Property Expo
×

ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း ရန္ပံုေငြအတြက္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ေနအိမ္အက်ယ္ခ်ဳပ္က်ခဲ့ စဥ္ကာလအတြင္းက ကိုယ္တိုင္ေရးဆဲြခဲ့သည့္ ပန္းခီ်ကားကို ေလလံ တင္ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သတင္းရရိွသည္။

ေဒၚေအာင္ဆန္းစုၾကည္သည္ အဆို ပါပန္းခီ်ကားကို ၂၀၀၉ ခုႏွစ္တြင္ အေမရိကန္ႏိုင္ငံသား ဂြ်န္ယက္ ေတာေရးကူး၍ ၎၏ေနအိမ္သို႔၀င္ေရာက္ခဲ့သည့္ ျဖစ္စဥ္အျပီး၌ ေရစပ္တြင္ရဲကင္းခ်၍ ေလးဘက္ ေလးတန္သံဆန္ခါမ်ား ကာရံခံထားရသည့္ ျမင္ကြင္းကို ၾကည့္ကာေရးဆဲြခဲ့ျခင္းျဖစ္ေၾကာင္း ပန္းခီ်ကားေလလံဆဲြမႈအတြက္ ကူညီေဆာင္ရြက္ေပးေနသူ ကိုေမာင္ေမာင္ေအးက ေျပာသည္။

''ေဒၚေအာင္ဆန္းစုၾကည္ ဂ်ပန္မသြားခင္ ညကတည္းက သူကိုယ္တိုင္ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းက လူၾကီးေတြကို ဒီပန္းခီ်ကားကို ေပးခဲ့တယ္။ ပန္းခီ်ကားကို ေလလံတင္လို႔ရသမွ် ေငြေၾကးေတြကို ေဖာင္ေဒးရွင္းအတြက္ သံုးဖို႔ေျပာခဲ့ပါတယ္။ ၾကမ္းခင္းေဈးအေမရိကန္ေဒၚလာငါးေထာင္သတ္မွတ္ခဲ့ေပမယ့္ အခုေဒၚလာတသိန္းခဲြအထိေပးတဲ့လူရိွေနပါျပီ''ဟု ကိုေမာင္ေမာင္ေအးက ႏို၀င္ဘာ ၂ ရက္ ညေနပိုင္းတြင္ News Watch သို႔ ေျပာသည္။

လက္ရိွအခိ်န္တြင္ ပန္းခီ်ကားေလလံဆဲြမႈကို ႏို၀င္ဘာ ၁ ရက္မွစ၍ ကိုေမာင္ေမာင္ေအး၏ ေဖ့ဘြတ္စာမ်က္ႏွာျဖစ္ေသာ Mg Mg Aye တြင္ ၀င္ေရာက္၍ ေလလံဆဲြေနၾကၿပီး နို၀င္ဘာ ၂၅ ရက္တြင္ ရန္ကုန္ၿမိဳ႕ဆီဒိုးနားဟိုတယ္၌ က်င္းပမည့္ ေလလံပဲြ၌ အျမင့္ဆံုးေလလံေဈးေပးႏိုင္မည့္သူကို NLD နာယကဦးတင္ဦးကိုယ္တိုင္ပန္းခီ်ကားကို ေပးအပ္မည္ဟု သိရိွရသည္။

''ႏို၀င္ဘာ ၂၄ ရက္ ည ၁၂ နာရီ ထိ ေဖ့ဘြတ္ကေနေလလံဆဲြတာေတြကို လက္ခံသြားမယ္။ ေဖ့ဘြတ္ကေန အျမင့္ ဆံုးေပးထားတဲ့ေဈးကို ၂၅ ရက္ေန႔လုပ္မယ့္ပဲြမွာ ၾကမ္းခင္းေဈးအျဖစ္သတ္မွတ္ျပီး အျမင့္ဆံုးေဈးထပ္ေပးႏိုင္တဲ့သူက ပန္းခီ်ကားကို ရရိွမွာျဖစ္တယ္။ အဲဒီေလလံပဲြမွာ၀င္ခြင့္လက္မွတ္တေစာင္ကို အေမရိကန္ေဒၚလာ ၁၀၀ သတ္မွတ္ျပီး ေရာင္းခ်ေပးသြားမွာျဖစ္ပါတယ္။ လက္မွတ္ေရာင္းရေငြကိုလည္း ေဒၚခင္ၾကည္ ေဖာင္ေဒးရွင္း ရန္ပံုေငြအျဖစ္ သတ္မွတ္သြားမွာျဖစ္ပါတယ္''ဟု ကိုေမာင္ေမာင္ေအးက ဆက္ လက္ေျပာၾကားသည္။

