Kantharyar Centre
×

ရန္ကုန္ၿမိဳ႕၌ ဇီကာေရာဂါျဖစ္ပြားေနသည့္ ၃၂ ႏွစ္အရြယ္ ကိုယ္၀န္ေဆာင္ ႏိုင္ငံျခားသူတစ္ဦးကို ဓါတ္ခြဲစမ္းသပ္မႈမ်ားျပဳလုပ္ၿပီးေနာက္ အတည္ျပဳႏိုင္ခဲ့ေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနက ၂၇-၁၀-၂၀၁၆ ရက္ေန႔က သတင္း ထုတ္ျပန္ခဲ့သည္။ ဆက္လက္ၿပီး ဇီကာေၾကာင့္ ေနာင္ ၆ လအတြင္း ကိုယ္၀န္မေဆာင္ရဆိုေသာ သတင္းစကား မ်ား ျပန္႔ႏွံ႔လာသျဖင့္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာန၊ ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာန၊ ကူးစက္ဆရာ၀န္
ေဒါက္တာေအာင္သူႏွင့္ ေဆြးေႏြးေဖာ္ျပလိုက္ပါသည္။
– – – – – – – – – – – – – – – – – – – – – –

Q. ရန္ကုန္ၿမိဳ႕မွာ ေနာက္ ၆ လအတြင္း ကိုယ္၀န္မေဆာင္သင့္ဘူးဆိုတဲ့ သတင္းနဲ႔ ပတ္သက္ၿပီး သိခ်င္လို႔ပါ ဆရာ။

A. အဲဒါကေတာ့ မဟုတ္ပါဘူး။ နားလည္မႈ လြဲသြားတာပါ။ ဇီကာဗိုင္းရပ္စ္ပိုးရွိတဲ့ အမ်ဳိးသားက အမ်ဳိး သမီးနဲ႔ လိင္ဆက္ဆံမႈ မျပဳရဘူး။ လိင္ဆက္ဆံမႈ ျပဳ မယ္ဆိုရင္လည္း ေျခာက္လတိတိ ကြန္ဒံုးသံုးရမယ္လို႔
ေျပာတာပါ။ အမ်ဳိးသားမွာ ဇီကာဗိုင္းရပ္စ္ပိုးရွိရင္ အမ်ဳိးသမီးနဲ႔ လိင္ဆက္ဆံတဲ့အခါ အမ်ဳိးသမီးမွာ ကိုယ္၀န္ရွိသြားႏိုင္တယ္။ အဲဒီေတာ့ ကိုယ္၀န္ကတစ္ဆင့္ ကေလးဆီကို ဇီကာဗိုင္းရပ္စ္ပိုး ကူးစက္ႏိုင္တဲ့အ တြက္ ဇီကာရွိတဲ့ အမ်ဳိးသားကို ေျခာက္လတိတိ လိင္ဆက္ဆံမႈမျပဳဖို႔၊ ျပဳခဲ့ရင္ ကြန္ဒံုးသံုးဖို႔ ေျပာတာပါ။
– – – – – – – – – – – – – – – – – – – – – –
Q. ဇီကာဗိုင္းရပ္စ္ရွိတယ္ဆိုရင္ ဘယ္လို သိႏိုင္မလဲ ဆရာ။

A. ဇီကာဗိုင္းရပ္စ္ပိုး ၀င္သြားရင္ လူငါးေယာက္မွာ ေလးေယာက္က
ေရာဂါလကၡဏာ မျပပါဘူး။ တစ္ေယာက္မွာပဲ ေရာဂါလကၡဏာ ျပပါတယ္။ သူရဲ႕ ေရာ ဂါလကၡဏာေတြက ဖ်ားတာ၊ အနီစက္ထြက္တာ၊ မ်က္စိနာတာ၊ မ်က္လံုးရဲတာ၊ ကိုယ္လက္ကိုက္ခဲတာ စတဲ့ လကၡဏာေတြ ျပပါတယ္။ အမ်ဳိးသားမွာ ဇီကာဗိုင္းရပ္စ္ပိုးရွိ၊ မရွိဆိုတာကေတာ့
ေသြးစစ္ရင္ေတာ့ ေတြ႕ႏိုင္ပါတယ္။
– – – – – – – – – – – – – – – – – – – – – –
Q. ဇီကာသံသယရွိတဲ့ လူနာေတြက ဘာလုပ္သင့္ပါသလဲ ဆရာ။

