Kantharyar Centre
×

သင္ဟာ သရဲေတြတကယ္ရွိတယ္လို ့ယံုၾကည္သူဆိုရင္ သင္တစ္ဦးထဲသာ ယံုၾကည္သူမဟုတ္ပါဘူး။ ၂၀၀၅ ခုႏွစ္က လုပ္ေဆာင္ခဲ့တဲ့ လူထု အျမင္စစ္တမ္းေကာက္ယူမွဳအရ ၃၇ ရာခိုင္နွဳန္းေသာ အေမရိကန္လူမ်ိဳးမ်ားက သရဲေျခာက္တဲ့အိမ္ ေတြနဲ ့ပတ္သက္ျပီး အယံုအၾကည္ရွိၾကျပီး လူဦးေရရဲ ့၃ ပံု ၁ ပံုကေတာ့ သရဲတကယ္ရွိတယ္လို ့ ယံုၾကည္ၾကပါတယ္။ကမၻာမအနွ ့ံလူေသာင္းေပါင္းမ်ားစြာက မိမိတို ့၀ါသနာအရ သရဲကို တက္တက္ၾကြၾကြ လိုက္လံရွာေဖြၾကပါတယ္။ Doubtful Newsblog မွ သုေတသန ပညာရွင္ Sharon Hill ဟာ အေမရိကန္မွာ သရဲကို လိုက္လံရွာေဖြေနသူ ၀ါသနာရွင္မ်ား ၂၀၀၀ေက်ာ္ရွိတယ္လို ့ ေရတြက္ေျပာဆိုခဲ့ပါတယ္။

သရဲေတြဟာ နွစ္ေထာင္ေပါင္းမ်ားစြာၾကာေအာင္ ၀ီလွ်ံ ရွိတ္စပီးယားေရးသားခဲ့တဲ့ နာမည္ၾကီး Macbeth ၀ထၳဳကေနျပီး သမၼာက်မ္းစာအထိ မေရတြက္နိုင္ေအာင္မ်ားျပားလွတဲ့ စာအုပ္ေပါင္းမ်ားစြာမွာ ပါ၀င္ခဲ့ျပီး အလြန္လူေျပာမ်ားတဲ့ အေၾကာင္းအရာတစ္ခု ျဖစ္လာခဲ့သလို အမ်ိဳးမ်ိဳးေသာ သရဲနဲ့ သက္ဆိုင္တဲ့ ပါးစပ္ရာဇ၀င္ေတြကို ေပၚေပါက္လာေစပါတယ္။ သရဲေတြဟာ ကမၻာေပၚမွာ ျမင္ေတြ ့ၾကားသိရဆံုး သဘာ၀လြန္ ယံုၾကည္မွဳတစ္ရပ္ပဲျဖစ္ပါတယ္။ သရဲေတြ တကယ္ရိွတယ္လို ့ ယံုၾကည္တာဟာ ေသခါနီး ေတြ ့ၾကံဳခံစားရတာေတြ၊ ေသျပီးေနာက္ ဘ၀ေတြကို ယံုၾကည္တာ နဲ့ နာနာဘာ၀ ၀ိညာဥ္ေတြနဲ ့ ဆယ္သြယ္တာကို ယံုၾကည္တာ စတာေတြ အပါအ၀င္ ယင္းနဲ့ဆက္စပ္ရာ သဘာ၀လြန္ ယံုၾကည္မွဳေတြ စုဆံုရာ ကြန္ယက္ရဲ ့တစ္စိတ္တစ္ပိုင္း  ျဖစ္တယ္ဆိုတဲ့ အခ်က္ဟာ ယင္းအေၾကာင္းရင္းရဲ ့တစ္စိတ္တစ္ပိုင္းပါပဲ။

