Property Expo
×

အခုတေလာ ၾကားသိရတဲ့ သတင္းေတြထဲမွာ ကုန္ေဈးႏွုန္းတက္တာ၊ ရာဇဝတ္မွုေတြ မ်ားျပားလာတာ၊ မူးယစ္ေဆးဝါး သုံးစြဲၿပီး မိဘက သားသမီးကို၊ သားသမီးက မိဘကို သတ္ျဖတ္တာ စတဲ့ သတင္းေတြ အမ်ားဆုံး ပါဝင္ေနပါတယ္။ နိုင္ငံတနိုင္ငံရဲ့ ဖြံ့ၿဖိဳး တိုးတက္မွု၊ နိုင္ငံသူ၊ နိုင္ငံသားေတြရဲ့ ေပ်ာ္ရႊင္မွုဟာ အဲဒီနိုင္ငံရဲ့ နယ္ပယ္အသီးသီးမွာ ဘယ္ေလာက္ အထိ “လုံျခဳံမွု” ရွိသလဲ ဆိုတာနဲ႔ ဆက္စပ္ပတ္သက္ေနပါတယ္။

“လူမွုဘဝလုံျခဳံမွု” ၊ “အစားအစာလုံျခဳံမွု” ၊ “လမ္းပန္းဆက္သြယ္ေရး လုံျခဳံမွု” ေတြကို ၾကည့္ရင္ အဘက္ဘက္က လုံျခဳံမွု အားနည္းေနတာ အမွန္ပါ။ ပထမဆုံး က်မတို႔ ျပည္သူေတြရဲ့ လူမွုဘဝလုံျခဳံမွုကို ေလ့လာၾကည့္ရင္ အိမ္ထဲမွာ လည္း မလုံျခဳံ၊ လမ္းေပၚမွာလည္း မလုံျခဳံ ျဖစ္ေနတာကို ဝမ္းနည္းစရာ ေတြ႕ျမင္ေနရ ပါတယ္။ ကိုယ့္အိမ္ထဲ ကိုယ္ ေနတယ္ ဆိုေပမယ့္ အႏုၾကမ္းစီးခံရတာ၊ ဒီထက္ပိုဆိုးရင္ လူသတ္၊ ပစၥည္းယူတာေတြ ေတြ႕ရသလို အိမ္အျပင္ ထြက္ရင္လည္း တယ္လီဖုန္း တလုံး အတြက္၊ လက္စြပ္ တကြင္းအတြက္ေတာင္ လုယက္ခံရတာေတြ ရွိပါတယ္။

ဆိုင္ကယ္ေတြနဲ႔ လုယက္တာ ၾကဳံရသလို အငွားကားစီးရင္ ခရီးသည္က အငွားယာဥ္ေမာင္းကို လုယက္နိုင္သလို အငွားယာဥ္ေမာင္းကေန ခရီးသည္ကိုလည္း လုယက္နိုင္ပါတယ္။ ယာဥ္ေၾကာပိတ္ဆို႔မွု ဆိုးရြားေနဆဲ ျဖစ္ၿပီး ယာဥ္စီးခ ပိုေတာင္းတဲ့ ဘတ္စ္ကား စပယ္ယာကို ခရီးသည္က မေက်နပ္ေၾကာင္း ေျပာမိရင္ အသတ္ခံရနိုင္တဲ့ အထိ အႏၲရာယ္ ရွိပါတယ္။ စည္းကမ္း မလိုက္နာတဲ့ ယာဥ္ေမာင္း အမ်ားစုေၾကာင့္ မ်ဥ္းက်ားမွာ လမ္းကူးေနရင္းလည္း ကားတိုက္ခံရ နိုင္ပါတယ္။ မီးနီျဖတ္ေမာင္းတဲ့ ဘတ္စ္ကားေတြ ရွိေနေသးတာေၾကာင့္ လမ္းကူးရင္ေတာင္ တထိတ္ထိတ္ တလန႔္လန႔္ နဲ႔ ကူးေနရဆဲပါ။