A. ဖ်ားတာ၊ အနီစက္ထြက္တာ၊ မ်က္စိနာတာ၊ မ်က္လံုးရဲတာ၊ ကိုယ္လက္ကိုက္ခဲတာ စတဲ့ လကၡဏာ ေတြ ျပလာရင္ နီးစပ္ရာ ေဆး႐ံု၊
ေဆးခန္းေတြကို သြားျပၾကပါ၊ တတ္ကြၽမ္းနားလည္သူေတြရဲ႕ အႀကံဥာဏ္ ယူၿပီး ဇီကာဗိုင္းရပ္စ္ပိုး ရွိ၊ မရွိ စစ္ေဆးလို႔ ရ ပါတယ္။ ဇီကာဗိုင္းရပ္စ္ပိုး စစ္ဖို႔ အခုေလာေလာဆယ္ အမ်ဳိးသားဓာတ္ခြဲခန္းမွာပဲ စစ္လို႔ရပါတယ္။
ဒီလူနာတစ္ေယာက္ မေတြ႕ခင္မွာ အရင္ လူနာ ၃၀ ဦးေက်ာ္ကို ဇီကာလို႔ သံသယ၀င္ၿပီး စစ္ေဆး ထားတာ ရွိပါတယ္။ ဖ်ားမယ္၊ အနီစက္ထြက္မယ္၊ မ်က္စိနာမယ္၊ ကိုယ္လက္ကိုက္ခဲမယ္ . .အဲဒီလို လကၡဏာရွိတဲ့ သူေတြကို ဇီကာသံသယရွိလူနာဆို ၿပီး စစ္ေဆးခဲ့ပါတယ္။
– – – – – – – – – – – – – – – – – – – – – –
Q. ကိုယ္၀န္ေဆာင္ႏိုင္ငံျခားသူမွာ ဇီကာဗိုင္းရပ္စ္ ရွိ တယ္လို႔ ေတြ႕တယ္ဆိုေတာ့ ဘယ္လိုနည္းနဲ႔ ေတြ႕ရွိခဲ့တာပါလဲ ဆရာ။

A. ႏိုင္ငံျခားသူမွာ ဇီကာဗိုင္းရပ္စ္ သံသယျဖစ္ဖြယ္ လကၡဏာေတြကို ေတြ႕ပါတယ္။ သူက ပညာလည္း တတ္ေတာ့ ဖ်ားတယ္၊ မ်က္စိနာတယ္၊ အနီစက္ေတြ ထြက္လာတယ္ ဆိုေတာ့ ဇီကာလား မသိဘူးဆိုၿပီး သူ႔ကိုယ္သူ သံသယျဖစ္လာပါတယ္။ အဲဒါနဲ႔ ကြၽန္ ေတာ္တို႔ က်န္းမာေရးဌာနနဲ႔ ဆက္သြယ္ပါတယ္။ ကြၽန္ေတာ္တို႔ က်န္းမာေရးဌာနက သူ႔ကို ေသြးစစ္ ေဆးပါတယ္။ ေသြးစစ္လိုက္တဲ့အခ်ိန္မွာ ဇီကာပိုး ရွိ တယ္လို႔ ေတြ႕ရပါတယ္။
– – – – – – – – – – – – – – – – – – – – – –
Q. ကိုယ္၀န္ေဆာင္ႏိုင္ငံျခားသူက ဘယ္ႏိုင္ငံသူလဲ ဆရာ။

A. ဒါက ကူးစက္ေရာဂါနဲ႔ ပတ္သက္တဲ့ အျပည္ျပည္ ဆိုင္ရာ က်န္းမာေရး ျပဌာန္းခ်က္ ဥပေဒ ၂၀၀၅အရ ေျပာလို႔ မရပါဘူးခင္ဗ်။
– – – – – – – – – – – – – – – – – – – – – –
Q. ကိုယ္၀န္ေဆာင္ ႏိုင္ငံျခားသူတစ္ဦးကို ဇီကာဗိုင္းရပ္စ္ေတြ႕တယ္ဆိုေတာ့
ေလဆိပ္ေတြမွာ ဘယ္လို ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ထားပါသလဲ ဆရာ။