ေသျပီးသားလူဟာ ၀ိညာဥ္အျဖစ္နဲ ့ကၽြန္ေတာ္တို ့နဲ ့အတူရွိေနေသးတယ္ဆိုတဲ့ အယူအဆဟာ ေရွးက်တဲ့ အယူအဆျဖစ္ျပီး မိမိခ်စ္ခင္တဲ့သူေတြ ေသဆံုးသြားျပီးတဲ့အခါ မိမိတို ့အနားမွာမရွိေတာ့ဘူးဆိုတာကို မယံုၾကည္ခ်င္တဲ့သူေတြ အဖို ့ ဒါမွမဟုတ္ ကၽြန္တာ္တို ့လိုအပ္တဲ့အခ်ိန္မွာ ရွိေနေစဖို ့ေမွ်ာ္လင့္ေနတဲ့အခါ ေက်နပ္ႏွစ္သိမ့္မွဳကို ေပးတဲ့ အယူအဆမ်ိဳးပါပဲ။ကိုယ္ပိုင္ အေတြ ့အၾကံဳေၾကာင့္ သရဲတကယ္ရွိတယ္လို ့ယံုၾကည္ၾကပါတယ္။သူတို ့မရွင္းျပနိုင္တဲ့ တည္ရွိမွဳတစ္ခုခုကို ေတြ ့ျမင္ခဲ့တာမ်ိဳး အာရံုခံစားမိတာမ်ိဳး ျဖစ္ပါတယ္။

သရဲမ်ားရဲ ့သိပၸံနည္းက် နဲ ့ယုတၱိတန္မွဳ


ကိုယ္ေတြ ့ အေတြ ့အၾကံဳဟာ အေၾကာင္းအရာ တစ္ရပ္ျဖစ္သလို သိပၸံပညာအရ သက္ေသအေထာက္အထားကလည္း အေရးၾကီးတဲ့ အေၾကာင္းရပ္တစ္ခုပါပဲ။ သရဲတကယ္ရွိသလားဆိုတာကို ရွာေဖြေထာက္လွမ္းမွဳမွာ ေတြ ့ရတဲ့ အခက္အခဲ တစ္စိတ္တစ္ပိုင္းကေတာ့ သူရဲ ဟာ ဘယ္လိုမ်ိဳးဆိုတာကို အားလံုးက သေဘာတူညီလက္ခံထားတဲ့ အဓိပၸါယ္ ဖြင့္ဆိုမွဳမ်ိဳး မရွိတာပဲျဖစ္ပါတယ္။တစ္ခ်ိဳ့ကေတာ့ သူရဲဆိုတာဟာ တစ္ဖက္ကမၻာကိုကူးတဲ့ လမ္းမွာ အေၾကာင္းေၾကာင္းေၾကာင့္ လမ္းေပ်ာက္ေနတဲ့ ေသသူေတြရဲ ့၀ိညာဥ္လို႔ ယံုၾကည္ၾကပါတယ္။ တစ္ခ်ိဳ ့ကလည္း သူရဲဆိုတာဟာ ကၽြန္ေတာ္တို ့ရဲ ့စိတ္ေတြကေန ဒီကမၻာၾကီးဆီကို ထိုးေဖာက္၀င္ေရာက္လာတဲ့ စိတ္ခံစားဆက္သြယ္မွဳ သီးျခားျဖစ္တည္မွဳတစ္ရပ္လို ့ယံုၾကည္ၾကပါတယ္။

တစ္ခ်ိဳ ့ကလည္း သူတို ့ဘာသာသူတို ့သူရဲအမ်ိဳးမ်ိဳးရဲ ့ အမ်ိဳးအစားေတြကို ခဲြျခားသတ္မွတ္ၾကပါတယ္။ ပုဏၰကတိုက္တဲ့သူရဲ၊ အိမ္ေတြမွာ ကပ္ျပီး ေျခာက္လွန္ ့ေနတဲ့သူရဲ၊ စြမ္းအား အနည္းငယ္ရွိတဲ့သူရဲ ၊ ဖုတ္ စတာေတြပဲျဖစ္ပါတယ္။ အမွန္တကယ္ေတာ့ ဒါေတြဟာ နတ္သမီးပံုျပင္ ၊ နဂါးပံုျပင္အမ်ိဳးမ်ိဳးလိုမ်ိဳး ဟာေတြလို ေတြးေတာျပီးလုပ္ၾကံဖန္တီး ထားတာပဲျဖစ္ပါတယ္၀�တဲ့ ဦးထုပ္ေတြ၊ တုတ္ေကာက္ေတြ၊ အျခား၀တ္ရံုေတြ ၀တ္လွ်က္သား ေပၚလာရတာလဲ။သူတို ့ေတြက ကိုတြယ္မရတဲ့ စိတ္၀ိညာဥ္ သာသာမဟုတ္ဘူးလား။

