Kantharyar Centre
×

လႈိင္သာယာၿမိဳ႕နယ္၌ ႏိုဝင္ဘာ ၁၅ ရက္ နံနက္ ၇ နာရီက ဗိုလ္ေအာင္ေက်ာ္ အိမ္ရာ တိုက္(၄)ေျမညီထပ္ လူသြား လမ္းမေပၚတြင္ ယာဥ္တိုက္မႈျဖစ္ပြားရာ စက္႐ုံဆင္းအမ်ဳိးသမီးတစ္ဦး ေသဆုံးခဲ့ ေၾကာင္း သိရသည္။

ယင္းေန႔ နံနက္ပိုင္းက ဗိုလ္ေအာင္ ေက်ာ္အိမ္ရာ တိုက္(၄) ေျမညီထပ္ အခန္း (ဝဝ၂)မွ ယာဥ္ေမာင္း ဦးေစာဝင္း (၅၅ ႏွစ္)သည္ Light Truck YGN-8B/------- ကို ေမာင္းထြက္စဥ္ ေနာက္ျပန္ ဂီယာဝင္ေနသည္ကို ဂီယာ ျဖဳတ္ထားသည္ထင္၍ စက္ႏႈိးရာ ေနာက္သို႔ ထြက္သြားၿပီး အေရွ႕သို႔ ေလွ်ာက္လာေသာ မဝင္းသူဇာ (၃၁ ႏွစ္) စက္႐ုံဆင္းေနသူကို တိုက္မိ၍ လဲက် သြားစဥ္ ႀကိတ္မိသည့္အတြက္ ေသဆုံး သြားၿပီး တိုက္(၄) အခန္း (ဝဝ၂)၏ ေရွ႕အုတ္နံရံကို ထပ္မံတိုက္မိကာ ယာဥ္မွာ ရပ္တန္႔သြားခဲ့သည္။

ယာဥ္တိုက္မႈေၾကာင့္ ဦးေစာဝင္း ကို လႈိင္သာယာၿမိဳ႕မ ရဲစခန္းက အေရးယူ ေဆာင္ရြက္ထားေၾကာင္း သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:MOI Webportal Myanmar

#Unicode Version
လှိုင်သာယာမြို့နယ်၌ နိုဝင်ဘာ ၁၅ ရက် နံနက် ၇ နာရီက ဗိုလ်အောင်ကျော် အိမ်ရာ တိုက်(၄)မြေညီထပ် လူသွား လမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာ စက်ရုံဆင်းအမျိုးသမီးတစ်ဦး သေဆုံးခဲ့ ကြောင်း သိရသည်။

ယင်းနေ့ နံနက်ပိုင်းက ဗိုလ်အောင် ကျော်အိမ်ရာ တိုက်(၄) မြေညီထပ် အခန်း (ဝဝ၂)မှ ယာဉ်မောင်း ဦးစောဝင်း (၅၅ နှစ်)သည် Light Truck YGN-8B/------- ကို မောင်းထွက်စဉ် နောက်ပြန် ဂီယာဝင်နေသည်ကို ဂီယာ ဖြုတ်ထားသည်ထင်၍ စက်နှိုးရာ နောက်သို့ ထွက်သွားပြီး အရှေ့သို့ လျှောက်လာသော မဝင်းသူဇာ (၃၁ နှစ်) စက်ရုံဆင်းနေသူကို တိုက်မိ၍ လဲကျ သွားစဉ် ကြိတ်မိသည့်အတွက် သေဆုံး သွားပြီး တိုက်(၄) အခန်း (ဝဝ၂)၏ ရှေ့အုတ်နံရံကို ထပ်မံတိုက်မိကာ ယာဉ်မှာ ရပ်တန့်သွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ဦးစောဝင်း ကို လှိုင်သာယာမြို့မ ရဲစခန်းက အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:MOI Webportal Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top