A. ေလဆိပ္ေတြမွာ ဟိုးအရင္ကတည္းက အီဘိုလာ ျဖစ္ကတည္းက
Fever Screening စက္ (အဖ်ားတိုင္းတဲ့ စက္)ေတြ ရွိပါတယ္။ အဲဒီစက္ေတြနဲ႔ အျပည္ျပည္ဆိုင္ရာ ခရီးသြားေတြကို အဖ်ားရွိ၊ မရွိ စစ္ေဆးပါတယ္။ ကူးစက္ေရာဂါရွိတယ္လို႔ သံသယရွိတဲ့ သူေတြကိုေတာ့ သူ႔ေရာဂါအလိုက္ ဆက္လက္ စစ္ေဆးကုသမႈေတြ
ေဆာင္ရြက္ေပးေနပါတယ္။
– – – – – – – – – – – – – – – – – – – – – –
Q.ကိုယ္၀န္ေဆာင္မိခင္ေတြက စိုးရိမ္သြားၾကပါတယ္။ ဒါနဲ႔ ပတ္သက္ၿပီး ဆရာ့ ဘာမွတ္ခ်က္ေပးလိုပါသလဲ။

A. ကိုယ္၀န္ေဆာင္မိခင္အမ်ားစုက ဇီကာဗိုင္းရပ္စ္ နဲ႔ ပတ္သက္ၿပီး စိုးရိမ္မႈ ရွိသြားၾကပါတယ္။ ကြၽန္ေတာ္ ေျပာခ်င္တာက ကိုယ္၀န္ေဆာင္ေတြအေနနဲ႔ အရမ္းႀကီး ေၾကာက္စရာ မလိုပါဘူး။ ဇီကာဗိုင္းရပ္စ္ ၀င္ခဲ့တဲ့သူတိုင္း ဦးေခါင္းေသးေရာဂါမျဖစ္ပါဘူး။ ဇီကာ ျဖစ္သြားၿပီ၊ ကေလး ေခါင္းေသးေသးေလး ေမြးလာ ေတာ့မွာပဲ ဆိုၿပီး အရမ္းႀကီး ထိတ္လန္႔ေနစရာ မလိုပါဘူး။ ေခါင္းေသးေလးေတြ
ေမြးတတ္ေပမယ့္ ေမြးႏိုင္ေျခကေတာ့ နည္းပါတယ္။ ဒါေပမဲ့
မိုးမၿပိဳ ၿပိဳခဲ့သည္ရွိေသာ္ ကိုယ္၀န္ေဆာင္ကာလအတြင္းမွာ
ျခင္အကိုက္မခံရေအာင္ ေနႏိုင္ရင္ အေကာင္းဆံုးပါပဲ ခင္ဗ်။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:(HealthyLifeJournal)

#Unicode Version
ရန်ကုန်မြို့၌ ဇီကာရောဂါဖြစ်ပွားနေသည့် ၃၂ နှစ်အရွယ် ကိုယ်ဝန်ဆောင် နိုင်ငံခြားသူတစ်ဦးကို ဓါတ်ခွဲစမ်းသပ်မှုများပြုလုပ်ပြီးနောက် အတည်ပြုနိုင်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၇-၁၀-၂၀၁၆ ရက်နေ့က သတင်း ထုတ်ပြန်ခဲ့သည်။ ဆက်လက်ပြီး ဇီကာကြောင့် နောင် ၆ လအတွင်း ကိုယ်ဝန်မဆောင်ရဆိုသော သတင်းစကား များ ပြန့်နှံ့လာသဖြင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန၊ ကူးစက်ဆရာဝန်
ဒေါက်တာအောင်သူနှင့် ဆွေးနွေးဖော်ပြလိုက်ပါသည်။
– – – – – – – – – – – – – – – – – – – – – –

Q. ရန်ကုန်မြို့မှာ နောက် ၆ လအတွင်း ကိုယ်ဝန်မဆောင်သင့်ဘူးဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး သိချင်လို့ပါ ဆရာ။

