Property Expo
×

တစ္ခုလိုခ်င္ ရင္ေတာ့ တစ္ခုေတာ့ ျပန္ေပးဆပ္ရ လိမ့္မယ္ အေဖျဖစ္သူက လုပ္ငန္းပိုင္ရွင္ အရမ္းသာတယ္။ သားတစ္ေယာက္ ရိွတယ္။ သားေလး တစ္ေယာက္တည္း ရိွေတာ့ သူ႔ရဲ႔ လုပ္ငန္းေတြ အကုန္လံုးကို သူေသရင္ လြဲခဲ့ရမွာေလ။ ဒါေၾကာင့္ သားျဖစ္သူကို လူေရလယ္ေစ ခ်င္ခဲ့တယ္။

သို႔ေသာ္လည္း သားျဖစ္သူက ဖခင္ စိတ္တိုင္းက် မဟုတ္။ လုပ္ခ်င္ရာလုပ္ ေနခ်င္ရာေန။ အလုပ္နဲ႔ ပက္သက္ျပီးေတာ့လည္း ဘာဆို ဘာမွ မသိဘူး။ ဒါေၾကာင့္ အေဖလုပ္သူဟာ သားအတြက္ အလြန္ပင္ စိုးရိမ္ ပူပန္းခဲ့တယ္။ ငါေသသြားရင္ ငါ့သား ဘယ္လို ေရွ႔ဆက္ ေလွ်ာက္မလဲ ဆိုတာကို ေတြးျပီး ေၾကာက္ေနခဲ့တယ္။

ထို႔ေၾကာင့္ အေဖလုပ္သူဟာ သူ႔သားကို အိမ္ ေပၚကေန နွင္ခ်ခဲ့တယ္။ နွစ္အေတာ္ၾကာေတာ့ သားျဖစ္သူဟာ ဘဝအေၾကာင္း အေတာ္ နားလည္သြားတဲ့ အျပင္။ လုပ္ငန္းတစ္ခု ကိုေတာင္ ပိုင္ဆိုင္သြား ပါေတာ့တယ္။

ထို႔ေၾကာင့္ သားျဖစ္သူ က်န္းမာေရးလားဟု သိခ်င္တာနဲ႔ အမည္မသိဖုန္း ဖုန္းတစ္လံုးျဖင့္ ဆက္ကာ ဘာမွ မေျပာဘဲ ေနွာင့္ယွက္ပါတယ္။ သားျဖစ္သူက သူ႔ကို ေနွာင့္ယွက္ တယ္ဆိုျပီး ဆဲလႊတ္လိုက္တယ္။ ဖခင္ ျဖစ္သူဟာ တစ္ပတ္ကို တစ္ရက္ကေတာ့ သားျဖစ္သူ အဆဲကို ခံရတာေပါ့။

သို႔ေသာ္လည္း အေဖျဖစ္သူက စိတ္ထဲကေန ငါ့သားေလး ငါ့ကို ဆဲနိုင္ေသးတယ္ဟ သူ ေနေကာင္းလို႔ ဆဲနိုင္တာ ေနမွာေပါ့ (မ်က္ရည္ေလးေတြ က်လ်က္ ျပံဳးလ်က္)

သင္ခန္းစာ - မိဘလုပ္သူေတြရဲ႕ အခ်စ္ဟာ သားသမီးေတြ အတြက္ နွစ္ ရာကို မက်ေစပါနဲ႔လို႔ ေျပာပါရေစ။ တစ္ခုေပးျပီး တစ္ခုေတာ့ ျပန္ရလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yoyarlay

#Unicode Version
တစ်ခုလိုချင် ရင်တော့ တစ်ခုတော့ ပြန်ပေးဆပ်ရ လိမ့်မယ် အဖေဖြစ်သူက လုပ်ငန်းပိုင်ရှင် အရမ်းသာတယ်။ သားတစ်ယောက် ရှိတယ်။ သားလေး တစ်ယောက်တည်း ရှိတော့ သူ့ရဲ့ လုပ်ငန်းတွေ အကုန်လုံးကို သူသေရင် လွဲခဲ့ရမှာလေ။ ဒါကြောင့် သားဖြစ်သူကို လူရေလယ်စေ ချင်ခဲ့တယ်။

သို့သော်လည်း သားဖြစ်သူက ဖခင် စိတ်တိုင်းကျ မဟုတ်။ လုပ်ချင်ရာလုပ် နေချင်ရာနေ။ အလုပ်နဲ့ ပက်သက်ပြီးတော့လည်း ဘာဆို ဘာမှ မသိဘူး။ ဒါကြောင့် အဖေလုပ်သူဟာ သားအတွက် အလွန်ပင် စိုးရိမ် ပှုပန်းခဲ့တယ်။ ငါသေသွားရင် ငါ့သား ဘယ်လို ရှေ့ဆက် လျှောက်မလဲ ဆိုတာကို တွေးပြီး ကြောက်နေခဲ့တယ်။

ထို့ကြောင့် အဖေလုပ်သူဟာ သူ့သားကို အိမ် ပေါ်ကနေ နှင်ချခဲ့တယ်။ နှစ်အတော်ကြာတော့ သားဖြစ်သူဟာ ဘဝအကြောင်း အတော် နားလည်သွားတဲ့ အပြင်။ လုပ်ငန်းတစ်ခု ကိုတောင် ပိုင်ဆိုင်သွား ပါတော့တယ်။

ထို့ကြောင့် သားဖြစ်သူ ကျန်းမာရေးလားဟု သိချင်တာနဲ့ အမည်မသိဖုန်း ဖုန်းတစ်လုံးဖြင့် ဆက်ကာ ဘာမှ မပြောဘဲ နှောင့်ယှက်ပါတယ်။ သားဖြစ်သူက သူ့ကို နှောင့်ယှက် တယ်ဆိုပြီး ဆဲလွှတ်လိုက်တယ်။ ဖခင် ဖြစ်သူဟာ တစ်ပတ်ကို တစ်ရက်ကတော့ သားဖြစ်သူ အဆဲကို ခံရတာပေါ့။

သို့သော်လည်း အဖေဖြစ်သူက စိတ်ထဲကနေ ငါ့သားလေး ငါ့ကို ဆဲနိုင်သေးတယ်ဟ သူ နေကောင်းလို့ ဆဲနိုင်တာ နေမှာပေါ့ (မျက်ရည်လေးတွေ ကျလျက် ပြုံးလျက်)

သင်ခန်းစာ - မိဘလုပ်သူတွေရဲ့ အချစ်ဟာ သားသမီးတွေ အတွက် နှစ် ရာကို မကျစေပါနဲ့လို့ ပြောပါရစေ။ တစ်ခုပေးပြီး တစ်ခုတော့ ပြန်ရလိမ့်မယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Yoyarlay




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top