Kantharyar Centre
×


အစိုးရ အဖြဲ႕၏ လက္ရွိ အ႐ႈပ္ေတာ္ပံုႏွင့္ ပတ္သက္ၿပီး လိုအပ္ပါက စစ္ေဆးမႈမ်ား ခံယူသြားမည္ဟု ေတာင္ကိုရီးယား သမၼတ ပါ့ခ္ဂြမ္ေဟးက အာမခံ ေျပာၾကားခဲ့သည္။

အစိုးရ၏ အေရးအႀကီးဆံုး မွတ္တမ္းမွတ္ရာမ်ားကို တရားဝင္ တာဝန္ရွိသူ မဟုတ္ေသာ သူငယ္ခ်င္း တစ္ဦးထံ ျပသခဲ့ေၾကာင္း ေပၚေပါက္ခဲ့ၿပီးေနာက္ ျပႆနာမ်ားစြာ ႀကံဳေနသည့္ ပါ့ခ္က ႏိုဝင္ဘာ ၄ ရက္တြင္ ဒုတိယ အႀကိမ္ေျမာက္ ေတာင္းပန္စကားေျပာရင္း ယခုလို ကတိျပဳခဲ့ျခင္း ျဖစ္သည္။ ေတာင္ကိုရီးယား ဥပေဒအရ လက္ရွိ အာဏာရ သမၼတသည္ ႏုိင္ငံေတာ္ သစၥာေဖာက္မႈမွလြဲ၍ အျခားေသာ ကိစၥမ်ားတြင္ စြဲခ်က္တင္ မခံရဘဲ ကင္းလြတ္ခြင့္ ရထားသည္။

ယခုျဖစ္ရပ္ႏွင့္ ပတ္သက္၍ ျပည္သူမ်ားထံ ဒုတိယအႀကိမ္ေျမာက္အျဖစ္ ႐ုပ္ျမင္သံၾကားမွ ေတာင္းပန္စကား ေျပာခဲ့ရာတြင္ ပါ့ခ္က လိုအပ္ေသာ အေျခအေနမ်ိဳး ရွိလာပါက ရဲတပ္ဖြဲ႕၊ ေ႐ွ႕ေနမ်ားႏွင့္ တက္တက္ႂကြႂကြ ပူးေပါင္းေဆာင္ရြက္သြားမည္ဟု ကတိျပဳခဲ့သည္။

သူမက “ကၽြန္မရဲ႕ ပုဂၢိဳလ္ေရး ခင္မင္မႈ တစ္ခုအေပၚ အလြန္အကၽြံ ယံုစားမိသြားတယ္။ ဘာေတြ ဆက္ျဖစ္ႏုိင္သလဲ ဆိုတာကို သတိမမူသလို သေဘာမ်ိဳး သက္ေရာက္သြားပါတယ္။ ညဘက္ဆို ကၽြန္မ အိပ္လို႔ေတာင္ မရဘူး။ ျပည္သူေတြရဲ႕ စိတ္ႏွလံုးကို ကုစားဖို႔ ခက္မယ္ဆိုတာ ကၽြန္မသိပါတယ္။ တစ္ခါတေလ ‘ငါဟာ ဒီလိုႀကံဳဖို႔ သမၼတ ျဖစ္လာတာလား’လုိ႔ေတာင္ စိတ္နာနာနဲ႔ ကိုယ့္ကိုယ္ကိုယ္ ျပန္ေမးမိပါတယ္”ဟု ဆိုသည္။ လက္ရွိ အေျခအေနမ်ားေၾကာင့္ ေတာင္ကိုရီးယားတြင္ ပါ့ခ္အေပၚ ျပည္သူ႔ေထာက္ခံမႈသည္ ၅ ရာခုိင္ႏႈန္းမွ်သာ က်န္သည္အထိ က်ဆင္းသြားေၾကာင္း စစ္တမ္းတစ္ခုက ေဖာ္ျပခဲ့သည္။

ပါ့ခ္က “အခုျဖစ္ရပ္မွာ အမွားအယြင္း ရွိသူတိုင္းကို ထုိက္တန္တဲ့အျပစ္ေပးဖို႔ ကၽြန္မ လိုလားပါတယ္။ လိုအပ္လာတဲ့ အေျခအေနေတြရွိရင္ ရဲေတြနဲ႔ ေ႐ွ႕ေနေတြက ကၽြန္မကိုပါ ေခၚစစ္ႏိုင္ပါတယ္။ ဒီစစ္ေဆးမႈကို ကၽြန္မ စိတ္ေရာကိုယ္ပါ ပူးေပါင္းကူညီဖို႔ အသင့္ရွိပါတယ္”ဟုလည္း ေျပာၾကားသြားသည္။