ဒါတင္ မကေသးပါဘူး၊ တေန႔တျခား မ်ားျပားလာေနတဲ့ ေခြးေလေခြးလြင့္ေတြရဲ့ အႏၲရာယ္လည္း ရွိေနျပန္ပါတယ္။ ေလလြင့္ေခြးေတြကို သားဆက္ျခားတာ၊ ေဂဟာေတြဆီ ပို႔တာေတြ ရွိေနေပမယ့္ အေရအတြက္အားျဖင့္ နည္းေနပါ ေသးတယ္။ ၿပီးေတာ့ အမ်ားသူငါ သြားလာေနတဲ့ လမ္းေပၚမွာ ေခြးစာေကၽြးတဲ့ သူေတြကို အသိပညာလည္း ေမေပးနိုင္၊ အေရးလည္း မယူနိုင္ေသးတဲ့ အျပင္ အဲဒီေခြးေတြက လမ္းသြားလမ္းလာေတြကို ကိုက္ရင္လည္း တာဝန္ယူမယ့္သူ တေယာက္မွ မရွိပါဘူး။ အရည္အေသြး မျပည့္မီဘဲ ခင္းထားတဲ့ ပလက္ေဖာင္းတခ်ိဳ႕ေပၚမွာ လမ္းေလၽွာက္ရင္း အဆင္မသင့္ရင္ ေရေျမာင္းထဲ ျပဳတ္က်နိုင္တာလည္း ပါေသးပါတယ္။

အိမ္လခေတြ ေပးရတာ မ်ားျပားေပမယ့္ ရန္ကုန္မွာ ရွိတဲ့ ကန္ထရိုက္တိုက္ခန္း အမ်ားစုဟာ သဘာဝေဘးအႏၲရာယ္ ေတြကို ခံနိုင္ရည္ ရွိ၊ မရွိ မေသခ်ာပါဘူး။ က်မတို႔ရဲ့ လူမွုဘဝကို ေန႔စဥ္နဲ႔ အမၽွ စိတ္အေႏွာင့္အယွက္ ေပးေနတဲ့ ေနာက္တခုက “ဆူညံသံ” ေတြ ပါပဲ။ မိုးလင္းကေန မိုးခ်ဳပ္အထိ အထိန္းအကြပ္ မရွိ ဖြင့္ေနတဲ့ အသံခ်ဲ႕စက္ေတြ၊ ေဆာင္းေဘာက္ေတြေၾကာင့္ ျပည္သူေတြ အေနနဲ႔ ႐ုပ္ပိုင္း၊ စိတ္ပိုင္း ႏွစ္မ်ိဳးစလုံး ထိခိုက္ေနရပါတယ္။ “အသံခ်ဲ႕စက္ ဥပေဒ” မွာ ျပ႒ာန္းထားတာေတြကို လိုက္နာသူ အလြန္ရွားေနၿပီး ထီေရာင္းသူ တေယာက္ကို အသံက်ယ္ေလာင္စြာ သီခ်င္းဖြင့္လို႔ ေထာင္ ၁၅ ရက္ ခ်တာက လြဲလို႔ တျခားအေရးယူမွု မၾကားရေသးပါဘူး။

