Kantharyar Centre
×

ကြၽန္မတို႔ေတြ ေက်ာင္းမွာ သင္ယူလို႔ရတဲ့ ပညာရပ္ေတြ ရွိသလို ဘဝတစ္ေလွ်ာက္ ျဖတ္သန္းရင္း သင္ယူရတဲ့ ဘဝသင္ခန္းစာေတြလည္း အမ်ားႀကီး ရွိပါတယ္။ ႏွစ္ခုစလုံးက သူ႕ေနရာနဲ႕သူ အေရးႀကီးပါတယ္။ တစ္ခုတည္းေသာ ျပႆနာကေတာ့ ကြၽန္မတို႔ ဘာမွမသိလိုက္ ခင္မွာပဲ ဘဝရဲ႕ အခ်ိဳးအေကြ႕ေတြက ေျပာင္းလဲသြားတတ္တာပါပဲ။ ၿပီးေတာ့ အဲ့ဒီအျဖစ္အပ်က္ကေန ကြၽန္မတို႔ေတြ ရယူသင့္တဲ့ သင္ခန္းစာေတြကလည္း ေနာက္က်မွ ရလာတတ္ပါတယ္။ ေအာက္မွာ ေဖၚျပထားတာေတြကေတာ့ ကြၽန္ေတာ္တို႔ စာသင္ခန္း ထဲမွာ သင္ယူလို႔မရတဲ့ အေရးႀကီးတဲ့ ဘဝသင္ခန္းစာ (၁၅)ခ်က္ပဲျဖစ္ပါတယ္။

၁။ ၾကင္နာမႈရွိပါ။ လူေတြရဲ႕ ဘဝမွာ ဘာေတြ ခံစားႀကဳံေတြ႕ေနရတယ္ဆိုတာ ကိုယ္ကိုယ္တိုင္ မသိနိုင္တာေၾကာင့္ အၿမဲ ၾကင္ၾကင္နာနာနဲ႕ ဆက္ဆံပါ။

၂။ တစ္စုံတစ္ေယာက္အတြက္ ေပ်ာ္စရာေန႕ေလးေတြ ဖန္တီးေပးတတ္ပါေစ။ ဘဝဆိုတာ ဘာမွ မေရရာပါဘူး။ အဲ့ဒီလို ေပ်ာ္စရာေလးေတြက ႏွစ္ဦးစလုံးအတြက္ အက်ိဳးရွိတယ္ ဆိုတာလည္း နားလည္ထားသင့္ပါတယ္။

၃။ တစ္ျခားသူေတြရဲ႕ အျပဳအမူေတြက ဘယ္လိုပဲ ဆိုး႐ြားတဲ့ ပုံေပၚေနပါေစ သူတို႔ေတြအေပၚမွာ ကိုယ္ခ်င္းစာစိတ္ ထားလိုက္ပါ။

၄။ သူတစ္ပါးကို ခြင့္လႊတ္ေပးနိုင္ဖို႔ သင္ယူပါ။ သင့္ကို ဘာလုပ္လုပ္အဆင္ေျပတယ္လို႔ ေျပာေစလိုျခင္းေတာ့ မဟုတ္ပါ။ ဒါေပမယ့္ခြင့္လႊတ္ေပးျခင္းေၾကာင့္ သင့္ရဲ႕စိတ္ေလး ေအးခ်မ္းသြားပါလိမ့္မယ္။

၅။ သင့္ရဲ႕ ေကာင္းမြန္တဲ့ လုပ္ရပ္ေတြက တစ္ျခားသူေတြရဲ႕ ႏွလုံးသားမွာ စူးနစ္ေစကာ က်န္ရစ္ေနခဲ့ပါလိမ့္မယ္။

၆။ လူတိုင္းမွာ အဆိုးဆိုတာ ႀကဳံကိုႀကဳံရမွာပါပဲ။ အဆိုးထဲကေနပဲ သင္ခန္းစာေကာင္းေတြ အရယူလိုက္ပါ။

၇။ ဘဝဆိုတာ မရပ္မနားေျပးေနရတဲ့ ေျပးလမ္းတစ္ခုပါ။ ၿပိဳင္ပြဲတစ္ခုမွ်သာ မဟုတ္ပါဘူး။ ဒီသင္ခန္းစာေတြကလည္း ထပ္တလဲလဲၾကားေနရပါလိမ့္မယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ လူအမ်ားစုက ဒါေတြကို နားလည္လည္ မလည္လည္ ဘဝကို ၿပီးၿပီးေရာ ျဖတ္သန္းဖို႔ပဲ ႀကိဳးစားေနၾကပါတယ္။ အဲ့ဒီေတာ့ သင္နဲ႕ကိုက္ညီတဲ့ ကိုယ္ပိုင္ရည္မွန္းခ်က္ေတြ အခ်ိန္မွီ ျပည့္ဝဖို႔ကိုပဲ အာ႐ုံစိုက္ပါ။