A. အဲဒါကတော့ မဟုတ်ပါဘူး။ နားလည်မှု လွဲသွားတာပါ။ ဇီကာဗိုင်းရပ်စ်ပိုးရှိတဲ့ အမျိုးသားက အမျိုး သမီးနဲ့ လိင်ဆက်ဆံမှု မပြုရဘူး။ လိင်ဆက်ဆံမှု ပြု မယ်ဆိုရင်လည်း ခြောက်လတိတိ ကွန်ဒုံးသုံးရမယ်လို့
ပြောတာပါ။ အမျိုးသားမှာ ဇီကာဗိုင်းရပ်စ်ပိုးရှိရင် အမျိုးသမီးနဲ့ လိင်ဆက်ဆံတဲ့အခါ အမျိုးသမီးမှာ ကိုယ်ဝန်ရှိသွားနိုင်တယ်။ အဲဒီတော့ ကိုယ်ဝန်ကတစ်ဆင့် ကလေးဆီကို ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်နိုင်တဲ့အ တွက် ဇီကာရှိတဲ့ အမျိုးသားကို ခြောက်လတိတိ လိင်ဆက်ဆံမှုမပြုဖို့၊ ပြုခဲ့ရင် ကွန်ဒုံးသုံးဖို့ ပြောတာပါ။
– – – – – – – – – – – – – – – – – – – – – –
Q. ဇီကာဗိုင်းရပ်စ်ရှိတယ်ဆိုရင် ဘယ်လို သိနိုင်မလဲ ဆရာ။

A. ဇီကာဗိုင်းရပ်စ်ပိုး ဝင်သွားရင် လူငါးယောက်မှာ လေးယောက်က
ရောဂါလက္ခဏာ မပြပါဘူး။ တစ်ယောက်မှာပဲ ရောဂါလက္ခဏာ ပြပါတယ်။ သူရဲ့ ရော ဂါလက္ခဏာတွေက ဖျားတာ၊ အနီစက်ထွက်တာ၊ မျက်စိနာတာ၊ မျက်လုံးရဲတာ၊ ကိုယ်လက်ကိုက်ခဲတာ စတဲ့ လက္ခဏာတွေ ပြပါတယ်။ အမျိုးသားမှာ ဇီကာဗိုင်းရပ်စ်ပိုးရှိ၊ မရှိဆိုတာကတော့
သွေးစစ်ရင်တော့ တွေ့နိုင်ပါတယ်။
– – – – – – – – – – – – – – – – – – – – – –
Q. ဇီကာသံသယရှိတဲ့ လူနာတွေက ဘာလုပ်သင့်ပါသလဲ ဆရာ။
READ  မြန်မာကို ကုလဆက်စောင့်ကြည့်ဖို့ လှုပ်ရှားသူတွေ တိုက်တွန်း

A. ဖျားတာ၊ အနီစက်ထွက်တာ၊ မျက်စိနာတာ၊ မျက်လုံးရဲတာ၊ ကိုယ်လက်ကိုက်ခဲတာ စတဲ့ လက္ခဏာ တွေ ပြလာရင် နီးစပ်ရာ ဆေးရုံ၊
ဆေးခန်းတွေကို သွားပြကြပါ၊ တတ်ကျွမ်းနားလည်သူတွေရဲ့ အကြံဉာဏ် ယူပြီး ဇီကာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးလို့ ရ ပါတယ်။ ဇီကာဗိုင်းရပ်စ်ပိုး စစ်ဖို့ အခုလောလောဆယ် အမျိုးသားဓာတ်ခွဲခန်းမှာပဲ စစ်လို့ရပါတယ်။
ဒီလူနာတစ်ယောက် မတွေ့ခင်မှာ အရင် လူနာ ၃၀ ဦးကျော်ကို ဇီကာလို့ သံသယဝင်ပြီး စစ်ဆေး ထားတာ ရှိပါတယ်။ ဖျားမယ်၊ အနီစက်ထွက်မယ်၊ မျက်စိနာမယ်၊ ကိုယ်လက်ကိုက်ခဲမယ် . .အဲဒီလို လက္ခဏာရှိတဲ့ သူတွေကို ဇီကာသံသယရှိလူနာဆို ပြီး စစ်ဆေးခဲ့ပါတယ်။
– – – – – – – – – – – – – – – – – – – – – –
Q. ကိုယ်ဝန်ဆောင်နိုင်ငံခြားသူမှာ ဇီကာဗိုင်းရပ်စ် ရှိ တယ်လို့ တွေ့တယ်ဆိုတော့ ဘယ်လိုနည်းနဲ့ တွေ့ရှိခဲ့တာပါလဲ ဆရာ။