လူငယ္ေတြထဲမွာ မူးယစ္ေဆးဝါးသုံးစြဲမွု မ်ားလာတာရဲ့ အက်ိဳးဆက္ အျဖစ္ မိဘကိုပါ ရန္ရွာ သတ္ျဖတ္တာေတြ ျဖစ္လာေန ပါတယ္။ သိပ္မၾကာမီက ရွမ္းျပည္နယ္မွာ ျဖစ္ပြားခဲ့တဲ့ အမွုတခုမွာ မူးယစ္ေဆး စြဲေနတဲ့အေဖက ဓားနဲ႔ ခုတ္လို႔ သားသမီး ၂ ေယာက္ ေသဆုံးၿပီး ၃ ေယာက္ ဒဏ္ရာ ရခဲ့တာပါ။ သမီး မိန္းကေလးေမြးထားတဲ့ မိဘေတြမွာ ရတက္ မေအးရဘဲ သက္ငယ္မုဒိမ္းမွုေတြ မ်ားလာေနတာက လူ႔အဖြဲ႕အစည္းရဲ့ အနာဂတ္ကိုပါ ၿခိမ္းေျခာက္လာေန ပါတယ္။ တခ်ိဳ႕ေသာ သက္ငယ္မုဒိမ္းမွုေတြမွာ ကေလးငယ္ေတြဟာ မုဒိမ္းျပဳက်င့္ ခံရ႐ုံသာ မကဘဲ အသတ္ပါ ခံရတာ ရင္နင့္စရာပါ။ ၂၀၁၆ ခုႏွစ္ အတြင္း ျဖစ္ပြားခဲ့တဲ့ မုဒိမ္းမွု အေရအတြက္ဟာ အခုခ်ိန္ထိ ၂၀၁၅ ခုႏွစ္က ထက္ေတာင္ ပိုမ်ားေနပါတယ္။

ကုန္ေဈးႏွုန္း ႀကီးျမင့္မွုဒဏ္ကို ျပည္သူေတြ ခံစားေနရသလို အေႏွးယာဥ္လုပ္သား တေယာက္ဟာ ေန႔စဥ္အသုံးစရိတ္ ၂၅၀၀ က်ပ္ မေပးနိုင္လို႔ ကိုယ့္ကိုယ္ကိုယ္ သတ္ေသမွု ျဖစ္ခဲ့တာ စိတ္မေကာင္းစရာပါ။ ေငြလဲႏွုန္း မတည္ၿငိမ္မွု၊ ေငြေၾကး ေဖာင္းပြမွုေတြေၾကာင့္ အေထြေထြ ကုန္ေဈးႏွုန္း တက္တဲ့ အခါ အဓိက ထိခိုက္ခံစားရတာက အေျခခံ လူတန္းစားေတြ ျဖစ္ပါတယ္။ င႐ုတ္သီးမွုန႔္ေတြ မစစ္မွန္း သိလ်က္နဲ႔၊ စားဆီေတြ မစစ္မွန္းသိလ်က္နဲ႔ က်န္းမာေရးကို ေဘးခ်ိတ္ၿပီး စားေသာက္ေနရသူေတြ ရွိေနတာ အိပ္မက္ မဟုတ္ပါဘူး၊ ျပည္သူေတြၾကားမွာ တကယ့္ကို ျဖစ္ေန ပ်က္ေနတာပါ။ ဆင္းရဲသားေတြ အတြက္ ဟင္းတစ္ခြက္ျဖစ္တဲ့ ငါးပိမွာေတာင္ အႏၲရာယ္ျဖစ္ေစတဲ့ “အာဆင္းနစ္” နဲ႔ “ယူရီးယား” ပါဝင္မွုရွိေနတယ္လို႔ စစ္ေဆးေတြ႕ရွိမွု ထြက္ေပၚခဲ့ေပမယ့္ တိတိက်က် အေရးယူတာ၊ ပညာေပးတာေတြ အလြန္နည္းပါးေနဆဲပါ။

အထက္မွာ ေျပာျပခဲ့တာေတြအားလုံးဟာ ျမင္သာထင္သာရွိတဲ့ ဥပမာေတြကိုပဲ ေျပာျပခဲ့တာပါ။ စစ္ပြဲျဖစ္ပြားေနတဲ့၊ ပဋိပကၡျဖစ္ပြားေနတဲ့ ေနရာေတြမွာ ေနထိုင္ရတဲ့ ျပည္သူေတြရဲ့ “မလုံျခဳံမွု” က အထူးေျပာျပစရာေတာင္ မလိုပါဘူး။ အာဏာရွင္ အစိုးရ အဆက္ဆက္ရဲ့ စီမံခန႔္ခြဲမွုအမွား (Mismanagement) နဲ႔ ကိုယ္က်ိဳးရွာမွုေတြရဲ့ ဒဏ္ကို ျပည္သူေတြ ခံစားခဲ့ရတာျဖစ္ပါတယ္။

