Property Expo
×

သင္ဟာ ညဘက္အိပ္စက္တဲ့အခါ ေဟာက္တတ္တယ္ ဒါမွမဟုတ္ ေဟာက္တတ္သူရဲ႕ေဘးနားမွာ အိပ္ရတယ္ဆုိပါက ညသန္းေခါင္ အေႏွာင့္အယွက္ျဖစ္ေစတဲ့ ဒီေဟာက္သံေတြ ေျဖရွင္းေပးမယ့္ နည္းမွန္သမွ် စမ္းၾကည့္ခ်င္မိပါလိမ့္မယ္။ အရြယ္ေရာက္ျပီးသူ ၄ေယာက္မွာ ၁ေယာက္ဟာ အိပ္ေနစဥ္  ပုံမွန္ေဟာက္ၾကပါတယ္တဲ့။ အႏၱရာယ္ျဖစ္ေစတဲ့ အသံေတြ မဟုတ္ေပမယ့္ ဒါဟာ apnea လုိ႔ေခၚတဲ့ အိပ္ေနစဥ္ အသက္ရွဴလမ္းေၾကာင္း ဆုိ႔ျပီး အသက္ရွဴရပ္လုိက္၊ ျပန္စလုိက္ အၾကိမ္ၾကိမ္ျဖစ္ေနတဲ့ ေရာဂါလကၡဏာတစ္ခု ျဖစ္ပါတယ္။
အိပ္ေနခ်ိန္အတြင္း အသက္ရွဴယာယီရပ္တဲ့ေရာဂါ apnea ရိွသူေတြဟာ Continuous Positive Airway Pressure (CPAP) ကိရိယာ အသုံးျပဳႏုိင္ပါတယ္။ အသက္ရွဴျပြန္ေတြ မေခါက္မိေအာင္ ကာကြယ္ေပးဖို႔ ေလကို မျပတ္စီးဆင္းေစတဲ့ ကိရိယာတစ္ခုပါ။ ဒါေပမယ့္ မ်က္ႏွာဖုံးလုိ တပ္ဆင္ရမွာမုိ႔ အမ်ားစုက မလုပ္ခ်င္ၾကပါဘူး။
သတင္းေကာင္းတစ္ခု ရိွပါတယ္။ Airing ေခၚ အိပ္ေနစဥ္ အသက္ရွဴေခတၱျပတ္ေတာက္ျခင္းနဲ႔ ေဟာက္သံေတြေလွ်ာ့နည္းသက္သာေစႏုိင္တဲ့ တီထြင္မႈသစ္တစ္ခု ရိွပါတယ္။ အျခားကိရိယာေတြလုိပဲ သူဟာ အသက္ရွဴျပြန္ေတြ ေခါက္မသြားေအာင္ ေလေတြ ပို႔လႊတ္ေပးကာ ေဟာက္သံေတြလည္း ေလွ်ာ့နည္းသက္သာေစပါတယ္။
ဆီလီကြန္ရာဘာနဲ႕ျပဳလုပ္တဲ့ ႏွာေခါင္းအစို႔ႏွစ္ခုကေနတဆင့္ ေလဝင္ထြက္ျပဳကာ အိပ္ေနခ်ိန္အတြင္း ေလဖိအားထိန္းသိမ္းဖုိ႔နဲ႔ ကိရိယာ ေနရာတက်ရိွေစဖုိ႔ စီမံေဆာင္ရြက္ထားပါတယ္။ ေလကို လွ်ပ္စစ္သံလုိက္အားသုံးကာ အေသးစားေလမႈတ္ကိရိယာနဲ႔ ထုတ္ေပးပါတယ္။ Airing ကို zinc-air ဘက္ထရီနဲ႔ ေမာင္းနင္လည္ပတ္ထားတာေၾကာင့္ ၾကိဳးေတြမလုိအပ္ေတာ့ပါဘူး။ ဒါေပမယ့္ အားျပန္သြင္းလို႔မရေတာ့ တစ္ခုကို ၈ နာရီၾကာသာ အသုံးျပဳႏုိင္ပါလိမ့္မယ္။
ဝမ္းနည္းစရာက ဒီကိရိယာကို ဝယ္လုိ႔ေတာ့့ မရေသးဘူးလုိ႔ သိရပါတယ္။ ေစ်းႏႈန္းအေနနဲ႔ $3 ခန္႔ေလာက္နဲ႕ သိပ္မၾကာေသးခင္မွာ လက္လီေရာင္းခ်သြားဖုိ႔ ေမွ်ာ္လင့္ထားပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
သင်ဟာ ညဘက်အိပ်စက်တဲ့အခါ ဟောက်တတ်တယ် ဒါမှမဟုတ် ဟောက်တတ်သူရဲ့ဘေးနားမှာ အိပ်ရတယ်ဆိုပါက ညသန်းခေါင် အနှောင့်အယှက်ဖြစ်စေတဲ့ ဒီဟောက်သံတွေ ဖြေရှင်းပေးမယ့် နည်းမှန်သမျှ စမ်းကြည့်ချင်မိပါလိမ့်မယ်။ အရွယ်ရောက်ပြီးသူ ၄ယောက်မှာ ၁ယောက်ဟာ အိပ်နေစဉ်  ပုံမှန်ဟောက်ကြပါတယ်တဲ့။ အန္တရာယ်ဖြစ်စေတဲ့ အသံတွေ မဟုတ်ပေမယ့် ဒါဟာ apnea လို့ခေါ်တဲ့ အိပ်နေစဉ် အသက်ရှူလမ်းကြောင်း ဆို့ပြီး အသက်ရှူရပ်လိုက်၊ ပြန်စလိုက် အကြိမ်ကြိမ်ဖြစ်နေတဲ့ ရောဂါလက္ခဏာတစ်ခု ဖြစ်ပါတယ်။