၈။ အရာရာတိုင္းကို အေလးထားတတ္ဖို႔သင္ယူပါ။ ဘာလို႔လဲ ဆိုေတာ့ ကြၽန္ေတာ္တို႔ဟာ ျဖစ္ပ်က္တဲ့ ခရီးတစ္ေလွ်ာက္လုံးမွာ အေသးစား ကိစၥေလးေတြကို ခ်န္ထားၿပီး အဆုံးသတ္ရလဒ္ကိုပဲ အာ႐ုံစိုက္ေနတတ္ၾကလို႔ပါ။

၉။ သင့္ရဲ႕ relationship ေတြကို ပိုေကာင္းေအာင္ ျပဳစုပ်ိဳးေထာင္ပါ။ သင့္ဘဝရဲ႕ ေနာက္ဆုံးအခ်ိန္မွာ “ငါအလုပ္ပိုလုပ္ခဲ့ရင္ေကာင္းမွာပဲ” ဆိုတာမ်ိဳး သင္လုံးဝ ေျပာမွာမဟုတ္ဘူး မလား။ ဒါေပမယ့္ သင္ေျပာမွာက “ငါသူတို႔ကို ခ်စ္တယ္ ဆိုတာ အခါခါ ေျပာခဲ့ရရင္ ေကာင္းမွာပဲ” ဆိုတာမ်ိဳး ျဖစ္ပါလိမ့္မယ္။

၁ဝ။ သင့္ကို ျပဳမူဆက္ဆံေစခ်င္သလို သူတစ္ပါးကိုလည္း ျပဳမူဆက္ဆံပါ။

၁၁။ သင္ကိုယ္တိုင္ မခံစားခ်င္တဲ့ အရာကို သင္ခ်စ္ျမတ္နိုးတဲ့ အျခားသူေတြကိုလည္း မလုပ္မိပါေစႏွင့္။

၁၂။ မိမိကိုယ္ကိုယ္သိေအာင္လုပ္ပါ။ သင္ခ်စ္ျမတ္နိုးတဲ့ သူေတြကို ဆက္ဆံသလို သင့္ကိုသင္ ဆက္ဆံပါ။ ဘာလို႔လဲဆိုေတာ့ တစ္ခါတစ္ေလ ကြၽန္ေတာ္တို႔ကို က်ရႈံးေစတဲ့ ရန္သူဟာ ကြၽန္ေတာ္တို႔ကိုယ္တိုင္ ျဖစ္ေနတတ္လို႔ ပါပဲ။

၁၃။ လူေတြကို ေျပာင္းလဲဖို႔ မႀကိဳးစားပါနဲ႕။ သင့္လုပ္ရပ္ေတြကေန သူတို႔အတြက္ စိတ္အင္အားေတြ ရရွိပါေစ။

၁၄။ သင့္ရဲ႕ အေၾကာက္တရား တစ္ခုအတြက္နဲ႕ေတာ့ အခြင့္အေရးေကာင္းေတြကို လႊတ္မခ်လိဳက္ပါႏွင့္။ အေၾကာက္တရားကို ရဲေဆးအျဖစ္ အသုံးခ်လိဳက္ပါ။ အဲ့ဒီကေန သင့္ဘဝ ပိုမိုေကာင္းမြန္လာေစမယ့္ နည္းလမ္းေတြ ရယူလိုက္ပါ။

၁၅။ အေျပာင္းအလဲဆိုတာ ေကာင္းတဲ့အရာတစ္ခုပါ။ အဲ့ဒါက သင့္ရဲ႕ ကန႔္သတ္မႈေတြကို ဆြဲဆန႔္ေပးပါလိမ့္မယ္။ ၿပီးေတာ့ သင့္ရဲ႕ ကန႔္သတ္မႈေဘာင္ေတြ က်ယ္ျပန႔္လာတာနဲ႕အမွ် သင့္ဘဝလည္း ေျပာင္းလဲတိုးတက္လာမွာ အေသအခ်ာပါပဲ။