ျပည္သူေတြက တစ္ခဲနနက္ ေရြးေကာက္တင္ေျမႇာက္လိုက္တဲ့ အစိုးရသစ္ အေနနဲ႔ ႏွစ္ ၅၀ ေက်ာ္ ဖ်က္ဆီးခံခဲ့ရတဲ့ နိုင္ငံ တနိုင္ငံကို ေန႔ခ်င္းညခ်င္း ေကာင္းမြန္လာေအာင္ ျပဳလုပ္ေပးဖို႔ မလြယ္ကူတာ နားလည္လက္ခံပါတယ္။ ဒါေပမယ့္ အစိုးရက အေျပာင္းအလဲ တခုဆီကို ဦးတည္ေလၽွာက္လွမ္း ေနခ်ိန္မွာ အေျပာင္းအလဲမွာ မလိုက္ပါခ်င္တဲ့ ဝန္ထမ္းတခ်ိဳ႕ ရွိေနေသးတာက အဟန႔္အတားျဖစ္ေနဆဲပါ။ က်မတို႔ ျပည္သူေတြ ဘက္ကလည္း ကိုယ့္ပတ္ဝန္းက်င္မွာ မတရားမွုေတြေတြ႕ရင္ လက္ပိုက္ၾကည့္မေနဘဲ လုံျခဳံမွုရွိတဲ့ လူ႔အဖြဲ႕အစည္းျဖစ္လာေအာင္ ဝိုင္းဝန္းကူညီသင့္ ပါတယ္။

ကိုယ့္ေရွ႕မွာ လုယက္မွု၊ လူသတ္မွုျဖစ္ေနရင္ ရဲတပ္ဖြဲ႕ကို သတင္းေပးတိုင္ၾကားတာ လုပ္သင့္ပါတယ္။ ပတ္ဝန္းက်င္ကို အေႏွာင့္အယွက္ျဖစ္ေစတဲ့ ဆူညံသံေတြကို ရဲတပ္ဖြဲ႕ထံ တိုင္ၾကားတာ၊ အေရးေပၚ ဖုန္းနံပတ္ 199 ကို ဆက္သြယ္ တိုင္ၾကားတာက ကၽြန္မတို႔ ျပည္သူေတြရဲ့ အခြင့္အေရး ျဖစ္ပါတယ္။ ကန္ထရိုက္တိုက္ခန္းမွာ ေနထိုင္သူေတြအေနနဲ႔ တခန္းနဲ႔ တခန္း ရင္းႏွီးမွု ရွိေအာင္ လုပ္ထားသင့္ၿပီး လူစိမ္းအဝင္အထြက္ကို သိထားရင္ မလိုလားအပ္တဲ့ ရာဇဝတ္မွုေတြကို ေလ်ာ့က်ေစနိုင္ပါတယ္။

ျပည္သူက ေရြးခ်ယ္လိုက္လို႔ လႊတ္ေတာ္ထဲ ေရာက္ေနတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အေနနဲ႔ ကိုယ့္ မဲဆႏၵနယ္မွာ ဘာေတြ ျဖစ္ပ်က္ေနလဲ ဆိုတာ ေလ့လာ၊ ျပည္သူနဲ႔ ထိေတြ႕ၿပီး ဥပေဒျပဳေရး မ႑ိဳင္ကေန ဥပေဒ အသက္ဝင္ေရး (Law Enforcement) အတြက္ ႀကိဳးစားမွသာ တာဝန္ေက်ပါလိမ့္မယ္။ အခုလို ျပည္သူ႔ဘ၀ မလုံျခဳံတာဟာ တရားဥပေဒ စိုးမိုးေရး အားနည္းေနမွုကို သက္ေသျပေနတာပါပဲ။