၂၀၁၂ ဒီဇင္ဘာလတြင္ က်င္းပခဲ့သည့္ NLD ပညာေရးကြန္ရက္ ၂ နွစ္ျပည့္ ဂီတပဲြေတာ္တြင္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ထိုးထားသည့္ ဆြယ္တာအက်ီၤကို ေလလံတင္ခဲ့ရာ ေရႊသံလြင္ကုမၸဏီ လက္ေအာက္ရိွ ေရႊ FM က က်ပ္ ၄၁၅ သိန္းျဖင့္ ေလလံေအာင္ျမင္ခဲ့သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)

#Unicode Version
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခဲ့ စဉ်ကာလအတွင်းက ကိုယ်တိုင်ရေးဆွဲခဲ့သည့် ပန်းချီကားကို လေလံ တင်ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆို ပါပန်းချီကားကို ၂၀၀၉ ခုနှစ်တွင် အမေရိကန်နိုင်ငံသား ဂျွန်ယက် တောရေးကူး၍ ၎င်း၏နေအိမ်သို့ဝင်ရောက်ခဲ့သည့် ဖြစ်စဉ်အပြီး၌ ရေစပ်တွင်ရဲကင်းချ၍ လေးဘက် လေးတန်သံဆန်ခါများ ကာရံခံထားရသည့် မြင်ကွင်းကို ကြည့်ကာရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ပန်းချီကားလေလံဆွဲမှုအတွက် ကူညီဆောင်ရွက်ပေးနေသူ ကိုမောင်မောင်အေးက ပြောသည်။

''ဒေါ်အောင်ဆန်းစုကြည် ဂျပန်မသွားခင် ညကတည်းက သူကိုယ်တိုင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လူကြီးတွေကို ဒီပန်းချီကားကို ပေးခဲ့တယ်။ ပန်းချီကားကို လေလံတင်လို့ရသမျှ ငွေကြေးတွေကို ဖောင်ဒေးရှင်းအတွက် သုံးဖို့ပြောခဲ့ပါတယ်။ ကြမ်းခင်းဈေးအမေရိကန်ဒေါ်လာငါးထောင်သတ်မှတ်ခဲ့ပေမယ့် အခုဒေါ်လာတသိန်းခွဲအထိပေးတဲ့လူရှိနေပါပြီ''ဟု ကိုမောင်မောင်အေးက နိုဝင်ဘာ ၂ ရက် ညနေပိုင်းတွင် News Watch သို့ ပြောသည်။

လက်ရှိအချိန်တွင် ပန်းချီကားလေလံဆွဲမှုကို နိုဝင်ဘာ ၁ ရက်မှစ၍ ကိုမောင်မောင်အေး၏ ဖေ့ဘွတ်စာမျက်နှာဖြစ်သော Mg Mg Aye တွင် ဝင်ရောက်၍ လေလံဆွဲနေကြပြီး နိုဝင်ဘာ ၂၅ ရက်တွင် ရန်ကုန်မြို့ဆီဒိုးနားဟိုတယ်၌ ကျင်းပမည့် လေလံပွဲ၌ အမြင့်ဆုံးလေလံဈေးပေးနိုင်မည့်သူကို NLD နာယကဦးတင်ဦးကိုယ်တိုင်ပန်းချီကားကို ပေးအပ်မည်ဟု သိရှိရသည်။

''နိုဝင်ဘာ ၂၄ ရက် ည ၁၂ နာရီ ထိ ဖေ့ဘွတ်ကနေလေလံဆွဲတာတွေကို လက်ခံသွားမယ်။ ဖေ့ဘွတ်ကနေ အမြင့် ဆုံးပေးထားတဲ့ဈေးကို ၂၅ ရက်နေ့လုပ်မယ့်ပွဲမှာ ကြမ်းခင်းဈေးအဖြစ်သတ်မှတ်ပြီး အမြင့်ဆုံးဈေးထပ်ပေးနိုင်တဲ့သူက ပန်းချီကားကို ရရှိမှာဖြစ်တယ်။ အဲဒီလေလံပွဲမှာဝင်ခွင့်လက်မှတ်တစောင်ကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ပြီး ရောင်းချပေးသွားမှာဖြစ်ပါတယ်။ လက်မှတ်ရောင်းရငွေကိုလည်း ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရန်ပုံငွေအဖြစ် သတ်မှတ်သွားမှာဖြစ်ပါတယ်''ဟု ကိုမောင်မောင်အေးက ဆက် လက်ပြောကြားသည်။

၂၀၁၂ ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် NLD ပညာရေးကွန်ရက် ၂ နှစ်ပြည့် ဂီတပွဲတော်တွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထိုးထားသည့် ဆွယ်တာအကျီၤကို လေလံတင်ခဲ့ရာ ရွှေသံလွင်ကုမ္ပဏီ လက်အောက်ရှိ ရွှေ FM က ကျပ် ၄၁၅ သိန်းဖြင့် လေလံအောင်မြင်ခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:News Watch(စောင့်ကြည့်သတင်းဂျာနယ်)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top