တာျဖစ္ပါတယ္။

“မၾကာေသးခင္ကရရွိခဲ့တဲ့ စၾကဝဠာေဗဒဆိုင္ရာ တိုးတက္မႈေတြဟာ ကၽြန္ေတာ္တို႔ရဲ႕ စၾကဝဠာအဖြဲ႔အစည္း အေပၚ ရွင္းရွင္းလင္းလင္းရႈ႕ျမင္ နားလည္မႈေတြကေနရရွိလာတဲ့ ေအာင္ျမင္မႈေတြပဲျဖစ္ပါတယ္။” “ေအာင္ျမင္မႈေတြရရိွေန ျပီဆိုေပမယ့္လည္းအနာဂတ္မွာလူသားမ်ိဳးႏြယ္ေတြရွင္သန္ရပ္တည္ႏိုင္ေရးအတြက္
ကၽြန္ေတာ္တို႔ဟာ အာကာသထဲကိုသြားေရာက္ေလ့လာမႈေတြကို ဆက္လက္လုပ္ေဆာင္ သင့္ပါတယ္။” လို႔ ပါေမာကၡ စတီဗင္ ေဟာ့ကင္းကေျပာၾကားခဲ့ပါတယ္။

“သည္ပ်က္စီးယိုယြင္းေနျပီျဖစ္တဲ့ ကမာၻျဂိဳဟ္ေပၚကေနမလြတ္ေျမာက္ႏိုင္ ဘူးဆိုရင္ေတာ့ ေနာင္လာမယ့္ႏွစ္ေပါင္း ၁,၀၀၀ ေလာက္ကာလအတြင္းမွာ လူသားမ်ိဳးႏြယ္ဆိုတာဟာ ရွင္သန္ႏိုင္မယ္မထင္ဘူး၊” ဒါေၾကာင့္ ကမာၻသူ ကမာၻသားေတြကို အာကာသအေၾကာင္းကို စိတ္ဝင္တစားေလ့လာလိုက္စားၾကဖို႔ တိုက္တြန္းခ်င္ပါတယ္။ လို႔လည္း ပါေမာကၡကေျပာပါတယ္။

အခုႏွစ္အေစာပိုင္းက ပါေမာကၡ ေဟာ့ကင္းဟာ Virginလုပ္ငန္းစုက ပြဲထုတ္ျပသခဲ့တဲ့ Galactic Space Ship two တီထြင္တည္ေဆာက္မႈကို အကူအညီေပးခဲ့ပါတယ္။ သည္အာကာသယာဥ္ကိုလႊတ္တင္တဲ့အခ်ိန္မွာ ပါေမာကၡက ကၽြန္ေတာ္ ALS မွာအလုပ္လုပ္ကိုင္လာခဲ့တာ အခုထိဆိုရင္ ႏွစ္ေပါင္း ၅၀ ေက်ာ္ခဲ့ျပီျဖစ္ပါတယ္။ စြန္႔စားမႈေတြ လုပ္ရတာကို ကၽြန္ေတာ္မေၾကာက္ခဲ့ဖူးဘူး။ အျမဲတမ္း တစ္သမတ္တည္းမေတြးဘဲ မတူတဲ့အျမင္ေတြနဲ႔ လုပ္ေဆာင္ခဲ့ပါတယ္။ တကယ္လို႔ကၽြန္ေတာ္သြားလာႏိုင္ဦးမယ္ဆိုရင္ပဲျဖစ္ျဖစ္ရစ္ခ်တ္ကကၽြန္ေတာ္ကို ေခၚသြားဦးမယ္ဆိုရင္
ပဲျဖစ္ျဖစ္ ကၽြန္ေတာ္ဂုဏ္ယူဝင့္ၾကြားစြာနဲ႔ သည္အာကာသယာဥ္ကိုလိုက္စီးမိမွာပါလို႔လည္း ပါေမာကၡက ေျပာၾကားခဲ့ပါတယ္။


