Property Expo
×

  ေက်ာက္တံတားၿမိဳ႕နယ္ ၃၉ လမ္း (အလယ္)ရွိ တုိက္ခန္းတစ္ခုတြင္ အသက္(၄၅)ႏွစ္အရြယ္ရွိ ၿဗိတိန္ႏိုင္ငံသားတစ္ဦး ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနခဲ့ေၾကာင္း သတင္းရရွိသည္။

အဆုိပါ ေနအိမ္တုိက္ခန္း တြင္ ေသဆုံးေနသူ ၿဗိတိန္ႏုိင္ငံသားသည္ သာေကတၿမိဳ႕နယ္ ျမခြာညိဳအိမ္ရာ၌ ေနထုိင္သူျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ရွိ နာမည္ႀကီး ႏုိင္ငံတကာ ေက်ာင္းတစ္ေက်ာင္းမွ ေက်ာင္းဆရာတစ္ဦးျဖစ္ေၾကာင္း ရန္ကုန္တုိင္းရဲတပ္ဖဲြ႕မွ ရဲအရာရွိတစ္ဦးကေျပာသည္။


‘‘ဒီေန႔မနက္ ေသဆုံးသူရဲ႕ ဇနီးက တုိက္ခန္းကို ေရာက္လာ တယ္။ အခန္းတံခါးပိတ္ထားလို႔ တံခါးကိုဖ်က္ၿပီးေတာ့ ၀င္ၾကည့္ ေတာ့ အေလာင္းကိုေတြ႕ရတယ္။ အေလာင္းမွာ ပါးစပ္က ေသြး ထြက္ေနတာ ေတြ႕တယ္။ ရင္ဘတ္မွာလည္း ညိဳမည္းေနတာေတြ႕ရတယ္။ အေလာင္းကိုေတာ့ ရန္ကုန္ေဆး႐ုံႀကီးပို႔ၿပီး စစ္ေဆးေနတယ္’’ဟု ၎ကေျပာသည္။

ႏုိဝင္ဘာ ၄ ရက္ ညပိုင္းက ယင္းအခန္းကို ငွားရမ္းေနထုိင္ သူ ၿဗိတိန္ႏုိင္ငံသားႏွင့္ ေသဆံုးသူၿဗိတိန္ႏုိင္ငံသား အမ်ဳိးသားတစ္ဦးတုိ႔ အရက္အတူေသာက္ကာ ျပန္လာၿပီးေနာက္ ရန္ျဖစ္သည့္ အသံမ်ား ၾကားရေၾကာင္း ပတ္၀န္းက်င္တြင္ ေနထုိင္သူတစ္ဦးကေျပာသည္။

‘‘ ပတ္၀န္းက်င္ကို ေမးျမန္း ၾကည့္ေတာ့ ေသဆုံးသူနဲ႔ ဒီတုိက္ ခန္းမွာေနတဲ့ ႏုိင္ငံျခားသားအတူ အရက္ေသာက္ၿပီး ျပန္လာတယ္။ ဒီေန႔မနက္ ေသဆုံးသူရဲ႕အမ်ဳိးသမီးက တုိက္ခန္းကိုေရာက္လာၿပီး သူ႔ေယာက်္ားအေၾကာင္း ေမး တယ္။ အခန္းတံခါး ပိတ္ထားေတာ့ တံခါးကိုဖ်က္ၿပီး ၀င္ၾကည့္မွ ပုပ္ပြေနတဲ့ အေလာင္းကို ေတြ႕ရတယ္။ လူသတ္မႈက်ဴးလြန္သူကိုေတာ့ လုိက္ၿပီးရွာေနတယ္’’ဟု အေနာက္ပိုင္းခ႐ိုင္ရဲတပ္ဖဲြ႕မွ ရဲအရာရွိတစ္ဦးကေျပာသည္။