၁၆။ လက္ရွိအခ်ိန္မွာပဲ ေနပါ။ ၿပီးခဲ့တာေတြ ၿပီးသြားခဲ့ပါၿပီ။ အနာဂတ္ဆိုတာကလည္း ေသခ်ာေရရာမႈ မရွိပါ။ အနာဂတ္အတြက္ အစီအစဥ္ေတြ ထားေတာ့ထားပါ။ ဒါေပမယ့္ သင့္ရဲ႕စိတ္ခြန္အားေတြနဲ႕ လက္ရွိအခ်ိန္ေတြ အားလုံးကိုေတာ့ အဲ့ဒီအတြက္ မသုံးလိုက္ပါနဲ႕။ ဒါမွမဟုတ္ရင္ လတ္တေလာ ျဖစ္ေနတာေတြကို သင္ဆုံးရႈံးရပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Writer

#Unicode Version



ကျွန်မတို့တွေ ကျောင်းမှာ သင်ယူလို့ရတဲ့ ပညာရပ်တွေ ရှိသလို ဘဝတစ်လျှောက် ဖြတ်သန်းရင်း သင်ယူရတဲ့ ဘဝသင်ခန်းစာတွေလည်း အများကြီး ရှိပါတယ်။ နှစ်ခုစလုံးက သူ့နေရာနဲ့သူ အရေးကြီးပါတယ်။ တစ်ခုတည်းသော ပြဿနာကတော့ ကျွန်မတို့ ဘာမှမသိလိုက် ခင်မှာပဲ ဘဝရဲ့ အချိုးအကွေ့တွေက ပြောင်းလဲသွားတတ်တာပါပဲ။ ပြီးတော့ အဲ့ဒီအဖြစ်အပျက်ကနေ ကျွန်မတို့တွေ ရယူသင့်တဲ့ သင်ခန်းစာတွေကလည်း နောက်ကျမှ ရလာတတ်ပါတယ်။ အောက်မှာ ဖေါ်ပြထားတာတွေကတော့ ကျွန်တော်တို့ စာသင်ခန်း ထဲမှာ သင်ယူလို့မရတဲ့ အရေးကြီးတဲ့ ဘဝသင်ခန်းစာ (၁၅)ချက်ပဲဖြစ်ပါတယ်။

၁။ ကြင်နာမှုရှိပါ။ လူတွေရဲ့ ဘဝမှာ ဘာတွေ ခံစားကြုံတွေ့နေရတယ်ဆိုတာ ကိုယ်ကိုယ်တိုင် မသိနိုင်တာကြောင့် အမြဲ ကြင်ကြင်နာနာနဲ့ ဆက်ဆံပါ။

၂။ တစ်စုံတစ်ယောက်အတွက် ပျော်စရာနေ့လေးတွေ ဖန်တီးပေးတတ်ပါစေ။ ဘဝဆိုတာ ဘာမှ မရေရာပါဘူး။ အဲ့ဒီလို ပျော်စရာလေးတွေက နှစ်ဦးစလုံးအတွက် အကျိုးရှိတယ် ဆိုတာလည်း နားလည်ထားသင့်ပါတယ်။

၃။ တစ်ခြားသူတွေရဲ့ အပြုအမူတွေက ဘယ်လိုပဲ ဆိုးရွားတဲ့ ပုံပေါ်နေပါစေ သူတို့တွေအပေါ်မှာ ကိုယ်ချင်းစာစိတ် ထားလိုက်ပါ။

၄။ သူတစ်ပါးကို ခွင့်လွှတ်ပေးနိုင်ဖို့ သင်ယူပါ။ သင့်ကို ဘာလုပ်လုပ်အဆင်ပြေတယ်လို့ ပြောစေလိုခြင်းတော့ မဟုတ်ပါ။ ဒါပေမယ့်ခွင့်လွှတ်ပေးခြင်းကြောင့် သင့်ရဲ့စိတ်လေး အေးချမ်းသွားပါလိမ့်မယ်။

၅။ သင့်ရဲ့ ကောင်းမွန်တဲ့ လုပ်ရပ်တွေက တစ်ခြားသူတွေရဲ့ နှလုံးသားမှာ စူးနစ်စေကာ ကျန်ရစ်နေခဲ့ပါလိမ့်မယ်။

၆။ လူတိုင်းမှာ အဆိုးဆိုတာ ကြုံကိုကြုံရမှာပါပဲ။ အဆိုးထဲကနေပဲ သင်ခန်းစာကောင်းတွေ အရယူလိုက်ပါ။

၇။ ဘဝဆိုတာ မရပ်မနားပြေးနေရတဲ့ ပြေးလမ်းတစ်ခုပါ။ ပြိုင်ပွဲတစ်ခုမျှသာ မဟုတ်ပါဘူး။ ဒီသင်ခန်းစာတွေကလည်း ထပ်တလဲလဲကြားနေရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ လူအများစုက ဒါတွေကို နားလည်လည် မလည်လည် ဘဝကို ပြီးပြီးရော ဖြတ်သန်းဖို့ပဲ ကြိုးစားနေကြပါတယ်။ အဲ့ဒီတော့ သင်နဲ့ကိုက်ညီတဲ့ ကိုယ်ပိုင်ရည်မှန်းချက်တွေ အချိန်မှီ ပြည့်ဝဖို့ကိုပဲ အာရုံစိုက်ပါ။