အခုသီတင္းပတ္အတြင္း Oxfords Union မွာလုပ္ခဲ့တဲ့ေဆြးေႏြးပြဲမွာ ပါေမာကၡကလက္ရွိေန႔ရက္ေတြကို ရွင္သန္ ရပ္တည္ေရးနဲ႔ ရူပေဗဒဆိုင္ရာ သုေတသနေတြလုပ္ေဆာင္ဖို႔အတြက္ အဖိုးမျဖတ္ႏိုင္တဲ့ ေန႔ရက္ေတြလို႔ ေခၚေဝၚ သံုးႏႈန္းခဲ့ပါတယ္။
“စၾကဝဠာ အဖြဲ႔အစည္းအေပၚကၽြန္ေတာ္တို႔ေတြရဲ႕ လက္ခံထားတဲ့အျမင္ေတြ ဟာ ျပီးခဲ့တဲ့ ႏွစ္၅၀ ကာလအတြင္းမွာ ေတာ္ေတာ္ေလးေျပာင္းလဲလာခဲ့ပါတယ္။ သည္အေျပာင္းအလဲမွာ ကၽြန္ေတာ္က႑ေသးေသးေလးကေနပါဝင္ခြင့္ရခဲ့ တယ္ဆိုရင္ ကၽြန္ေတာ္ဝမ္းသာပါတယ္။” လို႔လည္းပါေမာကၡကဆိုပါတယ္။

“ေအာက္ကိုပဲငံုၾကည့္မေနဘဲ၊ေကာင္းကင္ေပၚကိုေမာ့ၾကည့္ဖို႔သတိရပါ။ ျမင္ေနရတဲ့အရာေတြကို သိနားလည္ ႏိုင္ဖို႔ၾကိဳးစားပါ၊ စၾကဝဠာၾကီးတည္ရွိရတဲ့ အေၾကာင္းအရင္းကို သိနားလည္ပါေစ။ စူးစမ္းလိုစိတ္ေမြးပါ။ဘဝမွာျဖစ္ခ်င္တာေတြကိုအခက္အခဲေတြၾကဳံလည္းလက္မေလ်ာ့တမ္းၾကိဳးစားရင္
 ေအာင္ျမင္ႏိုင္တယ္ဆိုတာကို နားလည္ပါေစ။” လို႔လည္း ပါေမာကၡက နိဂံုးခ်ဳပ္အေနနဲ႔ေျပာၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Kumudar

#Unicode Version
ကမ္ဘာမြေကနေမစွန့်ခွာကြရင် နောင်လာမယ့် နှစ်ပေါင်း ၁,၀၀၀ အတွင်းမှာ လူသားမျိုးနွယ်တွေသေဆုံးကြလိမ့်မယ် လို့စတီဗင် ဟော့ကင်းကပြော…ကမ္ဘာ့လေထုပြင်ပတစ်နေရာရာမှာ အခြေချစရာနေရာ သစ်တစ်ခုမရှာဖွေထားဘူးဆိုရင် နောင်လာ မယ့်နှစ်ပေါင်း ၁,၀၀၀လောက် ကာလအတွင်းမှာ လူသားမျိုးနွယ်တွေ ရှင်သန်ရပ်တည်နိုင်မှာမဟုတ်ပါဘူးလို့ ပါမောက္ခ စတီဗင်ဟော့ကင်းက ပြောကြားခဲ့ပါတယ်။

လူသိများကျော်ကြားတဲ့ ရူပဗေဒပညာရှင်ဟာ သည်အကြောင်းအရာကို တနင်္လာနေ့ညနေပိုင်းက Oxfords Union ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ လူထုတွေရှေ့မှောက်မှာပြောကြားခဲ့တာဖြစ်ပါတယ်။

“မကြာသေးခင်ကရရှိခဲ့တဲ့ စကြဝဠာဗေဒဆိုင်ရာ တိုးတက်မှုတွေဟာ ကျွန်တော်တို့ရဲ့ စကြဝဠာအဖွဲ့အစည်း အပေါ် ရှင်းရှင်းလင်းလင်းရှု့မြင် နားလည်မှုတွေကနေရရှိလာတဲ့ အောင်မြင်မှုတွေပဲဖြစ်ပါတယ်။” “အောင်မြင်မှုတွေရရှိနေ ပြီဆိုပေမယ့်လည်းအနာဂတ်မှာလူသားမျိုးနွယ်တွေရှင်သန်ရပ်တည်နိုင်ရေးအတွက်

ကျွန်တော်တို့ဟာ အာကာသထဲကိုသွားရောက်လေ့လာမှုတွေကို ဆက်လက်လုပ်ဆောင် သင့်ပါတယ်။” လို့ ပါမောက္ခ စတီဗင် ဟော့ကင်းကပြောကြားခဲ့ပါတယ်။