ပါ့ခ္၏ သူငယ္ခ်င္းျဖစ္သူ ခၽြိဳင္ဆြန္ဆီးလ္သည္ ယခုအခါ ေတာင္ကိုရီးယားသို႔ ျပန္ေရာက္ေနၿပီး အဖမ္းခံထားရသည္။ သူမသည္ ပါ့ခ္ႏွင့္ ခင္မင္မႈကို အခြင့္ေကာင္းယူကာ အစိုးရ မွတ္တမ္းမွတ္ရာမ်ားကို ယူၾကည့္ခဲ့သလို သမၼတ၏ အရွိန္အဝါကို ကိုယ္က်ိဳးအတြက္ အသံုးခ်မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း စြပ္စြဲမႈမ်ားႏွင့္လည္း ရင္ဆိုင္ေနရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အစိုးရ အဖွဲ့၏ လက်ရှိ အရှုပ်တော်ပုံနှင့် ပတ်သက်ပြီး လိုအပ်ပါက စစ်ဆေးမှုများ ခံယူသွားမည်ဟု တောင်ကိုရီးယား သမ္မတ ပါ့ခ်ဂွမ်ဟေးက အာမခံ ပြောကြားခဲ့သည်။

အစိုးရ၏ အရေးအကြီးဆုံး မှတ်တမ်းမှတ်ရာများကို တရားဝင် တာဝန်ရှိသူ မဟုတ်သော သူငယ်ချင်း တစ်ဦးထံ ပြသခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပြီးနောက် ပြဿနာများစွာ ကြုံနေသည့် ပါ့ခ်က နိုဝင်ဘာ ၄ ရက်တွင် ဒုတိယ အကြိမ်မြောက် တောင်းပန်စကားပြောရင်း ယခုလို ကတိပြုခဲ့ခြင်း ဖြစ်သည်။ တောင်ကိုရီးယား ဥပဒေအရ လက်ရှိ အာဏာရ သမ္မတသည် နိုင်ငံတော် သစ္စာဖောက်မှုမှလွဲ၍ အခြားသော ကိစ္စများတွင် စွဲချက်တင် မခံရဘဲ ကင်းလွတ်ခွင့် ရထားသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ပြည်သူများထံ ဒုတိယအကြိမ်မြောက်အဖြစ် ရုပ်မြင်သံကြားမှ တောင်းပန်စကား ပြောခဲ့ရာတွင် ပါ့ခ်က လိုအပ်သော အခြေအနေမျိုး ရှိလာပါက ရဲတပ်ဖွဲ့၊ ရှေ့နေများနှင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။

သူမက “ကျွန်မရဲ့ ပုဂ္ဂိုလ်ရေး ခင်မင်မှု တစ်ခုအပေါ် အလွန်အကျွံ ယုံစားမိသွားတယ်။ ဘာတွေ ဆက်ဖြစ်နိုင်သလဲ ဆိုတာကို သတိမမူသလို သဘောမျိုး သက်ရောက်သွားပါတယ်။ ညဘက်ဆို ကျွန်မ အိပ်လို့တောင် မရဘူး။ ပြည်သူတွေရဲ့ စိတ်နှလုံးကို ကုစားဖို့ ခက်မယ်ဆိုတာ ကျွန်မသိပါတယ်။ တစ်ခါတလေ ‘ငါဟာ ဒီလိုကြုံဖို့ သမ္မတ ဖြစ်လာတာလား’လို့တောင် စိတ်နာနာနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိပါတယ်”ဟု ဆိုသည်။ လက်ရှိ အခြေအနေများကြောင့် တောင်ကိုရီးယားတွင် ပါ့ခ်အပေါ် ပြည်သူ့ထောက်ခံမှုသည် ၅ ရာခိုင်နှုန်းမျှသာ ကျန်သည်အထိ ကျဆင်းသွားကြောင်း စစ်တမ်းတစ်ခုက ဖော်ပြခဲ့သည်။

ပါ့ခ်က “အခုဖြစ်ရပ်မှာ အမှားအယွင်း ရှိသူတိုင်းကို ထိုက်တန်တဲ့အပြစ်ပေးဖို့ ကျွန်မ လိုလားပါတယ်။ လိုအပ်လာတဲ့ အခြေအနေတွေရှိရင် ရဲတွေနဲ့ ရှေ့နေတွေက ကျွန်မကိုပါ ခေါ်စစ်နိုင်ပါတယ်။ ဒီစစ်ဆေးမှုကို ကျွန်မ စိတ်ရောကိုယ်ပါ ပူးပေါင်းကူညီဖို့ အသင့်ရှိပါတယ်”ဟုလည်း ပြောကြားသွားသည်။

ပါ့ခ်၏ သူငယ်ချင်းဖြစ်သူ ချွိုင်ဆွန်ဆီးလ်သည် ယခုအခါ တောင်ကိုရီးယားသို့ ပြန်ရောက်နေပြီး အဖမ်းခံထားရသည်။ သူမသည် ပါ့ခ်နှင့် ခင်မင်မှုကို အခွင့်ကောင်းယူကာ အစိုးရ မှတ်တမ်းမှတ်ရာများကို ယူကြည့်ခဲ့သလို သမ္မတ၏ အရှိန်အဝါကို ကိုယ်ကျိုးအတွက် အသုံးချမှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲမှုများနှင့်လည်း ရင်ဆိုင်နေရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top