ျပ႒ာန္းထားတဲ့ ဥပေဒေတြ သက္ဝင္ၿပီး နယ္ပယ္ အသီးသီးမွာ ထိေရာက္တဲ့ အေရးယူမွုေတြ ျပဳလုပ္နိုင္မွ၊ ဥပေဒျပဳေရး မ႑ိဳင္၊ အုပ္ခ်ဳပ္ေရး မ႑ိဳင္၊ တရားစီရင္ေရး မ႑ိဳင္ မ႑ိဳင္ ၃ ရပ္ ဟန္ခ်က္ညီေနမွသာ ျပည္သူ႔ဘဝေတြ လုံျခဳံလာမွာ ျဖစ္ၿပီး အဲဒီလို လုံျခဳံတဲ့ ျပည္သူ႔ဘဝေတြ ဖန္တီးေပးနိုင္ဖို႔က ျပည္သူ႔အစိုးရ တရပ္ရဲ့ တာဝန္ျဖစ္ပါေၾကာင္း သုံးသပ္ ေရးသားလိုက္ရပါတယ္။ ။

(ေသြး(စစ္ကိုင္း)သည္ ရန္ကုန္အေျခစိုက္ စာေရးဆရာမတဦး ျဖစ္သည္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:irrawaddy

#Unicode Version
အခုတလော ကြားသိရတဲ့ သတင်းတွေထဲမှာ ကုန်ဈေးနှုန်းတက်တာ၊ ရာဇဝတ်မှုတွေ များပြားလာတာ၊ မူးယစ်ဆေးဝါး သုံးစွဲပြီး မိဘက သားသမီးကို၊ သားသမီးက မိဘကို သတ်ဖြတ်တာ စတဲ့ သတင်းတွေ အများဆုံး ပါဝင်နေပါတယ်။ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှု၊ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ပျော်ရွှင်မှုဟာ အဲဒီနိုင်ငံရဲ့ နယ်ပယ်အသီးသီးမှာ ဘယ်လောက် အထိ “လုံခြုံမှု” ရှိသလဲ ဆိုတာနဲ့ ဆက်စပ်ပတ်သက်နေပါတယ်။

“လူမှုဘဝလုံခြုံမှု” ၊ “အစားအစာလုံခြုံမှု” ၊ “လမ်းပန်းဆက်သွယ်ရေး လုံခြုံမှု” တွေကို ကြည့်ရင် အဘက်ဘက်က လုံခြုံမှု အားနည်းနေတာ အမှန်ပါ။ ပထမဆုံး ကျမတို့ ပြည်သူတွေရဲ့ လူမှုဘဝလုံခြုံမှုကို လေ့လာကြည့်ရင် အိမ်ထဲမှာ လည်း မလုံခြုံ၊ လမ်းပေါ်မှာလည်း မလုံခြုံ ဖြစ်နေတာကို ဝမ်းနည်းစရာ တွေ့မြင်နေရ ပါတယ်။ ကိုယ့်အိမ်ထဲ ကိုယ် နေတယ် ဆိုပေမယ့် အနုကြမ်းစီးခံရတာ၊ ဒီထက်ပိုဆိုးရင် လူသတ်၊ ပစ္စည်းယူတာတွေ တွေ့ရသလို အိမ်အပြင် ထွက်ရင်လည်း တယ်လီဖုန်း တလုံး အတွက်၊ လက်စွပ် တကွင်းအတွက်တောင် လုယက်ခံရတာတွေ ရှိပါတယ်။

