Property Expo
×

ဆင္းရဲသားမိသားစုက ေပါက္ဖြားလာတဲ့ (၁၃)ႏွစ္အရြယ္ ကေလးငယ္ တစ္ေယာက္ဟာ သူေဌးအိမ္တစ္အိမ္မွာ အိမ္ေဖာ္သြားလုပ္ခဲ့တယ္။ တစ္ေန႔ညနက္ခ်ိန္မွာ ကေလးငယ္ဟာ အိမ္ႀကီးရွင္သူေဌးမရဲ႕ ဝတ္စံုတစ္စံုကို မီးပူတိုက္ေနခဲ့တယ္။ အလုပ္ပင္ပန္းဒဏ္ေၾကာင့္ ကေလးငယ္ဟာ မီးပူတိုက္ေနရင္း အိပ္ငိုက္ၿပီး မေတာ္တဆေရနံဆီမီးခြက္ကို တိုက္လိုက္မိတယ္။ ေရနံဆီေတြဟာ သူေဌးမရဲ႕ဝတ္စံုေပၚက်သြားခဲ့တယ္။
ေနာက္တစ္ေန႔မွာ သူေဌးမ သိေတာ့ ကေလးငယ္ကို ဝတ္စံုဖိုး ေလ်ာ္ခိုင္းေစခဲ့တယ္။ ကေလးငယ္ မေလ်ာ္ႏိုင္ခဲ့လို႔ သူေဌးမက သူ႔ဆီမွာ ဝတ္စံုဖိုးအစား တစ္ႏွစ္ကၽြန္ခံခိုင္းျပန္တယ္။ ကိုယ့္အမွားေၾကာင့္ ကေလးငယ္ဟာ တစ္ႏွစ္ကၽြန္ခံလိုက္ရတယ္။ အမွားေတြ ထပ္မက်ဴးလြန္မိေအာင္ ေရနံဆီေပသြားတဲ့ ဝတ္စံုကို ကိုယ့္ကုတင္ေခါင္းရင္းထက္မွာ ခ်ိတ္ၿပီး သူ႔ကိုယ္သူသတိေပးခဲ့တယ္။
တစ္ေန႔မွာ ဝတ္စံုေပၚက ေရနံဆီေပခဲ့တဲ့ေနရာဟာ ဆီမေပေနေတာ့တဲ့အျပင္ နဂိုရွိတဲ့မစင္ၾကယ္တဲ့ ေဂ်းေတြေတာင္ စင္ၾကယ္သြားတာကို သူအမွတ္မထင္ ျမင္လိုက္မိတယ္။ အဲဒီလိုနဲ႔ သူ႔မ်က္လံုးတစ္ခ်က္ ဝင္းလက္သြားၿပီး ေရနံဆီထဲ တျခားဓာတုပစၥည္းေတြ ေရာစပ္ၿပီး အႀကိမ္ႀကိမ္ စမ္းသပ္မႈေတြ ျပဳလုပ္ခဲ့တယ္။ ေနာက္ဆံုးမွာ အဝတ္အေျခာက္ေလွ်ာ္ေဆးတစ္မ်ဳိးကို သူစမ္းသပ္ထီထြင္ႏိုင္ခဲ့တယ္။
တစ္ႏွစ္ေနၿပီးေနာက္ သူေဌးအိမ္ကေန သူခြာခဲ့ၿပီး ကိုယ္ပိုင္အဝတ္အေျခာက္ေလွ်ာ္ဆိုင္တစ္ဆိုင္ကို ဖြင့္ႏိုင္ခဲ့တယ္။ ဒါဟာ ကမာၻ႔ပထမ အဝတ္အေျခာက္ေလွ်ာ္ဆိုင္ျဖစ္တယ္။ ေနာက္ပိုင္းမွာ ဆိုင္ခဲြေပါင္းမ်ားစြာ သူဖြင့္ႏိုင္တဲ့အထိ သူေအာင္ျမင္ခဲ့တယ္။ အဲဒီကေလးငယ္ဟာ ျပင္သစ္ႏိုင္ငံက Jean Baptiste Jolly ပဲျဖစ္တယ္။
ပံုျပင္ေလးရဲ႕ အဓိပၸာယ္က နက္နဲလြန္းလွတယ္။
ကံၾကမၼာမီးအိမ္ သြန္ေမွာက္သြားသူတစ္ေယာက္ဟာ မ်က္စိေရွ႕က ျမင္ျမင္သမွ် အရာအားလံုး ေမွာင္အတိက်ၿပီး ေရွ႕ဆက္မယ့္လမ္းေတြ ေပ်ာက္သြားတတ္တယ္။ ဒီလိုအခ်ိန္မ်ဳိးမွာ ရင္ထဲကေမွ်ာ္လင့္ခ်က္မီးအိမ္ငယ္ကို မၿငိမ္းမိလိုက္ေစနဲ႔။ ကံၾကမၼာမီးအိမ္ ဘယ္ေလာက္ေမွာက္ေမွာက္ ရင္ထဲက မီးအိမ္ေလး မၿငိမ္းသေရြ႕၊ ေမွ်ာ္လင့္ခ်က္ေတြ မသြန္ေမွာက္မိသေရြ႔ ဘဝရဲ႕အလင္းေရာင္ကို အသစ္တဖန္ျပန္ရွာႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:နုိင္းနုိင္းစေန

#Unicode Version