“သည်ပျက်စီးယိုယွင်းနေပြီဖြစ်တဲ့ ကမ္ဘာဂြိုဟ်ပေါ်ကနေမလွတ်မြောက်နိုင် ဘူးဆိုရင်တော့ နောင်လာမယ့်နှစ်ပေါင်း ၁,၀၀၀ လောက်ကာလအတွင်းမှာ လူသားမျိုးနွယ်ဆိုတာဟာ ရှင်သန်နိုင်မယ်မထင်ဘူး၊” ဒါကြောင့် ကမ္ဘာသူ ကမ္ဘာသားတွေကို အာကာသအကြောင်းကို စိတ်ဝင်တစားလေ့လာလိုက်စားကြဖို့ တိုက်တွန်းချင်ပါတယ်။ လို့လည်း ပါမောက္ခကပြောပါတယ်။

အခုနှစ်အစောပိုင်းက ပါမောက္ခ ဟော့ကင်းဟာ Virginလုပ်ငန်းစုက ပွဲထုတ်ပြသခဲ့တဲ့ Galactic Space Ship two တီထွင်တည်ဆောက်မှုကို အကူအညီပေးခဲ့ပါတယ်။ သည်အာကာသယာဉ်ကိုလွှတ်တင်တဲ့အချိန်မှာ ပါမောက္ခက ကျွန်တော် ALS မှာအလုပ်လုပ်ကိုင်လာခဲ့တာ အခုထိဆိုရင် နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။ စွန့်စားမှုတွေ လုပ်ရတာကို ကျွန်တော်မကြောက်ခဲ့ဖူးဘူး။ အမြဲတမ်း တစ်သမတ်တည်းမတွေးဘဲ မတူတဲ့အမြင်တွေနဲ့ လုပ်ဆောင်ခဲ့ပါတယ်။ တကယ်လို့ကျွန်တော်သွားလာနိုင်ဦးမယ်ဆိုရင်ပဲဖြစ်ဖြစ်ရစ်ချတ်ကကျွန်တော်ကို ခေါ်သွားဦးမယ်ဆိုရင်

ပဲဖြစ်ဖြစ် ကျွန်တော်ဂုဏ်ယူဝင့်ကြွားစွာနဲ့ သည်အာကာသယာဉ်ကိုလိုက်စီးမိမှာပါလို့လည်း ပါမောက္ခက ပြောကြားခဲ့ပါတယ်။


အခုသီတင်းပတ်အတွင်း Oxfords Union မှာလုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာ ပါမောက္ခကလက်ရှိနေ့ရက်တွေကို ရှင်သန် ရပ်တည်ရေးနဲ့ ရူပဗေဒဆိုင်ရာ သုတေသနတွေလုပ်ဆောင်ဖို့အတွက် အဖိုးမဖြတ်နိုင်တဲ့ နေ့ရက်တွေလို့ ခေါ်ဝေါ် သုံးနှုန်းခဲ့ပါတယ်။
“စကြဝဠာ အဖွဲ့အစည်းအပေါ်ကျွန်တော်တို့တွေရဲ့ လက်ခံထားတဲ့အမြင်တွေ ဟာ ပြီးခဲ့တဲ့ နှစ်၅၀ ကာလအတွင်းမှာ တော်တော်လေးပြောင်းလဲလာခဲ့ပါတယ်။ သည်အပြောင်းအလဲမှာ ကျွန်တော်ကဏ္ဍသေးသေးလေးကနေပါဝင်ခွင့်ရခဲ့ တယ်ဆိုရင် ကျွန်တော်ဝမ်းသာပါတယ်။” လို့လည်းပါမောက္ခကဆိုပါတယ်။

“အောက်ကိုပဲငုံကြည့်မနေဘဲ၊ကောင်းကင်ပေါ်ကိုမော့ကြည့်ဖို့သတိရပါ။ မြင်နေရတဲ့အရာတွေကို သိနားလည် နိုင်ဖို့ကြိုးစားပါ၊ စကြဝဠာကြီးတည်ရှိရတဲ့ အကြောင်းအရင်းကို သိနားလည်ပါစေ။ စူးစမ်းလိုစိတ်မွေးပါ။ဘဝမှာဖြစ်ချင်တာတွေကိုအခက်အခဲတွေကြုံလည်းလက်မလျော့တမ်းကြိုးစားရင်

 အောင်မြင်နိုင်တယ်ဆိုတာကို နားလည်ပါစေ။” လို့လည်း ပါမောက္ခက နိဂုံးချုပ်အနေနဲ့ပြောကြားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Kumudar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top