Kantharyar Centre
×

ျပီးခဲ့သည့္ ႏွစ္အနည္းငယ္က အေမရိကန္ အထက္လႊတ္ေတာ္ အမတ္တစ္ဦးက ဘုရားသခင္ကို တရားစြဲဆို ဖူးသည္။ ဘုရားသခင္ ဟူသည္ ေနရပ္လိပ္စာ အတိအက် မရွိေသာေၾကာင့္ တရားစြဲ ဆို၍ မျဖစ္ႏုိင္ဟု ဆိုကာ တရား႐ံုးက ပယ္ခ်ခဲ့ရ ဖူးသည္။

အိႏၵိယတြင္ကား ဟိႏၵဴ နတ္ဘုရားမ်ား၊ နတ္ဘုရားမ မ်ားသည္ လူအမ်ား၏ ယံုၾကည္ ကိုးကြယ္မႈကို ခံရသူမ်ား ျဖစ္သလို လူအမ်ားႏွင့္လည္း နီးစပ္သူမ်ား ျဖစ္ေသာေၾကာင့္ အိႏ္ၵိယ တရား႐ံုး အခ်ဳိ႕သည္ နတ္ဘုရား မ်ားကို တရားစြဲဆို ႏိုင္ေသာ အေနအထား ရွိသည္ဟု သတ္မွတ္ေပးေလ့ ရွိသည္။ သို႔ျဖစ္ေသာ ေၾကာင့္ပင္ အိႏ္ၵိယတြင္ နတ္ဘုရား မ်ားကို ႐ံုးတင္ တရားစြဲဆိုမႈမ်ား ရွိေနသည္။

လူသားတို႔ တရားဥပေဒႏွင့္ နတ္ဘုရားတို႔ ၿငိစြန္းမိခဲ့သည့္ ျဖစ္စဥ္ အခ်ဳိ႕ကို ေဒလီၿမိဳ႕ ဘီဘီစီ သတင္းဌာနခြဲမွ သတင္းသမား ဂီတပန္ေဒက မွတ္တမ္းတင္ထားသည္ မ်ားကို တစ္ဆင့္ျပန္လည္ ေဖာ္ျပ ပါမည္။

ေျမယာ က်ဴးေက်ာ္မႈ

ေဖေဖာ္၀ါရီ လဆန္းပိုင္းကပင္ အိႏ္ၵိယ ေျမာက္ပိုင္း ဘီဟာျပည္နယ္တြင္ တရား႐ံုး တစ္႐ံုးသည္ ဟာႏုမန္ေမ်ာက္ နတ္ဘုရားကို အစိုးရ ေျမယာ က်ဴးေက်ာ္မႈျဖင့္ ႐ံုးေတာ္သို႔ ဆင့္ေခၚ ခဲ့သည္။ အမ်ားျပည္သူ ပိုင္ကားလမ္းေဘးတြင္ ဟာႏုမန္ နတ္ကြန္းတစ္ခု ေပၚလာၿပီး ထိုနတ္ကြန္းသည္ ယာဥ္ အသြားအလာကို အေႏွာင့္အယွက္ေပးေန သျဖင့္ သက္ဆိုင္ရာ အစိုးရဌာနက ႐ံုးေတာ္သို႔ ေလွ်ာက္ထားကာ နတ္ကြန္းကို ဖယ္ခိုင္းျခင္း ျဖစ္သည္။

တရား႐ံုးသည္ ဟာႏုမန္ကို ႐ံုးေတာ္သို႔ ဆင့္ေခၚသည့္ အမိန္႔စာ ထုတ္ျပန္ခဲ့ သလို နတ္ကြန္းရွိ ဟာႏုမန္ ႐ုပ္တုေပၚ တြင္လည္း အမိန္႔စာကို ကပ္ထား ခဲ့သည္။ ထိုကိစၥကို လူအမ်ား ေ၀ဖန္မႈမ်ား ထြက္ေပၚ လာရာ ႐ံုးေတာ္က ၎တို႔သည္ ဟာႏုမန္ နတ္ကြန္းကို ေဆာက္လုပ္ ကိုးကြယ္သူမ်ား ကိုသာ ရည္ညႊန္းျခင္း ျဖစ္ေၾကာင္း၊ ဟာႏုမန္နတ္ကို ရည္ညႊန္းျခင္း မဟုတ္ဟု ျပန္လည္ေျဖရွင္း ခဲ့သည္။ ဟာႏုမန္ ေမ်ာက္မင္း၏ ႐ုပ္တုမွ အမိန္႔စာ ကိုလည္း ျပန္လည္ ႐ုပ္သိမ္းခဲ့သည္။