သရဲေတြဟာ လူဘ၀က လက္စားေခ်ခြင့္မရပဲ မတရားေသဆံုးခဲ့ရသူေတြရဲ ့၀ိညာဥ္ေတြသာဆိုရင္ ဘာလို ့ေျဖရွင္းလို ့မရတဲ့ လူသတ္မွဳေတြ ရွိေနရေသးတာလဲ။တစ္ခ်ိဳ ့ေသာ ၀ိညာဥ္ေတြဟာ နတ္၀င္သည္ေတြနဲ ့ဆက္သြယ္ေျပာဆိုနိုင္တယ္လို ့အဆိုေတြရွိတဲ့အတြက္ သူတို ့ေတြဟာ ဘာလို ့ရဲေတြကို သူတို ့ကို သတ္သြားတဲ့ လူသတ္သမားေတြအေၾကာင္း မေျပာျပရတာလဲ။ ဒါေၾကာင့္ သရဲ တကယ္ရိွသလားဆိုတာ နဲ ့ ပတ္သပ္ျပီး သံသယျဖစ္ဖို ့ယုတၱိတန္တဲ့ အေၾကာင္းရင္းေတြ ရွိလာရပါတယ္။

သရဲရွာေဖြ ေထာက္လွမ္းသူေတြဟာ ၀ိညာဥ္ျဖစ္တည္မွဳကို ေထာက္လွမ္းမွဳဖို ့ ရူပေဗဒ နညးလမ္းေတြအပါအ၀င္ တီထြင္ဖန္တီးထားတဲ့              ( သံသယရွိဖြယ္ရာ)နည္းလမ္းမ်ိဳးစံုကို အသံုးျပဳၾကပါတယ္။ သရဲကို စံုစမ္း ေထာက္လွမ္းသူေတြဟာ သူတို ့သိပၸံနည္းက် လုပ္ေဆာင္တယ္ဆိုတာကို လည္း အခိုင္အမာေျပာၾကပါတယ္။ သူတို ့ဒီလို အခိုင္အမာေျပာေနၾကတာဟာ ေရဒီယိုသတၱိၾကြ တာကို တိုင္းတာတဲ့ ကိရိယာ၊ လွ်ပ္စစ္သံလိုက္စက္ကြင္းကို တိုင္းတာတဲ့ ကိရိယာေတြ၊ အိုင္ယြန္း လို့ေခၚတဲ ့လွ်ပ္စစ္ အဖိုဓာတ္၊အမဓာတ္သီးသန္ ့ ေဆာင္တဲ့ အမွဳန္ေလးေတြကို ေထာက္လွမ္းတဲ့ ကိရိယာေတြ၊ အေမွာင္ထဲမွာ ျမင္နိုင္တဲ့ အနီေအာက္ေရာင္ျခည္ကင္မရာေတြ နဲ ့ အသံဖမ္းအားေကာင္းလြန္းတဲ့ မိုက္ခရိုဖုန္း စတဲ့ နည္းပညာျမင့္ သိပၸံကိရိယာမ်ားကို အသံုးျပဳတဲ့အတြက္ေၾကာင့္ပါ။ ဒါေပမယ့္လည္း ယင္း ကိရိယာေတြဟာ သရဲေတြကို အမွန္တကယ္ ေထာက္လွမ္းမိေၾကာင္းကိုေတာ့ သက္ေသ အေထာက္အထား လံုး၀မေတြ ့ရွိရေသးပါ။

