Property Expo
×

တရုတ္ဆုိရွယ္သတင္းစာမ်က္ႏွာတစ္ခုမွာ လူငယ္အမ်ိဳးသားတစ္ဦး က အသက္ႀကီး လင္မယားစံုတြဲကုိ လူျမင္ကြင္းလမ္းမေပၚ ရုိက္ႏွက္ ထိုးႀကိတ္ေနတဲ့ ဗီြဒီယုိဖုိင္ တက္လာၿပီးတဲ့ ေနာက္မွာ အေၾကာင္း အရင္းအမွန္ကုိ သိသြားလုိ႔ ဆုိရွယ္အသံုးျပဳသူေတြ ေဒါသတႀကီး ျပစ္တင္ေပါက္ကြဲခဲ့ၾကတယ္လုိ႔ သိရပါတယ္။
ဘာ့ေၾကာင့္ အသက္ႀကီး စံုတြဲကုိ ရုိက္ႏွက္ရတဲ့အေၾကာင္းအရင္းက သားသမီးျဖစ္တဲ့ အမ်ိဳးသားက မိဘလုပ္ေတြက သူေနထုိင္ဖုိ႔အ တြက္က်ဥ္းလြန္းတဲ့ တုိက္ခန္းကုိ ဝယ္ေပးခဲ့တာေၾကာင့္ မေက်မနပ္ ျဖစ္ကာ ရုိက္ႏွက္ခဲ့ျခင္း ျဖစ္တယ္လုိ႔ သိရပါတယ္။

ယင္းသုိ႔ စိတ္ပ်က္စရာအျဖစ္အပ်က္က ဟာဘင္မွာရွိတဲ့ အိမ္ၿခံေျမ အေရာင္းျပခန္းအျပင္ဘက္မွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ထုိသုိ႔ အသက္ႀကီး လူႀကီးႏွစ္ဦးကုိ ရုိက္ႏွက္ထိုးႀကိတ္ေနခဲ့လုိ႔ အနီးအနားနဲ႔ ျဖတ္သြားျဖတ္လာလူေတြက ဝုိင္းဝန္းတားျမစ္ၾကၿပီး ရဲတပ္ဖြဲ႕ဝင္ေတြကလည္း ထိန္းသိမ္းျခင္းေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

မိဘလုပ္သူေတြအေပၚ ဒီလုိမ်ိဳး ရုိင္းရုိင္းစုိင္းစုိင္း တုိက္ခုိက္ခဲ့တဲ့ အဆုိပါ အမ်ိဳးသားကုိ ျဖတ္သြားျဖတ္လာလူေတြနဲ႔ ဆုိရွယ္အသံုးျပဳ သူေတြက ျပစ္တင္ဆဲဆုိျခင္းေတြ၊ ေဒါသထြက္ေပါက္ကြဲျခင္းေတြ လည္း ရွိခဲ့ၾကတယ္လို႔ သိရပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။

Unicode Version

တရုတ်ဆိုရှယ်သတင်းစာမျက်နှာတစ်ခုမှာ လူငယ်အမျိုးသားတစ်ဦး က အသက်ကြီး လင်မယားစုံတွဲကို လူမြင်ကွင်းလမ်းမပေါ် ရိုက်နှက် ထိုးကြိတ်နေတဲ့ ဗွီဒီယိုဖိုင် တက်လာပြီးတဲ့ နောက်မှာ အကြောင်း အရင်းအမှန်ကို သိသွားလို့ ဆိုရှယ်အသုံးပြုသူတွေ ဒေါသတကြီး ပြစ်တင်ပေါက်ကွဲခဲ့ကြတယ်လို့ သိရပါတယ်။
ဘာ့ကြောင့် အသက်ကြီး စုံတွဲကို ရိုက်နှက်ရတဲ့အကြောင်းအရင်းက သားသမီးဖြစ်တဲ့ အမျိုးသားက မိဘလုပ်တွေက သူနေထိုင်ဖို့အ တွက်ကျဉ်းလွန်းတဲ့ တိုက်ခန်းကို ဝယ်ပေးခဲ့တာကြောင့် မကျေမနပ် ဖြစ်ကာ ရိုက်နှက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။


ယင်းသို့ စိတ်ပျက်စရာအဖြစ်အပျက်က ဟာဘင်မှာရှိတဲ့ အိမ်ခြံမြေ အရောင်းပြခန်းအပြင်ဘက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ထိုသို့ အသက်ကြီး လူကြီးနှစ်ဦးကို ရိုက်နှက်ထိုးကြိတ်နေခဲ့လို့ အနီးအနားနဲ့ ဖြတ်သွားဖြတ်လာလူတွေက ဝိုင်းဝန်းတားမြစ်ကြပြီး ရဲတပ်ဖွဲ့ဝင်တွေကလည်း ထိန်းသိမ်းခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။


မိဘလုပ်သူတွေအပေါ် ဒီလိုမျိုး ရိုင်းရိုင်းစိုင်းစိုင်း တိုက်ခိုက်ခဲ့တဲ့ အဆိုပါ အမျိုးသားကို ဖြတ်သွားဖြတ်လာလူတွေနဲ့ ဆိုရှယ်အသုံးပြု သူတွေက ပြစ်တင်ဆဲဆိုခြင်းတွေ၊ ဒေါသထွက်ပေါက်ကွဲခြင်းတွေ လည်း ရှိခဲ့ကြတယ်လို့ သိရပါတယ်။



Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top