အိပ်နေချိန်အတွင်း အသက်ရှူယာယီရပ်တဲ့ရောဂါ apnea ရှိသူတွေဟာ Continuous Positive Airway Pressure (CPAP) ကိရိယာ အသုံးပြုနိုင်ပါတယ်။ အသက်ရှူပြွန်တွေ မခေါက်မိအောင် ကာကွယ်ပေးဖို့ လေကို မပြတ်စီးဆင်းစေတဲ့ ကိရိယာတစ်ခုပါ။ ဒါပေမယ့် မျက်နှာဖုံးလို တပ်ဆင်ရမှာမို့ အများစုက မလုပ်ချင်ကြပါဘူး။

သတင်းကောင်းတစ်ခု ရှိပါတယ်။ Airing ခေါ် အိပ်နေစဉ် အသက်ရှူခေတ္တပြတ်တောက်ခြင်းနဲ့ ဟောက်သံတွေလျှော့နည်းသက်သာစေနိုင်တဲ့ တီထွင်မှုသစ်တစ်ခု ရှိပါတယ်။ အခြားကိရိယာတွေလိုပဲ သူဟာ အသက်ရှူပြွန်တွေ ခေါက်မသွားအောင် လေတွေ ပို့လွှတ်ပေးကာ ဟောက်သံတွေလည်း လျှော့နည်းသက်သာစေပါတယ်။

ဆီလီကွန်ရာဘာနဲ့ပြုလုပ်တဲ့ နှာခေါင်းအစို့နှစ်ခုကနေတဆင့် လေဝင်ထွက်ပြုကာ အိပ်နေချိန်အတွင်း လေဖိအားထိန်းသိမ်းဖို့နဲ့ ကိရိယာ နေရာတကျရှိစေဖို့ စီမံဆောင်ရွက်ထားပါတယ်။ လေကို လျှပ်စစ်သံလိုက်အားသုံးကာ အသေးစားလေမှုတ်ကိရိယာနဲ့ ထုတ်ပေးပါတယ်။ Airing ကို zinc-air ဘက်ထရီနဲ့ မောင်းနင်လည်ပတ်ထားတာကြောင့် ကြိုးတွေမလိုအပ်တော့ပါဘူး။ ဒါပေမယ့် အားပြန်သွင်းလို့မရတော့ တစ်ခုကို ၈ နာရီကြာသာ အသုံးပြုနိုင်ပါလိမ့်မယ်။

ဝမ်းနည်းစရာက ဒီကိရိယာကို ဝယ်လို့တော့ မရသေးဘူးလို့ သိရပါတယ်။ ဈေးနှုန်းအနေနဲ့ $3 ခန့်လောက်နဲ့ သိပ်မကြာသေးခင်မှာ လက်လီရောင်းချသွားဖို့ မျှော်လင့်ထားပါတယ်။



 ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top