သရဲ တကယ္ရွိေၾကာင္း သက္ေသအေထာက္အထားေတြဟာ လြန္ခဲ့တဲ့ ၁ နွစ္ကေရာ၊ ဆယ္စုနွစ္ တစ္စုကေရာ၊ ရာစုႏွစ္တစ္စုကေရာ ပိုမိုေကာင္းမြန္စြာ ရွာေဖြမေတြ ့ရွိရေသးပါ။သရဲ ရွာေဖြေထာက္လွမ္းသူေတြ သရဲတကယ္ရွိေၾကာင္း ရွာေဖြေတြ ့ရွိေၾကာင္း သက္ေသအေထာက္အထားေတြကို မရွာေတြ ့နိုင္ရသလဲဆိုတဲ့ ျဖစ္နိုိင္တဲ့ အေၾကာင္းရင္း ၂ ရပ္ရွိပါတယ္။ တစ္ခ်က္ကေတာ ့သရဲဆိုတာတကယ္မရွိပါဘူး။သရဲအေၾကာင္းမွတ္တမ္းတင္ထားတာေတြအားလံုးဟာလည္း စိတ္ပိုင္းဆိုင္ရာ ျဖစ္စဥ္အရ၊အမွားေတြ၊လုပ္ၾကံဖန္တီးခ်က္ေတြ၊တလဲြထင္ေယာင္ျမင္မွားမွဳေတြနဲ ့
ရွင္းခ်က္ထုတ္ထားတာပါ။ဒုတိယ အေၾကာင္းရင္းကေတာ့ သရဲ တကယ္ရွိေနတယ္ ဆိုရင္လည္း သရဲ ရွာေဖြသူေတြက အရည္အခ်င္း မျပည့္မီမွဳ မရွိတာပါပဲ။ ေနာက္ဆံုးအေနနဲ ့ေျပာရရင္ေတာ့ သရဲ ရွာေဖြတာဟာ သက္ေသအေထာက္အထား ရွာေဖြတာနဲ ့မဆိုင္ပါဘူး(သက္ေသရွာေဖြတာ သက္ေသရွာေတြ ့တာဟုတ္တယ္ဆိုရင္ သရဲရွာေဖြတဲ့ လုပ္ရပ္ကို ဟိုးအရင္ကတည္းက စြန္႔ပစ္ျပီးေလာက္ပါျပီ)။ အဲ့ဒီအစား သရဲ ရွာတယ္ဆိုတာဟာ ၄င္းတို ့မသိတာကို ရွာေဖြ ေနသေယာင္ျပဳရင္း မိတ္ေဆြသူငယ္ခ်င္းေတြကို ပံုျပင္ေတြေျပာရင္း အေပ်ာ္ရွာတဲ့သေဘာ ဒါမွမဟုတ္ ေျခာက္လွန့္တဲ့ သေဘာသာသာျဖစ္ပါတယ္။ ဘာပဲ ျဖစ္ျဖစ္ေပါ့ဗ်ာ လူတိုင္းက သရဲပံုျပင္ေကာင္းတစ္ပုဒ္ကိုေတာ့ ၾကိဳက္နွစ္သက္ၾကတာခ်ည္းပဲေလ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
သင်ဟာ သရဲတွေတကယ်ရှိတယ်လို့ယုံကြည်သူဆိုရင် သင်တစ်ဦးထဲသာ ယုံကြည်သူမဟုတ်ပါဘူး။ ၂၀၀၅ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ လူထု အမြင်စစ်တမ်းကောက်ယူမှုအရ ၃၇ ရာခိုင်နှုန်းသော အမေရိကန်လူမျိုးများက သရဲခြောက်တဲ့အိမ်တွေနဲ့ပတ်သက်ပြီး အယုံအကြည်ရှိကြပြီး လူဦးရေရဲ့၃ ပုံ ၁ ပုံကတော့ သရဲတကယ်ရှိတယ်လို့ ယုံကြည်ကြပါတယ်။ကမ္ဘာမအနှံ့လူသောင်းပေါင်းများစွာက မိမိတို့ဝါသနာအရ သရဲကို တက်တက်ကြွကြွ လိုက်လံရှာဖွေကြပါတယ်။ Doubtful Newsblog မှ သုတေသန ပညာရှင် Sharon Hill ဟာ အမေရိကန်မှာ သရဲကို လိုက်လံရှာဖွေနေသူ ဝါသနာရှင်များ ၂၀၀၀ကျော်ရှိတယ်လို့ ရေတွက်ပြောဆိုခဲ့ပါတယ်။