ဆိုင်ကယ်တွေနဲ့ လုယက်တာ ကြုံရသလို အငှားကားစီးရင် ခရီးသည်က အငှားယာဉ်မောင်းကို လုယက်နိုင်သလို အငှားယာဉ်မောင်းကနေ ခရီးသည်ကိုလည်း လုယက်နိုင်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားနေဆဲ ဖြစ်ပြီး ယာဉ်စီးခ ပိုတောင်းတဲ့ ဘတ်စ်ကား စပယ်ယာကို ခရီးသည်က မကျေနပ်ကြောင်း ပြောမိရင် အသတ်ခံရနိုင်တဲ့ အထိ အန္တရာယ် ရှိပါတယ်။ စည်းကမ်း မလိုက်နာတဲ့ ယာဉ်မောင်း အများစုကြောင့် မျဉ်းကျားမှာ လမ်းကူးနေရင်းလည်း ကားတိုက်ခံရ နိုင်ပါတယ်။ မီးနီဖြတ်မောင်းတဲ့ ဘတ်စ်ကားတွေ ရှိနေသေးတာကြောင့် လမ်းကူးရင်တောင် တထိတ်ထိတ် တလန့်လန့် နဲ့ ကူးနေရဆဲပါ။

ဒါတင် မကသေးပါဘူး၊ တနေ့တခြား များပြားလာနေတဲ့ ခွေးလေခွေးလွင့်တွေရဲ့ အန္တရာယ်လည်း ရှိနေပြန်ပါတယ်။ လေလွင့်ခွေးတွေကို သားဆက်ခြားတာ၊ ဂေဟာတွေဆီ ပို့တာတွေ ရှိနေပေမယ့် အရေအတွက်အားဖြင့် နည်းနေပါ သေးတယ်။ ပြီးတော့ အများသူငါ သွားလာနေတဲ့ လမ်းပေါ်မှာ ခွေးစာကျွေးတဲ့ သူတွေကို အသိပညာလည်း မေပေးနိုင်၊ အရေးလည်း မယူနိုင်သေးတဲ့ အပြင် အဲဒီခွေးတွေက လမ်းသွားလမ်းလာတွေကို ကိုက်ရင်လည်း တာဝန်ယူမယ့်သူ တယောက်မှ မရှိပါဘူး။ အရည်အသွေး မပြည့်မီဘဲ ခင်းထားတဲ့ ပလက်ဖောင်းတချို့ပေါ်မှာ လမ်းလျှောက်ရင်း အဆင်မသင့်ရင် ရေမြောင်းထဲ ပြုတ်ကျနိုင်တာလည်း ပါသေးပါတယ်။

အိမ်လခတွေ ပေးရတာ များပြားပေမယ့် ရန်ကုန်မှာ ရှိတဲ့ ကန်ထရိုက်တိုက်ခန်း အများစုဟာ သဘာဝဘေးအန္တရာယ် တွေကို ခံနိုင်ရည် ရှိ၊ မရှိ မသေချာပါဘူး။ ကျမတို့ရဲ့ လူမှုဘဝကို နေ့စဉ်နဲ့ အမျှ စိတ်အနှောင့်အယှက် ပေးနေတဲ့ နောက်တခုက “ဆူညံသံ” တွေ ပါပဲ။ မိုးလင်းကနေ မိုးချုပ်အထိ အထိန်းအကွပ် မရှိ ဖွင့်နေတဲ့ အသံချဲ့စက်တွေ၊ ဆောင်းဘောက်တွေကြောင့် ပြည်သူတွေ အနေနဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း နှစ်မျိုးစလုံး ထိခိုက်နေရပါတယ်။ “အသံချဲ့စက် ဥပဒေ” မှာ ပြဋ္ဌာန်းထားတာတွေကို လိုက်နာသူ အလွန်ရှားနေပြီး ထီရောင်းသူ တယောက်ကို အသံကျယ်လောင်စွာ သီချင်းဖွင့်လို့ ထောင် ၁၅ ရက် ချတာက လွဲလို့ တခြားအရေးယူမှု မကြားရသေးပါဘူး။