ဆင်းရဲသားမိသားစုက ပေါက်ဖွားလာတဲ့ (၁၃)နှစ်အရွယ် ကလေးငယ် တစ်ယောက်ဟာ သူဌေးအိမ်တစ်အိမ်မှာ အိမ်ဖော်သွားလုပ်ခဲ့တယ်။ တစ်နေ့ညနက်ချိန်မှာ ကလေးငယ်ဟာ အိမ်ကြီးရှင်သူဌေးမရဲ့ ဝတ်စုံတစ်စုံကို မီးပူတိုက်နေခဲ့တယ်။ အလုပ်ပင်ပန်းဒဏ်ကြောင့် ကလေးငယ်ဟာ မီးပူတိုက်နေရင်း အိပ်ငိုက်ပြီး မတော်တဆရေနံဆီမီးခွက်ကို တိုက်လိုက်မိတယ်။ ရေနံဆီတွေဟာ သူဌေးမရဲ့ဝတ်စုံပေါ်ကျသွားခဲ့တယ်။
နောက်တစ်နေ့မှာ သူဌေးမ သိတော့ ကလေးငယ်ကို ဝတ်စုံဖိုး လျော်ခိုင်းစေခဲ့တယ်။ ကလေးငယ် မလျော်နိုင်ခဲ့လို့ သူဌေးမက သူ့ဆီမှာ ဝတ်စုံဖိုးအစား တစ်နှစ်ကျွန်ခံခိုင်းပြန်တယ်။ ကိုယ့်အမှားကြောင့် ကလေးငယ်ဟာ တစ်နှစ်ကျွန်ခံလိုက်ရတယ်။ အမှားတွေ ထပ်မကျူးလွန်မိအောင် ရေနံဆီပေသွားတဲ့ ဝတ်စုံကို ကိုယ့်ကုတင်ခေါင်းရင်းထက်မှာ ချိတ်ပြီး သူ့ကိုယ်သူသတိပေးခဲ့တယ်။
တစ်နေ့မှာ ဝတ်စုံပေါ်က ရေနံဆီပေခဲ့တဲ့နေရာဟာ ဆီမပေနေတော့တဲ့အပြင် နဂိုရှိတဲ့မစင်ကြယ်တဲ့ ဂျေးတွေတောင် စင်ကြယ်သွားတာကို သူအမှတ်မထင် မြင်လိုက်မိတယ်။ အဲဒီလိုနဲ့ သူ့မျက်လုံးတစ်ချက် ဝင်းလက်သွားပြီး ရေနံဆီထဲ တခြားဓာတုပစ္စည်းတွေ ရောစပ်ပြီး အကြိမ်ကြိမ် စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တယ်။ နောက်ဆုံးမှာ အဝတ်အခြောက်လျှော်ဆေးတစ်မျိုးကို သူစမ်းသပ်ထီထွင်နိုင်ခဲ့တယ်။
တစ်နှစ်နေပြီးနောက် သူဌေးအိမ်ကနေ သူခွာခဲ့ပြီး ကိုယ်ပိုင်အဝတ်အခြောက်လျှော်ဆိုင်တစ်ဆိုင်ကို ဖွင့်နိုင်ခဲ့တယ်။ ဒါဟာ ကမ္ဘာ့ပထမ အဝတ်အခြောက်လျှော်ဆိုင်ဖြစ်တယ်။ နောက်ပိုင်းမှာ ဆိုင်ခွဲပေါင်းများစွာ သူဖွင့်နိုင်တဲ့အထိ သူအောင်မြင်ခဲ့တယ်။ အဲဒီကလေးငယ်ဟာ ပြင်သစ်နိုင်ငံက Jean Baptiste Jolly ပဲဖြစ်တယ်။
ပုံပြင်လေးရဲ့ အဓိပ္ပာယ်က နက်နဲလွန်းလှတယ်။
ကံကြမ္မာမီးအိမ် သွန်မှောက်သွားသူတစ်ယောက်ဟာ မျက်စိရှေ့က မြင်မြင်သမျှ အရာအားလုံး မှောင်အတိကျပြီး ရှေ့ဆက်မယ့်လမ်းတွေ ပျောက်သွားတတ်တယ်။ ဒီလိုအချိန်မျိုးမှာ ရင်ထဲကမျှော်လင့်ချက်မီးအိမ်ငယ်ကို မငြိမ်းမိလိုက်စေနဲ့။ ကံကြမ္မာမီးအိမ် ဘယ်လောက်မှောက်မှောက် ရင်ထဲက မီးအိမ်လေး မငြိမ်းသရွေ့၊ မျှော်လင့်ချက်တွေ မသွန်မှောက်မိသရွေ့ ဘဝရဲ့အလင်းရောင်ကို အသစ်တဖန်ပြန်ရှာနိုင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:နိုင်းနိုင်းစနေ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top