သရဲတွေဟာ နှစ်ထောင်ပေါင်းများစွာကြာအောင် ဝီလျှံ ရှိတ်စပီးယားရေးသားခဲ့တဲ့ နာမည်ကြီး Macbeth ဝထ္ထုကနေပြီး သမ္မာကျမ်းစာအထိ မရေတွက်နိုင်အောင်များပြားလှတဲ့ စာအုပ်ပေါင်းများစွာမှာ ပါဝင်ခဲ့ပြီး အလွန်လူပြောများတဲ့ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သလို အမျိုးမျိုးသော သရဲနဲ့ သက်ဆိုင်တဲ့ ပါးစပ်ရာဇဝင်တွေကို ပေါ်ပေါက်လာစေပါတယ်။ သရဲတွေဟာ ကမ္ဘာပေါ်မှာ မြင်တွေ့ကြားသိရဆုံး သဘာဝလွန် ယုံကြည်မှုတစ်ရပ်ပဲဖြစ်ပါတယ်။ သရဲတွေ တကယ်ရှိတယ်လို့ ယုံကြည်တာဟာ သေခါနီး တွေ့ကြုံခံစားရတာတွေ၊ သေပြီးနောက် ဘဝတွေကို ယုံကြည်တာ နဲ့ နာနာဘာ၀ ဝိညာဉ်တွေနဲ့ ဆယ်သွယ်တာကို ယုံကြည်တာ စတာတွေ အပါအဝင် ယင်းနဲ့ဆက်စပ်ရာ သဘာဝလွန် ယုံကြည်မှုတွေ စုဆုံရာ ကွန်ယက်ရဲ့တစ်စိတ်တစ်ပိုင်း  ဖြစ်တယ်ဆိုတဲ့ အချက်ဟာ ယင်းအကြောင်းရင်းရဲ့တစ်စိတ်တစ်ပိုင်းပါပဲ။

သေပြီးသားလူဟာ ဝိညာဉ်အဖြစ်နဲ့ကျွန်တော်တို့နဲ့အတူရှိနေသေးတယ်ဆိုတဲ့ အယူအဆဟာ ရှေးကျတဲ့ အယူအဆဖြစ်ပြီး မိမိချစ်ခင်တဲ့သူတွေ သေဆုံးသွားပြီးတဲ့အခါ မိမိတို့အနားမှာမရှိတော့ဘူးဆိုတာကို မယုံကြည်ချင်တဲ့သူတွေ အဖို့ ဒါမှမဟုတ် ကျွန်တာ်တို့လိုအပ်တဲ့အချိန်မှာ ရှိနေစေဖို့မျှော်လင့်နေတဲ့အခါ ကျေနပ်နှစ်သိမ့်မှုကို ပေးတဲ့ အယူအဆမျိုးပါပဲ။ကိုယ်ပိုင် အတွေ့အကြုံကြောင့် သရဲတကယ်ရှိတယ်လို့ယုံကြည်ကြပါတယ်။သူတို့မရှင်းပြနိုင်တဲ့ တည်ရှိမှုတစ်ခုခုကို တွေ့မြင်ခဲ့တာမျိုး အာရုံခံစားမိတာမျိုး ဖြစ်ပါတယ်။