ဇနီးသည္ကို ႏွိမ့္ခ် ဆက္ဆံမႈ

ဇနီးသည္ သီတာကို ႏွိမ့္ခ် ဆက္ဆံမႈျဖင့္ ဟိႏၵဴတို႔၏ အထင္ကရ နတ္ဘုရား ရာမကို လူသားေရွ႕ေန တစ္ဦးက တရားစြဲဆိုဖူး ေသးသည္။ ခ်န္ဒန္ကူးမား ဆင္းဂ်္ ဆိုေသာ ေရွ႕ေန ျဖစ္သည္။ သူသည္ အိႏ္ၵိယ ႏုိင္ငံ ႏွင့္ ကမၻာတစ္၀န္းက သန္းေပါင္း မ်ားစြာေသာ ဟိႏၵဴမ်ား နည္းတူ ရာမနတ္ကို ယံုၾကည္ ကိုးကြယ္သူသာ ျဖစ္ေၾကာင္း၊ သို႔ေသာ္ ရာမက သီတာကို ႏွိမ့္ခ် ဆက္ဆံမႈမ်ား ကိုေတာ့ သူ ခြင့္လႊတ္ နားလည္ေပးလို႔ မရေၾကာင္း မစၥတာ ဆင္းဂ်္က ေျပာသည္။

႐ံုးေတာ္က ထိုတရားစြဲဆိုမႈကို ပယ္ခ်ခဲ့သည္။ လက္ေတြ႕မက်ေသာ တရားစြဲဆိုမႈ ဟုလည္း ဆိုခဲ့သည္။ မစၥတာ ဆင္းဂ်္၏ မိတ္ေဆြမ်ား ကလည္း ဆင္းဂ်္သည္ နာမည္ႀကီးခ်င္၍ သပ္သပ္ စတန္႔ထြင္ျခင္း ျဖစ္သည္ဟု ျပစ္တင္ခဲ့ ၾကသည္။ မိတ္ေဆြ တစ္ေယာက္က ဆိုလွ်င္ ရာမနတ္မင္းကို သိကၡာခ်ေသာ ဆင္းဂ်္ကိုပင္ တန္ျပန္ တရားစြဲဆို ခဲ့သည္။

မစၥတာ ဆင္းဂ်္က မတုန္လႈပ္။ တရားစြဲႏုိင္ေအာင္ သူဆက္ ႀကိဳးစားမည္ဟု ဆိုထားသည္။ ရာမသည္ သီတာအား ႏွိမ့္ခ် ဆက္ဆံခဲ့မႈ မ်ားကို အိႏ္ၵိယျပည္သူမ်ား အမွန္အတိုင္း သိေအာင္သူ ဆက္ႀကိဳးပမ္းမည္ဟု ဆိုထားသည္။

ေျမပိုင္ရွင္ ဘယ္သူလဲ

၂၀၀၇ ခုႏွစ္ ဒီဇင္ဘာလ ကလည္း ရာမႏွင့္ ဟာႏုမန္တို႔ကို ႐ံုးေတာ္က ဆင့္ေခၚခဲ့ ဖူးသည္။ ေျမပိုင္ဆိုင္မႈ အျငင္းပြားမႈေၾကာင့္ ျဖစ္သည္။ အိႏ္ၵိယ အေရွ႕ပိုင္း ဂ်ာခန္း ျပည္နယ္ တရား႐ံုးက ရာမႏွင့္ ဟာႏုမန္တို႔ ႐ံုးေတာ္ သို႔ ကိုယ္တိုင္ ကိုယ္က် လာေရာက္ေစဟု ဆင့္ေခၚ ခဲ့သည္။

ရာမႏွင့္ ဟာႏုမန္တို႔ ႐ံုးေတာ္သို႔ လာေရာက္ဖို႔ ပ်က္ကြက္သည္တြင္ ေနာက္တစ္ႀကိမ္ အျဖစ္ ႐ံုးေတာ္ ဆက္သားျဖင့္ အေၾကာင္းၾကားစာေပးပို႔ ခဲ့သည္။ ထိုအႀကိမ္တြင္လည္း လာေရာက္ရန္ ပ်က္ကြက္သည္တြင္ စာတိုက္မွ တစ္ဆင့္ေပးပို႔သည္။ နတ္ဘုရားတို႔ထံ ေပးပို႔ေသာ လိပ္စာသည္ မတိက် သျဖင့္ဟု ဆိုကာ စာတိုက္က ႐ံုးေတာ္ကို ျပန္ပို႔ ခဲ့သည္။

