Kantharyar Centre
×
Credit:Lwin Pyin
#Unicode Version
ဗြိတိန် နိုင်ငံ ITV2 ရုပ်သံလိုင်းမှာ ပြသတဲ့ Love Island အစီအစဉ်မှာ အဖုံးအကွယ်မပါဘဲ ချစ်ကြိုက်ခန်းကို ရိုက်တဲ့အတွက် ကြည့်ရှုသူတွေ အံ့သြတကြီး ဖြစ်ခဲ့ရပါတယ်။
လူငယ်များအတွက် လိင်ပိုင်းဆိုင်ရာ ပြကွက်ဖန်တီးတဲ့အတွက် မိသားစုစံနှုန်းများ စောင့်ကြည့်ရေးအဖွဲ့က ဇွန်လ ၁ ရက်နေ့မှာ အဲဒီအစီအစဉ်ကို ရှုံ့ချလိုက်ပြီး ပရိသတ်ကလည်း ဝေဖန်ခဲ့ကြပါတယ်။rs
ည ၉ နာရီမှာ ပုံမှန်ထုတ်လွှင့်တဲ့ ရုပ်သံဇာတ်လမ်းတွဲကို လူငယ်များလည်း ကြည့်ရှုကြမှာ မလွဲပါပဲ။
Love Island ဟာ Dating reality show (လူငယ်တွေ ဒိတ်လုပ်တာပြတဲ့ အစီအစဉ်) ဖြစ်ပြီး ပရိသတ်အနှစ်သက်ဆုံးစုံတွဲကို ပေါင် ၅ သောင်း ဆုချီးမြှင့်တဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။rs
အသက် ၁၉ နှစ်အရွယ် အမ်မာဂျန်းဝုဒ်ဟမ်နဲ့ အသက် ၂၈ နှစ်အရွယ် တယ်ရီဝေါ့ရှ်တို့ရဲ့ အကာအကွယ်မပါ ချစ်တင်းနှောခန်းကို မြင်ရတဲ့အခါမှာတော့ အတူပါဝင်ယှဉ်ပြိုင်သူတွေတောင် အံ့အားသင့်ခဲ့ကြပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Lwin Pyin
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top