 အဆုိပါ အခန္းငွားေနသူ ၿဗိတိန္ႏုိင္ငံသားသည္ ႏုိဝင္ဘာ ၅ ရက္ နံနက္တြင္ ထုိင္းႏုိင္ငံသို႔ ေလေၾကာင္းခရီးျဖင့္ ထြက္ခြာသြားသည္ဟု စုံစမ္းသိရွိရၿပီး ႏုိင္ငံတကာရဲတပ္ဖဲြ႕၏ အကူအညီျဖင့္ အဆုိပါ ၿဗိတိန္ႏုိင္ငံသားကို လုိက္လံရွာေဖြေနေၾကာင္း ၎ရဲအရာ ရွိကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

  ကျောက်တံတားမြို့နယ် ၃၉ လမ်း (အလယ်)ရှိ တိုက်ခန်းတစ်ခုတွင် အသက်(၄၅)နှစ်အရွယ်ရှိ ဗြိတိန်နိုင်ငံသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ နေအိမ်တိုက်ခန်း တွင် သေဆုံးနေသူ ဗြိတိန်နိုင်ငံသားသည် သာကေတမြို့နယ် မြခွာညိုအိမ်ရာ၌ နေထိုင်သူဖြစ်ပြီး ရန်ကုန်မြို့ရှိ နာမည်ကြီး နိုင်ငံတကာ ကျောင်းတစ်ကျောင်းမှ ကျောင်းဆရာတစ်ဦးဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။


‘‘ဒီနေ့မနက် သေဆုံးသူရဲ့ ဇနီးက တိုက်ခန်းကို ရောက်လာ တယ်။ အခန်းတံခါးပိတ်ထားလို့ တံခါးကိုဖျက်ပြီးတော့ ဝင်ကြည့် တော့ အလောင်းကိုတွေ့ရတယ်။ အလောင်းမှာ ပါးစပ်က သွေး ထွက်နေတာ တွေ့တယ်။ ရင်ဘတ်မှာလည်း ညိုမည်းနေတာတွေ့ရတယ်။ အလောင်းကိုတော့ ရန်ကုန်ဆေးရုံကြီးပို့ပြီး စစ်ဆေးနေတယ်’’ဟု ၎င်းကပြောသည်။

နိုဝင်ဘာ ၄ ရက် ညပိုင်းက ယင်းအခန်းကို ငှားရမ်းနေထိုင် သူ ဗြိတိန်နိုင်ငံသားနှင့် သေဆုံးသူဗြိတိန်နိုင်ငံသား အမျိုးသားတစ်ဦးတို့ အရက်အတူသောက်ကာ ပြန်လာပြီးနောက် ရန်ဖြစ်သည့် အသံများ ကြားရကြောင်း ပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးကပြောသည်။

‘‘ ပတ်ဝန်းကျင်ကို မေးမြန်း ကြည့်တော့ သေဆုံးသူနဲ့ ဒီတိုက် ခန်းမှာနေတဲ့ နိုင်ငံခြားသားအတူ အရက်သောက်ပြီး ပြန်လာတယ်။ ဒီနေ့မနက် သေဆုံးသူရဲ့အမျိုးသမီးက တိုက်ခန်းကိုရောက်လာပြီး သူ့ယောကျ်ားအကြောင်း မေး တယ်။ အခန်းတံခါး ပိတ်ထားတော့ တံခါးကိုဖျက်ပြီး ဝင်ကြည့်မှ ပုပ်ပွနေတဲ့ အလောင်းကို တွေ့ရတယ်။ လူသတ်မှုကျူးလွန်သူကိုတော့ လိုက်ပြီးရှာနေတယ်’’ဟု အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

 အဆိုပါ အခန်းငှားနေသူ ဗြိတိန်နိုင်ငံသားသည် နိုဝင်ဘာ ၅ ရက် နံနက်တွင် ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်ဟု စုံစမ်းသိရှိရပြီး နိုင်ငံတကာရဲတပ်ဖွဲ့၏ အကူအညီဖြင့် အဆိုပါ ဗြိတိန်နိုင်ငံသားကို လိုက်လံရှာဖွေနေကြောင်း ၎င်းရဲအရာ ရှိကပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top