ဒါဟန္ဘတ္ၿမိဳ႕ရွိ (၁ ဒသမ ၄) ဧက က်ယ္ေသာ ေျမကြက္ေပၚတြင္ ရာမနတ္ကြန္းႏွင့္ ဟာႏုမန္ နတ္ကြန္းႏွစ္ခု ကိစၥ ျဖစ္သည္။ ေဒသခံမ်ားက ထိုေျမသည္ နတ္ဘုရား ႏွစ္ပါး ပိုင္ဆိုင္သည္ဟု ဆိုၾကသည္။ နတ္ကြန္းလူႀကီး ကမူ သူ႔ေျမဟု ဆိုသျဖင့္ အမႈ ျဖစ္ပြားျခင္း ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: messenger news journal

#Unicode Version

ပီးခဲ့သည့် နှစ်အနည်းငယ်က အမေရိကန် အထက်လွှတ်တော် အမတ်တစ်ဦးက ဘုရားသခင်ကို တရားစွဲဆို ဖူးသည်။ ဘုရားသခင် ဟူသည် နေရပ်လိပ်စာ အတိအကျ မရှိသောကြောင့် တရားစွဲ ဆို၍ မဖြစ်နိုင်ဟု ဆိုကာ တရားရုံးက ပယ်ချခဲ့ရ ဖူးသည်။

အိန္ဒိယတွင်ကား ဟိန္ဒူ နတ်ဘုရားများ၊ နတ်ဘုရားမ များသည် လူအများ၏ ယုံကြည် ကိုးကွယ်မှုကို ခံရသူများ ဖြစ်သလို လူအများနှင့်လည်း နီးစပ်သူများ ဖြစ်သောကြောင့် အိန်္ဒိယ တရားရုံး အချို့သည် နတ်ဘုရား များကို တရားစွဲဆို နိုင်သော အနေအထား ရှိသည်ဟု သတ်မှတ်ပေးလေ့ ရှိသည်။ သို့ဖြစ်သော ကြောင့်ပင် အိန်္ဒိယတွင် နတ်ဘုရား များကို ရုံးတင် တရားစွဲဆိုမှုများ ရှိနေသည်။

လူသားတို့ တရားဥပဒေနှင့် နတ်ဘုရားတို့ ငြိစွန်းမိခဲ့သည့် ဖြစ်စဉ် အချို့ကို ဒေလီမြို့ ဘီဘီစီ သတင်းဌာနခွဲမှ သတင်းသမား ဂီတပန်ဒေက မှတ်တမ်းတင်ထားသည် များကို တစ်ဆင့်ပြန်လည် ဖော်ပြ ပါမည်။

မြေယာ ကျူးကျော်မှု

ဖေဖော်ဝါရီ လဆန်းပိုင်းကပင် အိန်္ဒိယ မြောက်ပိုင်း ဘီဟာပြည်နယ်တွင် တရားရုံး တစ်ရုံးသည် ဟာနုမန်မျောက် နတ်ဘုရားကို အစိုးရ မြေယာ ကျူးကျော်မှုဖြင့် ရုံးတော်သို့ ဆင့်ခေါ် ခဲ့သည်။ အများပြည်သူ ပိုင်ကားလမ်းဘေးတွင် ဟာနုမန် နတ်ကွန်းတစ်ခု ပေါ်လာပြီး ထိုနတ်ကွန်းသည် ယာဉ် အသွားအလာကို အနှောင့်အယှက်ပေးနေ သဖြင့် သက်ဆိုင်ရာ အစိုးရဌာနက ရုံးတော်သို့ လျှောက်ထားကာ နတ်ကွန်းကို ဖယ်ခိုင်းခြင်း ဖြစ်သည်။

တရားရုံးသည် ဟာနုမန်ကို ရုံးတော်သို့ ဆင့်ခေါ်သည့် အမိန့်စာ ထုတ်ပြန်ခဲ့ သလို နတ်ကွန်းရှိ ဟာနုမန် ရုပ်တုပေါ် တွင်လည်း အမိန့်စာကို ကပ်ထား ခဲ့သည်။ ထိုကိစ္စကို လူအများ ဝေဖန်မှုများ ထွက်ပေါ် လာရာ ရုံးတော်က ၎င်းတို့သည် ဟာနုမန် နတ်ကွန်းကို ဆောက်လုပ် ကိုးကွယ်သူများ ကိုသာ ရည်ညွှန်းခြင်း ဖြစ်ကြောင်း၊ ဟာနုမန်နတ်ကို ရည်ညွှန်းခြင်း မဟုတ်ဟု ပြန်လည်ဖြေရှင်း ခဲ့သည်။ ဟာနုမန် မျောက်မင်း၏ ရုပ်တုမှ အမိန့်စာ ကိုလည်း ပြန်လည် ရုပ်သိမ်းခဲ့သည်။