၈။ အရာရာတိုင်းကို အလေးထားတတ်ဖို့သင်ယူပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ဟာ ဖြစ်ပျက်တဲ့ ခရီးတစ်လျှောက်လုံးမှာ အသေးစား ကိစ္စလေးတွေကို ချန်ထားပြီး အဆုံးသတ်ရလဒ်ကိုပဲ အာရုံစိုက်နေတတ်ကြလို့ပါ။

၉။ သင့်ရဲ့ relationship တွေကို ပိုကောင်းအောင် ပြုစုပျိုးထောင်ပါ။ သင့်ဘဝရဲ့ နောက်ဆုံးအချိန်မှာ “ငါအလုပ်ပိုလုပ်ခဲ့ရင်ကောင်းမှာပဲ” ဆိုတာမျိုး သင်လုံးဝ ပြောမှာမဟုတ်ဘူး မလား။ ဒါပေမယ့် သင်ပြောမှာက “ငါသူတို့ကို ချစ်တယ် ဆိုတာ အခါခါ ပြောခဲ့ရရင် ကောင်းမှာပဲ” ဆိုတာမျိုး ဖြစ်ပါလိမ့်မယ်။

၁ဝ။ သင့်ကို ပြုမူဆက်ဆံစေချင်သလို သူတစ်ပါးကိုလည်း ပြုမူဆက်ဆံပါ။

၁၁။ သင်ကိုယ်တိုင် မခံစားချင်တဲ့ အရာကို သင်ချစ်မြတ်နိုးတဲ့ အခြားသူတွေကိုလည်း မလုပ်မိပါစေနှင့်။

၁၂။ မိမိကိုယ်ကိုယ်သိအောင်လုပ်ပါ။ သင်ချစ်မြတ်နိုးတဲ့ သူတွေကို ဆက်ဆံသလို သင့်ကိုသင် ဆက်ဆံပါ။ ဘာလို့လဲဆိုတော့ တစ်ခါတစ်လေ ကျွန်တော်တို့ကို ကျရှုံးစေတဲ့ ရန်သူဟာ ကျွန်တော်တို့ကိုယ်တိုင် ဖြစ်နေတတ်လို့ ပါပဲ။

၁၃။ လူတွေကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ သင့်လုပ်ရပ်တွေကနေ သူတို့အတွက် စိတ်အင်အားတွေ ရရှိပါစေ။

၁၄။ သင့်ရဲ့ အကြောက်တရား တစ်ခုအတွက်နဲ့တော့ အခွင့်အရေးကောင်းတွေကို လွှတ်မချလိုက်ပါနှင့်။ အကြောက်တရားကို ရဲဆေးအဖြစ် အသုံးချလိုက်ပါ။ အဲ့ဒီကနေ သင့်ဘဝ ပိုမိုကောင်းမွန်လာစေမယ့် နည်းလမ်းတွေ ရယူလိုက်ပါ။

၁၅။ အပြောင်းအလဲဆိုတာ ကောင်းတဲ့အရာတစ်ခုပါ။ အဲ့ဒါက သင့်ရဲ့ ကန့်သတ်မှုတွေကို ဆွဲဆန့်ပေးပါလိမ့်မယ်။ ပြီးတော့ သင့်ရဲ့ ကန့်သတ်မှုဘောင်တွေ ကျယ်ပြန့်လာတာနဲ့အမျှ သင့်ဘဝလည်း ပြောင်းလဲတိုးတက်လာမှာ အသေအချာပါပဲ။

၁၆။ လက်ရှိအချိန်မှာပဲ နေပါ။ ပြီးခဲ့တာတွေ ပြီးသွားခဲ့ပါပြီ။ အနာဂတ်ဆိုတာကလည်း သေချာရေရာမှု မရှိပါ။ အနာဂတ်အတွက် အစီအစဉ်တွေ ထားတော့ထားပါ။ ဒါပေမယ့် သင့်ရဲ့စိတ်ခွန်အားတွေနဲ့ လက်ရှိအချိန်တွေ အားလုံးကိုတော့ အဲ့ဒီအတွက် မသုံးလိုက်ပါနဲ့။ ဒါမှမဟုတ်ရင် လတ်တလော ဖြစ်နေတာတွေကို သင်ဆုံးရှုံးရပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top