Property Expo
×

ငယ္ရြယ္ႏုပ်ဳိတဲ့ အသြင္ေဆာင္တဲ့ အမ်ဳိးသမီးေတြ အေနနဲ႔ အရြယ္ရင့္တဲ့ အမ်ဳိးသမီးေတြထက္ အသက္ပိုရွည္ႏုိင္ တယ္လုိ႔ ေလ့လာမႈအသစ္အရ ေတြ႕ရွိခဲ့ ပါတယ္။ ႏုပ်ဳိတဲ့ အမ်ဳိးသမီးေတြမွာ ေသြးဖိအား ေလ်ာ့နည္းၿပီး ႏွလံုးတုိက္ခုိက္ခံ ရတာနဲ႔ ေလျဖတ္ခံ ရတာလုိမ်ဳိး ႏွလုံးေသြးေၾကာ ျပႆနာျဖစ္ႏုိင္ေျခ ေလ်ာ့နည္းႏုိင္ ပါတယ္။ ဒီေသြးဖိအား နည္းတာနဲ႔ ငယ္ရြယ္ႏုပ်ဳိတာ ဆက္စပ္မႈကုိ ေတြ႕ရွိတာဟာ ဒါပထမဆံုး အႀကိမ္ျဖစ္ ပါတယ္။ မ်က္ႏွာရဲ႕ သြင္ျပင္နဲ႔ ေသြးဖိအား ဆက္စပ္မႈဟာ အေရျပားအေရးေၾကာင္း ေပၚတာကို ၾကည့္ရတာ မဟုတ္ဘဲ မ်က္ႏွာ အေရျပား တြဲက်တာ ကို ဆုိလုိတာပဲ ျဖစ္ပါတယ္။
ေသြးတုိးေရာဂါဟာ အသက္ႀကီး သူေတြရဲ႕ သံုးပံုတစ္ပံုမွာ ျဖစ္ေလ့ျဖစ္ထရွိၿပီး မကုသဘဲထားခဲ့ရင္ ႏွလံုးတုိက္ခုိက္ခံရတာနဲ႔ ေလျဖတ္တာေတြ ျဖစ္တတ္ပါတယ္။ ေရာဂါလကၡဏာကို သတိ မထားမိတတ္တာေၾကာင့္ အခ်ိန္ေႏွာင္းမွသာ ေရာဂါရွိမွန္း သိၾက တဲ့အတြက္ တိတ္တဆိတ္လူသတ္သမားလုိ႔လည္း ေခၚၿပီး တစ္ ကမၻာလံုးမွာ အဓိကေသဆံုးရတဲ့ အေၾကာင္းရင္းလည္း ျဖစ္ပါ တယ္။ ဒါေၾကာင့္ က်န္းမာေရးနဲ႔ ညီၫြတ္မွ်တတဲ့ ဘဝေနထုိင္မႈ ပံုစံကို ေလ့က်င့္ၿပီး ေသြးဖိအားလုိမ်ဳိး က်န္းမာေရးအတြက္ အ ေရးႀကီးတဲ့ အခ်က္အလက္ေတြကို ပံုမွန္တုိင္းတာေနတာဟာ က်န္းမာေရးတစ္ခုတည္း ေကာင္းမြန္ေစတာ မဟုတ္ဘဲ ႐ုပ္သြင္ ျပင္အတြက္လည္း အက်ဳိးသက္ေရာက္မႈ ရွိတယ္လုိ႔ ေလ့လာသူ ေတြက အႀကံေပးထားၾက ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yoyarlay

#Unicode Version
ငယ်ရွယ်နုပျိုတဲ့ အသွင်ဆောင်တဲ့ အမျိုးသမီးတွေ အနေနဲ့ အရွယ်ရင့်တဲ့ အမျိုးသမီးတွေထက် အသက်ပိုရှည်နိုင် တယ်လို့ လေ့လာမှုအသစ်အရ တွေ့ရှိခဲ့ ပါတယ်။ နုပျိုတဲ့ အမျိုးသမီးတွေမှာ သွေးဖိအား လျော့နည်းပြီး နှလုံးတိုက်ခိုက်ခံ ရတာနဲ့ လေဖြတ်ခံ ရတာလိုမျိုး နှလုံးသွေးကြော ပြဿနာဖြစ်နိုင်ခြေ လျော့နည်းနိုင် ပါတယ်။ ဒီသွေးဖိအား နည်းတာနဲ့ ငယ်ရွယ်နုပျိုတာ ဆက်စပ်မှုကို တွေ့ရှိတာဟာ ဒါပထမဆုံး အကြိမ်ဖြစ် ပါတယ်။ မျက်နှာရဲ့ သွင်ပြင်နဲ့ သွေးဖိအား ဆက်စပ်မှုဟာ အရေပြားအရေးကြောင်း ပေါ်တာကို ကြည့်ရတာ မဟုတ်ဘဲ မျက်နှာ အရေပြား တွဲကျတာ ကို ဆိုလိုတာပဲ ဖြစ်ပါတယ်။
သွေးတိုးရောဂါဟာ အသက်ကြီး သူတွေရဲ့ သုံးပုံတစ်ပုံမှာ ဖြစ်လေ့ဖြစ်ထရှိပြီး မကုသဘဲထားခဲ့ရင် နှလုံးတိုက်ခိုက်ခံရတာနဲ့ လေဖြတ်တာတွေ ဖြစ်တတ်ပါတယ်။ ရောဂါလက္ခဏာကို သတိ မထားမိတတ်တာကြောင့် အချိန်နှောင်းမှသာ ရောဂါရှိမှန်း သိကြ တဲ့အတွက် တိတ်တဆိတ်လူသတ်သမားလို့လည်း ခေါ်ပြီး တစ် ကမ္ဘာလုံးမှာ အဓိကသေဆုံးရတဲ့ အကြောင်းရင်းလည်း ဖြစ်ပါ တယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ ဘဝနေထိုင်မှု ပုံစံကို လေ့ကျင့်ပြီး သွေးဖိအားလိုမျိုး ကျန်းမာရေးအတွက် အ ရေးကြီးတဲ့ အချက်အလက်တွေကို ပုံမှန်တိုင်းတာနေတာဟာ ကျန်းမာရေးတစ်ခုတည်း ကောင်းမွန်စေတာ မဟုတ်ဘဲ ရုပ်သွင် ပြင်အတွက်လည်း အကျိုးသက်ရောက်မှု ရှိတယ်လို့ လေ့လာသူ တွေက အကြံပေးထားကြ ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Yoyarlay
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top