ဇနီးသည်ကို နှိမ့်ချ ဆက်ဆံမှု

ဇနီးသည် သီတာကို နှိမ့်ချ ဆက်ဆံမှုဖြင့် ဟိန္ဒူတို့၏ အထင်ကရ နတ်ဘုရား ရာမကို လူသားရှေ့နေ တစ်ဦးက တရားစွဲဆိုဖူး သေးသည်။ ချန်ဒန်ကူးမား ဆင်းဂျ် ဆိုသော ရှေ့နေ ဖြစ်သည်။ သူသည် အိန်္ဒိယ နိုင်ငံ နှင့် ကမ္ဘာတစ်ဝန်းက သန်းပေါင်း များစွာသော ဟိန္ဒူများ နည်းတူ ရာမနတ်ကို ယုံကြည် ကိုးကွယ်သူသာ ဖြစ်ကြောင်း၊ သို့သော် ရာမက သီတာကို နှိမ့်ချ ဆက်ဆံမှုများ ကိုတော့ သူ ခွင့်လွှတ် နားလည်ပေးလို့ မရကြောင်း မစ္စတာ ဆင်းဂျ်က ပြောသည်။

ရုံးတော်က ထိုတရားစွဲဆိုမှုကို ပယ်ချခဲ့သည်။ လက်တွေ့မကျသော တရားစွဲဆိုမှု ဟုလည်း ဆိုခဲ့သည်။ မစ္စတာ ဆင်းဂျ်၏ မိတ်ဆွေများ ကလည်း ဆင်းဂျ်သည် နာမည်ကြီးချင်၍ သပ်သပ် စတန့်ထွင်ခြင်း ဖြစ်သည်ဟု ပြစ်တင်ခဲ့ ကြသည်။ မိတ်ဆွေ တစ်ယောက်က ဆိုလျှင် ရာမနတ်မင်းကို သိက္ခာချသော ဆင်းဂျ်ကိုပင် တန်ပြန် တရားစွဲဆို ခဲ့သည်။

မစ္စတာ ဆင်းဂျ်က မတုန်လှုပ်။ တရားစွဲနိုင်အောင် သူဆက် ကြိုးစားမည်ဟု ဆိုထားသည်။ ရာမသည် သီတာအား နှိမ့်ချ ဆက်ဆံခဲ့မှု များကို အိန်္ဒိယပြည်သူများ အမှန်အတိုင်း သိအောင်သူ ဆက်ကြိုးပမ်းမည်ဟု ဆိုထားသည်။

မြေပိုင်ရှင် ဘယ်သူလဲ

၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ကလည်း ရာမနှင့် ဟာနုမန်တို့ကို ရုံးတော်က ဆင့်ခေါ်ခဲ့ ဖူးသည်။ မြေပိုင်ဆိုင်မှု အငြင်းပွားမှုကြောင့် ဖြစ်သည်။ အိန်္ဒိယ အရှေ့ပိုင်း ဂျာခန်း ပြည်နယ် တရားရုံးက ရာမနှင့် ဟာနုမန်တို့ ရုံးတော် သို့ ကိုယ်တိုင် ကိုယ်ကျ လာရောက်စေဟု ဆင့်ခေါ် ခဲ့သည်။

ရာမနှင့် ဟာနုမန်တို့ ရုံးတော်သို့ လာရောက်ဖို့ ပျက်ကွက်သည်တွင် နောက်တစ်ကြိမ် အဖြစ် ရုံးတော် ဆက်သားဖြင့် အကြောင်းကြားစာပေးပို့ ခဲ့သည်။ ထိုအကြိမ်တွင်လည်း လာရောက်ရန် ပျက်ကွက်သည်တွင် စာတိုက်မှ တစ်ဆင့်ပေးပို့သည်။ နတ်ဘုရားတို့ထံ ပေးပို့သော လိပ်စာသည် မတိကျ သဖြင့်ဟု ဆိုကာ စာတိုက်က ရုံးတော်ကို ပြန်ပို့ ခဲ့သည်။

ဒါဟန်ဘတ်မြို့ရှိ (၁ ဒသမ ၄) ဧက ကျယ်သော မြေကွက်ပေါ်တွင် ရာမနတ်ကွန်းနှင့် ဟာနုမန် နတ်ကွန်းနှစ်ခု ကိစ္စ ဖြစ်သည်။ ဒေသခံများက ထိုမြေသည် နတ်ဘုရား နှစ်ပါး ပိုင်ဆိုင်သည်ဟု ဆိုကြသည်။ နတ်ကွန်းလူကြီး ကမူ သူ့မြေဟု ဆိုသဖြင့် အမှု ဖြစ်ပွားခြင်း ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: messenger news journal
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top