သရဲများရဲ့သိပ္ပံနည်းကျ နဲ့ယုတ္တိတန်မှု

ကိုယ်တွေ့ အတွေ့အကြုံဟာ အကြောင်းအရာ တစ်ရပ်ဖြစ်သလို သိပ္ပံပညာအရ သက်သေအထောက်အထားကလည်း အရေးကြီးတဲ့ အကြောင်းရပ်တစ်ခုပါပဲ။ သရဲတကယ်ရှိသလားဆိုတာကို ရှာဖွေထောက်လှမ်းမှုမှာ တွေ့ရတဲ့ အခက်အခဲ တစ်စိတ်တစ်ပိုင်းကတော့ သူရဲ ဟာ ဘယ်လိုမျိုးဆိုတာကို အားလုံးက သဘောတူညီလက်ခံထားတဲ့ အဓိပ္ပါယ် ဖွင့်ဆိုမှုမျိုး မရှိတာပဲဖြစ်ပါတယ်။တစ်ချို့ကတော့ သူရဲဆိုတာဟာ တစ်ဖက်ကမ္ဘာကိုကူးတဲ့ လမ်းမှာ အကြောင်းကြောင်းကြောင့် လမ်းပျောက်နေတဲ့ သေသူတွေရဲ့ဝိညာဉ်လို့ ယုံကြည်ကြပါတယ်။ တစ်ချို့ကလည်း သူရဲဆိုတာဟာ ကျွန်တော်တို့ရဲ့စိတ်တွေကနေ ဒီကမ္ဘာကြီးဆီကို ထိုးဖောက်ဝင်ရောက်လာတဲ့ စိတ်ခံစားဆက်သွယ်မှု သီးခြားဖြစ်တည်မှုတစ်ရပ်လို့ယုံကြည်ကြပါတယ်။

တစ်ချို့ကလည်း သူတို့ဘာသာသူတို့သူရဲအမျိုးမျိုးရဲ့ အမျိုးအစားတွေကို ခွဲခြားသတ်မှတ်ကြပါတယ်။ ပုဏ္ဏကတိုက်တဲ့သူရဲ၊ အိမ်တွေမှာ ကပ်ပြီး ခြောက်လှန့်နေတဲ့သူရဲ၊ စွမ်းအား အနည်းငယ်ရှိတဲ့သူရဲ ၊ ဖုတ် စတာတွေပဲဖြစ်ပါတယ်။ အမှန်တကယ်တော့ ဒါတွေဟာ နတ်သမီးပုံပြင် ၊ နဂါးပုံပြင်အမျိုးမျိုးလိုမျိုး ဟာတွေလို တွေးတောပြီးလုပ်ကြံဖန်တီး ထားတာပဲဖြစ်ပါတယ်ဝ�တဲ့ ဦးထုပ်တွေ၊ တုတ်ကောက်တွေ၊ အခြားဝတ်ရုံတွေ ဝတ်လျှက်သား ပေါ်လာရတာလဲ။သူတို့တွေက ကိုတွယ်မရတဲ့ စိတ်ဝိညာဉ် သာသာမဟုတ်ဘူးလား။

သရဲတွေဟာ လူဘဝက လက်စားချေခွင့်မရပဲ မတရားသေဆုံးခဲ့ရသူတွေရဲ့ဝိညာဉ်တွေသာဆိုရင် ဘာလို့ဖြေရှင်းလို့မရတဲ့ လူသတ်မှုတွေ ရှိနေရသေးတာလဲ။တစ်ချို့သော ဝိညာဉ်တွေဟာ နတ်ဝင်သည်တွေနဲ့ဆက်သွယ်ပြောဆိုနိုင်တယ်လို့အဆိုတွေရှိတဲ့အတွက် သူတို့တွေဟာ ဘာလို့ရဲတွေကို သူတို့ကို သတ်သွားတဲ့ လူသတ်သမားတွေအကြောင်း မပြောပြရတာလဲ။ ဒါကြောင့် သရဲ တကယ်ရှိသလားဆိုတာ နဲ့ ပတ်သပ်ပြီး သံသယဖြစ်ဖို့ယုတ္တိတန်တဲ့ အကြောင်းရင်းတွေ ရှိလာရပါတယ်။