လူငယ်တွေထဲမှာ မူးယစ်ဆေးဝါးသုံးစွဲမှု များလာတာရဲ့ အကျိုးဆက် အဖြစ် မိဘကိုပါ ရန်ရှာ သတ်ဖြတ်တာတွေ ဖြစ်လာနေ ပါတယ်။ သိပ်မကြာမီက ရှမ်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အမှုတခုမှာ မူးယစ်ဆေး စွဲနေတဲ့အဖေက ဓားနဲ့ ခုတ်လို့ သားသမီး ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာ ရခဲ့တာပါ။ သမီး မိန်းကလေးမွေးထားတဲ့ မိဘတွေမှာ ရတက် မအေးရဘဲ သက်ငယ်မုဒိမ်းမှုတွေ များလာနေတာက လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကိုပါ ခြိမ်းခြောက်လာနေ ပါတယ်။ တချို့သော သက်ငယ်မုဒိမ်းမှုတွေမှာ ကလေးငယ်တွေဟာ မုဒိမ်းပြုကျင့် ခံရရုံသာ မကဘဲ အသတ်ပါ ခံရတာ ရင်နင့်စရာပါ။ ၂၀၁၆ ခုနှစ် အတွင်း ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှု အရေအတွက်ဟာ အခုချိန်ထိ ၂၀၁၅ ခုနှစ်က ထက်တောင် ပိုများနေပါတယ်။

ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ပြည်သူတွေ ခံစားနေရသလို အနှေးယာဉ်လုပ်သား တယောက်ဟာ နေ့စဉ်အသုံးစရိတ် ၂၅၀၀ ကျပ် မပေးနိုင်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ဖြစ်ခဲ့တာ စိတ်မကောင်းစရာပါ။ ငွေလဲနှုန်း မတည်ငြိမ်မှု၊ ငွေကြေး ဖောင်းပွမှုတွေကြောင့် အထွေထွေ ကုန်ဈေးနှုန်း တက်တဲ့ အခါ အဓိက ထိခိုက်ခံစားရတာက အခြေခံ လူတန်းစားတွေ ဖြစ်ပါတယ်။ ငရုတ်သီးမှုန့်တွေ မစစ်မှန်း သိလျက်နဲ့၊ စားဆီတွေ မစစ်မှန်းသိလျက်နဲ့ ကျန်းမာရေးကို ဘေးချိတ်ပြီး စားသောက်နေရသူတွေ ရှိနေတာ အိပ်မက် မဟုတ်ပါဘူး၊ ပြည်သူတွေကြားမှာ တကယ့်ကို ဖြစ်နေ ပျက်နေတာပါ။ ဆင်းရဲသားတွေ အတွက် ဟင်းတစ်ခွက်ဖြစ်တဲ့ ငါးပိမှာတောင် အန္တရာယ်ဖြစ်စေတဲ့ “အာဆင်းနစ်” နဲ့ “ယူရီးယား” ပါဝင်မှုရှိနေတယ်လို့ စစ်ဆေးတွေ့ရှိမှု ထွက်ပေါ်ခဲ့ပေမယ့် တိတိကျကျ အရေးယူတာ၊ ပညာပေးတာတွေ အလွန်နည်းပါးနေဆဲပါ။

အထက်မှာ ပြောပြခဲ့တာတွေအားလုံးဟာ မြင်သာထင်သာရှိတဲ့ ဥပမာတွေကိုပဲ ပြောပြခဲ့တာပါ။ စစ်ပွဲဖြစ်ပွားနေတဲ့၊ ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေမှာ နေထိုင်ရတဲ့ ပြည်သူတွေရဲ့ “မလုံခြုံမှု” က အထူးပြောပြစရာတောင် မလိုပါဘူး။ အာဏာရှင် အစိုးရ အဆက်ဆက်ရဲ့ စီမံခန့်ခွဲမှုအမှား (Mismanagement) နဲ့ ကိုယ်ကျိုးရှာမှုတွေရဲ့ ဒဏ်ကို ပြည်သူတွေ ခံစားခဲ့ရတာဖြစ်ပါတယ်။