A. နိုင်ငံခြားသူမှာ ဇီကာဗိုင်းရပ်စ် သံသယဖြစ်ဖွယ် လက္ခဏာတွေကို တွေ့ပါတယ်။ သူက ပညာလည်း တတ်တော့ ဖျားတယ်၊ မျက်စိနာတယ်၊ အနီစက်တွေ ထွက်လာတယ် ဆိုတော့ ဇီကာလား မသိဘူးဆိုပြီး သူ့ကိုယ်သူ သံသယဖြစ်လာပါတယ်။ အဲဒါနဲ့ ကျွန် တော်တို့ ကျန်းမာရေးဌာနနဲ့ ဆက်သွယ်ပါတယ်။ ကျွန်တော်တို့ ကျန်းမာရေးဌာနက သူ့ကို သွေးစစ် ဆေးပါတယ်။ သွေးစစ်လိုက်တဲ့အချိန်မှာ ဇီကာပိုး ရှိ တယ်လို့ တွေ့ရပါတယ်။
– – – – – – – – – – – – – – – – – – – – – –
Q. ကိုယ်ဝန်ဆောင်နိုင်ငံခြားသူက ဘယ်နိုင်ငံသူလဲ ဆရာ။
READ  ဇီကာအန္တရာယ် သတိထားနယ်မြေထဲ မြန်မာကို ကန် ထည့်သွင်း

A. ဒါက ကူးစက်ရောဂါနဲ့ ပတ်သက်တဲ့ အပြည်ပြည် ဆိုင်ရာ ကျန်းမာရေး ပြဌာန်းချက် ဥပဒေ ၂၀၀၅အရ ပြောလို့ မရပါဘူးခင်ဗျ။
– – – – – – – – – – – – – – – – – – – – – –
Q. ကိုယ်ဝန်ဆောင် နိုင်ငံခြားသူတစ်ဦးကို ဇီကာဗိုင်းရပ်စ်တွေ့တယ်ဆိုတော့
လေဆိပ်တွေမှာ ဘယ်လို စောင့်ကြည့်မှုတွေ ပြုလုပ်ထားပါသလဲ ဆရာ။

A. လေဆိပ်တွေမှာ ဟိုးအရင်ကတည်းက အီဘိုလာ ဖြစ်ကတည်းက
Fever Screening စက် (အဖျားတိုင်းတဲ့ စက်)တွေ ရှိပါတယ်။ အဲဒီစက်တွေနဲ့ အပြည်ပြည်ဆိုင်ရာ ခရီးသွားတွေကို အဖျားရှိ၊ မရှိ စစ်ဆေးပါတယ်။ ကူးစက်ရောဂါရှိတယ်လို့ သံသယရှိတဲ့ သူတွေကိုတော့ သူ့ရောဂါအလိုက် ဆက်လက် စစ်ဆေးကုသမှုတွေ
ဆောင်ရွက်ပေးနေပါတယ်။
– – – – – – – – – – – – – – – – – – – – – –
Q.ကိုယ်ဝန်ဆောင်မိခင်တွေက စိုးရိမ်သွားကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆရာ့ ဘာမှတ်ချက်ပေးလိုပါသလဲ။

A. ကိုယ်ဝန်ဆောင်မိခင်အများစုက ဇီကာဗိုင်းရပ်စ် နဲ့ ပတ်သက်ပြီး စိုးရိမ်မှု ရှိသွားကြပါတယ်။ ကျွန်တော် ပြောချင်တာက ကိုယ်ဝန်ဆောင်တွေအနေနဲ့ အရမ်းကြီး ကြောက်စရာ မလိုပါဘူး။ ဇီကာဗိုင်းရပ်စ် ဝင်ခဲ့တဲ့သူတိုင်း ဦးခေါင်းသေးရောဂါမဖြစ်ပါဘူး။ ဇီကာ ဖြစ်သွားပြီ၊ ကလေး ခေါင်းသေးသေးလေး မွေးလာ တော့မှာပဲ ဆိုပြီး အရမ်းကြီး ထိတ်လန့်နေစရာ မလိုပါဘူး။ ခေါင်းသေးလေးတွေ
မွေးတတ်ပေမယ့် မွေးနိုင်ခြေကတော့ နည်းပါတယ်။ ဒါပေမဲ့
မိုးမပြို ပြိုခဲ့သည်ရှိသော် ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ
ခြင်အကိုက်မခံရအောင် နေနိုင်ရင် အကောင်းဆုံးပါပဲ ခင်ဗျ။

ဖိုးသူတော် (www.phothutaw.com)
Credit:(HealthyLifeJournal)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top