သရဲရှာဖွေ ထောက်လှမ်းသူတွေဟာ ဝိညာဉ်ဖြစ်တည်မှုကို ထောက်လှမ်းမှုဖို့ ရူပဗေဒ နညးလမ်းတွေအပါအဝင် တီထွင်ဖန်တီးထားတဲ့              ( သံသယရှိဖွယ်ရာ)နည်းလမ်းမျိုးစုံကို အသုံးပြုကြပါတယ်။ သရဲကို စုံစမ်း ထောက်လှမ်းသူတွေဟာ သူတို့သိပ္ပံနည်းကျ လုပ်ဆောင်တယ်ဆိုတာကို လည်း အခိုင်အမာပြောကြပါတယ်။ သူတို့ဒီလို အခိုင်အမာပြောနေကြတာဟာ ရေဒီယိုသတ္တိကြွ တာကို တိုင်းတာတဲ့ ကိရိယာ၊ လျှပ်စစ်သံလိုက်စက်ကွင်းကို တိုင်းတာတဲ့ ကိရိယာတွေ၊ အိုင်ယွန်း လို့ခေါ်တဲ့လျှပ်စစ် အဖိုဓာတ်၊အမဓာတ်သီးသန့် ဆောင်တဲ့ အမှုန်လေးတွေကို ထောက်လှမ်းတဲ့ ကိရိယာတွေ၊ အမှောင်ထဲမှာ မြင်နိုင်တဲ့ အနီအောက်ရောင်ခြည်ကင်မရာတွေ နဲ့ အသံဖမ်းအားကောင်းလွန်းတဲ့ မိုက်ခရိုဖုန်း စတဲ့ နည်းပညာမြင့် သိပ္ပံကိရိယာများကို အသုံးပြုတဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့်လည်း ယင်း ကိရိယာတွေဟာ သရဲတွေကို အမှန်တကယ် ထောက်လှမ်းမိကြောင်းကိုတော့ သက်သေ အထောက်အထား လုံးဝမတွေ့ရှိရသေးပါ။

သရဲ တကယ်ရှိကြောင်း သက်သေအထောက်အထားတွေဟာ လွန်ခဲ့တဲ့ ၁ နှစ်ကရော၊ ဆယ်စုနှစ် တစ်စုကရော၊ ရာစုနှစ်တစ်စုကရော ပိုမိုကောင်းမွန်စွာ ရှာဖွေမတွေ့ရှိရသေးပါ။သရဲ ရှာဖွေထောက်လှမ်းသူတွေ သရဲတကယ်ရှိကြောင်း ရှာဖွေတွေ့ရှိကြောင်း သက်သေအထောက်အထားတွေကို မရှာတွေ့နိုင်ရသလဲဆိုတဲ့ ဖြစ်နိုင်တဲ့ အကြောင်းရင်း ၂ ရပ်ရှိပါတယ်။ တစ်ချက်ကတော့သရဲဆိုတာ တကယ်မရှိပါဘူး။သရဲ အကြောင်းမှတ်တမ်းတင်ထားတာတွေအားလုံးဟာလည်း စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်အရ ၊ အမှားတွေ၊ လုပ်ကြံဖန်တီးချက်တွေ၊ တလွဲ ထင်ယောင်မြင်မှားမှုတွေနဲ့ရှင်းချက်ထုတ်ထားတာပါ။ဒုတိယ အကြောင်းရင်းကတော့ သရဲ တကယ်ရှိနေတယ် ဆိုရင်လည်း သရဲ ရှာဖွေသူတွေက အရည်အချင်း မပြည့်မီမှု မရှိတာပါပဲ။ နောက်ဆုံးအနေနဲ့ပြောရရင်တော့ သရဲ ရှာဖွေတာဟာ သက်သေအထောက်အထား ရှာဖွေတာနဲ့မဆိုင်ပါဘူး(သက်သေရှာဖွေတာ သက်သေရှာတွေ့တာဟုတ်တယ်ဆိုရင် သရဲရှာဖွေတဲ့ လုပ်ရပ်ကို ဟိုးအရင်ကတည်းက စွန့်ပစ်ပြီးလောက်ပါပြီ)။ အဲ့ဒီအစား သရဲ ရှာတယ်ဆိုတာဟာ ၎င်းတို့မသိတာကို ရှာဖွေ နေသယောင်ပြုရင်း မိတ်ဆွေသူငယ်ချင်းတွေကို ပုံပြင်တွေပြောရင်း အပျော်ရှာတဲ့သဘော ဒါမှမဟုတ် ခြောက်လှန့်တဲ့ သဘောသာသာဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ်ပေါ့ဗျာ လူတိုင်းက သရဲပုံပြင်ကောင်းတစ်ပုဒ်ကိုတော့ ကြိုက်နှစ်သက်ကြတာချည်းပဲလေ။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top