ပြည်သူတွေက တစ်ခဲနနက် ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရသစ် အနေနဲ့ နှစ် ၅၀ ကျော် ဖျက်ဆီးခံခဲ့ရတဲ့ နိုင်ငံ တနိုင်ငံကို နေ့ချင်းညချင်း ကောင်းမွန်လာအောင် ပြုလုပ်ပေးဖို့ မလွယ်ကူတာ နားလည်လက်ခံပါတယ်။ ဒါပေမယ့် အစိုးရက အပြောင်းအလဲ တခုဆီကို ဦးတည်လျှောက်လှမ်း နေချိန်မှာ အပြောင်းအလဲမှာ မလိုက်ပါချင်တဲ့ ဝန်ထမ်းတချို့ ရှိနေသေးတာက အဟန့်အတားဖြစ်နေဆဲပါ။ ကျမတို့ ပြည်သူတွေ ဘက်ကလည်း ကိုယ့်ပတ်ဝန်းကျင်မှာ မတရားမှုတွေတွေ့ရင် လက်ပိုက်ကြည့်မနေဘဲ လုံခြုံမှုရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်လာအောင် ဝိုင်းဝန်းကူညီသင့် ပါတယ်။

ကိုယ့်ရှေ့မှာ လုယက်မှု၊ လူသတ်မှုဖြစ်နေရင် ရဲတပ်ဖွဲ့ကို သတင်းပေးတိုင်ကြားတာ လုပ်သင့်ပါတယ်။ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေတဲ့ ဆူညံသံတွေကို ရဲတပ်ဖွဲ့ထံ တိုင်ကြားတာ၊ အရေးပေါ် ဖုန်းနံပတ် 199 ကို ဆက်သွယ် တိုင်ကြားတာက ကျွန်မတို့ ပြည်သူတွေရဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ကန်ထရိုက်တိုက်ခန်းမှာ နေထိုင်သူတွေအနေနဲ့ တခန်းနဲ့ တခန်း ရင်းနှီးမှု ရှိအောင် လုပ်ထားသင့်ပြီး လူစိမ်းအဝင်အထွက်ကို သိထားရင် မလိုလားအပ်တဲ့ ရာဇဝတ်မှုတွေကို လျော့ကျစေနိုင်ပါတယ်။

ပြည်သူက ရွေးချယ်လိုက်လို့ လွှတ်တော်ထဲ ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ကိုယ့် မဲဆန္ဒနယ်မှာ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာ လေ့လာ၊ ပြည်သူနဲ့ ထိတွေ့ပြီး ဥပဒေပြုရေး မဏ္ဍိုင်ကနေ ဥပဒေ အသက်ဝင်ရေး (Law Enforcement) အတွက် ကြိုးစားမှသာ တာဝန်ကျေပါလိမ့်မယ်။ အခုလို ပြည်သူ့ဘ၀ မလုံခြုံတာဟာ တရားဥပဒေ စိုးမိုးရေး အားနည်းနေမှုကို သက်သေပြနေတာပါပဲ။

ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ သက်ဝင်ပြီး နယ်ပယ် အသီးသီးမှာ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်နိုင်မှ၊ ဥပဒေပြုရေး မဏ္ဍိုင်၊ အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင် မဏ္ဍိုင် ၃ ရပ် ဟန်ချက်ညီနေမှသာ ပြည်သူ့ဘဝတွေ လုံခြုံလာမှာ ဖြစ်ပြီး အဲဒီလို လုံခြုံတဲ့ ပြည်သူ့ဘဝတွေ ဖန်တီးပေးနိုင်ဖို့က ပြည်သူ့အစိုးရ တရပ်ရဲ့ တာဝန်ဖြစ်ပါကြောင်း သုံးသပ် ရေးသားလိုက်ရပါတယ်။ ။

(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် စာရေးဆရာမတဦး ဖြစ်သည်)

ဖိုးသူတော် (www.phothutaw.com)
Credit:irrawaddy
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top